klnMay 29, 20101min370
ထိုင်းနိုင်ငံကို အလည်အပတ်သွားရောက်ဖို့ဗီဇာလျှောက်ထားသူတွေအတွက် လိုအပ်တဲ့ထောက်ခံချက်တွေပူးတွဲတင်ပြဖို့မေလ ၁၄ရက်နေ့က ထိုင်းသံရုံးမှာကြေညာပါတယ်။ အရင်ကတိုးရစ်ဗီဇာလျှောက်ဖူးသူတွေအနေနဲ့ ဗီဇာလျှောက်တဲ့ အခါ လေယာဉ်လက်မှတ်အသွားအပြန်ကို မတင်ပြရဘူးလို့ သိရပါတယ်။ အခုအခါမှာတော့ အသစ်လျှောက်သူတွေရောနောက်တစ်ကြိမ်လျှောက်ထားသူ တွေပါလေယာဉ်လက်မှတ်အသွားအပြန်ကို ပူးတွဲတင်ပြရပါမယ်။ ပထမဆုံးအကြိမ်အသစ်လာလျှောက်သူတွေအနေနဲ့ လေယာဉ်လက်မှတ်အသွားအပြန်အပြင် ပိုင်ဆိုင်မှုအမည်ပေါက်ပစ္စည်းတစ်ခုခုကို နိုတြီဘာသာပြန်ဆိုပြီး ပူးတွဲတင်ရပါမယ်။ ဒါ့အပြင် ပိုင်ဆိုင်မှုရှိုးမန်းနီး ဒေါ်လာ ၆၇ဝကိုပါ ပြနိုင်ရမယ်လို့သိရပါတယ်။ ဗီဇာလျှောက်ထားသူတွေ အနေနဲ့ပတ်စပို့ (Passport) စာအုပ်ထုတ်ယူချိန်ကိုလည်း နေ့လယ် ၁း၃ဝနာရီမှ ၃းဝဝနာရီသို့ပြောင်းလဲသတ်မှတ်လိုက်တယ်လို့သိရပါကြောင်း ၂၀၁ဝခုနှစ်မေလ၂၈ရက်နေ့ထုတ် မော်ဒန်ဂျာနယ်တွင်ဖော်ပြထားပါသည်။


klnMay 29, 20101min490
၃ထပ်နှင့်အထက် ဆောက်လုပ်သော အထပ်မြင့်အဆောက်အဦများတွင် မီးငြှိမ်းသတ်ရေးအတွက် အနည်းဆုံး ရေဂါလန် ၅၀၀ဝဆံ့မီးသတ်ရေကန်တစ်ခုပါရှိမှသာ မီးသတ်ဦးစီးဌာနက လူနေထိုင်ရန်သင့်တော်ကြောင်းထောက်ခံချက်ပေးမည်ဖြစ်ကြောင်းမီးသတ်ဦးစီးဌာန( ရုံးချုပ်) မှ အရာရှိတစ်ဦးကပြောကြားခဲ့သည်။ ၎င်းအပြင် ယင်းမီးသတ်ရေလှောင်ကန်ကိုအမြဲတမ်းရေပြည့်အောင်စီစဉ်ထားရန်လိုအပ်ကြောင်း ၊ အထပ်မြင့်တိုက်များတွင် အရေးပေါ်လှေကားနှင့်မီးသတ်ဆေးဘူးများထားရှိရန်လည်း လိုအပ်ကြောင်း အဆိုပါအရာရှိကဆိုသည်။ “မီးလောင်မှုဖြစ်စဉ်တွေမှာ ကန်ထရိုက်တိုက်ဆောက်တဲ့သူတွေရဲ့ တာဝန်လဲမကင်းဘူး။ ကန်ထရိုက်တိုက်ခန်းတွေမှာ တစ်ခန်းကိုမီးသတ်ဆေးဘူးတစ်ဘူး ထားရမယ်လို့ညွှန်ကြားထားတာရှိတယ်။ လာစစ်တုန်းကတော့သေချာချိတ်ထားပြတယ်။ မီးသတ်ကစစ်ဆေးပြီးလို့ပြန်လဲသွားရော ဆေးဘူးကို အခန်းဝယ်သူကိုမအပ်ဘဲ ရတဲ့ဈေးနဲ့ရောင်းစားပစ်တယ်။ ရေနဲ့ငြှိမ်းမရတဲ့လျှပ်စစ်ကလောင်တဲ့မီးမျိုးဖြစ်ရင် အခန်းပိုင်ရှင်မှာငြှိမ်းစရာဆေးဘူးမရှိတော့ဘူး။ အသက်ကယ်လှေကား ထားဖို့ပြောလဲ ထန်းတက်တဲ့လှေကားလိုအဖြစ်လှေကားတွေထားတယ်။ မီးသတ်ကပြောရင်လဲ အပိုအလုပ်ဆိုပြီး လျစ်လျူရှုနေတယ်” ဟု၎င်းကဆိုသည်။ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် လွန်ခဲ့သော ၂၂နှစ်အတွင်းမီးလောင်သည့်အကြိမ်မှာ ၂၃၇၂ရရှိခဲ့ပြီး လူပေါင်း ၉၅၆ဦးသေဆုံးကာ ၁၅၇၅ဦးဒဏ်ရာရရှိခဲ့ကြောင်း ၂၀၁ဝခုနှစ်ဇွန်လ ၂ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင်ဖော်ပြထားပါသည်။


