klnMay 20, 20101min1090
ပုဂ္ဂလိကပိုင်ကုမ္ပဏီအဖြစ်သို့ ပြောင်းလဲထားသော မြန်မာ့ကြယ်ငါးပွင့်သဘောင်္လုပ်ငန်းပိုင် သဘောင်္များမှ နိုင်ငံတကာသွားကုန်တင်သဘောင်္နှင့်ကမ်းရိုးတန်းသွားသဘောင်္ရှစ်စင်းအား ခရီးစဉ်များတွင်ပြေးဆွဲခြင်းမပြုဘဲရပ်နားထားကြောင်းသတင်းရရှိပါသည်။ ဆိပ်ကမ်းတွင်ရပ်နားထားမည့်သဘောင်္ ( Laid Up Vessels) အမည်စာရင်းအား ထုတ်ပြန်ထားရာ၌ ကမ်းရိုးတန်းသွားသဘောင်္များဖြစ်သော သံလွင်၊ ချင်းတွင်းနှင့် ဟားခါးသင်္ဘောများ၊ နိုင်ငံတကာသွားကုန်တင်သဘောင်္များဖြစ်သော ချင်းရွှေဟော်၊ မိုင်းလား၊ ဘားအံ၊ ပုဂံနှင့်ပဲခူးသဘောင်္များစသည်ဖြင့် စုစုပေါင်းသဘောင်္ရှစ်စင်းပါဝင်ကြောင်းသိရသည်။ အဆိုပါ သဘောင်္မျာမှာ ခရီးစဉ်များတွင် အသုံးပြုပြေးဆွဲနေသော သဘောင်္များဖြစ်ကြောင်းလည်းထပ်မံသိရသည်။ မြန်မာ့ကြယ်ငါးပွင့်သဘောင်္လုပ်ငန်းမှ နိုင်ငံတကာသွားသဘောင်္ ၁ရစင်း၊ ကမ်းရိုးတန်းခရီးစဉ်သွားသဘောင်္ ၁၉စင်းစုစုပေါင်း သဘောင်္၂၆စင်းပိုင်ဆိုင်ထားပြီး ပြေးှဆွဲမည့်သဘောင်္အုပ်စုအလိုက် လစာနှုန်းထားသစ်များထုတ်ပြန်မှုတွင် အုပ်စု၄ခု၌ သဘောင်္၁၅စင်း၊ ရပ်နားသည့် သဘောင်္( Laid Up Vessels) ၌ သဘောင်္ရှစ်စင်းတို့ပါဝင်ကြောင်း သိရသည်။


klnMay 20, 20101min770
မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ( မထသ) လက်အောက်တွင် ပြေးဆွဲနေသော ဘီအမ်မော်တော်ယာဉ်လိုင်းများအားလုံးကို ပြည်ပမှ မှာယူထားသော City Bus ကားများရောက်ရှိလာမှသာ ၎င်းနေရာတွင် အစားထိုးပြေးဆွဲသွားမည်ဟုသိရသည်။ ယခုလက်ရှိတွင် မထသ City Bus ကားအစီး ၃၀ဝကို ပြည်ပမှ မှာယူထားပြီးဖြစ်ရာ မကြာမီအသုတ်လိုက်ခွဲ၍ ရောက်ရှိလာမည်ဖြစ်ပြီး ၎င်းကားများရောက်ရှိလာပါက ယခုုပြေးဆွဲနေသော ဘီအမ်ကားများကို မြို့တွင်းပြေးဆွဲခွင့်မပြုတော့ကြောင်း သိရသည်။ “ကျွန်တော်တို့ကားအစီး ၃၀ဝမှာထားပါတယ်။ အဲဒီကားတွေအကုန်လုံးရန်ကုန်ကိုရောက်မှ အစားထိုးပြေးဆွဲမှာပါအခု ချက်ချင်းဘီအမ်ကားတွေ မြို့ထဲမဝင်ရတော့ဘူးလို့မပြောသေးပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ မကြာခင်ကမှ မြို့တွင်းသို့ မဝင်ရလို့ပိတ်လိုက်တဲ့ကားလိုင်းနှစ်လိုင်းရှိတယ်။ စစ်ကျန်ဘတ်စ်နဲ့ ဒိုင်နာကားတွေပါပဲ။ ဒါကြောင့် အခုမှာတဲ့ကားတွေမပြည့်စုံသေးဘဲ ဘီအမ်တွေကို ချက်ချင်းဖယ်ခိုင်းလိုက်မယ်ဆိုရင် ခရီးသည်တွေနဲ့ လိုင်းကားတွေမမျှမတဖြစ်သွားမယ်၊ ဒါကြောင့် မှာတဲ့ကားတွေအကုန်ရောက်လာမှ ဘီအမ်ကားတွေကို မြို့တွင်းပြေးဆွဲခွင့်ပိတ်မှာပါ” ဟုမထသမှ တာဝန်ရှိသူတစ်ဦးကရှင်းပြခဲ့ကြောင်း သိရသည်။


