khinmintatthuOctober 20, 20101min690
ပထမနေ့က ပွဲတွေမှာ အုပ်စု E,F,G,H ပွဲစဉ်တွေ ကစားသွား ခဲ့တဲ့ ပွဲစဉ်တွေမှာတော့ အသင်းကြီးတွေနိုင်ပွဲရခဲ့သလို အသင်းငယ်တွေရဲ့ ဒုက္ခပေးမှုကို ခံစားသွားရတဲ့အသင်းတွေကိုလည်း တွေ့မြင်ခဲ့ကြရပါတယ်… ယခုညမှာ ယှဉ်ပြိုင်ကစားမယ့်  အုပ်စု A,B,C,D တို့ ယှဉ်ပြိုင်ကြရ မှာဖြစ်ပြီး ဒီအုပ်စုတွေမှာ အင်တာ – စပါး၊ တွမ်တီး – ဘရီမင်၊ လိုင်ယွန် – ဘင်ဖီကာ၊ ရိန်းဂျား – ဗလင်စီယာ စတဲ့ ပွဲစဉ်တွေက အကြိတ်အနယ် အရှိဆုံး ဖြစ်လာမယ့် ပွဲတွေပဲ ဖြစ်ပါတယ်။  ပရိသတ်ကြီးအနေနဲ့ ထင်မှတ်ထားတာပဲ ဖြစ်လာမလား…. မထင်မှတ်တဲ့ အဖြေတွေပဲထွက်ပေါ်လာမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်….. အင်တာမီလန် – စပါး ကစားမည့် နေ့ရက် – ၂၁-၁၀-၂၀၁ဝ (ကြာသပတေး) ကစားမည့် […]


khinmintatthuOctober 20, 20101min722
မြန်မာနိုင်ငံ၏ ဆိပ်ကမ်းသို့ တစ်နှစ်လျှင် အဝင်အထွက်ရှိသည့် ကွန်တိန်နာအရေအတွက်မှာ သိန်းဂဏန်းမျှသာရှိကြောင်း ပင်လယ်ရေကြောင်း စီးပွားရေးနှင့် သယ်ယူပို့ဆောင်မှုဆိုင်ရာ လေ့လာသူအချို့က ပြောကြားသည်။ ယင်းပမာဏမှာ ဒေသတွင်းနိုင် ငံဖြစ်သော စင်ကာပူဆိပ်ကမ်းသို့ နှစ်စဉ်အဝင်အထွက်ရှိသည့် ကွန်တိန်နာ အလုံးရေများနှင့် နှိုင်းယှဉ်မည်ဆိုပါက နည်းလွန်းနေသည့်အပြင် အမှန်တကယ် အလုပ်များသော နိုင်ငံတကာ ဆိပ်ကမ်းကြီးများသို့ နေ့စဉ်အဝင်အထွက်ရှိသော ကွန်တိန်နာပမာဏပင်လျှင် သိန်းချီရှိကြောင်း Shipping Business ပိုင်းဆိုင်ရာ လေ့လာ သူဦးကျော်မျိုးဝင်းကပြောပါသည်။ “ဒီမှာ သင်္ဘောအပိုင်ရှိလို့ပဲဖြစ် စေ၊ ကွန်တိန်နာ အပိုင်ရှိလို့ပဲဖြစ်စေ ကုန်သွယ်ကြတဲ့နေရာမှာ Shipping Line တစ်ခုအနေနဲ့ တစ်ပတ်ကိုမှ ကွန်တိန်နာအလုံးရေ နှစ်လုံး၊ သုံးလုံးလောက်ပဲ ကုန်သွယ်မှုရှိကြတယ်။ မြန်မာနိုင်ငံရဲ့ကုန်သွယ်မှုကဏ္ဍအနေနဲ့ နိုင်ငံတကာနဲ့ယှဉ်ရင် နည်းနေသေးပေမယ့် တစ်နည်းအားဖြင့် ဆိပ်ကမ်း အခန်းကဏ္ဍကိုသာ မြှင့်တင်နိုင်ရင် ကုန်သွယ်မှုလည်း အလိုလိုမြင့်တက်လာမှာပါ […]