klnMay 29, 20101min420
ဗန်းမော်မြစ်ဟာ ကျဉ်းမြောင်းလာပြီး သောင်ထွန်းလာတာကလည်း အခုနှစ်မှာ ပိုပြီးသိသာလာတယ်လို့ သိရပါတယ်။ တာဝန်ရှိသူက “ ၁ဝနှစ်တစ်ကြိမ်မှ ကမ်းပါးနီဆိပ်ကမ်းကို ရွှေ့ရတာ၊ မနှစ်ကရွှေ့ရတယ်၊ အခုနှစ်လဲ ရွှေ့ရတယ်၊ နောက်ပြီးအရင်နှစ်တွေထက် တစ်လစောပြီး ရွှေ့ရတယ်။ တစ်နည်းအားဖြင့် ကြည့်ရင် ဗန်းမော်ရေကြောင်းပိုမိုကျပ်လာတယ်၊ ကျဉ်းလာတယ်၊ သောင်ပိုထွန်းတာများလာတယ်။ ရေပါးလာတဲ့အတွက် ရေကြောင်းကျပ်တဲ့နေရာတွေပေါ်လာတယ်၊ အရင်က နှစ်ရက်သွားရမည့်ခရီးက အခုဆို သုံးရက်၊လေးရက်လောက်သွားရတယ်၊ သင်္ဘောဆိုလဲ ဝမ်းပြားတွေနဲ့ ပြောင်းလဲသွားရတယ်၊ လူနဲ့ကုန်က အရင်ရေများချိန်လောက် တင်မသွားဘူး၊ ထက်ဝက်လျှော့ပြီးတင်ရတယ်။ မြစ်ရဲ့အထက်ပိုင်းမှာ မိုးရွာရင်တော့ မြစ်ရေပိုများမယ်၊ အခုမြန်မာပြည်မြောက်ပိုင်းမှာ မိုးရွာရင် ချင်းတွင်းမြစ်၊ ဧရာဝတီမြစ်ရေ အပြောင်းအလဲရှိတယ်၊ ဒီနှစ်က ယခင်နှစ်ထက်စာရင်ရေကျတာ စောတယ်၊ ဘာကြောင့်စောရသလဲဆို မြောက်ပိုင်းမှာ အပူများတာကြောင့်လဲ ပါမယ်၊ မနှစ်က မိုးနည်းတာကြောင့်လဲ ပါတယ် ” လို့ပြောပါတယ်။ […]


