မြစပဲရိုးJuly 29, 20151min21817
. မြ တစ်ယောက် စကားပုံ တစ်ခု အကြောင်း စဉ်းစားနေသည်။ “ကိုယ့်ငါးချဉ် ကိုယ်ချဉ်” ဟူသော စကားပုံ ဖြစ်သည်။ တကယ်တော့ စားမကောင်း တဲ့ ငါးချဉ် ကို တော့ မည်သူက မျက်စိမှိတ်၍ စားနိုင်မည်နည်း။ စားလို့ မကောင်းအောင် အရသာ ရှိသောအစာ ကို စားမိ ရင် အနည်းဆုံးတော့ သူ့မျက်နှာပေါ် မှာ အဖြေရှာ၍ ရနိုင်သည် မဟုတ်လော။ ရှုံ့တွတွ နှင့် မအီမလည် ခံစားမှု သည် ဖုံးလို့ တော့ မရနိုင်ပေ။ ပြီးခဲ့တဲ့ ရက်ထဲ ဘေးကတစ်ယောက်မှ အတင်းလာပြောသည်။ . မြ ရဲ့ မောင်ဝမ်းကွဲလေး ရဲ့ ဖေစ့်ဘုတ် ပေါ်က Status အကြောင်းကို […]


မြစပဲရိုးJuly 29, 20153min19312
ဒီ တစ်ခါ အလှည့်ကျ ဖျော်ဖြေ မဲ့ သူ က ဘီဘီ ပါ။ British Beef အတိုကောက်ပေါ့။ နာမည်ကျော် ကိုဘေး အမဲသားတော့ မဟုတ်ဘူး။ အတုံး လေးတွေ တုံးထားပြီး သား အထုတ် ကို ဝယ်တာပါ။ တစ်ထုတ် ကို ၄၀ဝဂရမ် နဲ့ ၃ထုတ် ဝယ်ပြီး ချက်ပါတယ်။ အဲဒါဆို နှစ်နပ် ခွဲ စာလောက် စားလို့ ရပါတယ်။ အမဲသားဟင်းချက်ရင် ပဲထမင်း နဲ့ တွဲစားတာများပါတယ်။ ပဲ က ပဲနီလေး ကို သုံးပါတယ်။ Rice cooker  ထဲ မှာ ထမင်း ၅ဗူး ပဲ ၃ဗူး အချိုး နဲ့  […]


မြစပဲရိုးJuly 28, 20153min2167
* ဒေါ်ဇီဇီခင်ဇော် လိုတာ ကို တောင့်တ ရင် အလွယ်လေး နဲ့ ပြည့်တတ် တဲ့ ဇာတာပါလေသလား။ :-)) မနေ့ကတင်ဘဲ ထွဏ်းထွဏ်း သီချင်း တွေ ကို ပြန်နားထောင်တော့ “မရှိတော့ဘူး” ဆိုတာ ကိုလဲ နားထောင်ခဲ့သေးတယ်။ အဲဒါလဲ ကော်ပီ သီချင်းပါဘဲ။ မူရင်းက ဇီချစ်သော “Bon Jovi” ရဲ့  “I will be there for you” သီချင်း ပါ။ Bon Jovi ကလဲ American rock band ပါဘဲ။ (Boy Band  လို့ အလွယ်မပြောရဲ တော့ပါဘု။) လိဒ်ဂီတာသမား ဘွန်ဂျိုဗီ ရဲ့ အမည်ယူထားတဲ့ အဖွဲ့ […]