khinmintatthuOctober 20, 20103min1083
မြန်မာ့ရှေးဟောင်းပုံရိပ်များ ကျွန်တော် စာကြည့်တိုက်မှာ Myanmar Interior Design နဲ့ ပါတ်သတ်ပြီး လေ့လာခဲ့စဉ်က တွေ့ရှိခဲ့သည် ဓါတ်ပုံ အချို့ကို ပြချင်ပါသည်။ အတော့်ကို ရှားပါးနေသည့် ဓါတ်ပုံများပါ။ Max. and Bertha ferrars မှတ်တမ်းပြုခဲ့သည့် ၁၈၉ဝနောက်ပိုင်း ပါတော်မူပြီးကာစ မြန်မာကျေးလက်ဓါတ်ပုံများက ကောက်နှုတ်ချက်တွေပါ။ ပါတော်မမူခင်နှင့် ပါတော်မူပြီးကာစ အခြေအနေများက ဘာမျှ မပြောင်းလဲသေးပါဘူး။ ထိုစဉ်အချိန်အခါက မြန်မာလူမျိုးများ ဘယ်လို နေထိုင် စားသောက်ခဲ့သလဲဆိုတာ လေ့လာနိုင်ပါသည်။ ထိုဓါတ်ပုံများက မြန်မာ့ဓလေ့ထုံးတမ်းတွေ လေ့လာချင်သူများအတွက် အတော့်ကို အသုံးဝင်သလို ရှေးခေတ်သရုပ်ဖော် ရုပ်ရှင်ဗွီဒီယို ဖန်တီးသူတွေအတွက်လည်း ဝတ်စားဆင်ယင်မှု၊ ဇာတ်ဝင်ခန်းအသုံးအဆောင် ပစ္စည်းများ အထားအသိုကိုလည်း လေ့လာနိုင်ပါသည်။ ထို့အပြင် ရှေးဟောင်း မြန်မာ့ဖက်ရှင်ကို လေ့လာချင်လျင်လည်း ရပါသေးသည်။ မူပိုင်ခွင့်အရ […]


khinmintatthuAugust 25, 20101min1110
၁။ ဆံပင်အဖျားတွေ တိတိပေးရင် ဆံပင်ရှည်နှုန်းမြန်စေသလား။ မဟုတ်ပါဘူး။ ဆံပင်အဖျားတိတိ၊ မတိတိဆံပင်အရှည်တစ်လကိုလက်မဝက်ေ လာက်ပိုတိုးလာလေ့ရှိပါတယ်။ နွေရာသီမှာ ဆံပင်ရှည်နှုန်း ပိုမြန်တတ်ပါတယ်။ ဆံပင်တိပေးလို့ပိုုရှည်လာတာမဟု တ်ပါဘူး။ ဟော်မုန်း တွေကြောင့် ပါ။ ဆံပင်တိပေးခြင်းအားဖြင့်ဆံပင်နှစ်ခွဖြစ်တာတွေကိုသာ ဖယ်ရှားပေးပြီး ဆံပင်ကျန်းမာ လှပစေနိုင်ပါတယ်။ ၂။ စိတ်ဖိစီးမှုက ဆံပင်ပို ကျွတ်စေနိုင်သလား။ ဆံပင်တွေဟာအချိန်တိုင်းလိုလိုကျ ွတ်နေတတ်ပြီးပုံမှန်အနေနဲ့တစ်နေ့ကိုဆံပင်ပေါင်း ၅ဝ မှ ၁၂ဝ ချောင်းကြား ကျွတ်လေ့ရှိပါတယ်။သင့်ဘဝအတွက် ကြီးကျယ်တဲ့ပြောင်းလဲမှုတွေ ( ဥပမာ – အိမ်ထောင် ပျိုကွဲခြင်း၊ အလုပ်ပြုတ်ခြင်း၊ ခွဲစိတ်ကုသမှုခံယူခြင်း) တို့ကြောင့် အလွန်အမင်း စိတ်ဖိစီးမှုခံနေရပါက ဆံပင်ပိုကျွတ်လာနိုင်ပါတယ်။ဆံပင်ကျွတ်ရခြင်းရဲ့ တခြားအကြောင်းတွေကတော့ ကိုယ်ဝန်ဆောင်ခြင်းနဲ့ ပဋိဇီဝပိုးသတ်ဆေးတို့ကြောင့်ပဲ ဖြစ်ပါတယ်။ ၃။ ခေါင်းလျှော်ရည်တွေ ပြောင်းသုံးပေးရင် ဆံပင်ပို ကျန်းမာသန်စွမ်းလာနိုင်သလား။ ဆံပင်ရှည်တွေကတော့ ခေါင်းလျှော်ရည်တွေကိုဒီနေ့တစ် မျိုး၊နောက်နေ့တစ်မျိုးနဲ့ခဏ […]