klnMay 29, 20101min381
နိုင်ငံတကာကိုဖုန်းခေါ်ဆိုနိုင်တဲ့ Skype ကလစဉ်မိနစ်ပုတ်ပြတ်စနစ်နဲ့ ကြိုက်နှစ်သက်တဲ့နိုင်ငံအလိုက် ရွေးချယ်ဝယ်နိုင်ပြီလို့သိရတယ်။ ပုတ်ပြတ်စနစ်ကို ဇွန်လ ၁ရက်နေ့ကစပြီး အသုံးပြုနိုင်မှာပါ။ လာရောက်ငွေမသွင်းနိုင်တဲ့သူတွေအတွက် အိမ်တိုင်ရာရောက်ကောက်ခံပေးမယ်လို့ဆိုပါတယ်။ လစဉ်ပုတ်ပြတ်စနစ်နဲ့မိနစ် ၆၀၊မိနစ်၁၂၀၊မိနစ်၁၀,၀၀ဝအထိဝယ်နိုင်ပါတယ်။ ပုတ်ပြတ်စနစ်ဝယ်မယ်ဆိုရင် ထိုင်း၊ စင်ကာပူ၊ အမေရိကန်၊ ကနေဒါတို့ကို တစ်မိနစ် ၇၅ပြားသာကျသင့်မယ်လို့သိရတယ်။ ‘ပုတ်ပြတ်စနစ်ကြောင့်ခေါ်ဆိုခတွေက ကျပ် ၁၀ဝလောက်ဈေးကျသွားတယ်၊ ပုတ်ပြတ်စနစ်မသုံးချင်ရင်လဲ အရင်ကလိုကြိုက်သလောက်ပြော ကျသလောက်ရှင်းစနစ်နဲ့ပဲဆက်ခေါ်နိုင်တယ်’လို့ Skyper Business Group မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ သူက ‘Skype ရဲ့အားသာချက်က ဗီဒီယိုနဲ့အခမဲ့ပြောနိုင်တယ်၊ မြန်မာဘာသာနဲ့ချက်နိုင်တယ်၊မြန်မာဘာသာနဲ့လဲအိုင်ဖုန်းကိုအက်စ်အမ်အက်စ်ပို့နိုင်တယ်။ သူငယ်ချင်းလေးငါးယောက်နဲ့စကားဝိုင်းဖွဲ့ပြောဖို့တစ်ပြိုင်နက်ခေါ်ဆိုပြီး ဖုန်းပြောနိုင်တယ်’လို့ပြောပါတယ်။ Skype ရဲ့မိနစ်ပုတ်ပြတ်စနစ်ကို စင်ကာပူ၊ထိုင်း၊ ဟောင်ကောင်၊ အမေရိကန်၊ တရုတ်၊ မလေးရှား၊ ဒူဘိုင်း၊ ကိုရီးယား၊ ဂျပန်၊ တရုတ်(တိုင်ပေ) ၊ဂျာမနီ၊ နော်ဝေ၊ ဗြိတိန်၊ ရုရှား၊ မြန်မာ၊ အိနိ္ဒယ၊ ကာတာ၊ […]


klnMay 29, 20101min771
မီးလောင်ကျွမ်းမှုကြောင့် မင်္ဂလာဈေး စတုတ္ထထပ်နှင့် ပဉ္စမထပ်ထောင့် လေးထောင့်တွင် ပြိုကျမှု ဖြစ်ပွားနိုင်သဖြင့် အဆိုပါ အထပ်များမှ ဆိုင်ခန်းများ ယာယီပြောင်းရွှေ့ရမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက မင်္ဂလာဈေးမှ ဆိုင်ခန် းပိုင်ရှင်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။ မီးလောင်မှုကြောင့် မင်္ဂလာဈေး၏ ကြံ့ခိုင်မှုမှာ ကျဆင်းသွားခဲ့ကြောင်း၊ ထို့ကြောင့် စတုတ္ထထပ်နှင့် ပဉ္စမထပ်နှစ်ထပ်ကို ခိုင်ခံ့အောင်ပြန်လည် ပြုလုပ်ရမည်ဖြစ်သဖြင့် အဆိုပါ အထပ်များမှ ဆိုင်ခန်းများကို ယာယီရွှေ့ပြောင်းမှုများ ပြုလုပ်ရမည် ဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ မင်္ဂလာဈေးကြီးက နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးဆိုင်ရာ ပစ္စည်းတွေကို အများဆုံး ဖြည့်ဆည်းပေးနေတဲ့ ဈေးကြီးဖြစ်ပါတယ်။ ဈေးအတွင်းမှာ ဂါလံတစ်သိန်းဆန့် ရေလှောင်ကန်၊ နှစ်သောင်းဆန့် ရေလှောင်ကန်နဲ့ အထက်အောက် ရေပေးနိုင်အောင် ဆောင်ရွက်ခဲ့ပေမယ့် မီးလောင်တာကြောင့် […]


