kkotoeJune 5, 20111min992
တခါတလေ စိုင်းထီးဆိုင်ရဲ့သီချင်းလေးထဲကအတိုင်း (ငယ်စဉ်ကခလေးတို့ဘဝမှာပျော်ပါးဖို့ရာလွယ်ပါတယ်…..) အဲဒီအချိန်လေးတွေကိုပြန်တောင့်တမိနေမယ်။ အခုအရွယ်ရောက် အိမ်ထောင်ကျပြီဆိုတတော့ သီချင်းညည်းနေလို့ မရတော့ဘူး။ title ကအရေးကိစ္စတွေကိုနေ့စဉ်နဲ့အမျှဖြေရှင်းပေးနေရပြီလေ။ အခုမှလူ့ပြည်(လူ့ဘဝ) စစ်ရဲ့အရသာကိုခံစားနေရပြီ။ ထိုထိုသောအရေးကိစ္စများကိုများကိုဖြေရှင်းရန်အတွက် ကျွန်တော် ကိုကိုတိုး အစွမ်းကုန်အလုပ်တွေလုပ်နေရပါပြီ။ သာမာန်အနေထားတခုအထိတော့အဆင်ပြေပါ၏။ သို့သော်ငြားလဲ လူဆိုသည်ကားမပြည့်သောအိုးဆိုသည့်အတိုင်း လိုအင်ဆန္ဒကား ရှိစမြဲ။ လူတိုင်းလူတိုင်း ထိုအရေးကိစ္စများအတွက် မိုးလင်း မိုးချုပ် အလုပ်လုပ်နေကြရသည်။ တခြားအရေးကိစ္စများအတွက် ပေးရန်အချိန်မရှိကြတော့ပြီ။ ထိုစားဝတ်နေရေးဆိုတာကြီးကို ဖြေရှင်းရင်းနှင့် ပင်ဘဝပြောင်းသွားကြရသည်။ ထို့ကြောင့် အီကွေးရှင်း တခုထုတ်လိုက်မိသည်။ လူ့ဘဝ = စားဝတ်နေရေး ဟု…………