khinmintatthuAugust 25, 20101min430
ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သော တောင်ကြီင်္းမြို့သည် ပင်လယ်ရေမျက်နှာပြင် အထက် (၄၇၁၂) ပေ မြင့်သော ရှမ်းပြည်တောင်ပိုင်း ရှမ်းရိုးမ တောင်ပေါ်တွင် တည်ရှိပါသည်။မြန်မာ သဣရာဇ် (၁၂၀၀)ခန့်က နောင်တွင် တောင်ကြီးဟု သမုတ်မည့် နေရာ၌ ပအိုဝ့်ရွာလေး တစ်ရွာ ရှိခဲ့သည်။ ထိုရွာ၏ အမည်မှာ “ဒုံတောင်တီ´´ ဟု အမည် ရသည်။ တောင်တီကို ရှမ်းအမည်ဖြင့် “တွမ်တီး´´ ဟုခေါ်သည်။ တည်ပင် (ဝါ) ကတည်ပင် ပေါက်ရာရွာဟု ဆိုလိုသည်။ ထိုရွာနှင့် အနီးတဝိုက်တွင် ပင်လုံရွာ၊ ရှမ်းရွာ၊ မိန်မြိန်ရွာနှင့် ဝါးပြားရွာ များသာ ရှိပေသည်။ ၎င်းအပြင် ရေကန် လေးကန်နှင့် အင်းကြီး တစ်အင်းလည်း ရှိပေသည်။ အင်္ဂလိပ် အစိုးရသည် တောင်ကြီးမြို့ ကို (၁၂၅၃)ခုနှစ်၊ […]


khinmintatthuAugust 18, 20101min520
ချယ်လ်ဆီး တိုက်စစ်မှူး အနယ်လ်ကာသည် ပြင်သစ် စည်းကမ်း ထိန်းသိမ်းရေး ကေယာ်မတီက ၎င်းအား လက်ရွေးစင် အသင်းပွဲ ၁၈ ပွဲ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက် အပေါ် ပျက်ရည်ပြု လှောင်ပြေင် သွားခဲ့သည်။ “ကျွန်တော့် အတွက်တော့ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက် အားလုံးဟာ ဘာမှ အဓိပ္ပါယ် မရှိတာတွေ ပါပဲ။ သူတို့ဘာသာ သူတို့ မျက်နှာ မပျက်ရအောင် ဟန်ဆောင်ပြီး လုပ်နေကြတာပါ။ သူတို့ ဘယ်လိုပဲ ပြစ်ဒဏ် ချမှတ်သည် ဖြစ်စေ ကျွန်တော်နဲ့ ဘာမှ မသက်ဆိုင် တော့ပါဘူး။ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က ကျွန်တော့်ကို အသင်းရဲ့ လေ့ကျင့်ရေး ကွင်းကနေ ကန်ထုတ်လိုက် ကတည်းက ကျွန်တော်နဲ့ ့ပြင်သစ်အသင်း […]


