klnMay 18, 20101min851
မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့၏ ပဉ္စမအကြိမ်ညီလာခံကို ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ခန်းမ၌ ၁၆-၅-၂၀၁ဝ ရက်မှ ၁၇-၅-၂၀၁ဝ ရက်ထိ ကျင်းပခဲ့သည်။ အဖွဲ့ဝင် ၈၀၀ဝနီးပါးရှိသည့် မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့ကြီး၏ ညီလာခံများကို လေးနှစ်တစ်ကြိမ်ကျင်းပရာ အနယ်နယ်အရပ်ရပ်မှ တက်ရောက်လာကြသည့် ညီလာခံကိုယ်စားလှယ်များက ညီလာခံဒုတိယနေ့ ၁၇-၅-၂၀၁ဝရက် ညနေပိုင်းတွင် လေးနှစ်သက်တမ်းအတွက် ဗဟိုအမှုဆောင်ကော်မတီဝင်များကို ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ နာယကအဖွဲ့ဝင်များအဖြစ် ဦးလှမြိုင် (ကိုဆောင်း)၊ ဦးသန်းမောင် (သန်းမောင်)၊ ဒေါက်တာခင်မောင်ညွန့်(ဒေါက်တာခင်မောင်ညွန့်)နှင့် ဦးမြင့်ကြွယ် (မောင်မြင်ကြွယ်)တို့က ဆောင်ရွက်ကြမည်ဖြစ်၍ -ဥက္ကဋ္ဌ ဦးတင်ခ (တက္ကသိုလ်တင်ခ)၊ ဒုတိယဥက္ကဋ္ဌ(၁) ဒေါက်တာတင်ထွန်းဦး (ဒေါက်တာတင်ထွန်းဦး)၊ ဒုတိယဥက္ကဋ္ဌ(၂) ဦးတင်လှိုင် (လယ်တွင်းသားစောချစ်)၊ ဒုတိယဥက္ကဋ္ဌ(၃) ဦးမြင့်သိန်း( မြင့်သိန်းအောင်)၊ အတွင်းရေးမှူး ဦးကိုကို(ကိုကို-စက်မှုတက္ကသိုလ်)၊ တွဲဖက်အတွင်းရေးမှူး(၁) ဦးမြတ်ခိုင် […]


klnMay 18, 20101min642
နိုင်ငံတော်အဆင့် စီးပွားရေးလုပ်ငန်းရှင်လေးဦးအား ပုဂ္ဂလိကဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်ပြုရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း လုပ်ငန်းရှင် အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။ အဆိုပါလုပ်ငန်းရှင်များမှာ ဦးတေဇ(ထူးကုမ္ပဏီအုပ်စု)၊ ဥိီးဇော်ဇော်(မက်စ်မြန်မာ)၊ ဦးနေအောင်(IGE)၊ ဦးချစ်ခိုင်(ဧဒင်အုပ်စုကုမ္ပဏီ) တို့ဖြစ်ကြောင်း သိရသည်။ “ စီးပွားရေးလုပ်ငန်းရှင်လေးဦးကို ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်ပေးဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ဆွေးနွေးနေဆဲ အဆင့်ပဲရှိသေးတယ်လို့ သိရပါတယ်။ ” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုပါသည်။ ယခုကဲ့သို့ ပုဂ္ဂလိကဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်ပြုရန် စီစဉ်ခြင်းမှာ ၂၀၀၂ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ ပုဂ္ဂလိကဘဏ်လုပ်ငန်း လုပ်ကိုင်လျက်ရှိသော ဘဏ်တစ်ချို့မှာ ပထမပုဂ္ဂလိကဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ အင်းဝဘဏ်၊ မြဝတီဘဏ်၊ ရိုးမဘဏ်၊ ကမော္ဘဇဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်၊ ထွန်းဖောင်ဒေးရှင်းဘဏ်၊ ရန်ကုန်မြို့တော်ဘဏ် စသည်တို့ဖြစ်ကြောင်း သတင်းရရှိသည်။


