Khaing KhaingJune 19, 20131min28421
လွန်ခဲ့တဲ့ ၃ လလောက်ကပေ့ါ ….. ကျွန်မက မီးဖွားတော့မှာဆိုဒေါ့ ငွေရစရာရှိတာတွေကို ကျွန်မဆီ တကူးတက လာပေးစရာမလိုအောင် ကျွန်မလည်း လက်ထဲမှာ ငွေရှိရင် သုံးဖြစ်မှာစိုးလို့ အားလုံးအဆင်ပြေစေရန်ရည်ရွယ်ပြီး MPU လိုခေါ်တဲ့ SMART ကဒ်လေးကို ဘဏ်တစ်ခုမှာ ဖွင့်ထားမိတယ် …. ဒါပေမယ့် အဲဒီကဒ်လေးကို မသုံးခဲ့မိဘူး …. မနေ့က လက်ထဲမှာရှိတဲ့ ငွေတွေက ဟောင်းနေတာရယ် အတန်ကြီးတွေဖြစ်နေတာကြောင့် ကဒ်ထဲကိုထည့်ဖို့ ဘဏ်ကိုချီတက်ခဲ့မိတယ် … ငွေထည့်ပြီး ဘဏ်ကဝန်ထမ်းတွေက အမအောက်ကစက်မှာ ငွေအမောက် စစ်လို့ရပါတယ်ဆိုတော့ ကျွန်မလည်း ကဒ်လုပ်ပြီး တစ်ခါမှ မသုံးဖူးတာကြောင့် စမ်းသုံးကြည့်ဖို့ အောက်ကိုဆင်းခဲ့မိတယ် …. အောက်က စက်မှာ ငွေအမောက်စစ် ကြည့်တယ် အိုကေပဲ … နောက်ပြီး အပြင်ကလည်းထပ်သွားစရာရှိ ငွေကလည်း […]


Khaing KhaingJune 14, 20131min32139
ကျွန်မက မန်းလေးမှာနေတာပါ …….. ငါဒီနေရာကနေ တစ်ခြားနေရာတစ်ခုကို သွားချင်လိုက်တာ ….. ဟော … ဟိုမှာ ငါလိုက်လို့ရမယ့် သူတစ်ယောက် ငါသူနဲ့လိုက်သွားမယ် …. ဟင် …. အသံတွေကို ငါကြားနေတယ် နေရာသစ်ပဲ ဒါပေမယ့် ငါဘာမှ မမြင်ရဘူး …. ငါကြားနေတဲ့ အသံရှင်တွေကို မြင်ဖူးချင်လိုက်တာ …. မရတော့ ဘူးကွာ … ငါသူတို့ကို အရမ်းတွေ့ချင်တယ် … ငါအတင်းရုန်းထွက်လိုက်မယ် … ဟော … ငါအသံတွေရော … လူတွေရောမြင်ရပီ … ဒါပေမယ့် ဒီအသံရှင်တွေကို ငါမရင်းနှီးဘူး ငါရင်းနှီးတဲ့ အသံရှင်တွေ ဘယ်ရောက်ကုန်ပီလဲ …. အာ …. ငါဗိုက်ဆာတယ်ကွာ … ငါ့ကို ဘယ်သူမှလည်း ဘာမှ […]


Khaing KhaingJanuary 17, 20131min34841
လောကကြီးထဲမှာ လူတိုင်းလူတိုင်းဟာ သူ့ကိုယ်ပိုင်စွမ်းဆောင်ရည် အရည်အချင်းရှိဆိုတာ ကိုယ်စီ ရှိကြစမြဲပါ …… ငါက ဆရာဝန်မို့ သူများထက်ပညာတတ်တယ်ဆိုပေမယ့် …. အဲဒီဆရာဝန်အိမ်မှာ အိမ်သာပျက်ရင် ဆရာဝန်က အဲဒီနေရာမှာ ကျွမ်းကျင်စွာပြင်နိုင်မယ့် အိမ်သာပြင်ဆရာတစ်ဦးကို ခေါ်ရမှာပဲ ….. ချမ်းသာကြွယ်ဝတဲ့ သူဌေးတစ်ယောက်က ငါငွေရှာနိုင်တယ် ငါ့အိမ်မှာ ခေါ်ခိုင်းထားတဲ့ သူတွေအပေါ် ကို မောက်မောက်မာမာဆက်ဆံမယ် အရေးမလုပ်ဘူး ဒါမျိုးစိတ်ဓာတ်လည်း မထားသင့်ပါဘူး … လောကမှာ သန့်ရှင်းရေးလည်း သန့်ရှင်းရေးအလျှောက် သူ့တန်ဖိုးသူရှိစမြဲပါ …… တကယ်တမ်း သူဌေးသာ ကျွန်ဖြစ်နေတာကို မိမိကိုယ်မိမိမသိရှိတာပါ …. သူတို့က တစ်နေကုန်တစ်နေခန်း ရုန်းကန် လှုပ်ရှားတာကို အိမ်မှာရှိတဲ့ အိမ်အကူက သူတို့ရှာထားတဲ့ငွေနဲ့ ဈေးသွားချက်ပြုတ် ဘာမှ ခေါင်းစားစရာ မလိုပဲ သခင်ဖြစ်မှန်းမသိဖြစ်နေတတ်ပါတယ် ….. ကုမ္ပဏီကြီး […]