khinmintatthuAugust 17, 20101min763
ကိုယ့်ကိုယ်ကို စတိုင်ကျနတဲ့ ယောက်ျားလေးတစ်ယောက် ဖြစ်ချင်ပါတယ်ဆိုရင် ဘယ်လို အချက်လေးတွေကို လိုက်နာ သင့်တယ်၊ ဂရုတစိုက်ရှိသင့်တယ် ဆိုတာလေးတွေကို သိသလောက်၊ ဖတ်မှတ်ထားသလောက်၊ လက်လှမ်းမီသလောက် ရှာဖွေ ဖော်ပြပေးလိုက်ပါတယ်.. ၁။ အဝတ်အစား ဝတ်ဆင်ရာမှာ စတိုင်ကျပါတယ် ဆိုတဲ့သူ တော်တော်များများဟာ ကြိုတင်ပြင်ဆင် တတ်တဲ့ အကျင့်ကောင်းတွေကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်.. အရေးတကြီး ချိန်းဆိုမှု၊ ညစာစားပွဲ၊ အစည်းအဝေး၊ အင်တာဗျူး၊ ဧည့်ခံပွဲ စသည်တို့အတွက် အဝတ်အစားများကို သွားမဲ့ရက် မတိုင်မီ ကတည်းက ကြိုတင် ရွေးချယ်ထားသင့်ပါတယ်.. သွားခါနီး ကပ်ပြီးမှ ပြင်ဆင်ရွေးချယ်တဲ့ အခါ အကျင်္ီ၊ ဘောင်းဘီ ကြယ်သီး၊ ဇစ် ပြုတ်နေတာတို့၊ မီးပူတိုက်ဖို့ အချိန်မရလိုက်တာတို့ စသဖြင့် အခက်အခဲများကို ရှောင်လွှဲပြီးသား ဖြစ်နိုင်ပါတယ်.. ၂။ မိမိနဲ့ […]


khinmintatthuAugust 17, 20101min732
လွန်ခဲ့သည့် မေလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့သော အင်တာဗျူး တခုတွင် မင်းသမီးက သတင်းထောက်ကို ကိုယ်ထိ လက်ရောက် ကျူးလွန်ခဲ့ ခြင်းကြောင့် ရန်ကင်း တရားရုံးတွင် ၂ လကျော်ကြာ တရား ရင်ဆိုင်နေရရာ ယနေ့ ပထမအကြိမ် တရားလိုပြ သက်သေ အဖြစ် ဖက်ရှင်မဂ္ဂဇင်း အယ်ဒီတာ မဝင်းဝင်းမာကို စစ်မေးရာတွင် တရားသူကြီး ဦးနေအောင်က အထက်ပါ မေးခွန်း ထုတ်ခဲ့ခြင်းဖြစ်သည်။ “တရားသူကြီးက The Voice မှာပါတဲ့ ထက်ထက်မိုးဦးနဲ့ အေးသူစံတို့ရဲ့ အမေးအဖြေ တွေကို ဖတ်ဖူးလားလို့ မေးတယ်။ အဲဒီမေးခွန်းတွေက အနုပညာနဲ့ ဆိုင်လား၊ ဘယ်ဟာကို အနုပညာလို့ ထင်လဲလို့ မေးပါတယ်” ဟု သူက ဧရာဝတီသို့ ပြောသည်။ မဝင်းဝင်းမာက […]