klnMay 18, 20101min1145
မေလ ၁ရရက်နံနက် ၁ဝနာရီခွဲခန့်က ရန်ကုန်တွင် မိုးစတင်ရွာသွန်းခဲ့ရာ မိုးကိုမျှော်လင့်တမ်းတနေကြသည့် အပူဒဏ်ခံရန်ကုန်မြို့သူ၊ မြို့သားများ အထူးပျော်ရွှင်ဝမ်းမြောက်နေကြပြီး ယင်းတို့နေထိုင်ရာ တိုက်ခန်းများ၏ ဝရန်တာသို့ထွက်၍ လက်ခုပ်လက်ဝါးများတီးကာ ပျော်ရွှင်အော်ဟစ်မြူးတူးနေကြသည်ကိုတွေ့ရသည်။ ယခုကဲ့သို့ ရွာသော မိုးသည် မိုးကြိုမိုးဖြစ်ပြီး သာကေတ၊ ပုဇွန်တောင်၊ သုဝဏ္ဏ၊ ဒလနှင့် ရန်ကုန်မြို့တွင်း ၆မြို့နယ်တို့တွင် ကွက်ကျားရွာသွန်းခဲ့ကာ မုတ်သုန်မိုးသည် ယခုလ ၂၅ရက်ခန့်တွင် မြန်မာနိုင်ငံသို့ ဝင်ရောက်လိမ့်မည်ဟု ခန့်မှန်းထားကြောင်း၊ သို့သော် ယခုအချိန်အထိ တနသာင်္ရီတွင် မုတ်သုန်မိုးမရွာသေးသည့် အတွက် မုတ်သုန်မိုးနောက်ကျနိုင်ကြောင်း မိုး/ဇလပညာရှင် ဒေါက်တာထွန်းလွင်ကပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


klnMay 18, 20101min925
အမှတ်(၂) စက်မှုဝန်ကြီးဌာနက ယခင်က အကန့်အသတ်ဖြင့် ထုတ်လုပ်ရောင်းချခဲ့ပြီး တစ်စီးလျှင် ကျပ်သိန်း ၅၀ဝ ဈေးပေါက်ခဲ့သည့် Myanmar Double Cab မော်တော်ယာဉ်တစ်စီးလျှင် ၃၇၅ သိန်းဖြင့် အကန့်အသတ်မရှိထုတ် ရောင်းချပေးလျှက်ရှိကြောင်း အဆိုပါယာဉ်များ ရောင်းချသည့် အရောင်းဆို်င်များထံမှ စုံစမ်းသိရှိရသည်။ အမှတ်(၂) စက်မှုဝန်ကြီးဌာနက ဧပြီလမှ စတင်ပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တို့တွင် စက်မှု(၂) အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချနေပြီ ဖြစ်ကြောင်း အရောင်းဆိုင်တာဝန်ခံတစ်ဦးက ပြောကြားသည်။ Myanmar Double Cab မော်တော်ယာဉ်တစ်စီးလျှင် ၃၇၅ သိန်းဖြင့်ရောင်းချရာတွင် ယင်းဈေးနှုန်းမှာ ယာဉ်တန်ဖိုးမျှသာဖြစ်ပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ယာဉ်မှတ်ပုံတင်ခြင်း၊ ပြည်တွင်းအခွန်ဦးစီးဌာနတွင် အခွန်ဆောင်ခြင်းအပါအဝင် အခြားကုန်ကျစရိတ်များ မပါဝင်ကြောင်း အဆိုပါ အရောင်းဆိုင်များထံမှ စုံစမ်းသိရှိရသည်။ အဆိုပါမော်တော်ယာဉ်များကို ရောင်းချရာတွင် ဝယ်လိုအားကိုလိုက်ကာ ထုတ်လုပ်ရောင်းချမည်ဖြစ်ပြီး […]


