ခင္ခSeptember 7, 20141min17412
နှင်းမိုးဖွဲဖွဲ ရွာနေပေမယ့် ကန်တော်ကြီးဘက် စက်ဘီးနင်းထွက် မနက်စောစော လေပြေညင်းဟာ အေးမြထိတွေ့ ခံစားအပြည့်နဲ့ လမ်းကွေ့လိုက်စဉ် ရုတ်တရက်မမြင် စက်ဘီးချိန်းကြိုး ကျနေလို့ပြင် တိုက်မိမလိုဟန် နီးကပ်ပြန်တော့ လန့်အော် အမလေး ချစ်ဖို့ကောင်းတဲ့ ကောင်မလေးမို့ ဆင်းကာကူညီ ချိန်းတင်ပြီးလျှင် နှစ်ယောက်ယှဉ်နင်း စကားဖောင်ဖွဲ့ရင်း ပြောရင်းပြောရင်း သိလိုက်မိတာ သူ့ရည်းစားနဲ့ ချိန်းထားလို့ပါ ကန်တော်ကြီးဝ နုတ်ဆက်ကြလို့ ကျန်ရစ်လို့နေ သူ့ကျောပြင်ကိုငေးကြည့်နေမိ နှစ်ဆယ့်ငါးနှစ်အရွယ် ကျုပ်အလည်ရောက်ခဲ့ ပြင်ဦးလွင်က ဇာတ်လမ်းတစ်ပုဒ်ကွယ်။ ခင်ခ။


ခင္ခSeptember 6, 20141min1043
” ပိန်သွယ်စေမည့် အလွယ်နည်းများ ” ကိုယ်အလေးချိန် လျော့ကျဖို့ မနည်း ကြိုးစားနေပေမယ့် သင်မှန်းထားသလောက် ဝိတ်မလျော့လာဘဲ ဖြစ်နေသလား။ ဝိတ်လျော့ချင် သူတွေ အတွက် သတင်းကောင်း ရှိပါတယ်။ သုတေသန ပညာရှင်တွေရဲ့ လေ့လာချက်အရ အစားအသောက် လျှော့စရာ မလိုဘဲ ပေါင်ချိန်များစွာ လျော့ကျစေနိုင်တဲ့ နည်းလမ်းကောင်းတွေ များစွာ ရှိပါတယ်။ (၁) အိပ်စက်ခြင်းဖြင့် အဆီများ ချေဖျက်ပါ ဝိတ်လျော့ဖို့ကို အိပ်ရမယ်ဆိုလို့ မယုံနိုင် ဖြစ်နေပါသလား။ ဟုတ်ပါတယ်။ အိပ်စက်တာက တကယ်ကို လွယ်ကူပြီး တကယ်ကို ထိရောက်တဲ့နည်းပါ။ လေ့လာချက်အရ တစ်ညကို အိပ်ချိန်ခုနစ် နာရီခွဲ ရှိသူတွေဟာ အိပ်ချိန်ငါးနာရီခွဲသာ ရှိသူတွေထက်စာရင် စားတဲ့ အစာပမာဏ တူညီကြတာတောင်မှ ခန္ဓာကိုယ်အဆီ လျော့ကျမှုဟာ အံ့ဩသင့်စရာ ကောင်းလောက်အောင်ကို […]


ခင္ခSeptember 6, 20141min1268
သေမထူး နေမထူး ငါတို့ပြည်သူတွေ ဘဝပင်လယ်ထဲ အံခဲကာဒုက္ခချိုတွေနဲ့ လက်ပစ်ကူးတာကြာလှခဲ့ အသားရယ်ကျနေမှတော့ ပီအာမကလို့ဘာဘဲလာလာ လုပ်ချင်တာသာလုပ်ကြပါတော့ ဝဋ်ကြွေးရှိရင် ကြေပါစေလို့ ရွာမှအဖွားစကားပါးတယ် မျက်ဝန်းအိမ်ထဲမျက်ရည်စို့လို့ကွယ်။ ခင်ခ။