klnMay 29, 20101min411
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်တွင် ငွေကျပ်သိန်း ၇၀ဝ ကျော်တန်ဖိုးရှိ “ ဒေါ်ခင်မြင့်မြင့် လူမှုထူးချွန် စာကြည့်တိုက် ” သစ်ကို မေလ ၂၃ ရက်နေ့တွင် ကန်တော် မင်္ဂလာ ပရဟိတ ကျောင်းဝင်းအတွင်းရှိ အဆိုပါ စာကြည့်တိုက်တွင် ဖွင့်လှစ်ခဲ့သည်။ ကွယ်လွန်သူ အမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များအသင်း ဥက္ကဋ္ဌဖြစ်သူ အဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီ ဒေါ်ခင်မြင့်မြင့်က အဆိုပါ စာကြည့်တိုက်အား ၎င်းမွေးဖွားရာ ဇာတိမြို့တွင် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း ခင်ပွန်းဖြစ်သူ ဦးမြတ်သင်းအောင်က ပြောသည်။ စာကြည့်တိုက် အဆောက်အအုံအတွက် ကျပ်သိန်း ၅၀၀၊ စာအုပ်စာတမ်း၊ တီဗီ၊ ကွန်ပျူတာ၊ အင်တာနက်၊ စက်ရေတွင်းနှင့် ပရိဘောဂ အပါအဝင် စုစုပေါင်း ကျပ်သိန်း ၇၀ဝ ခန့် ကုန်ကျခဲ့ကြောင်း သိရသည်။ […]


klnMay 29, 20101min987
အိမ်တိုင်ရာရောက်ဖိုင်ဘာစနစ် Fiber To The Home (FTTH) ဖြင့် အင်တာနက် သုံးစွဲနိုင်ရန် ရန်ကုန်ရှိ ဖိုင်ဘာ ဆက်ကြောင်းများကို စက် ပစ္စည်းများ ထပ်မံတပ်ဆင်ပြီး Metro GE (Gigabyte Ethemet) Network အဖြစ် အဆင့်မြှင့်တင်ရန် ဆောင်ရွက်နေကြောင်း မြန်မာ့ ဆက်သွယ် ရေးလုပ်ငန်း၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ “ ရန်ကုန်မှာရှိပြီးသား ဖိုင်ဘာ ဆက်ကြောင်းတွေကို မဂ္ဂါဘိုက်ကနေ ဂစ်ဂါဘိုက်အထိ တိုးမြှင့်ပြီး ဂစ်ဂါဘိုက်နက်ဝပ် ဖြစ်အောင် လုပ်နေပါတယ်။ မန္တလေးကတော့ Virgin Network ဖြစ်တဲ့အတွက် ပိုလွယ်တယ်။ ရန်ကုန်မှာ တစ်မြို့လုံး မဟုတ်တောင် တစ်စိ်တ်တစ်ပို်င်းအနေနဲ့ အကောင်အထည် စဖော်ဖို့ ရှိပါတယ် ”ဟု ၎င်းကပြောသည်။ လက်ရှိ အနေအထားအရ […]


klnMay 29, 20101min430
နေပြည်တော်၏ ပထမဆုံး ပုဂ္ဂလိက စက်သုံးဆီဆိုင်ကို နီလာရိုးမ ကုမ္ပဏီက ယခင် “နီလာရိုးမ” စက်သုံးဆီဆိုင်ဟောင်း နေရာတွင် မေလ ၂၃ရက်နေ့ က ပြန်လည်ဖွင့်လှစ် ရောင်းချခဲ့သည်။ “ခုဖွင့်တာက နီလာရိုးမ တစ်ဦးတည်းပိုင်ပါ။ လက်ရှိရောင်းပေးနေတာက ဒီဇယ်ဆီပါ။ ဓါတ်ဆီ ရောင်းဖို့ လိုင်စင်က ရထားပြီးပါပြီ။ Ground Tank တပ်ဆင်မပြီးသေးလို့ မရောင်းဖြစ်တာပါ။ ဈေးနှုန်းတွေလည်း ရန်ကုန်ဈေးထက် ပို့ဆောင်ခပဲ များပါတယ်”ဟု ဆိုင်မန်နေဂျာ ဦးခင်လှိုင်က ပြောသည်။ ၂၀၀ဝ ပြည့်နှစ်က ရောင်းအားမှာ တစ်ရက်ကို ဂါလန် ၁၅၀၀၊ ၁၆၀ဝ ရောင်းအား ရှိကြောင်း၊ ယခုဆိုင်မှာ မကြာသေးမီကမှ ဖွင့်ခြင်းဖြစ်၍ တစ်ရက်လျှင် ဂါလန် ၈၀ဝ လောက်သာ ရောင်းရကြောင်း ၎င်းကပြောသည်။ “ ဇွန်လ […]