klnMay 18, 20101min1034
အများပြည်သူအတွက် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဝေပေးနိုင်ရန် ပုံမှန်လျှပ်စစ်ဓာတ်အားပို့လွှတ်နေသော စီးပွားရေးလုပ်ငန်းသုံးဓာတ်အားလိုင်းများကို မေ ၁၄ရက်မှ စတင်ကာ ဖြတ်တောက်ထားကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးကအတည်ပြုပြောကြားသည်။ ရေလမိုင်းမှာ ဂက်စ်လိုင်းပေါက်တာရယ်၊ ရေအားလျှပ်စစ်မရတာရယ်ကြောင့် စက်ရုံ၊ အလုပ်ရုံတွေ၊ စီးပွားရေးလုပ်ငန်းတွေကို ပေးနေတဲ့ ဓာတ်အားလိုင်းတွေကို ယာယီရပ်ထားတာဖြစ်ပါတယ်။ အများပြည်သူကိုပိုပေးနိုင်အောင်လဲဖြစ်ပါတယ်။ လေးငါးခြောက်ရက် တစ်ပတ်လောက်တော့ ဖြတ်ထားမှာဖြစ်ပါတယ်” ဟုအဆိုပါပုဂ္ဂိုလ်က ဆိုသည်။ ယင်းသို့ဓာတ်အားလိုင်းဖြတ်တောက်လိုက်ခြင်းနှင့်ပတ်သက်၍ လင်းဇာနည်အအေးခန်းစက်ရုံမှ တာဝန်ရှိသူတစ်ဦးက “အရင် ၁၈နာရီပုံမှန်မီးရနေတာ၊ မေ ၁၄ရက်မှာ EPC က လူတွေစက်ရုံရောက်လာပြီး 11KV ထရန်စဖော်မာကို DS လှန်သွားတယ်။ Shut Down လုပ်တာပေါ့။ အခု မီးစက်မောင်းသုံးတာ စရိတ်က သုံးလေးဆပိုကုန်သွားတယ်” ဟုပြောသည်။ အလားတူ ဂမုန်းပွင့်ရှော့ပင်စင်တာမှ တာဝန်ရှိသူတစ်ဦးကလည်း “ မေ ၁၄ရက်မှာ […]


klnMay 18, 20101min692
ရန်ကုန်မြို့တွင် ယခုလအပူချိန်သည် နှစ်ပေါင်း(၂၂)နှစ်တာကာလအတွင်း အမြင့်ဆုံးအပူချိန်အဖြစ် စံချိန်တင်လိုက်ပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်ကပြောသည်။ ယခင်အပူစံချိန်ဟောင်းမှာ ၁၉၈၈ခုနှစ် မေက ၄၂ဒသမ ဝဒီဂရီစင်တီဂရိတ်ဖြစ်ပြီး ယခု ၂၀၁ဝမေ ၁၂ရက် အပူချိန်မှာ ၄၂ဒသမ၅ဒီဂရီစင်တီဂရိတ်ဖြစ်ခဲ့ကြောင်း သိရသည်။ ယင်းသို့ အပူချိန်မြင့်တက်လာမှုကြောင့် မြန်မာနိုင်ငံ၌ ရန်ကုန်မြို့အပါအဝင် မြို့ ၁ဝမြို့တွင် အပူစံချိန်သစ်များတင်ခဲ့ကြောင်း သိရသည်။ အဆိုပါအပူချိန်မြင့်တက်နေမှုများသည် အယ်လ်နီညိုဖြစ်စဉ်ကြောင့်ဖြစ်ပြီး မုတ်သုံဝင်ရောက်မှုမှာလည်း ဩဂုတ်လကုန်ပိုင်းလောက်မှသာ ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့ အပူချိန်မြင့်တက်နေသောအချိန်တွင် အောက်ဘက်ရှိ ရေငွေ့ပါသော လေငြိမ်နေသောကြောင့် မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်တစ်ခုမဖြစ်ခြင်းဖြစ်ကြောင်း သိရှိရသည်။