Khaing KhaingDecember 20, 20121min53269
(12.12.2012) တုန်းက လူတွေက ဟိုဟာဖြစ်မယ် ဒီဟာဖြစ်မယ်နဲ့ အမျိုးမျိုးတွေပြောကြဆိုကြတယ် … အခုလည်း (21.12.2012) ဟာ မာယာပြက္ခဒိန်မှာ သက်တမ်းကုန်ဆုံးပြီး ကမာ္ဘကြီးက ဘာဖြစ်မယ် … ညာဖြစ်မယ်ပြောနေဆိုနေတဲ့ စကားတွေကြားရပြန်တယ် …… ဇဗ္ဗူဒီပါ လက်ယာတောင်ကျွန်း ဩဘာနမိတ်ထွန်းတဲ့ ဟောဒီကျွန်မတို့နေတဲ့ ကျွန်းမှာ အဲဒီလိုပြောနေဆိုနေတာကို ကျွန်မကတော့ မကြိုက်ဘူး …. ဖြစ်တာမဖြစ်တာထက် စကားနောက်တရားပါ …. ပြောနေဆိုနေတာတွေဟာ လူတွေရဲ့စိတ်ကို အနှောင့်အယှက်ဖြစ်စေတယ် …. တစ်ချို့သော ပုဂ္ဂလိက အလုပ်ရုံတွေတောင် သူတို့နားလည်မှုနဲ့သူတို့ ပိတ်ကြတယ်လို့လည်း သတင်းရရှိပါတယ် …… ကျွန်မရဲ့ အတွေးတိမ်တိမ်နဲ့တွေးတာတော့ ပြက္ခဒိန်တစ်ခုရဲ့ သက်တမ်းကုန်ဆုံးသွားတယ်လို့ပဲ ထင်မှတ်ထားမိပါတယ် …… ကဲ ဒီတော့ … မနက်ဖြန် ဘာတွေဖြစ်မလဲ စောင့်မျှော်ရင်း …. ဒီပို့စ်လေးကို […]


Khaing KhaingNovember 23, 20121min49578
တစ်နေ့က ရုံးက အပျိုကြီးတွေကို ကျီစယ်ပြီး ပြောမိတဲ့စကားလေးကို ရွာထဲအပျော်သဘောနဲ့ တင်မိပါတယ် ………   အပျိုကြီးတွေက သူတို့အပျိုကြီးဖြစ်တာ အပူမရှာချင်လို့  …မယူချင်လို့ ဆိုတဲ့ စကားလေးတွေနဲ့ အိမ်ထောင်သည်တွေကို အနိုင်ချေပတတ်ကြပါတယ် ……… ဒါနဲ့ ကျွန်မလည်း ကိုယ်စဉ်းစားမိသလောက်နဲ့ သူတို့ကို ပြန်ချေပမိတာက အိမ်ထောင်ကျတဲ့ အမျိုးသမီးတွေက ဆွဲဆောင်မှုရှိလို့လို ခံယူမိတယ် ….မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို လက်ထပ်ဖို့ စဉ်းစားတတ်ကြသလို …. စံတွေသတ်မှတ်ကြသလို ………. ယောက်ျားတစ်ယောက်ကလည်း မိမိချစ်သူမိန်းကလေးကိုပဲဖြစ်ဖြစ် အမျိုးသမီးတစ်ယောက်ကိုပဲဖြစ်ဖြစ် ဘဝတစ်လျှောက်လုံး လက်တွဲဖို့ အကြောင်းအမျိုးမျိုးတွေထည့်စဉ်းစားတတ်ကြတယ် … ပညာတတ်မိန်းမကို လိုချင်တဲ့ အမျိုးသားက ပညာတတ်မိန်းမကို ချဉ်းကပ်ကြသလို … ချောလှတာကို မက်မောတဲ့ အမျိုးသားတွေက မိန်းမချောတွေကို ချဉ်းကပ်တတ်ကြတယ် …. အေးအေးဆေးဆေးနေချင်တဲ့ အမျိုးသားတွေက […]


