မြစပဲရိုးJuly 10, 20151min1605
ဒီတစ်ခါ နှိုက် လိုက်တာ နံပါတ် ၁၈ တဲ့။ ဇီကလေး ရဲ့ စာရင်းပေါက် ကို ကြည့်လိုက်တော့ ရွာ့ဂုဏ်ဆောင် ကဘာဆြာကြီး အဘနီ (ခေါ်) နေဝန်းနီ ပါ။ ပါဝါ(၁၈) အဘနီ က လောလောဆယ် ပွိုင့်တစ်သိန်းပြည့် ထားသူပေါ့။ သူ ပျောက်မသွားပါ လို့ ဂတိပေးထားတာ။ ညဖက်မှာ ပေါက်ချလာတဲ့ ဧည့်ကောင်မလေး ဇာတ်လမ်းကလဲ တန်းလန်းနော်။ အဘနီ တစ်ယောက် ရွာထဲ ပို့စ်တင်ပြီး ခြေလှမ်းချတဲ့ နေ့ က Sep 25, 2010 ပါ။ ၅နှစ် နီးပါး ရွာထဲမယ် ပျောက်လိုက် ပေါ်လိုက် နဲ့ စာပေါင်း ကဗျာပေါင်း ၄၁၄ ပုဒ် ကို ရေးခဲ့ […]


မြစပဲရိုးJuly 10, 20151min20511
. မြ တစ်ယောက် ဗုဒ္ဓ ရဲ့ ပါရမီ ၁ဝပါး ကို ပြန်ဖတ် နေ၏။ အဲဒီထဲ က ဝမ်းသာခြင်း ၊ ဝမ်းနည်းခြင်း မပါ တဲ့ “ဥပက္ခာ” ဆိုတာကို ရအောင် မနည်း ကြိုးစား နေရသည်။ ဒီရက် FB  ထဲ အရင်ထက် သတင်း ဝင်ဝင် ဖတ် ပြီး စပ်စု နေသူ တွေ ကို စစ်တမ်းကောက်လျှင်  မြ တစ်ယောက်လဲ ထိပ်တန်းက ပါမည်။ ကလေး လို အရွယ် မဟုတ် တော့ ရှေ့စိတ် ကို နောက်စိတ် က အတင်း ဖမ်းဖမ်း ပြီး ဟန့် နေ ရင်း […]


တကယ်တော့ ဒီမှာ ဘတ်စကား စီးရတာ ဈေးကြီးပါတယ်။ ၁၆ နှစ်အောက် ကလေး တွေ က တစ်ဝက်ဈေး ဘဲ ပေးရတယ်။ ၆ဝ ကျော် အသက်ကြီးသူ တွေ ကတော့ အလကား စီးခွင့် ရတယ် လားမသိဘူး။ ပုံမှန် ဆို အသွားအပြန် ခရီး နီးနီးလေး ကိုတောင် ၃ပေါင် လောက်ကျတာ။ ဒါပေမဲ့ ဇုံ တူ တဲ့ လိုင်း တွေ ထဲ တစ်နေ့စာ ကြိုက်သလို တက်လိုက် ဆင်းလိုက် လုပ်လို့တဲ့ Day Zone Ticket  လို ဝယ်လိုက်ရင် ၄ပေါင် ပေးရပေမဲ့ တန်တယ် ဆိုပါစို့။ ဒါကြောင့် မြို့လည်ထဲ လိုမျိုး မှာ […]