klnMay 19, 20101min531
မေလ ၁၈ရက်နေ့ ညနေ၅နာရီခွဲအချိန် တိုင်းထွာချက်များအရ မေလ ၁ရရက်နေ့က ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “လိုင်လာ(Laila)”သည် အနောက်မြောက်ဘက်သို့ အနည်းငယ်ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့၏ အရှေ့ဘက်မိုင် ၂၂ဝခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။ မုန်တိုင်း၏ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၅ဝခန့်ရှိပြီး အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရသည်။ မုန်တိုင်း၏ လက်ရှိအခြေအနေ အဝါရောင်အဆင့်သာရှိပြီး မြန်မာနိုင်ငံဘက်ဆီသို့ ဦးတည်ရွေ့လျားခြင်းမရှိဟု သတ်မှတ်သည်။ မုန်တိုင်း၏အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတမ်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်များကျရောက်ပြီး လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်မြေပြင်လေသည် တစ်နာရီလျှင် ၃၅မိုင်မှ မိုင် ၄ဝအထိ တိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားကြောင်း သိရသည်။


klnMay 19, 20101min620
ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတစ်ခုမှ လေကြောင်းလိုင်းသစ်တည်ထောင်၍ ပြည်တွင်းရှိသွားလာရန် ခက်ခဲသည့် ဒေသများသို့ မြန်မာ့လေကြောင်းလိုင်းနှင့် ပူးပေါင်းပျံသန်းပြေးဆွဲရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိပါသည်။ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းစုတစ်ခုမှ တိုင်းရင်းသားပိုင်ပုဂ္ဂလိက လေကြောင်းလိုင်းသစ်တစ်ခုကို တည်ထောင်ကာ မြန်မာနိုင်ငံရှိလေကြောင်းလိုင်းများ လက်ရှိပြေးဆွဲပေးနေခြင်း မရှိသော သွားလာရန်ခက်ခဲပြီး လေယာဉ်ကွင်းရှိရာမြို့များသို့ ကူးသန်းသွားလာနိုင်သည့် လေကြောင်းခရီးစဉ်များကို မြန်မာ့လေကြောင်းလိုင်းနှင့် ပူးပေါင်းပျံသန်းသွားရန် စီစဉ်နေကြောင်းသိရသည်။ မြန်မာ့လေကြောင်း၏ UBAမှ BAC အဖြစ်သို့ ပြောင်းလဲလိုက်ချိန်တွင် ခရီးသည် ၂ဝဦးဆန့်သော တွင်းအော်တာလေယာဉ် ၈ စင်းဝယ်ယူကာ သွားလာရန်ခက်ခဲသည့်ဒေသများဖြစ်ပြီး လေယာဉ်ကွင်းငယ်များရှိသော ကျောက်တု၊ ပလက်ဝ၊ ပေါက်၊ ဖာပွန်၊ ဖားအံ၊ ပုလော၊ ပုလဲကျွန်း၊ မိုင်းတုံ၊ မိုင်းဆတ်၊ တာလေ၊ မိုင်းယောင်း၊ လုံးခင်း၊ တနို်င်း၊ နောင်မွန်း၊ နမ္မတူ၊ မိုးမိတ် စသောဒေသများသို့ ပြေးဆွဲခြင်းများရှိခဲ့ကြောင်း သိရသည်။ […]


klnMay 19, 20101min692
ကျပ်ငါးသိန်းဖုန်းခေါ် CDMA 800 MHz များ အသုံးပြုမှုများလာပြီးနောက် ဒုတိယမျိုးဆက် (Second Generation) ဖုန်းဖြစ်သည့် ဆယ်လူလာဖုန်းများ၏ ပြင်ပပေါက်ဈေးမှာ ကျပ်(၈)သိန်းအောက်သို့ ကျဆင်းလာခဲ့ကြောင်း မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်အချို့ထံမှ သိရသည်။ မြန်မာနိုင်ငံတွင် ယခုနောက်ပိုင်း အသုံးပြုမှုတွင်ကျယ်လာသော မိုဘိုင်းလ်ဖုန်းကွန်ရက်တစ်ခုဖြစ်သည့် SMSစနစ်ကို အသုံးမပြုနိုင်ဘဲ ဖုန်းပြောရုံသက်သက်သာ သုံးနိုင်သဖြင့် ဖုန်းနံပါတ် ဝ၉၉———ဖြင့် စသော ဆယ်လူလာဖုန်းများ လူကြိုက်နည်းကာ ဖုန်းဈေးကျဆင်းမှုဖြစ်သည်ဟု ၎င်းကပြောသည်။ “ ကတ်ဖုန်းတွေတောင် အနိမ့်ဆုံး SMS သုံးလို့ရတယ်။ ဆယ်လူလာလို့ Analog code စနစ်သုံးတဲ့ 2Gခေတ် မရှိတော့ဘူး။ ငါးသိန်းဖုန်းက ကတ်ဖုန်းစနစ်အပြင် နံပါတ်အသေရတာရယ် Hand Set ရော၊ အထိုင်ပါ သုံးလို့ရတာ။ မကြာခင် ရန်ကုန်တစ်တိုင်းလုံး ယူသွားပြီး ဆက်သွယ်လို့ရမှာရယ်ကြောင့် […]


klnMay 19, 20101min563
မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း (MCPA ) အသိအမှတ်ပြုဆော့ဖ်ဝဲနှင့် နက်ဝေါ့စာမေးပွဲကို ပြည်နယ်တိုင်းငါးခုတွင် တစ်ပြိုင်နက်တည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ စာမေးပွဲများမှာ MCPA Certifited Fundamental Software Engineer (FSE) နှင့် MCPA Certified Network Associate (NA) တို့ဖြစ်ပြီး ဇွန်လ ၂ဝရက်တွင် MCPA ရုံးများတည်ရှိရာ ရန်ကုန်မြို့၊ မန္တလေးတိုင်း မန္တလေးမြို့၊ ဧရာဝတီတိုင်း ပုသိမ်မြို့၊ စစ်ကိုင်းတိုင်း မုံရွာမြို့၊ ရှမ်းပြည်နယ် တောင်ကြီးမြို့တို့၌ တစ်ပြိုင်နက်တည်း ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။ ယင်းစာမေးပွဲများကို IT စိတ်ဝင်စားသူများ၊ တက္ကသိုလ်ကျောင်းသားကျောင်းသူများ၊ ကွန်ပျူတာနှင့် နည်းပညာတက္ကသိုလ် ကျောင်းသားကျောင်းသူများ ဝင်ရောက်ဖြေဆိုနိုင်ပြီး ၁၆-၆-၂၀၁ဝ ရက်နောက်ဆုံးထား စာရင်းပေးသွင်းရမည်ဖြစ်သည်။ MCPA အသိအမှတ်ပြု စာမေးပွဲများကို […]