klnMay 18, 20101min781
ကျေးရွာစာကြည့်တိုက်ဖောင်ဒေးရှင်းဖွဲ့စည်းတည်ထောင်ခြင်းနှင့် အလှူငွေကျပ် ၇၂၀၉သိန်း ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ ပြည်လမ်းရှိ IBC ခန်းမတွင် မေ ၁၅ရက်က ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအတွင်းရေးမှူး(၁)ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးနှင့် တာဝန်ရှိသူများ၊ ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီး ဦးကျော်ဆန်းနှင့် အလှူရှင်များ တက်ရောက်ကြကြောင်း သိရသည်။ ယင်းအခမ်းအနားတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီ အတွင်းရေးမှူး( ၁) ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ဆန်းက ကျေးရွာစာကြည့်တိုက်ဖောင်ဒေးရှင်းဖွဲ့စည်းတည်ထောင် ရခြင်းနှင့် ပတ်သက်သည့် အကြောင်းများရှင်းလင်း ပြောကြားခဲ့သည်။ ယင်းနောက် အလှူရှင်များလှူဒါန်းသည့် ငွေသားကျပ် ၇၀၃၁သိန်းသုံးထောင့်ငါးရာနှင့် ၁၇၈သိန်းလေးသောင်းတန်ဖိုးနှင့်ညီမျှသည့် စာအုပ်များကို တာဝန်ရှိသူများက လက်ခံခဲ့ကြကြောင်းသိရသည်။


klnMay 18, 20101min722
မျက်စိရောဂါများရှာဖွေပေးသည့် 3D ရုပ်လုံးကြွစက်မြန်မာနိုင်ငံသို့ ပထမဦးဆုံးရောက်ရှိလာကြောင်း အဆိုပါစက်ကို တင်သွင်းသည့် Concordia Int’l Co., Ltd. နှင့် Topcon South Asia Pte Ltd. မှ ၈-၅-၂၀၁ဝရက်တွင်သိရသည်။ ၎င်းစက်မှာ ရေတိမ်ရောဂါ၊ ဆီးချိုရောဂါတို့ကြောင့် မျက်စိကွယ်တတ်သည်များကို လွယ်ကူစွာရှာဖွေနိုင်သည့် OCT- 2000 Choerence Tomography) စက်ဖြစ်ပြီး မျက်စိနှင့်ပတ်သက်သော ဆေးရုံးကြီးများ၊ ဆေးခန်းကြီးများ၊ မျက်မှန်ဆိုင်ကြီးများတွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ “ လူတစ်ယောက်ရဲ့မျက်လုံးကို ကွန်ပျူတာမှာ သရီးဒီရုပ်လုံးကြွပုံနဲ့ပတ်ပတ်လည်လှည့်ကြည့်လိုရတယ်။ ဆရာဝန်က ခွဲမယ်ဆို ဘယ်နေရာခွဲမလဲ ၊တိကျသေချာတဲ့နေရာကို အလွယ်တကူ ရှာနိုင်မှာဖြစ်ပါတယ်။ လက်ရှိကတော့ ဘယ်ဆေးရုံ ၊ ဆေးခန်းမှာမှ 3D –OCT စက်ကို အသုံးမပြုသေးပါဘူး။ ဒီနေ့မှ ရန်ကုန်ကိုရောက်တာပါ” ဟု […]


klnMay 18, 20101min702
မြန်မာနိုင်ငံအပါအဝင် နိုင်ငံငါးနိုင်ငံသည် ၂၀၁ဝပြည့်နှစ် ကမာ္ဘ့ ဆန်ဈေးကွက်၏ အဓိက ဦးဆောင်နိုင်ငံများ ဖြစ်လာနိုင်ကြောင ်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ ( FAO) က ယင်း၏ ဝက်ဘ်ဆိုက်တွင် ၁၁-၅-၂၀၁ဝရက်က တရားဝင်ထုတ်ပြန်ပြောကြားသည်။ မြန်မာ၊ တရုတ်၊ထိုင်း၊ အမေရိကန်နှင့် ပါကစ္စတန်နိုင်ငံတို့သည် ယခုနှစ် ကမာ္ဘ့ဆန်ဈေးကွက်သို့ ပိုမိုတင်ပို့လာနိုင်ခြေရှိကြောင်း၊ ကမာ္ဘ့ဆန်ထုတ်လုပ်မှုသည်ယခု နှစ်တွင် ပိုမိုတိုးတက်လာနိုင်ပြီး စုစုပေါင်း ဆန်မက်ထရစ်တန် သန်း ၇၂ဝ ထိထုတ်လုပ်နိုင်ခြေရှိကြောင်း ၊ အာရှနိုင်ငံများမှ မတ်ထရစ်ကန် ၆၄၃သန်းထုတ်လုပ်ပြီး ၂၀၀၉ခုနှစ်ထက် ၂၉သန်း ပိုမိုထုတ်လုပ်နိုင်ခြေရှိကြောင်း FAO ကပြောသည်။ “ အာရှနိုင်ငံတွေရဲ့ ဆန်ထုတ်လုပ်တင်ပို့မှုဟာ ပြီးခဲ့တဲ့နှစ်က ကျဆင်းခဲ့ပေမယ့် ဒီနှစ်မှာ ပြန်လည်တိုးတက်လာနိုင်ခြေရှိပါတယ်” ဟု FAO ကပြောသည်။ ယခုနှစ်တွင် မိုးခေါင်ခြင်း၊ […]