ကမ္ဘာ့ဖလား ဘော်လုံးပွဲ ကြီး ပြီးလေပြီ။ မိန်းမပွဲ ဖြစ်၍ တစ်ကမ္ဘာလုံး ချိမ့်ချိမ့်သဲသဲ စိတ်မဝင်စားကြ။ ရွာက ဘောသတင်းဂျာနယ်ဆရာကြီး မှလဲ ဘာသတင်းမျှ အရေးတယူမထုတ်ပြန်ချေ။ သူများတွေ ကို သာ လိုက်ပြောနေသည်။ . မြ ကိုယ်တိုင် လဲ မိန်းမများ ကန်သည့်ပွဲ ကို သတင်းဖတ်တာကလွဲ၍ ထူးထူးခြားခြား စိတ်မဝင်စားမိ။ သူကြီးမင်း တို့ ယူအက်စ်အေ အသင်း က လက်ရှိချန်ပီယံ ဂျပန် ကို နိုင်ပြီး ဗိုလ်စွဲသည်။ ထို ဂျပန် ကို. ခြင်္သေ့မများ လို့ တင်စားထားကြသည့် အင်္ဂလန်အမျိုးသမီး အသင်း က ဆီမီး မှာ ရှုံးသွားတာ ဖြစ်သည်။ အချိန်ပို မှာ ကိုယ့်ဂိုးကိုယ်ပြန်သွင်း မိလို့ […]


. မြ အမြန် ရေးရမည်။ မဟုတ်ရင် အိပ်ငိုက် တော့မည်။ ကိုယ့်အတတ်ကိုယ်စူး။ ကိုယ် စလိုက်တဲ့ ဇာတ်ကွကိုယ် သိမ်းရမည်။ မဟုတ်လို့ ဘာမှမရေးဘဲ  ညဖက် မှာ ခေါင်းစဉ် တန်းလန်းထားခဲ့ လိုက်ရင် ကိုယ်အိပ် နေချိန် မြ တစ်ယောက် စိတ်ဖောက် သွားပြီလားဟု ရွာထဲ က လူများ စိုးရိမ်ကြတော့မည်။ . မြ သည် စည်းကမ်း ကို ပါပါးလေး ဖောက်ခြင်း အကြောင်း သက်သေပြရန် အကြံ ဖြစ်သည် မှာ ကြာပြီ။ အကြံဖြစ်ပြီး အကောင်အထည် မဖြစ်တာ တွေ လဲ ဆင့်ပြီး များလာသည်။ . မြန်မာစာ font မရှိ ပါက ပေါ်နေသည့် […]


. ဒီ ခေါင်းစဉ် တွေ ကို တပ်ပြီး နေရာ ဦးထားခဲ့တာ။ . လေးပုဒ် ဆက် မဖြစ်ဖြစ် အောင် လုပ်ထားတာ သူကြီးမင်း တော့ ရွာထဲ ကင်းလှည့် ပြီး တွေ့သွားပြီ။ ဒီ အရီး တော့ ဘာတွေ စတန့် ထွင်နေလဲ တွေးပြီး ပြန်ထွက်သွားလောက်ပြီ။ ဟုတ်ပါ့။ တမင် လုပ်ထားတာ ပြောချင်တဲ့ အကြောင်းရှိလို့ပါ။ အဲဒါကို မြ ရဲ့ သင်ပုန်း မှာ ပြောမယ်။ အခုတော့ ဟိုနေ့က ရေးမယ်လုပ်ပြီး မရေးဖြစ်လိုက်တဲ့ အကြောင်း ရေးပါ့မယ်။ . သောကြာနေ့က “ကလေး” ရဲ့ ကျောင်းမှာ (မိန်းကလေး ကျောင်း) စာသင်နှစ်တစ်နှစ်ပြီး ပြီ မို့ […]


