မြစပဲရိုးDecember 23, 20151min34067
မောင်အောင် ရေ သေချာအောင် ပြက္ခဒိန် ဘဲ ဆွဲလာတော့တယ်။ နှစ်သက် သူ အမည် ကို ကြိုးစားရှာပေတော့။ Miss Universe Myanmar နစ်ယောက်လုံး က အနီ နဲ့။ အမျိုးပါဆို။ မယုံဘူးလား။  😉  jk :-)))) ပုံ အကြီး ကို ကြည်လင်စွာ ကြည့်လိုပါက ပုံပေါ်မှာ နှစ်ခါ ကလစ် လုပ်ပြီး ကြည့်ကြပါရန်။


မြစပဲရိုးDecember 22, 20152min27215
ဒီနေ့ သတင်း နှစ်ပုဒ် ဖတ်အပြီး ခေါင်းထဲ အတွက်အချက် တွေနဲ့ ရှုပ်သွားမိတဲ့ အကြောင်းလေးပါ။ ပထမ သတင်းက Miss Philippines ဟု ပြောရမဲ့အစား Miss Colombia လို့ မယ်စကြာင်္ဝဠာ အမည်ကို မှား ကြေညာ မိသော သတင်း။ ဒီလောက် ရှင်းရှင်း ရေးထားတာ ကို မှားရ သလားဟု ထူးဆန်းသည်ဟု ထင်ပါက လဲ ထူးဆန်းသပေါ့။ လူဘဲဟယ်၊ အမှားကင်းပါ့မလား ဟု မထူးဆန်းပါ ဟု ထင်ပါကလဲ မထူးဆန်းပေါ့။ Miss Universe: Miss Colombia mistakenly crowned as winner –  21 December 2015  From the […]


မြစပဲရိုးDecember 17, 20152min39419
ဟိုး အရင် Miss Universe ပွဲ တွေ တုန်းက တစ်ခြားနိုင်ငံ က ပြိုင်ပွဲဝင် တွေ ကို ပိုကြိုက်ခဲ့ပါတယ်။ ဒီ တစ်ခါ တော့ ကိုယ့် မြန်မာမိန်းကလေး က အားလုံးထဲ မှာ ဆွဲဆောင်မှု အရှိဆုံး လို့ ထင်တာဘဲ။ လဲ သွားတာတောင်မှ ပုံမပျက် ထိန်းသွားတာ လေးက ပိုပြီးတောင် ဆွဲဆောင်မှု ရှိ တာ တွေ့ရတယ်။ သူတို့ သတင်းရဲ့ ခေါင်းစဉ် မှာ “Can’t keep Miss Universe Myanmar down” တဲ့။ Well Done. အမျိုးသားဝတ်စုံ ပြိုင်ရာမှာလည်း အများ အမြင် ထူးဆန်းလွန်းလို့ “The weird […]


မြစပဲရိုးDecember 12, 20151min2049
တကယ်ဘဲ စိတ်ဆိုးလို့ ရွာထဲ မလာတော့တာ မဟုတ်ဘူး မဟုတ်လား။ ဟုတ်ခဲ့ရင် Sorry  ပါ ဇီဇီ နဲ့ ကလေး တို့။ ပြန်လာကြပါ။ ဆက်ပြီး စိတ်ဆိုးအောင် လုပ်ချင်လို့။ မဟုတ်ရင် ဘူတွေ ကို လုပ်ရပါ့။ 🙄  😉  :-))) ချစ်သော လွမ်းသော အရီး  


မြစပဲရိုးDecember 12, 20151min50910
မြ တစ်ယောက် ရောဂါ တစ်ခု ထ နေသည် ဟု ဆိုရမည်။ ချစ်သော တူမတော် ဇီကလေး လို ရှားလော့ဟုမ်း စင်ဒရုမ်း နဲ့ ဆင်တူသော စတော့ဟုမ်း စင်ဒရုမ်း ဖြစ်နိုင်သည် မှန်း၏။ ကိုယ့်ကိုဓားစားခံလုပ်ကာ ပြန်ပေးဆွဲ ဒုက္ခပေးသူကို သွားပြီး သနားကြင်နာ စာနာ ထောက်ထား မိသော စိတ်ဖြစ်သည်။ ထို အကြောင်းကို အစွဲပြုပြီး ရိုက်ထားသော ရုပ်ရှင်ကား များလဲ ရှေးပဝေသဏီ မှစလို့ ဒီနေ့ခေတ်ထိပင် မရိုးနိုင်အောင် ရိုက်ကြသည်။ ထိုရုပ်ရှင်များ တွင် မင်းသားများ သည် ပြန်ပေးဆွဲသမားများ ဖြစ်သည်။ သို့ရာတွင် ရုပ်ကြမ်းကြီး များ မဟုတ်။ ရုပ်ရည်ပြေပြစ်သော ပြန်ပေးသမား များ ဖြစ်သည်။ အဆုံးသတ်တွင် ပြန်ပေးဆွဲခံရသော […]