khinmintatthuAugust 17, 20101min692
computer လေးစဖွင့်တာနဲ့ သီးချင်းလေးနားထောင်ပြီးအလုပ်လုပ်တတ်တယ်ဆိုရင် အကြံပေးပါရစေဗျာ လုပ်လို့ရတဲ့နည်းကတော့ အများကြီးရှိမှာပါ ။ လုပ်မယ်နည်းလေးကတော့ jetaudio ကို ဖွင့်မယ် ပြီးရင် Ctrl + T or PLAYLIST ကို click လုပ်ပါမယ် jetAudio Playlist box ပေါ်လာပါမည် Playlist ထဲကိုမိမိ ကြိုက်တဲ့သီချင်းလေးတွေရွေးထဲမယ်ဗျာ……. အမြဲတမ်းနားထောင်တတ်တဲ့သီးချင်းလေးတွေပေါ့ ရွေးပြီးသွားရင် playlist ပေါ်မှာ right click နှိပ်လိုက်ပါ ။ Export ကို click နှိပ်ပါ file ကိုပြန်ရှာရလွယ်အောင် save in မှာ Desktop ကိုရွေးပါမယ် File name ကိုမိမိ ကြိုက်နက်သက်ရာပေးမယ်.. save ကို click နိုပ်မယ် ဒါဆိုရင် […]


khinmintatthuAugust 17, 20101min750
*** ဘုရားဂုဏ်တော်ကိုးပါး *** ၁။ အရဟံ… ၂။ သမ္မာသမ္ဗုဒ္ဓေါ… ၃။ ဝိဇ္ဇာစရဏသမ္ပန္နော… ၄။ သုဂတော… ၅။ လောကဝိဒူ… ၆။ အနုတ္တရောပုရိသ ဒမ္မသာရထိ … ၇။ သတ္ထာဒေဝမနုဿာနံ… ၈။ ဗုဒ္ဓေါ… ၉။ ဘဂဝါ… ၁။ အရဟံ… ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောကြောင့် {{အရဟံ}} မည်တော်မူ၏။ ၂။ သမ္မာသမ္ဗုဒ္ဓေါ… အလုံးစုံသောတရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသောကြောင့် {{သမ္မာ-သမ္ဗုဒ္ဓ}} မည်တော်မူ၏။ ၃။ ဝိဇ္ဇာစရဏသမ္ပန္နော… အသိဉာဏ်{ဝိဇ္ဇာ} အကျင့်{စရဏ}နှင့် ပြည့်စုံတော်မူသောကြောင့် {{ဝိဇ္ဇာစရဏ-သမ္ပန္န}} မည်တော်မူ၏။ ၄။ သုဂတော… ကောင်းသောစကားကို ဆိုတော်မူတတ်သောကြောင့် {{သုဂတ}} မည်တော်မူ၏။ ၅။ လောကဝိဒူ… လောကကို သိတော်မူသောကြောင့် {{လောကဝိဒူ}} […]


khinmintatthuAugust 15, 20104min660
ပါးကွဆန်းက ဗုဒ္ဒရုပ်ပွားတော် ရုပ်ပွားတော်ကြီးကို ကျောင်းဆောင်ပေါ်ကမြင်ရပုံ ရုပ်ပွားတော်ကြီးရဲ့အတွင်းပိုင်း ရုပ်ပွားတော်ကြီးရဲ့နောက်က ၃ ထပ်ကျောင်းဆောင် တရုတ်ရိုးရာ ရုပ်တုတွေ ၃ထပ်ကျောင်းဆောင်ပေါ်က ရုပ်ပွားတော် ကျောင်းဆောင်ကြီးဘေးမှာ ဘုရားကြီးရဲ့ အနောက်ဘက်မှာတော့ ၃ ထပ်ကျောင်းဆောင်ကြီးရှိပြီး အပေါ်ဆုံးထပ်မှာတော့ မြတ်စွာဘုရားရုပ်ပွားတော်တွေရှိသလို အောက်ထပ်တွေမှာတော့ ထိုင်ဝမ်နိုင်ငံသားတွေ ကိုးကွယ်တဲ့ ရိုးရာဘိုးတော် ရုပ်တုတွေလဲ တွေ့ခဲ့ရပါတယ်။ ကျောင်းဆောင်ကြီးရဲ့ နောက်ဘက်မှာတော့ ဘုံ ရ ဆင့်အဆောင်နှစ်ခုကို ဘေးတဖက်ဆီမှာ ဆောက်ထားပါတယ်။ ကျောင်ဆောင်ကြီးရဲ့ ဘေးဘက်မှာတော့ လက်ဆောင်ပစ္စည်းအရောင်းဆိုင်တန်းလဲရှိပါတယ်။ တရုတ်ရိုးရာ ပန်းပုလက်ရာတွေကလဲ အလွန်လှပါတယ်။ ရောက်သွားတဲ့အချိန်က ညနေနေဝင်ချိန်လေးဖြစ်နေတဲ့အတွက် ဆည်းဆာအလှက ပိုလှနေတယ်လို့ထင်မိပါတယ်။ ဘုရားကုန်းတော်ပေါ်ကနေ တောင်အောက်ကမြို့ကို မြင်ရတဲ့ရှုခင်းကလဲ တမျိုးလေးလှနေတာပါပဲ။ဘုရားကြီးရဲ့ အနောက်ဘက်မှာတော့ ၃ ထပ်ကျောင်းဆောင်ကြီးရှိပြီး အပေါ်ဆုံးထပ်မှာတော့ မြတ်စွာဘုရားရုပ်ပွားတော်တွေရှိသလို အောက်ထပ်တွေမှာတော့ ထိုင်ဝမ်နိုင်ငံသားတွေ ကိုးကွယ်တဲ့ ရိုးရာဘိုးတော် […]