တစ်ခါတုန်းက နားဦးတည့်ရာ တစ်ပုဒ် မှာ ” ဒေါ်လေး”  ကနေ { ခုတလော အသစ်တန်းက ဝန ကို နားထောင်ဖြစ်နေတယ် } ဆိုတဲ့ မှတ်ချက်လေး ဖတ်ပြီး အခု ခေတ် အဆိုတော် လေး တွေ ကို မသိတော့ တာ သတိပြုမိတယ်။ အမျိုးသမီး ထဲ က နီနီတို့ ဖြူဖြူ တို့ ကိုတော့ သိတယ်။ အမျိုးသားထဲ လဲ စိုင်းစိုင်းတော့ သိသေးတယ်။ ကျန်တာတွေ တော့ မှတ်မှတ်ရရ မသိဘူး။ တကယ်တော့ သီချင်းကြိုက် တာမို့ကိုယ် ရွှေ ပြည်ထဲ က ထွက်လာချိန်တောင် တစ်ချို့ နောက်ပေါက် ကလေး တွေ ရဲ့ သီချင်း […]


. မြ သည် တစ်ခါတစ်ရံ ရှေးစွန်းစွဲ အယူသည်း သူ ဖြစ်သည်။ အကြောင်း တစ်ခု သည် အတိတ် က အထုံ ပါလာပါက ဘယ်တော့မှ ရှောင်မလွတ် ဆိုသည်ကို  ယုံသည်။ မယုံလျှင် ကိုယ်တွေ့ပြောပြမည်။ . မြသည် တစ်ချိန်က ရွှေပြည်ကြီး တွင် အလုပ်လုပ်စဉ် အချက်အလက်ထိန်းသိမ်းမှု အတွက် နေရာ အငြင်းပွါး မှုများ ကို အမြဲ ရင်ဆိုင်ခဲ့ရသူဖြစ်သည်။ အင်ပွတ် (အသွင်း)၊ ပရော့စက် (အလုပ်ဖြစ်စဉ်)၊ အောက်ပွတ် (အထုတ်) စကားလုံးများ သည် လူခန္တာစနစ်  နှင့် ကွန်ပျူတာခန္တာစနစ် တွင် မတူကွဲပြားကြောင်း မြ သိခဲ့လေပြီ။ လူ မှာ စားသုံး ဘယ်လောက်များစေ အလို […]


ခတစ် (ခရီရေးတစ်) ဓာတ်ဆာလေး မောင်ဂီ တစ်ယောက် ပန်း တွေ ကို မီးတင်ရှို့ထား တဲ့ ပုံ တွေကြည့်ပြီး သကာလ သူ့အရီး ကွန်တစ်မြ လဲ ပန်း တွေ ကို ရေခဲရိုက်ချင်စိတ် ပေါ် ပြီး စမ်းကြည့်လိုက်ပါတယ်။ ပုံတွေကြည့်ပြီး ဂျယ်လီ စားချင်စိတ် ပေါ်သွားတော့တာပါဘဲ။ ဟိ။ လာကွဲ့ နှစ်ရာ။ lol:-))) Thanks Mr IZG. :-))


. မြသည် စိတ်အပြောင်းအလဲ အင်မတန် မြန်သည်။ အခုလဲကြည့်။ ရွာ အဝင် သူကြီးမင်း၏ “အရောင်ရင့်မှတ်တမ်း” နှင့် တိုးလေသော် မူလရေးမည့်အကြောင်း မှ ချော်လေပြီ။ ထားတော့။ ထို အကြောင်း ကို နောက်မှ ရေးတော့မည်။ ယခုတော့ အာရုံပေါ်ရာနောက် လိုက်တာကောင်းသည် ထင်၏။ မနေ့ကဘဲ သူငယ်ချင်း တစ်ယောက် ထံမှ သတင်း ရသည်။ သူငယ်ချင်း ဆိုပေမဲ့ ကိုယ်တွေထက် အသက်က အများကြီး ဂျူနီယာ ဖြစ်သည်။ . မြန်မာပြည် မှ လုပ်ငန်းကြီး တစ်ခု ထံတွင် အလုပ်ပြန်ဝင်နေသည် တဲ့။ သူ့ကို နိုင်ငံခြားတွင် ရသော လစာ ကိုလိုက်၍ ပေးသည် ဟု ဆိုသည်။ ထို […]