မြစပဲရိုးJuly 28, 20151min20111
ရွာရွှေ့နေတုန်းကပေါ့။ ဒီလောက် ၄ ရက်လေး ပျက်ခဲ့လို့ သာ။ ဒီထက် ဆက် ကြာနေရင် သူ ကိုယ်တိုင် တောင် ဝင်ပါ ပြီး ပြင်ပေးမဲ့ လူတစ်ယောက် ရှိနေတာ သူကြီး ကတော့ သိမယ်မဟုတ်ခဲ့။ ဟုတ်တယ်လေ။ စိတ်ထဲရှိတဲ့ ပြောစရာစကားတွေ နဲ့ သတင်းတွေကို ရွာထဲ အန်ချ နေတာ။ ရွာထဲ ဝင်မရ မှတော့ မကောင်းသူထိပ်၊ ကောင်းသူထိပ် အနီးရှိ ရာ လူ ကိုဘဲ ပြောရတော့ မပေါ့။ စိတ်ထဲ ငုံ ထားလို့ မှ မရတာ။ ဒီ စနေ က ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင်းထဲမှာ ပြောလိုက်တဲ့ Speech တွေ လေ။ . ကောင်းလွန်းလို့၊ နားထောင်ရတာ […]


မြစပဲရိုးJuly 27, 20153min1817
တစ်ရက် မှာ ရေဒီယို က “Hold on little girl  … Show me what he’s done to you” ဆိုတဲ့ အသံကြားလိုက်တော့ ဟိုးအရင် နှစ်ဟောင်း ကိုယ် ဖလမ်း ဖလမ်း ထ နိုင် တုန်း က အချိန်တွေ ကို ပြန်ရောက်သွားသေးတယ်။ အဲဒီတုန်းက ရွှေပြည်ကြီး ထဲ တီဗီ ပေါ်ပြီး နောက်ဆက်တွဲ ဗီဒီယိုတွေပါ လိုက်လာသပေါ့။ ဒါပေမဲ့ ဗီဒီယိုအခွေတွေ ကတော့ ပြည်တွင်း ဘယ်ဖြစ်နိုင်ပါဦးမလဲ။ အနောက်တိုင်း က အခွေတွေ အားပြုပြီး ကြည့်ရချိန်ပေါ့။ ၈၈ နောက်ပိုင်းမှာ ကျောင်းတွေပိတ်တော့ ကွန်ပျူတာသင်တန်း တွေ၊ အင်္ဂလိပ်စာစကားပြောသင်တန်း တွေ […]


မြစပဲရိုးJuly 27, 20152min25514
. မြတစ်ယောက် ဂျူ း ရဲ့ ဝတ္ထုတို လေးတစ်ပုဒ် ကို သတိရနေသည်။ .ခေါင်းစဉ် ကိုတော့ မမှတ်မိ။ ဝတ္ထု အကြောင်းမှာ ယောကျာင်္း ကို အင်မတန်ချစ်သော မိန်းမတစ်ယောက် အကြောင်း ဖြစ်သည်။ သူ၏ ယောကျာင်္းသည် အင်မတန်စည်းစနစ်ကြီး သူ ဖြစ်သည်။ အသန့်အပြန့် ကြိုက်သည်။ ဟိုတစ်နေ့ က ဇီကလေး ကို ပြောမိသော ဂျူလီယာရောဘတ် ဇာတ်ကားထဲ မှ ဇီဇာကြောင်သောယောကျာင်္း ကဲ့သို့ ပင်ဖြစ်မည်။ သို့သော် ဂျူ း ရဲ့ မင်းသမီးကတော့ ထို ယောကျာင်္း ၏ ကွန်ထရိုး အောက်မှာ ပျော်နေသော သူဖြစ်၏။ . မြန်မာမိန်းမ မို့လဲ ဖြစ်မည်။ (လူမျိုးရေးခွဲခြား […]