klnMay 18, 20101min500
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ရေရရှိရေးအတွက် နည်းလမ်းပေါင်းစုံနှင့် ဆောင်ရွက်နေကြောင်း ယင်း၏ တာဝန်ရှိသူက ပြောသည်။ စည်ပင်နယ်နိမိတ်များထိ ရေကားများဖြင့် ပို့ဆောင်ပေးနေခြင်း၊ ရေပေးဝေရေးစခန်းများက ရေပေးဝေခြင်း၊ အဝီစိတွင်းများ တူးဖော်၍ ပေးဝေခြင်း၊ မီစက်ဖြင့် မောင်းတင်ပေးနေခြင်းတို့ဖြင့် ကုစားပေးခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။ “သန်လျင်ကျောက်တန်း အပါအဝင် နေ့စဉ်ရေကား အစီး ၂ဝလောက် ပို့ပေးနေတယ်။ ဂါလန် ၁၀၀၀၊ ၃၂၀၀၊ ၁၆၀ဝ ဆံ့ကားတွေနဲ့ ပို့တာပါ ” ဟု၎င်းကဆိုသည်။ ရန်ကုန်တစ်ဖက်ကမ်း၊ ရွာပေါင်း ၁၁ရွာနှင့် ဆိပ်ကြီးခနောင်တို တွင်ဖေဖော်ဝါရီလက စ၍ ရေပေးနေရာ ရေဂါလန် ၁၄သိ်န်း လေးသောင်း ခြောက်ထောင်ဂါလန် ရှိပြီဖြစ်ကြောင်း သိရသည်။ ရေလှောင်ကန်များကရေကို ရေတွန်းစက်များနှင့် မောင်းနှင်နိုင်ရန် ဓာတ်အားပေးရေး ညှိနှိုင်းဆောင်ရွက်ခြင်း၊ လျှပ်စစ်ပြတ်တောက်ပါက ရေတွန်းစက်ငယ်များကို မီးစက်များနှင့် […]


klnMay 17, 20101min701
အမြတ်ခွန်ဥပဒေအရ အခွန်စည်းကြပ်ခံရပြီးသည့် အခွန်ထမ်းအားလုံးနှင့် ၁-၄-၂၀၀၉ရက်မှ ၃၁-၃-၂၀၁ဝရက်အထိ ဘဏ္ဍာနှစ်အတွင်း ၁၀၀၀ဝကျပ် နှင့် အထက် ဝင်ငွေရရှိသူများသည် ဝင်ငွေကြေညာလွှာပုံစံတွင် ပြည့်စုံစွာရေးသွင်း၍ ကိုယ်တိုင်လက်မှတ်ရေးထိုးပြီး၂၀၁ဝခုနှစ် ၊ ဇွန်လ ၃ဝရက်ထက် နောက်မကျစေဘဲ သက်ဆိုင်ရာ မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးသို့ အရောက်ပေးပို့ရန် လိုအပ်ကြောင်းနှိုးဆော်ပါသည်။ ဝင်ငွေကြေညာလွှာပုံစံများကို သက်ဆိုင်ရာမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးများတွင် အခမဲ့ ရယူနိုင်ပါသည်။ ဝင်ငွေကြေညာလွှာကို လူကိုယ်တိုင်သို့မဟုတ် စာတိုက်မှ ချောစာဖြင့် ပေးပို့နိုင်ပြီး လူကိုယ်တိုင်ပေးပို့ပါလျှင် လက်ခံရရှိကြောင်း အထောက်အထားကို သက်ဆိုင်ရာရုံးမှထုတ်ပေးမည်ဖြစ်ပါသည်။ အမြတ်ခွန် ဥပဒေပုဒ်မ -၂၂၊ ပုဒ်မခွဲ(ခ) အရ လုံလောက်သောအကြောင်း မရှိဘဲ သတ်မှတ်ထားသော အချိန်အတွင်း ဝင်ငွေကြေညာလွှာပေးပို့ရန် ပျက်ကွက်ပါက စည်းကြပ်မှုအရ ထပ်မံပေးသွင်းရမည့် အခွန်၏ တစ်ဆယ်ရာခိုင်နှုန်းထက်မပိုသော ငွေကို ဒဏ်ငွေအဖြစ်ပေးဆောင်ရမည်ဖြစ်ကြောင်းအသိပေးပါသည်။ မရှင်းလင်းသော အချက်များရှိပါက […]