Khaing KhaingOctober 25, 20121min45040
ကောင်မလေးက ချောတယ်လဲမဟုတ် ချမ်းသာတယ်လဲမဟုတ် ခေတ်မှီတယ်လဲမဟုတ်ပါဘူး … ဒါပေမယ့် ဘာကြောင့်မှန်းမသိဘူးဗျာ … ယောက်ျားလေး တော်တော်များများက အဲဒီကောင်မလေးကို နှစ်သက်ကြ ကြိုက်ကြတယ်ဗျ …. ကျွန်တော်အပါအဝင်ပေ့ါလေ … ကောင်မလေး က ယဉ်သလိုပဲ … ခေတ်မဆန်ပေမယ့် သူကနေတာထိုင်တာပွင့်လင်းတယ် …. သူနဲ့ စကားပြောရ ခင်မင်ရတာကိုက ပျော်စရာ သူ့မှာ ချစ်မွှေးပါတယ်ပဲ ဆိုချင်တယ်ဗျာ …….. ကျွန်တော်သူ့ကို ကြိတ်ကြိုက်နေစဉ်မှာပဲ သူနဲ့ရွယ်တူကောင်လေးတစ်ယောက်နဲ့ ရည်းစားဖြစ်သွားပြီလို့ သိရကြားရတယ် … ကျွန်တော့်ပတ်ဝန်းကျင်ကပြောသံပါ သူနဲ့ အဲဒီကောင်လေးတွဲတာသွားတာလာတာ တစ်ခါမှ မမြင်ရဘူး …… ဒါပေမယ့်ဗျာ ရည်းစားရှိတာပဲ ယောက်ျားရှိတာမှ မဟုတ်တာ ကျွန်တော်သူ့ကို စိတ်ဝင်စားနေတုန်းပါပဲ … ကျွန်တော်က သူ့ထက်ငယ်တယ်ဗျ … အဲဒီမမကို ကျွန်တော်လမ်းမှာ […]


Khaing KhaingOctober 12, 20121min47351
ကျွန်မ ဒီနေ့ညနေ ပျင်းပျင်းရှိတာနဲ့ အခွေဆိုင်ဘက်ကို လမ်းလျှောက်ထွက်ခဲ့မိတယ် …. မိုးလည်းမရွာဘဲ သီတင်းကျွတ်နီးတော့ ရာသီဥတုလေးက သာယာနေတယ်လေ …. အရင်ကဆို သူရှိတုန်းက ကျွန်မကြိုက်တဲ့ သရဲကားတွေကို ဝယ်ပေးထားလို့ အိမ်မှာသရဲကားပဲ ကြည့်ဖြစ်တယ် …. ဒီကြားထဲမှာ မြန်မာဗွီဒီယိုခွေတွေလည်း ငှားကြည့်တတ်သေးတယ် …. သူခရီးထွက်တော့ အပြင်ကို တစ်ယောက်တည်းထွက်ရမှာ ပျင်းတာနဲ့ အခွေမကြည့်ဖြစ်တာ နည်းနည်းကြာသွားခဲ့တယ် … ခွေဆိုင်ရောက်တော့ ၁ လလောက်မငှားဖြစ်တဲ့ကားတွေထဲက ဘယ်ကားက ဟာသကားတွေလဲဆို ပြီးရွေးနေမိတယ် …. ကျွန်မက ခွေကြည့်ရင် သရဲကားနဲ့ဟာသကားပဲကြိုက်တယ် .. မြန်မာသရဲကားကျတော့ ကြည့်လို့မကောင်းလို့ မကြည့်ဘဲ မြန်မာဟာသကားပဲကြည့်ဖြစ်တယ် ….အခုခေတ်က ဟာသကားတွေ ကျော်ရဲအောင်ကသရုပ်ဆောင်တာများတယ် … ကျော်ရဲအောင်တစ်ခါမြုပ်သွားခဲ့ဖူးတယ် … အခုတဖန်မှာ ကျော်ရဲအောင်က ဟာသရုပ်ရှင်ကားကြီး မှာ […]