ခင္ခSeptember 5, 20141min1378
” ခေါင်းကိုက်ခြင်းအတွက် သဘာဝကုထုံး”   ဖတ်ခဲ့ဖူးတဲ့ စာပေလွှာတွေထဲ ခေါင်းကိုက်ခြင်းဖြစ်တဲ့အခါ သဘာဝကုထုံးနဲ့ သက်သာစေတဲ့ နည်းလမ်းမို့ မျှဝေပေးတာပါ။ ခေါင်းကိုက်ခြင်းအတွက် သဘာဝ ကုထုံး နော် !!!! ငါးမိနစ်အတွင်း ပဲ…. မင်း ခေါင်းကိုက်တာ သက်သာ သွားမှာ နှာခေါင်းမှာ ဘယ်ဘက်ခြမ်း နဲ ့ညာဘက်ခြမ်းဆိုတာ ရှိပါတယ် ကျွန်တော်တို ့က နှစ်ခု စလုံးကို အသက်ရှုသွင်းဖို ့နဲ ့ရှုထုတ်ဖို ့သုံးရပါတယ် အမှန်တကယ်မှာတော့ …. သူတို ့က မတူကွဲပြားကြပါတယ် သူတို ့ရဲ ့မတူညီကွဲပြားမှုတွေ ကို မင်း ခံစားနိုင်ပါလိမ့်မယ် နှာခေါင်း ညာဘက်ပေါက် က နေ(sun) ကို ကိုယ်စားပြုပါတယ် နှာခေါင်း ဘယ်ဘက်ပေါက် က […]


ခင္ခSeptember 5, 20141min632
” အဲလိုနေ့ “   ကျားရဲငါ   နေပြင်းရင် နှင်းမှုန်ရင် ဆွေ့ဆွေ့ခုန် အိုက်လိုအိုက် ခိုက်ခိုက်တုန် ချမ်းလိုချမ်း။ အခန်းကျဉ်းကျဉ်း အလင်းမဝင် လေမဝင် နေမမြင် လမမြင် လူမမြင် သူမမြင် ထိုင်ရင်ထိုင် မထိုင်ရင်ငေး အိမ်ရင်အိပ် မအိပ်ရင်တွေး။ သတင်းမေးဖို့ ဝေးရော သီးချင်းလေးမှ မဆိုရ စာဖတ်ဖို့ ဝေးရော ကဗျာလေးမှ မစပ်ရ တရားဟောဖို့ ဝေးရော စကားလေးမှ မပြောရ။ အဟောသိက သံသရာ ငါ့ကမ္ဘာ ပိစိကွေး အခန်းကျဉ်းလေး ပတ်လျှောက်လိုက် သံတံခါးဝ ရပ်လိုက် တမတ်တတ်တတ် တစ်နေကုန်။ မနေ့ကလဲ တစ်နေကုန် ဒီနေ့လဲ တစ်နေကုန် နက်ဖြန်လဲ ကုန်ဦးမယ်။ ကုန်ကုန်ကုန် ကုန်ချင်သလောက်ကုန်စမ်း တစ်ရက်ကုန်မလား တစ်သက်ကုန်မလား […]


ခင္ခSeptember 4, 20141min1678
” ဗူးဘုရား ထူးခြား ဒူးယား “     ထူးခြားအောင် ဗူးဘုရားမှာ ဒူးယားသောက်ခဲ့ပါ ဗေဒင်ဆရာယတြာပေးလို့ ဗူးဘုရားရောက်တုန်း ဒူးယားစီးကရက် အသာခဲကာ မီးခြစ်ကာညှိမယ်ကြံရွယ် နောက်တော်ကရောက်ခါအော်လိုက်သံ စီးကရက်ကိုပြတ်ပြီကတိပေးတာကို အခုတော့ကတိဖျက်သောက်မယ်ကြံသူရေ နေရစ်တော့ နင့်ကိုမုန်းတယ်ဆို ရှင်းပြတာအခါခါ လက်မခံဘူး အခုတော့ကျုပ်မှာရူး တစ်ယောက်ထဲလွမ်းဆွေးကာ ကျန်ရစ်ဖြစ်လေတယ်။     ခင်ခ။