klnMay 19, 20101min551
၂၀၁ဝ ခုနှစ် အာရှဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲဝင်ရန် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် ၁ရ ရက်နေ့က လေကြောင်းခရီးဖြင့် ပြိုင်ပွဲကျင်းပမည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာသွားကြပြီဖြစ်သည်။ မေ ၁၉ ရက်မှ ၃ဝ ရက်အထိ ကျင်းပမည့် အဆိုပါပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စု(က)၌ ပါဝင်ပြီး မြောက်ကိုရီးယား၊ ဂျပန်၊ ထိုင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေရာ မေ ၂ဝ ရက်တွင် ဂျပန်အသင်း၊ မေ ၂၂ ရက်တွင် မြောက်ကိုရီးယားအသင်းနှင့် မေ ၂၄ ရက်တွင် ထိုင်းအသင်းတို့နှင့် အုပ်စုပွဲစဉ်များအဖြစ် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ အုပ်စု(ခ)တွင် အိမ်ရှင်တရုတ်၊ တောင်ကိုရီးယား၊ ဩစတြေးလျနှင့် ဗီယက်နမ်တို့ ပါဝင်ပါသည်။ မြန်မာအသင်းမှာ ထိုင်းနှင့် ဗီယက်နမ်တို့နည်းတူ ခြေစစ်ပွဲယှဉ်ပြိုင်ကစားခဲ့ရပြီး ယင်းခြေစစ်ပွဲတွင် ဂျော်ဒန်ကို သုံးဂိုး – […]


klnMay 19, 20101min420
ပြည်ပသို့ ဆန်တင်ပို့မှုပိတ်ပင်ဆိုသည့် သတင်းမဟုတ်မှန်ကြောင်းနှင့် ဆန်တန်ချိန်ရှစ်သောင်းတင်ပို့ရန်ခွင့်ပြုထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း သတင်းထုတ်ပြန်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ၂၀၁ဝပြည့်နှစ် ဇန်နဝါရီလအတွင်းက ဆန်တင်ပို့သည့် ကုမ္ပဏီများမှ ပြည်ပသို့ တင်ပို့ရန်ကြိုတင်ဝယ်ယူစုဆောင်းထားသည့် ဆန်များကိုတင်ပို့ရန် ကြိုတင်ဝယ်ယူစုဆောင်းထားသည့် ဆန်များကို တင်ပို့ခွင့်ရပ်ဆိုင်းခြင်းရှိခဲ့သော်လည်းလက်ရှိအချိန်တွင် ပြည်ပသို့ မိုးစပါးမှ ဆန်တင်ပို့ခွင့်ကို မတ်လအတွက် ဆန်တန်ချိန် လေးသောင်း၊ ဧပြီလအတွက် ဆန်တန်ချိန်လေးသောင်း၊ စုစုပေါင်း ဆန်တန်ချိန်ရှစ်သောင်းတင်ပို့ရန် ခွင့်ပြုထားကြောင်း၊ ဆန်တင်ပို့ခွင့်လိုင်စင် သက်တမ်းသုံးလရရှိသည့်အတွက် မတ်လအတွင်းတင်ပို့ခွင့်ရထားသည့် ဆန်တန်ချိန်လေးသောင်းကို မတ်လမှ ဇွန်လအတွင်းနှင့် ဧပြီလအတွက် တင်ပို့ခွင့်ရထားသည့် ဆန်တန်ချိန်လေးသောင်းကို ဧပြီလမှ ဇူလိုင်လအတွင်း တင်ပို့သွားရမည်ဖြစ်ကြောင်း၊ ဆန်တင်ပို့မှုကို အုပ်စုငါးစုခွဲ၍ တင်ပို့လျက်ရှိကြောင်း၎င်းကရှင်းပြသည်။ လက်ရှိတွင် ဆန်တန်ချိန်နှစ်သောင်းခန့်တင်ပို့ရန် ပြင်ဆင်လျက်ရှိပြီး ဆန်တင်ပို့မည့် သက်ဆိုင်ရာ ကုမ္ပဏီများ၏ ကုန်လက်ဝယ်ထားရှိမှုအခြေအနေများကို မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးက မေလ ၆ရက်နေ့တွင် […]


klnMay 19, 20101min530
ထိုင်း- မြန်မာကုန်သွယ်ရေးတွင် အချက်အချာကျလျက်ရှိသော တပ်ခ်ခရိုင် မဲဆောက်တွင် အထူးစီးပွားရေးဇုန်တည်ဆောက်ရန် နှင့် နှစ်နိုင်ငံကြားရှိချစ်ကြည်ရေးတံတားအမှတ်(၂) အား(၄) လမ်းတိုးချဲ့တည်ဆောက်ရန် ထိုင်းနိုင်ငံဘက်မှ စီစဉ်ဆောင်ရွက်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ရရှိသော သတင်းများအရ သိရှိရသည်။ ထိုင်း- မြန်မာနယ်စပ်ရှိ မြဝတီဒေသသည် နှစ်နိုင်ငံကုန်သွယ်မှုတွင် အချက်အချာကျနေခြင်းနှင့် မြဝတီ၊ မဲဆောက်အာဆီယံအရှေ့အနောက်စီးပွားရေးစကြံ င်္ဒေသဖြစ်ခြင်း၊ ထိုင်းနိုင်ငံမှ တစ်ဆင့် ဗီယက်နမ်နိုင်ငံနှင့်အခြားနိုင်ငံများသို့ ကုန်သွယ်မှုပြုနိုင်ခြင်းကြောင့် မဲဆောက်သည် ထိုင်း- မြန်မာကုန်သွယ်မှုတွင် အဓိကကျသော နေရာဖြစ်လာကြောင်း သိရှိရသည်။ သို့သော် ထိုင်းနိုင်ငံရေးမငြိမ်သက်မှုများကြောင့် လတ်တလောအခြေအနေတွင် ကြန့်ကြာမှုအချို့ရှိနေကြောင်း၊ ယင်းချစ်ကြည်ရေးအမှတ်(၂) တံတားဆောက်လုပ်ပြီးစီးပါက ထိုင်းနိုင်ငံမှတစ်ဆင့် လာအိုနိုင်ငံ ဆုန်စဝမ်နခက်ခရိုင်၊ ဒန်စဝမ်မှ တစ်ဆင့် ဗီယက်နမ်နိုင်ငံ ဒါနန်းအထိ သွားလာနိုင်မည်ဖြစ်ကြောင်း၊ အလားတူပင် လမ်းအရှည် ၂ရဒသမ ၈ကီလိုမီတာရှိသည့် မြဝတီ- ကော့ကရိတ်လမ်းဖောက်လုပ်ရန် ထိုင်းနိုင်ငံ […]


klnMay 19, 20101min700