ဓာတ်နူးဂိုင်းဂျုပ် မောင်မောင်ဝီ အဲလေ မောင်မောင်ဂီ ကိုအားကျလို့ တီး ရင်း ဆိုနိုင် တဲ့ သီချင်းလေး တစ်ပုဒ် လေး အကြောင်း တင်ဆက်ပျဇေ။ သိုးဆောင်း ကလေး ကဗျာ လေး ပါ။ ကဲ စပြီ။ ======================= Bingo ဒီ သီချင်း ကိုတော့ ရွာသူ/သား တွေ နားရည်မဝသူများ မယ်။ (နားရည်မဝဆို ကလေးသီချင်း ဘူမှ ကော်ပီ လုပ်ဘူး။ သည်အကြောင်း အောက်မှာ မပြောတော့ပါဘူး။) Bingo အကြောင်းဆက်ပြောရအောင်။ သည်သီချင်းက ဗြိတိသျှ folklorist, Alice Bertha Gomme က ရေးစပ် သီဆိုခဲ့တာဖြစ်ပါတယ်။ ၁၈၈၈ လွန်နှစ်တွေမှာ အလွန် ကျော်ကြားပြီး နောက်ပိုင်း ဗားရှင်း […]


ဒီနံပါတ် ကို ဒီရက် အတွင်း မြင်ဘူး ခဲ့ ကြတယ်ဟုတ်။ မဲ အနှိုက်ခင်လေးမှာ အတိတ်စိမ်း ပေးလိုက်သူ ဝုန်းကနဲ ပေါ်လာလို့ သူ ချ သွား တဲ့ နံပါတ် ကို ဝမ်းသာ အားရ ယူလိုက် တယ်။ 😉 . အောင်မြလေး လက်စသတ်တော့ စပ်ရင်တော်ရမဲ့ အမျိုး ဖြစ်နေတော့ သကိုး။ မျက်နှာပြုံးချိုချို နဲ့ သူ ကို ဒီတစ်ခါ ရွာ အပြန် မှန်းမထားဘဲ တွေ့လိုက်သေး။ သဘာဝ ကို သဘာဝ အတိုင်း ရိုးသားစွာ ရှုမြင်လို သူ တစ်ယောက် ရဲ့ ကလောင်အမည် ကို ပေးထားတာ ကို က “နေချား” […]


သူကြီးမင်း ရဲ့ “အင်္ဂလိပ်တိုင်းပြည် မှာနေသူများ လူမျိုးကြီးစိတ်ကြောင့် လူတန်းစား ခွဲကောင်းခွဲမယ်ထင်တယ်.” ဆိုတဲ့ မှတ်ချက် ကို တွေ့လိုက်ပါတယ်။ (မမ ရဲ့ ငါးခြောက်ထမင်းကြော် Post) နဲနဲရှည်မှာမို့ လို့ လည်းကောင်း၊ နှစ်ရာရချင်၍ လည်းကောင်း ပို့စ် အဖြစ် တင်လိုက်ပါတယ်။ သူကြီး ကို မေးခွန်း တစ်ခု အရင် မေးချင်ပါတယ်။ မှန်မှန် ကန်ကန် အခွန်ထမ်း ရသည့် တိုင်းပြည် တွေမှာ လူတန်းစား မခွဲလို့ တကယ်ဘဲရလား? တိုင်ပြည်က အခွန်ပေးသူ တွေဟာ ဝင်ငွေပေါ်တည်ပြီး အခွန်ထမ်းရတာပါ။ ဒီတော့ အခွန်များများဆောင်ရတဲ့ လူတန်းစား၊ သာမာန်ဆောင်ရတဲ့လူတန်းစား၊ လုံးဝ မဆောင်ရတဲ့လူတန်းစား ကွဲ သွားပါတယ်။ တစ်ချို့သော တော်တော်များများ က အလုပ်မလုပ်ဘဲ […]