ခင္ခSeptember 4, 20141min40622
” စဉ်းစားသော်လည်း အဖြေမရခြင်းသည်ကား….”   ဘာသာပြန်သတင်းဆောင်းပါးလေးတစ်ခု ဖတ်မိလိုက်တယ်၊ အဲဒီသတင်းဆောင်းပါးမှာ ရေးထားတာက ကမ္ဘာအကြီးဆုံးဆေးစီရင်ထားရှိရေး ကုမ္ပဏီကြီးဖြစ်သော Alcor က သေဆုံးသူခန္ဓာကိုယ်ကို မပုပ်မသိုးအောင် စီရင်ထားရှိပေးနေပြီး လူတစ်ဦးလျှင် အမေရိကန်ဒေါ်လာနှစ်သိန်းကျသင့်မည်ဖြစ်ကာ နောင်တစ်ချိန်ဆေးပညာ တိုးတက်လာသည့်အချိန်တွင် ပြန်လည်နိုးထလာနိုင်မည့်မျှော်လင့်ချက်ဖြင့် စာရင်းပေးသွင်းသူများရှိနေပြီဖြစ် ကြောင်းသိရပါတယ်၊ အတိတ်ကာလက လူတစ်ဦးသေဆုံးလျှင် သေဆုံးသည်ဟု အလွယ်တကူလက်ခံကြ သော်လည်း ယခုမျက်မှောက်ခေတ်ကြီးတွင် လွယ်လွယ်နှင့်လက်မလျော့ကြပေ၊ CPR ပေးခြင်း၊ ဆေးရုံသို့ အမြန်တင်ပို့ကာ အရေးပေါ်ခွဲစိတ်ကုသခြင်းတို့ကို ပြုလုပ်ကြသည့်အပြင် ယခုဆေးပညာနှင့် လက်လှမ်းမမီ သောကြောင့် သေဆုံးသူများကို Alcor က ဆေးစီရင်ပေးမည်ဖြစ်ကာ ရောဂါပိုဆိုးရွားမသွားတော့ဘဲ ရပ်တန့် နေမည်ဖြစ်ကြောင်း၊ နောင်တစ်ချိန်ဆေးပညာတိုးတက်လာကာ ၎င်းရောဂါကို ကုသနိုင်မည်ဆိုပါက ဆေးစီရင် ထားခြင်းကို ပယ်ဖျက်ကာဆေးဝါးဆက်လက်ကုသခံကာ အသက်ရှင်သန်နိုင်မည့် စီမံချက်ကြီးကို Alcor ကုမ္မဏီ […]


ခင္ခSeptember 3, 20141min1074
” ထန်းလျက် “   ဟိုးရှေးရှေးကထဲက ဖြစ်တည်လာရှိ ဧည့်သည်လာလည်း ရေနွေးကြမ်းနဲ့ တည်ခင်းခဲ့ တောနယ် ဆေးဖော်လိုလည်း ထဲ့ကာသုံးစွဲပြုကာမြဲ အညာဒေသ အထွက်များလို့ နိုင်ငံလုံးဖြန့်သုံးစွဲကြသဗျို့ ခုထိတိုင်လည်း လက်မလွတ်နိုင်ဘဲ သုံးစွဲနေစဲ မြန်မာမုန့်အထိုထို သူလည်းပါလို့ သုံးကြသကိုး မြန်မာထမင်းဆိုင် ခုံလေးများပေါ် တင်ကာထားလို့ အချိုတည်းကာ စားကြပါနော် မြန်မာ့ရိုးရာ အစဉ်အလာသုံးစွဲ ” ထန်းလျက် ” ပါဘဲ။   ခင်ခ။