မြန်မာနို်င်ငံ တစ်နိုင်ငံလုံးတွင် လူကုန်ကူးမှုဖြစ်ရပ်များ နှစ်စဉ်တိုးနေပြီး ၂၀၀၉ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် လူကုန်ကူးမှုဖြစ်စဉ်များတွင် အဓမ္မထိန်းမြားလက်ထပ်ရန်အလို့ဌာ လူကုန်ကူးခံရမှု အများဆုံးဖြစ်နေကြောင်း ၂၀၀၉ ခုနှစ် လူကုန်ကူးမှုတိုက်ဖျက်ရေး အစီရင်ခံစာတွင် ဖော်ပြထားချက်များအရ သိရသည်။ ထို့ပြင် ရန်ကုန်၊ မန္တလေးကဲ့သို့သော လူနေထူထပ်သည့် ဒေသများတွင် နေထိုင်သူအများစု လူကုန်ကူးခံနေကြရသည်ဟုလည်း သိရှိရသည်။ “ အဓမ္မထိမ်းမြားဖို့အတွက် လူကုန်ကူးမှုဖြစ်စဉ်တွေက ကျွန်တော်တို့အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်၊ ကမော္ဘဒီးယား၊ လာအိုတို့လို နိုင်ငံတွေမှာလည်း ဖြစ်ပွားနေတာကို တွေ့ရတယ်။ သတို့သမီးဈေးကွက်လို့ ပြောရင်လည်းရမယ်ထင်တယ်။ ဘယ်အထိ လူကုန်ကူးခံရသူတွေ ရောက်ရှိသွားသလဲဆိုရင် တရုတ်၊ ကိုရီးယား၊ ဂျပန်အထိ ရောက်သွားတာတွေ့ရတယ်။ တရုတ်နိုင်ငံ အနေနဲ့ကျတော့ ဒါသူတို့ရဲ့ ယဉ်ကျေးမှုအရကို ပွဲစားနဲ့ဖူးစာရှင်ရှာတာဟာ တရားဝင်လိုဖြစ်နေတယ်။ ဒီအပေါ်မှာ လူကုန်ကူးမှုဖြစ်စဉ်တွေက တည်မီနေတာ လေ့လာတွေ့ရှိရပါတယ်။ ဒီနေရာမှာ […]


klnMay 19, 20101min400
တွံတေးတူးမြောင်း ကမ်းပါးပြိုခြင်းမှ ကာကွယ်ရန် ကမ်းထိန်းနံရံများ တည်ဆောက်သွားမည်ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ တွံတေးတူးမြောင်းတွင် တည်ဆောက်ရန် လိုအပ်သည့် ကမ်းထိန်းနံရံ ပေ ၈၀ဝအနက် ပေ ၆၀ဝ ကို ယခုနှစ်တွင် တည်ဆောက်သွားမည်ဖြစ်သည်။ “ အခုတည်ဆောက်မဲ့ ကမ်းထိန်းနံရံက အရင်က တူးမြောင်းတိုးချဲ့ခဲ့တဲ့ နေရာမှာ တည်ဆောက်သွားမှာပါ။ ဒီလိုကမ်းထိန်းနံရံ တည်ဆောက်တဲ့အတွက် တူးမြောင်းအတွင်း ဖြတ်သန်းသွားလာနေတဲ့ သင်္ဘောတွေ အခက်အခဲမရှိ သွားလာနို်င်မှာပါ ” ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းတွံတေးတူးမြောင်းသည် လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်က ဖောက်လုပ်ထားသောတူးမြောင်းဖြစ်ပြီး ယခင်နှစ်က မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကာ အဆောက်အအုံများ ပျက်စီးခဲ့ဖူးကြောင်း သိရသည်။ “ အရင် ဒီတူးမြောင်းက ရေစီးအရမ်းသန်တယ်။ […]


klnMay 18, 20101min686