မြစပဲရိုးDecember 8, 20151min18813
ဒီမိုကရေစီ ဆိုတာ ကျင့်သုံးရတဲ့ စနစ် ပါ။ လူညီရင်တော့ ပေးမှ ယူမှရယ် မဟုတ် ကျင့်သုံးနိုင်တာပါဘဲ။ ဒါပေမဲ့ တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ လက်ချောင်းများလို လူမညီ ချိန် မှာ ဒီမိုကရေစီစနစ် ကို ကျင့်သုံးနိုင်ဖို့ စည်းကမ်း၊ နည်းလမ်း၊ ဥပဒေများ လိုလာပါတယ်။ အဲဒီ အတွက် လုပ်ပိုင်ခွင့် ပါဝါ အာဏာ လိုပါတယ်။ အဲဒီ ပါဝါ အာဏာ ကို ရဖို့ လွှဲပေးဖို့ အရင်ဆုံး လိုနေတာပါ။ အဲဒီ ပါဝါ အာဏာ ကို ရလာပြီ ဆိုရင်တော့ ဒီမိုကရေစီ ဆိုတာ ကျွန်မတို့ အားလုံး ရဲ့ လက်ထဲ မှာပါ။ ဘယ်သူ့ ဆီက မှ […]


မြစပဲရိုးDecember 7, 20151min30619
မနေ့ က အာဇာနည် ကုန်းမှာ လုပ် တဲ့ အညတရစစ်သည်များ လို့ ဆိုထားတာ ရယ်၊ အဲဒါကို ဦးစီး ဦးဆောင် လုပ်သူများ ရယ် (တစ်ခြားသော မြေးတော်) ပေါင်းပြီး ချ တွက် ကြည့်လိုက်တော့  …… ကိုယ့်နည်း ကိုယ့်ဟန် ခြေထိုးအက က နေတာ တောင် အားမရ ဒေါ်အောင်ဆန်းစုကြည် က ပန်းခြင်းမပို့ လို့ အပြစ်တင်တဲ့ messgae  ကို မမြင်ချင်လဲ မြင်လိုက်ရတာ စိတ်ပျက် တယ်။ တကဲ့ စေတနာ မပါတဲ့ ဟန်ပြ လုပ်ရပ် တွေ နဲ့ အောက်တန်းစား စိတ်ဓာတ် တွေ က တိုင်းပြည် ထူထောင်တာ မှာ ခလုတ်ကန်သင်း […]


မြစပဲရိုးDecember 2, 20153min28512
နီးများနီးလို့ ကတော့ အရောက်လာပါတယ် ရွှေကြည်လေးရယ်။ ထူးထူးခြားခြား တော့ မှာတမ်းမခြွေ လိုပါဘူး။ ကိုယ့်အနားမှာ ရောက်လာပြီ ဖြစ်တဲ့ သူကို အချစ်ဆုံးသူငယ်ချင်း လို့ သာ တစ်သက်စာ သတ်မှတ်လိုက်ပေတော့။ အချစ်ဆုံးသူငယ်ချင်း ဆိုတာ ချစ်သူ ရီးစား လင်ယောကျာင်္း ဆိုတာတွေထက် ကိုယ့်နှလုံးသား ကို ပိုပြီး နွေးထွေး လုံခြုံစေပါတယ်။ လူနှစ်ယောက် ကြား မှာ နားလည်မှု အခိုင်မာဆုံး က အချစ်ဆုံးသူငယ်ချင်း ဆိုတဲ့ ဆက်ဆံရေးပါဘဲ။ အရီးရဲ့ ချစ်သော ရွှေကြည်လေး တို့ ဇနီးမောင်နှံ ပျော်ရွှင်သော၊ အောင်မြင်သော ဘဝ လေး တစ်ခု တည်ဆောက်နိုင်ကြမှာလို့ ယုံကြည်ပါတယ်။ ဆန္ဒမွန်ဖြင့် ချစ်တဲ့ အရီး :-)) “My Best […]