klnMay 28, 20101min722
ထိုင်းနိုင်ငံတွင် တရားမဝင် ရောက်ရှိနေသော မြန်မာ အလုပ်သမားများအား တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရရှိရေးနှင့် မြန်မာ အလုပ်သမား သစ်များ တရားဝင် စေလွှတ်ရေးဆိုင်ရာ စီမံကိန်းတွင် မြန်မာနိုင်ငံသားစိစစ်ရေး၊ ယာယီမြန်မာနိုင်ငံကူး လက်မှတ်များ ထုတ်ပေးရေး၊ မြန်မာ အလုပ်သမား သစ်များ စေလွှတ်ရေး လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့် တိုးမြှင့်ဆောင်ရွက်လျက် ရှိရာတွင် မေလ ၂၆ ရက်နေ့အထိ ယာယီ မြန်မာနိုင်ငံကူး လက်မှတ်အုပ်ရေ ၉၀၉၁၈ အုပ်ကို နယ်စပ်စခန်း သုံးခုမှ ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း ၂၀၁ဝ ခုနှစ် မေလ ၂၈ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားပါသည်။


klnMay 28, 20101min692
မြန်မာတစ်နိုင်ငံလုံးသို့ ဆေးဝါးဖြန့်ချိမှု၏ ရာခိုင်နှုန်းထက်ဝက်ကျော်သည် မင်္ဂလာဈေးမှဖြစ်သောကြောင့် ဆေးဈေးကွက်တွင် သက်ရောက်မှုရှိနိုင် မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ချိသော ဆေးဝါးများ၏ ရာခိုင်နှုန်းထက်ဝက်ကျော်သည် မီးလောင်မှုဖြစ်ပွားခဲ့သည့် မင်္ဂလာဈေးမှဖြစ်သောကြောင့် ဆေးဝါးဈေးကွက်အတွင်း သက်ရောက်မှုရှိလာနိုင်ကြောင်း လက်လီလက်ကားဆေးရောင်းချသူများ၊ ဝယ်ယူတင်သွင်းသည့်ဆေးကုမ္ပဏီအချို့ထံမှ သိရှိရသည်။ မီးလောင်ဆုံးရှုံးခဲ့သည့် မင်္ဂလာဈေးစတုတ္ထထပ်၌ အထွေထွေရောဂါကုသောက်ဆေးများ၊ ထိုးဆေးများအပါအဝင် HIVနှင့်သက်ဆိုင်သည့် ဆေးများ၊ ကင်ဆာရောဂါအမျိုးမျိုး ကုသသည့်ဆေးများ၊ အသည်း၊ နှလုံး၊ ဆီးချို၊ သွေးတိုးစသည့် နာတာရှည်ရောဂါကုဆေးများစသည့်တန်ဖိုးမြင့်ဆေးဝါးများနှင့် ရှားပါးဆေးဝါးများ အများအပြားရောင်းချလျက်ရှိကြောင်း ၂၀၁ဝခုနှစ် မေလ ၂၈ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။


klnMay 28, 20101min570
ပြည်တွင်းအလုပ်အကိုင်ရလို၍ အလုပ်လျှောက်ထားသူဦးရေမှာ ယမန်နှစ်များက တည်ငြိမ်နေခဲ့သော်လည်း ၂၀၁ဝတွင် မြင့်တက်လာခဲ့သည်ဟု ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီအချို့ထံမှ သိရှိရပါသည်။ အလုပ်အကိုင်ရလိုသူဦးရေ မြင့်တက်သည်ဟုဆိုရာ၌ ဘွဲ့ရကျောင်းသားအများစုတွင် နိုင်ငံတကာသင်တန်းများတက်ရောက်ထားသော စာတွေ့ အတွေ့အကြုံသာရှိပြီး လုပ်ငန်းခွင်အတွေ့အကြုံမရှိသူများဖြစ်ကြခြင်းကြောင့် ရရှိသောလစာနှင့် ကုမ္ပဏီအများစုတွင်လုပ်သားမတည်ငြိမ်မှုများဖြစ်ပေါ်ကာ ပြည်တွင်း၌ အလုပ်အကိုင်ရှာဖွေသူမှာ မြင့်တက်လာခဲ့ရသည်ဟု ပြည်တွင်းအလုပ်အကိုင်ရေးရာ ကျွမ်းကျင်သူတစ်ဦးက ပြောပြခဲ့သည်။ “အခု ဘွဲ့ရကျောင်းသားတွေကြားမှာ နိုင်ငံခြားမထွက်သူက ပြည်တွင်းမှာ သင်တန်းတွေတက်ပြီး အလုပ်အကိုင်ရဖို့ မျှော်မှန်လာကြတယ်။ ဘွဲ့ရထားပြီး အလုပ်အကိုင်ရဖို့ သင်တန်းတွေတက်ထားတဲ့ ကုန်ကျစရိတ်က သိန်းချီရှိကြတော့ ကိုယ်တတ်ထားတဲ့ပညာနဲ့ အလုပ်ကောင်းကောင်းမှာ လစာကောင်းကောင်းလိုချင်ကြတယ်”ဟု လက်ရှိ ပြည်တွင်းအလုပ်အကိုင်အခြေအနေနှင့်ပတ်သက်၍ လေ့လာသူတစ်ဦးက ရှင်းပြခဲ့သည်။ မိမိ၏ကျွမ်းကျင်မှုနှင့်ပတ်သက်၍ လုပ်ငန်းခွင်ဝင်ရန် အေဂျင်စီများသို့ လျှောက်ထားသူများမှာ အဆင့်အလိုက်တူညီမှုမရှိကြသော်လည်း ၂၀၀၉ခုနှစ်ပိုင်းမှစတင်ကာ လုပ်ငန်းခွင်များ၌ ကျွမ်းကျင်ဝန်ထမ်းများကိုသာ ရွေးချယ်ခန့်ထားမှုပိုမိုများပြားလာကြကြောင်း Device အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ သိရှိရပါသည်။ စက်မှုဇုန်များ၊ […]