ရန်ကုန်မြို့ရှိ ပုဂ္ဂလိကစက်သုံးဆီအရောင်းများကို ယခင်က မေလ ၁၅ရက်နေ့တွင် တစ်ပြေးညီစတင် ဖွင့်လှစ်ရန် လျာထားသော်လည်း ယခုအခါ မေလ ၁၅ရက်နေ့တွင် ဖွင့်လှစ်မည်မဟုတ်ကြောင်းနှင့် ဖွင့်လှစ်မည့်ရက်အား အကန့်အသတ်မရှိ ထပ်မံရွှေ့ဆိုင်းထားကြောင်း ပုဂ္ဂလိကဒီဇယ်ဆီ တင်သွင်းဖြန့်ဖြူးရောင်းချသူများထံမှ စုံစမ်းသိရှိရပါသည်။ “ ပထမဆုံး မေလ ၁၅ရက်နေ့မှာ တစ်ပြေးညီဖွင့်လှစ်နိုင်ရင် ဖွင့်လှစ်ဖို့ လျာထားတယ်။ ဒါပေမယ့် အခု မေလ၁၅ရက်နေ့ မဖွင့်လှစ်နိုင်သေးဘူး။ ဖွင့်လှစ်ရမယ့်ရက်ကို ထပ်ပြီးရွှေ့ထားတယ်လို့ သိရတယ်။ ဘယ်တော့ဖွင့်မယ်ဆိုပြီး တိတိကျကျ မသိရသေးဘူး။ ရက်အကန့်အသတ်မရှိဘူးပေါ့ဗျာ ” ဟု ပုဂ္ဂလိက ဒီဇယ်ဆီတင်သွင်းသူ လုပ်ငန်းရှင်တစ်ဦးက ရှင်းပြခဲ့ပါသည်။ ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်များ ပေါ်ပေါက်လာပါက တစ်ဆိုင်နှင့်တစ်ဆိုင် ယှဉ်ပြိုင်လုပ်ကိုင်ရောင်းချမည့် ဈေးကွက်စီးပွားရေးစနစ်ပုံစံဖြစ်၍ ဈေးနှုန်းထိန်းညှိပေးသည့်စနစ်အား ထားရှိမည်မဟုတ်ကြောင်းလည်း သိရှိရသည်။ လက်ရှိတွင် စတင်ဖွင့်လှစ်ထားသည့် ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင် အချို့မှာမူ […]


klnMay 18, 20101min902
တက္ကသိုလ်များ ခြေလျင်နှင့်တောင်တက်အသင်းက မိုးရာသီခရီးကြမ်းလေ့ကျင့်မှုအဖြစ် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ တောင်များသို့ လာမည့်ဇူလိုင်လအတွင်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့လေ့ကျင့်ရာတွင် မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်၊ ကောလိပ်အသီးသီးမှ အဖွဲ့ဝင်ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၁၀ဝကျော်ပါဝင်မည်ဖြစ်ကြောင်း၊ ခရီးစဉ်တစ်လျှောက်တက်ရောက်ရာတောင်များရှိ တောရကျောင်းများ၌ ဝါဆို၊ ဝါကပ်မည့် ဆရာတော်များအား ဝါဆိုသင်္ကန်းများ ကပ်လှူခြင်းကိုပါ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ “လာမယ့်ပွင့်လင်းရာသီမှာ ရေခဲတောင်တက်ဖို့အတွက် အခု မိုးရာသီခရီးကြမ်းလေ့ကျင့်မှုကို ပြုလုပ်တာပါ။ ဘီးလင်းမြို့နယ်ထဲက ဝေပုလ္လ၊ ကေလာသ၊ ကေလာသဖ၊ ဇင်းကျိုက်နဲ့ မြသပိတ်တောင်တွေကို တက်ဖို့ ရည်ရွယ်ထားပါတယ်။ ဇူလိုင် ၂၃ကနေ ၂၆ရက်အထိ လေးရက်ကြာမယ့် ဒီခရီးစဉ်မှာ နည်းပြ၊ ဆေးမှူးအပါအဝင် အဖွဲ့ဝင် ၁၀ဝကျော်ပါရှိမှာပါ။ ဒီလိုလေ့ကျင့်မှုတွေထဲကမှ လူ ၃ဝကျော်ကို ရွေးချယ်ပြီး ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်ထဲက အမြင့်ဆုံးရေခဲတောင်ဖြစ်တဲ့ အီမောဘွန်းရေခဲတောင်ကို […]