Khaing KhaingSeptember 19, 20121min24944
ယနေ့မနက် … ရုံးသွားရန်ပြင်ဆင်နေစဉ်… အမေက …. သမီးရယ် ကျောကုန်းလေးကို လက်ကလေးနဲ့ ပွတ်ပေးပါလားကွယ် … ဆိုတဲ့ … အမေရဲ့အသံကြောင့် ကျွန်မ….  ရေချိုးခန်းဝင်ခါနီးခြေလှမ်းတွေ တုံ့ဆိုင်းပြီး အမေ့ကျောကုန်းလေးကို လက်ဖဝါးနှစ်ဖက်နဲ့ ပွတ်ပေးနေမိတယ် … အမေက အကြောတွေတက်လို့ မနေနိုင်ရင် အကြောပြင်ဆရာက အနှိပ်မခံပဲ လက်ဖဝါးနဲ့သာပွတ်ရန်စေခိုင်း ထားသဖြင့် အမေအနှိပ်မခံရဲဖြစ်နေသည် … အမေခြေသလုံးနှစ်ဖက်မှ အကြောတွေထုံးနေတာ မနက်ဆို အမေက အိပ်ယာက ထထချင်းလမ်းမလျှောက်နိုင် …. အမေက ဇွဲတော့ရှိသည် … သူမှာ အကြောနဲ့ပတ်သက်တာ တစ်ကိုယ်လုံးကို ခံစားနေရသူတစ်ယောက်ပါ … အတန်ကြာတော့ ကျွန်မ လက်တွေပူလာလို့ လက်သီးလေးဆုပ်ပြီး အမေ့ကျောကိုပွတ်ပေးတော့ အမေကတော်ပီသမီးရယ် ..တဲ့လေ … အမေကျွန်မကို ခိုင်းတဲ့အချိန်က အလွန်ကိုတိုတောင်းလှပါတယ် […]


Khaing KhaingAugust 29, 20121min40137
ဒီပို့စ်လေးကို မထင်မှတ်ပဲတင်ဖြစ်တာပါ ……. တင်ဖြစ်တဲ့အကြောင်းက ကိုအောင်မိုးသူရေးတဲ့ `အသက်လုပွဲ´ဆိုတဲ့ပို့စ်လေးဖတ်မိပြီး တင်ဖြစ်သွားတာ …….. ကျွန်မသမီးလေး အသက် (၁) နှစ် (၂)လ မှာ ဝမ်းလျှောပါတယ် ….. မှတ်မှတ်ရရပေ့ါ …. တနင်္ဂနွေနေ့ ကပါ ကန်တော်ကြီးမှာ ဈေးပွဲတော်လုပ်တော့ မိသားစုသွားလည်ကြတယ် …. အဲဒီမှာ ပေါက်စီတွေကို အပြင်ထက်ဈေးပေါပေါနဲ့ရောင်းနေတော့ သမီးလေးကိုဝယ်ကျွေးမိတယ် …. အဲဒီကစပြီး ဝမ်းလျှောတော့တာပဲ …. ကျွန်မလည်း သိသိချင်း ကလေးဆရာဝန်နဲ့ပြေးပြပါတယ် …. သမီးလေးဝမ်းလျှောတာ မသက်သာပဲ ဆိုးသထက် ဆိုးလာတယ် ….. ကန်တော့ပါ ….. ဝမ်းသွားတာ မော်တာစက်ကနေရေပိုက်ခေါင်းကိုဖွင့်လိုက်သလို ပန်းတာ တအိမ်လုံး ရေဆေးထားသလားမှတ်ရတယ် ….. သမီးလေးဝမ်းလျှောကာစက ဆရာမညွှန်ကြားသလို ဘယ်လောက်ဝမ်းသွားသွား ဓာတ်ဆားသာဝင်အောင်တိုက် မပူရဘူးဆိုတော့ ကျွန်မတို့ […]