klnMay 28, 20101min761
မန္တလေးမြို့ပေါ်ရှိလမ်းများနှင့် ဘုရားပရဝဏ်များတွင် လေလွင့်လူငယ်များ၊ တောင်းရမ်းစားသောက်သူများ ပပျောက်စေရန် ယခုလ ၅ရက်နေ့က မဟာမုနိဘုရားကြီးပရဝဏ်ရှိ တောင်းရမ်းသူများကို မြို့တော်စည်ပင်သာယာရေးကော်မတီက ဖမ်းဆီးအရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဘုရားကြီးပရဝဏ်မှ ဖမ်းဆီးထိ်န်းသိမ်းထားသူများတွင် အမျိုးသမီး ၈ဦး၊ အမျိုးသား ၁၉ဦးနှင့် ကလေးငယ် ရဦးပါဝင်ပြီး ဈေးများနှင့် ဆေးရုံအနီးတစ်ဝိုက်တွင် နေထိုင်သူများကို စောင့်ဆိုင်းဖမ်းဆီးထားသူ အားလုံးစုစုပေါင်း ၆၅ဦး အထိရှိပြီဖြစ်သည်။ ဖမ်းဆီးထိန်းသိမ်းထားသူများထဲမှ ကလေးငယ်များအား သာသနာ့ဘောင်ဝင်လိုလျှင် ခွင့်ပြုမည်ဖြစ်ကာ ကျန်းမာသန်စွမ်းသော အမျိုးသားများအား စည်ပင်သာယာရေးကော်မတီက အလုပ်အကိုင်ပေးမည် ဖြစ်ကြောင်းသိရသည်။ “ ကလေးငယ်တွေကို သာသနာ့ဘောင်ဝင်ချင်ရင် ဝင်နို်င်အောင် ဆရာတော်တစ်ပါးက အလှူခံထားပါတယ်။ ကျန်းမာရေးကောင်းတဲ့ အမျိုးသားတွေ အလုပ်လုပ်ချင်တယ်ဆိုရင် မြို့တော်စည်ပင်မှာ သင့်တော်တဲ့အလုပ်ပေးဖို့ ရှိပါတယ်။ အနာကြီးရောဂါသည်တွေကိုတော့ ရေနံ့သာဆေးရုံကို ပြန်ပို့ဖို့စီစဉ်ထားပါတယ် ” ဟု သန့်ရှင်းရေးဌာနမှူး ဦးတင်ထွဋ်ကျော်က […]


klnMay 27, 20101min510
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ (၂၉)ပါတီအနက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP)၊ ၈၈မျိုးဆက်သစ်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) THE 88 GENERATION STUDENT YOUTHS (UNION OF MYANMAR) နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် THE UNION OF MYANMAR FEDERATION OF NATIONAL POLITICS ပါတီများသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁ဝခုနှစ် မေ ၂၆ရက်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်သည်။ ယနေ့အထိ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသည့်ပါတီ (၄၁)ပါတီရှိပြီး နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့်လျှောက်ထားသည့် ပါတီ (၂၉)ပါတီအနက် ပါတီ […]