khinmintatthuAugust 15, 20101min350
၁။နှလုံးကြွက်သားဟာ သွေးကို လေထဲကို ၁၅ မီတာအထိညှစ်ထုတ်နိုင်တယ်တဲ့…. ၂။လူ ့ခန္ဓာကိုယ်မှာအသန်မာဆုံးကြွက်သားက လျှာပါတဲ့ဗျား….. ၃။မခုန်နိုင်တဲ့ တိရိစာ္ဆန် က ဆင်ပါတဲ့ဗျား.. ၄။လိပ်ပြာတွေက ဝတ်ရည် ကိုခြေထောက်နဲ့စုပ်တာတဲ့နော် ၅။ခြင်မှာလည်းသွားရှိတယ်ဗျ ၆။ပိုလာဝက်ဝံတွေက ဘယ်သန်တွေနော်..ဟင်းဟင်း ၇။မိချောင်းတွေက လျှာထုတ်လို့မရဘူးဗျ ၈။ပိုးဟပ်ကလည်းအသက်ပြင်းတယ်…ခေါင်းပြတ်သွားတာတောင် နောက်ထပ်(၉) ရက်အသက်ရှင်နိုင်တယ်တဲ့..ခေါင်းပြတ်သွားလို့အစာမစားန ိုင်လို့သေရတာတဲ့ ၉။ ၁၁၁၁၁၁၁၁၁*၁၁၁၁၁၁၁၁၁=၁၂၃၄၅၆၇၈၉၉၈၇၆၅၄၃၂၁ ၁၀။မျက်စိမမှိတ်ပဲ နှာချေလို့မရဘူးနော့် (မရယ်နဲ့တကယ်ပြောနေတာ) ၁၁။Star fish တွေမှာဦးနှောက်မပါဘူးဗျ ၁၂။ဘဲတွေရဲ့အသံက echo မပါဘူးနော်..ဘာကြောင့်လဲ ၁၃။Cemetery ဆိုတာ ဂရိဘာသာစကား Koimetirion ကလာတာပါတဲ့ ..ဘာလဲဆိုတော ့ အိပ်ခန်းတဲ့.. ၁၄။ဖဲချပ်မှာပါတဲ့ King တွေဟာ သမိုင်းမှာ တကယ်ရှိခဲ့တဲ့ ဘုရင်တွေကို ကိုယ်စားပြုပါတယ်တဲ့ ၁၅။ပန်းခြံတွေမှာတွေ ့ရတဲ ့မြင်းစီးစစ်သည်ရုပ်တုတွေရဲ ့မြင်းရဲ့ခြေထောက် (၁) […]