မြစပဲရိုးJuly 26, 20152min33513
အခု ရှု ပြီး “စား” ရမဲ့ ဟင်းလျာ ကတော့ အုန်းနို့ကြက်သားဟင်း ဖြစ်ပါတယ်။ ထည့်ရမဲ့ အချိုးအစား တွေ က တော့ ကြိုက်သလို ထည့်ကြပါ။ *** နမူနာ ပြ Ingredient တွေကတော့ – ကြက် ရင်ပုံ ၄ ခု (အတုံး သေးများ တုံး) – အုန်းနို့ Tin တစ်ဗူး – နံနံစေ့ စားပွဲတင်ဇွန်း ၂ဇွန်း (ညက်အောင်ထောင်း) – သံပုယိုသီး တစ်လုံး – ပဲငံပြာရည် အကြည် ၃ဇွန်း၊ အနောက် ၁ဇွန်း (စားပွဲတင်ဇွန်း) – ဆီ စားပွဲတင်ဇွန်း ၅ ဇွန်း – ကြက်သွန် […]


မြစပဲရိုးJuly 26, 20151min1235
* မြ တစ်ယောက် ဥစ္စာခြောက်နေသည်။ * ရွာထဲ ရတနာများ ဥ ဥ ထားသည် မှာ ပြည့်လုပြီ။ * ဤအချိန်တွင် ရွာထဲ ဝင်လို့ မရတော့။ * ခက်ပြီ။ * သို့လင့်ကစား ရွာပြင်ရောက်ချိန်မှ မြ သတိထား မိလာတာ တစ်ခု ရှိသည်။ * ရွာထဲ တွင် ထို ရတနာများ ထက် ပို၍ တန်ဖိုးကြီးသည့်အရာများ  ရှိနေသည် ကို ဖြစ်၏။ * တကယ်တော့ မြ သည် အနာဂါတ် ကို စိတ်ကူးယဉ်တတ်သူ တစ်ဦး ဖြစ်သလို အတိတ်ကိုလဲ လွမ်းတတ်သည်။ * ဟိုး အရင်က အကြောင်းတွေ ကို ပြန်ကြည့်ပြီး […]


မြစပဲရိုးJuly 23, 20152min1154
ဒီတစ်ခါတော့ ပိုပြီး လွယ် တဲ့ စားစရာ တစ်မျိုး ကို ရှု “စား” နိုင်ဖို့ ပြပါမယ်။ .တော်တီလာ (Tortilla) လို့ ခေါ်တဲ့ ဂျုံပြားလေး ပေါ်မှာ အစာ တွေ ထည့်ပြီး လိပ်ထား တာပါ။ Wrap လို့လဲ ခေါ်ကြပါတယ်။ အခု လုပ်ထားတာ က မက္ကဆီကန် ပုံစံ ပါ။ . မြန်မာပြည် မှာတော့ Tortilla Wrap အတွက် Ingredients တွေ ရနိုင်မလားတော့ မသိဘူး။ ရှိရင်လဲ ရှိနေမှာပါ။ လိုတဲ့ ပစ္စည်းတွေက – ကြက် ရင်ပုံအကြီး  နှစ်ခု  (လေးထောင့်၊ အရှည် ကြိုက်သလို လှီးထား) – Tortilla […]


မြစပဲရိုးJuly 22, 20151min1496
ဒီ တစ်ခါ အလှည့်ကျလာသူ ကတော့ ကြီးမြတ်သော မဟာ။ “မဟာ မြန်မာ” ပါ။ မှတ်မိကြဦးမယ် ထင်ပါရဲ့။ အရေးအသားကောင်းပြီး ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်စရိုက် ရှိပုံ ရတဲ့ ကလေး တစ်ယောက် ရွာထဲ က ပျောက်သွားတာ နှမြောဖို့ ကောင်းလိုက်တာ။ အဝင်ခက်လဲ တစ်ချက်ကလေး မှ ပြန်လှည့် မကြည့်နိုင်တော့အောင် အလုပ်တွေ ပိ နေခဲ့တယ် ထင်ပါရဲ့။ “တွေ့ဆုံ ကြုံ ကွဲ” ဓမ္မတာ လေးဘဲ ထားရတော့ မယ်လား။ “ခြင်္သေ့ ဆိုတာ”  ဆိုတဲ့ ဘာလိုလို ပို့စ်လေး ကို Oct 31, 2013 တင်ပြီး ပျောက်သွားတာ  နှစ်နှစ် နီးပါး ရှိတော့မယ်။ သူ့ ပထမဆုံး […]