Khaing KhaingJuly 30, 20121min35664
ရုံးမှာ အလုပ်လုပ်နေရင်း အိမ်သာသွားတုန်း ဝင်လာတဲ့အတွေးလေးတစ်ခုကို ပို့စ်တင်မိတာပါ …. အိမ်သာတက်ပြီးလက်ဆေးမယ်လုပ်တော့ လက်မဆေးရင်ကော တကယ်ရောဂါရသလား မရဘူးလား … 🙂 အညစ်အကြေးတစ်ခုခုကိုင်ပြီးတိုင်း လက်ကိုဆပ်ပြာနဲ့ဆေးကြောရင် သန့်ရှင်းတယ် ရောဂါပိုးတွေကို ကာကွယ်တယ်လို့ကြားဖူးပါတယ် …. ညစ်ပတ်နေတဲ့လက်ကို ဆပ်ပြာနဲ့ဆေးကြောရင် သန့်ရှင်းသွားတာ ရိုးရိုးအမြင်နဲ့ကြည့်ရင် သိသိသာသာမြင်နိုင်ပါတယ် … ရောဂါပိုးမွှားတွေ တစ်ကယ် သေမသေ တကယ်စင်မစင်ကို သေချာမသိဘူး …. ဥပမာ … ဝမ်းလျှောဝမ်းကိုက်နေတဲ့သူတစ်ယောက်ဟာ အိမ်သာတက်ပြီးလက်ဆေးရင် ထိုဝမ်းရောဂါပိုးတွေက တကယ်သန့်စင်သွားသလား … ကျွန်မ ဘတ်(စ်)ကားတွေစီးပြီးရင် အိမ်ရောက်တာနဲ့ လက်ကိုချက်ခြင်းဆေးတဲ့အကျင့်ရှိပါတယ် ………. ကိုယ်ကသန့်ရှင်းစေချင်လို့ လက်ကိုဆေးလိုက်တာပါ ဒါပေမယ့် ဘယ်ဆပ်ပြာမျိုးနဲ့ပဲဆေးဆေးလက်က သန့်ရှင်းစင်ကျယ်သွား လားမသွားဘူးလား ဆိုတာကို သံသယဖြစ်မိတယ် …….. ဒါကလည်း ဆပ်ပြာတွေအပေါ်ကို ယုံကြည်မှုနည်းတယ်လို့ပဲ ဆိုရမလား […]


Khaing KhaingJuly 27, 20121min29567
ခေတ်တွေ စနစ်တွေအမျိုးမျိုးပြောင်းလဲလာလိုက်တာ …. ဒါတွေကို ကျွန်မသေရင်တောင် လိုက်လို့ မှီပါ့မလား ……. ကျွန်မငယ်ငယ်က သူများအိမ်မှာ အဖီလေးထိုးထားတဲ့နေရာမှာ ငှားနေရတယ် … ကိုယ်ပိုင်အိမ်နဲ့နေချင်တာ တပိုင်းကိုသေလို့ .. ကျောင်းတက်တော့ ရွှေတောင်ကြားထဲမှာ သူငယ်ချင်းတွေနေတဲ့ အိမ် သူတို့စီးတဲ့ကား အားလားလား ကိုယ်ကသိမ်ငယ်နေခဲ့ရတယ် …. သူများတွေက ကိုယ်ပိုင်ကားကို အက္ခရာမြင့်မြင့်တွေစီးနိုင်တယ် ကိုယ်ကတော့ လေးဘီးကားလေးပဲ စီးနိုင်တဲ့ဘဝ လေးဘီးတောင် အဖေကတက္ကစီလုပ်တော့ ကိုယ်က ၁ဝ ခါရံမှ တစ်ခါစီးရတဲ့ဘဝလေးပါ … Sunny ကားလေးဝယ်နိုင်တော့လည်း ကိုယ်နေတဲ့လမ်းကပြင်တော့ ကားကိုအိမ်ရှေ့မှာ မထားပဲ လမ်းထိပ်မှာထားခဲ့တော့ ကိုယ့်မှာ ဘာကားပိုင်တယ်ဆိုတာလူမသိ မကြွားရပြန်ဘူး …….. ဘဝပေး ကုသိုလ်ကံကိုကဆိုးခဲ့တာလေ …… ဒါနဲ့မျှော်လင့်စရာက တစ်ခုပဲကျန်တော့တယ် ချမ်းသာအောင် ကိုယ်ပိုင်ကား ကိုယ်ပိုင်အိမ်နဲ့ […]


Khaing KhaingJuly 24, 20121min20015
  ယနေ့မွန်းလွဲ ၃ နာရီအချိန်မှာ ဗိုလ်အောင်ကျော်လမ်း စာတိုက်ကြီးအနီး မြန်မာ့ဆက်သွယ်ရေးရုံးရှေ့မှ ပိတောက်ပင်ကြီးမိုးရွာတော့ ကျိုးကျပြီး လမ်းပေါ်တွင်ရပ်ထားသော Suzuki ကားပေါ်နှင့် အခြားကားပေါ်ပိ ကျပြီး လမ်းမပေါ်တွင် သစ်ကိုင်းကြီးကမ်းလန့်ဖြစ်နေကြောင်း သတင်းအဖြစ်တင်ပြလိုက်ပါ တယ် … ကံကောင်းထောက်မစွာ လမ်းသွားလမ်းလာလူတွေကို မထိခိုက်ခဲ့ပါဘူး …. ပုံ (1) ပုံ (2) ပုံ (3) ပုံ (4)   နောက်ထပ်ပုံများကို ဆက်လက်တင်ပြပါဦးမယ် ………