ခင္ခSeptember 3, 20141min894
” သူတို့တောင်မှ လိုချင်ရဲ့ “     ” ကောင်းကင်ကြီးက အကျယ်ကြီးဘဲနော် ” ” အေး ဟုတ်တယ်ကွ အခုလို ကြည့်တော့ အကျယ်ကြီးဘဲနော် ” ” ကောင်းကင်ကြီးမှာမှ ဘာဖြစ်လို့ လမင်းကြီးရှိနေတာလဲ သူကတဖြေးဖြေးတက်လာတာဆိုတော့ မြေကြီးမှာ သူအိမ်ရှိလို့လား ” ” ဟာ လမင်ကြီးက ကောင်းကင်မှာနေတာ ဘယ်လိုလုပ် မြေကြီးမှာ အိမ်ရှိမှာလဲ ” ” ဟာ မင်းကလည်း လမင်းကြီးက သူစထွက်ရင် ဟိုးအဝေးကြီး အောက်ကနေထွက်တာဆိုတော့ အဲဒီမှာ သူအိမ်ရှိလို့ပေါ့ ” ” မင်းကလည်း ဝေးပါ့ကွာ လမင်းကြီးက မင်းပြောသလို ဟိုးအဝေး ကြီးက မြေကြီးမှာရှိတဲ့ သူ့အိမ်ကထွက်တာ မဟုတ်ဘူး ငါတို့နေတဲ့ ကမ္ဘာကြီးက […]


ခင္ခSeptember 2, 20141min832
” ချင့်ယုံ သင့် ချင့်ယုံ “   ” အင်း လူတွေ လူတွေ အတော်တရားကျဖို့ ကောင်းတာဘဲနော်” “ဟာ ကိုယ့်ဆရာ ဂျာနယ်ဖတ်ပြီး ဘာတွေ တရားကျနေတာလဲဟ” “ငါငယ်ငယ်က ရန်ကုန် ပုဇွန်ချောင်းနားကို ခဏခဏရောက်ဖူးသလို ရန်ကုန် သန်လျှင်တံတားကိုလည်း အကြိမ်ကြိမ်ဖြတ်ခဲ့ဖူးတယ်ကွ ဟိုငယ်ငယ်လေးထဲကနေလာခဲ့တာ နှစ်ပေါင်း ဆယ်စုသုံးကျိပ်ကျော်ထိ တစ်ခါမှ မကြားဖူးဘူး၊ အဲဒီမှာ သွားလာနေတဲ့လှေ သင်္ဘောတွေထဲက တစ်ဦးတစ်ယောက်ဆီကမှ တွေ့မိတယ်လို့လည်း မကြားမိဘူးလေ၊ အဲဒီချောင်းနဲ့ပက်သက်ပြီး ငယ်ငယ်က ပုံပြင်လိုလို ဒဏ္ဍာရီလိုလို ငါးမိုးရိပ် မီကျောင်းရှိတယ် မီကျောင်းတွေရှိတယ်ဆိုတာမျိုးတော့ကြားဘူးတယ်လေ၊ နဂါးနေထိုင်တယ်လို့တော့မကြားမိဘူးလေ” ” အေးလေ အဲဒါဘာဖြစ်လို့လဲ ” ” ဘာဖြစ်ရမှာလဲ အခု ခေါင်းလောင်းကြီးကို နဂါးမင်းတွေ နဂါးတွေ ပူဇော်နေကြလို့ အခု […]


ခင္ခSeptember 2, 20141min1095
” တစ်ခါတုန်းက တက္ကသိုလ် “   မြကျွန်းညို ကွန်းခိုရာ အတိတ်ရယ်က သာသာယာယာ ရန်ကုန်တက္ကသိုလ် အဓိပတိဆို လျှောက်လေပ ပျော်စရာ ဝိဇ္ဖာဘက်ဝယ် အပျိုတွေချော သွားလေအမြဲ ငေးမိတာ သိပ္ပံဘက်ဝယ်မှာ RC ရှိတယ် စာကြည့်တိုက်နဲ့ ဆုံဆည်းရာ အရွက်ကယ်မရှိ သစ်ပုပ်ပင်နဲ့ ဘွဲ့နှင်းသဘင်တို့ တင်တယ်တာ တစ်ဝင်းထဲဝယ် ရှိနေမြဲ စီးပွားတက္ကသိုလ် မဒီကညာ အခုတော့လည်း လွမ်းပါပေါ့ တစ်ခါတုန်းက တက္ကသိုလ်ပါ။     ခင်ခ။