မြစပဲရိုးNovember 30, 20151min36821
မြ တစ်ယောက် သည် မှန်းတိုင်းလွဲ ဖြစ်၏။ ပူပူနွေးနွေး ပြီးခဲ့တဲ့ ရွေးကောက်ပွဲ တွင် တစ်ဖက် ကို အထင်တွေ ကြီးပြီး နိုင်သွားနိုင်တယ် မှန်းခဲ့လိုက်မိသည်။ ကိုယ့်လူများ နိုင်လိုက်တာမှ တောင်/သောင်ပြို ကမ်းပြို အားရစရာကြီး ဖြစ်သွားမှ သက်ပြင်းချရဲခဲ့သည်။ ဒါတောင် ကြားတွင် ဟင်းကနဲ ချက်ခြင်း မချနိုင်သေးဘဲ အသက် ကို အောင့်ထားရသေးတာလဲ အားလုံးအသိပင်။ အခုလဲ စိတ် ပူ သလို ရှိနေသေး၏။ ပွဲ မစခင်က မြ အတန်ငယ် အထင်ကြီးမိသည့် အမတ်တစ်ယောက် ရှိခဲ့သည်။ သူ့ အတွက် မြ တစ်ယောက် သည်  ကြားမှ မခံနိုင်ဘဲ စွာကျယ်ကျယ် လုပ်ခဲ့သေးသည်။ နိုင်ငံ နှင့် ဆင်းရဲသားလူထု […]


မြစပဲရိုးNovember 14, 20151min23512
ချစ်သောသူငယ်ချင်း နီနီဒွန်း ရေ အောင်မြင်မှု အတွက် အရမ်းကို ဝမ်းသာဂုဏ်ယူ ပါကြောင်းပြောလိုပါတယ်။ မင်းတို့ရဲ့ NLD ပါတီကြီး ကိုတော့ ပြည်သူတွေ က ယုံ လို့ ပုံခဲ့လိုက်ကြပြီ။ သူငယ်ချင်းတို့ ရဲ့ စေတနာ နဲ့ စွမ်းရည် ကို ပြဖို့ အတွက် ကိုယ့်တာဝန် အိမ်စာများ ကျေစေချင်ပါတယ်။ မင်းတို့ တွေထဲမှာ စာ ကို သိပ်ပြီး မလိုက်နိုင်ကြမဲ့ သူများလဲ ရှိမှာပါ။ အဲဒီအတွက် အချင်းချင်း တွဲခေါ်ကြပါ။ တစ်ကိုယ်ကောင်း မဆန်ကြပါနဲ့။ အကူအညီ အကြံဉာဏ်များ လိုရင်လဲ တတ်နိုင်တဲ့ သက်ဆိုင်ရာပညာရှင် များ ကို ချည်းကပ်ကြဖို့ ကို မမေ့ပါနဲ့။ တိုင်းပြည် နဲ့ ပြည်သူလူထု အတွက် […]


မြစပဲရိုးNovember 8, 20151min1799
. မြတို့ မျှော်လင့်နေခဲ့သော နိုဝင်ဘာ ၈ ရက် ရောက်ပါပြီ။ . ချစ်သော ရွှေပြည် တစ်ဝှမ်း ခြိမ့်ခြိမ့်သဲသဲ ဆန္ဒမဲပေးကြပေတော့မည်။ . ပြည်သူများ ရဲ့ အသံ အမှန်ကို ကြားချင်ပါသည်။ “ကံ” ဆို အလုပ် ဟုသာ မှန်ပါက မြတို့ အများစု သည် အပြောင်းအလဲတစ်ခု အတွက် တတ်နိုင်သမျှ ကြိုးစားခဲ့ပါ၏။ . မြ အသိုင်းအဝိုင်း ရှိ အရင်က ကြားထိုင်နေသော သူ အတော်များများ လဲ ပွဲနီးလာတော့ မြ နှင့် လမ်းတူ ရာ လိုက် ကြတော့မည်။ အာဏာပိုင်များနှင့် လက်ဝါးချင်းရိုက်ထားသူ များ ကတော့ သဘောထား မထုတ်ပြန်ကြချေ။ . မြတို့ ပေးခဲ့ […]


မြစပဲရိုးNovember 7, 20151min26318
ကိုယ်က ကောင်းပေ့ ဆိုတာ အလျှံအပယ် စားနိုင်ချိန် ဘေးမှာ ထမင်းနပ်မှန် အောင် မစားရသူ တွေ ရှိနေတာ သိရင် စားလို့ ဝင်ကြ မယ်လား။ ကိုယ်လဲစား ဘေးမှာလဲ ငတ်နေသူတွေ မရှိအောင်ထားနိုင်ရင် ပိုပြီး စားလို့ ကောင်းနိုင်ပါမယ်။ လူကိုလူချင်း စာနာတတ်ရင် စနစ်ဆိုး ကြီး တစ်ခု ကို ပြင်ပေးဖို့ ကြိုးစားပေးကြပါ။ မဟုတ်ရင် ချမ်းသာပေမဲ့ လူတောမတိုးနိုင်ဘဲ နွားခြေရာခွက် လေးထဲ မှာဘဲ ဝင်ဆန့်နေရသလို ဖြစ်နေလိမ့်မယ်။ It is time for politics of compassion, fairness and putting people first.