မြစပဲရိုးJuly 22, 20151min2817
. အခု ရွေးကောက်ပွဲဝင် မဲ့ လူ တွေ ကို လှောင်သလို ပြောနေတဲ့ စာ တွေ မြင်နေရတယ်။ . ရှေကလဲ မသွားနိုင်၊ နောက်ကလဲ မလိုက်တတ်၊ ဇော်ကန့်လန့် တွေ များ နေလို့ ဒီ အာဏာရှင်တွေ ဒီလောက် မြဲ နေတာပါ။ . အာဏာရှင် ဆိုတာ အာဏာ နဲ့ ကိုယ်ကျိုးရှာနေသူ နဲ့သူတို့ ကို ကာကွယ်ပေးနေသူ တွေ တစ်ချို့ ကို ဆိုလိုပါတယ်။ . အာဏာရှင် ဆိုတာ နဲ့ စစ်တပ် နဲ့ စစ်သား ကို မမြင်ကြပါနဲ့။ . တကယ်တော့ သူတို့ က ရန်သူမဟုတ်ပါဘူး။ . အာဏာရှင်များ […]


မြစပဲရိုးJuly 21, 20151min30423
. မြတစ်ယောက် ဒီ ရက် အင်မတန် စိတ်လှုပ်ရှားနေသည်။ အင်မတန် စိတ်ပျက်နေသည် ဟု ပြောထားသော Face စာအုပ်ကြီး ကို အခွင့်ရတိုင်း ဖွင့်နေ၏။ အစုတ်ပနုတ် အရေမရ အဖတ်မရ ကြွားလုံးစုံ ဖွင့် ပြထားသည် များ ကို ကျော်ခွကာ သိလိုသည့် အကြောင်းကို ရှာရသည်။ အားရစရာကောင်းလှပါဘိခြင်း။ အရင်က ပိတ်ထားခံရတော့ အသံများ ပွင့်လေပြီ။ အရင်က ချုပ်ထားခံရသော နှလုံးသားများ ခုံလေပြီ။ အရင်က တားထားခံရသော လက်များ တွဲလေပြီ။ အလင်းရောင် ပြပြလေး မြင်ရပြီထင်၏။ ဟိုးတုန်းက  ဒေါ်အောင်ဆန်းစုကြည် အစိုးရဖွဲ့ပါက ပညာတတ် လူတော်များ မရှိနိုင်ဟု ထင်နေသော သူကြီးမင်း နှင့် ကြောင်ကြောင် တို့ စိတ်အေးသွားပြီ […]


မြစပဲရိုးJuly 21, 20152min1526
ဒီတစ်ခါတော့ သများ လဲ ဟင်းချက် ပြဗျစီ။ တို့ မြန်မာများ ရဲ့ အကြိုက်တော့ ဟုတ်မယ် မထင်။ မူရင်း က ဘယ်က မှန်းမသိ ပေမဲ့ တောင်အမေရိက နိုင်ငံ တွေ ဘက်က ဆင်းသက်လာမယ် ထင်တာဘဲ။ Chili con carne (သို့) Chili လို့ ခေါ်ကြတယ်။ chili with meat ပေါ့။ အသားစင်းကော (အများအားဖြင့် အမဲသား) ထဲ  ပဲကတီ္တပါ  နဲ့ ခရမ်းချင်သီး ၊ ငရုတ်သီး နိုင်ချင်းထည့်ပြီး ချက်တာပါ။ ရိုးရိုးလေး နဲ့ အဆီတွေ မပါလို့ ကျန်းမာရေး နဲ့ ညီ မယ် လို့ ပြောလို့ ရမယ်။ […]