ခင္ခSeptember 1, 20141min1036
” ရွာကျောင်းလေးတစ်ခုဝယ် “   အာရုံက မတက်သေး တစ်ညလုံးရွာတဲ့မိုး မစဲနိုင်ဘဲရွာနေမြဲ မင်းတုံးကယ်ဖြုတ် တွန်းလို့ကာဖွင့်လိုက်မဟဲ့ ဖွင့်မရတဲ့တံခါး အပြင်မှာဘာခံနေပါလိမ့် ထပ်ခါသာ အားစိုက်တွန်းပြန်တော့ အားးးးးးးးးး အိ လို့ ညဉ်းသံထွက်ပြီလေ့ ဘုန်းတော်ကြီးထဟန်မတွေ့လို့ မီးကိုလည်းမဖွင့်ရဲ ကိုယ်ရင်ခဗျာ ချွေးတွေစို့လာပ ထွက်လာခဲ့ဘုန်းတော်ကြီးသံ ” ဟဲ့ ကိုယ်ရင် ဘာဖြစ်တာတုံး မီးဖွင့်ကြည့်ပါအုံး ” မီးဖွင့်လို့ ကြည့်မီပါရဲ့ သူတောင်းစားတစ်ဦး မိုးခိုရင်းအိပ်ပါတဲ့ လှေကထစ်အဝင် တံခါးမှာမို့။     ခင်ခ။


ခင္ခSeptember 1, 20141min12412
” ဪ ငါ့တို့ တိုင်းပြည်မှာလဲကွာ”   ကျွန်တော်လူလတ်ပိုင်းအရွယ် ကာလလောက်က ရန်ကုန်-မန္တလေးဆို ရထားနဲ့ဘဲသွားလာကြတာများခဲ့ကြ တာပေါ့၊ အခုလို အမြန်လမ်းလည်းမပေါ်သေးဘူး အဝေးပြေးကားလိုင်းတွေကလည်း အခုလိုလေအိတ်ကား တွေနဲ့စမတ်ကျကျမဟုတ်သေးတဲ့ခေတ်မှာ ရထား အထူတန်း နဲ့ အထူးတန်းသီးသန့်တွဲတွေဘဲပါသော အထူးရထားတွေက ခေတ်စားခဲ့ကြတာပေါ့ဗျာ။ မန္တလေးသွားချင်လို့ ရထားစီးမယ်ဆိုရင် အထူးတန်းက အတွက်လက်မှတ်ကို စီးမယ့်နေ့မတိုင်မှီ သုံးရက်ကြိုတန်းစီဝယ်ရပြီး ရိုးရိုးတန်းအတွက်ကတော့ တစ်ရက်ကြို ဝယ်ရတယ်လေ။ လက်မှတ်ကို ရန်ကုန်ဘူတာကြီးလက်မှတ်ရောင်းနေရာမှာ မနက် ၈ နာရီမှာရောင်းပေးပေ မယ့်၊ မနက် ၆ နာရီကထဲက စတင်တန်းစီခွင့်ပြုထားတော့ မနက်စောစောထပြီ ၆ နာရီအရောက်သွား တန်းစီထားနိုင်မှ ရှေ့ကိုရောက်ပြီး လက်မှတ်ရဖို့ သေချာတာလေ၊ ဘာလို့လဲဆိုတော ရထားတစ်စီးလုံး လူ ၄၀ဝ လောက် ထိုင်ခုံရှိပေမယ့် လက်မှတ်ကိုတော့ ၁၀ဝ […]