klnMay 17, 20101min651
ပူပြင်းခြောက်သွေ့မှုနှင့် အပူချိန်တိုးလာမှုတို့ကြောင့် ရေလိုအပ်ချက်မြင့်မားလျက်ရှိသော ရန်ကုန်မြို့တော်တစ်ဖက်ကမ်းရှိ ကျေးရွာရပ်ကွက်အချို့အတွက် ရေဂါလန်နေ့စဉ် နှစ်သောင်းကျော်ကို ထပ်မံတိုးမြှင့် ပို့ဆောင်ပေးဝေလျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်တစ်ဦး၏ ပြောကြားချက်အရသိရသည်။ ရန်ကုန်မြို့တော်တစ်ဖက်ကမ်းလှိုင်မြစ်အနောက်ဘက်ခြမ်းရှိကျေးရွာ၊ ရပ်ကွက်များအတွက် ယခင်က နေ့စဉ်ရေဂါလန် နှစ်သောင်းဝန်းကျင်ကိုရေဂါလန် ၁၅၀ဝဆံ့၊ ၁၂၀ဝဆံ့ ရေသယ်စက်တပ်သမ္ဗန်များဖြင့် သွားရောက်ပေးဝေခဲ့ကြောင်း ၊ ယခုအခါ ဧပြီလ ကုန်ပိုင်းမှစ၍ ရေဂါလန် နှစ်သောင်းဝန်းကျင်ကို ရေသယ်ယာဉ်လှေများဖြင့် ထပ်မံဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ သောက်သုံးရေယူကြသူများတန်းစီခြင်း၊ စောင့်ဆိုင်းရခြင်း၊ ရေအလေအလွင့်ဖြစ်ရခြင်းစသည့် တို့မဖြစ်ရလေအောင် ယခုအခါ ရေဂါလန်သိန်းချီဆံ့ကန်ကြီးများ၌ ဖြည့်၍ ယင်းမှတစ်ဆင့် ယူငင်အသုံးပြုနေကြကြောင်း၊ နောက်ထပ်လည်း ဂါလန် တစ်သန်းခွဲဆံ့ရေကန်တစ်ခု တူးဖော်နေကြောင်း ၎င်း၏ အဆိုအရသိရသည်။ ယခုအခါအထက်ပါ ကျေးရွာ ရပ်ကွက်များအတွက် နေ့စဉ်ရေဂါလန်လေးသောင်းဝန်းကျင်ပို့ဆောင်ပေးလျက်ရှိရာ ယင်းတို့မှာ လှိုင်မြစ်အနောက်ဘက်ကမ်း (ကြည့်မြင်တိုင်တစ်ဖက်ကမ်း) တွင် ဘလုတ်ညွန့်၊ အေးရွာအရှေ့၊ အနောက်၊ စက်ဆန်း၊ […]


klnMay 17, 20101min480
သဘောင်္ကုန်တင်ခ နှုန်းထားကို အပြည်ပြည်ဆိုင်ရာ သဘောင်္လိုင်းက နှုန်းထားတွေပေါ်မူတည်ပြီးပြောင်းလဲကောက်ခံမယ်လို့ မြန်မာ့ကြယ်ငါးပွင့်သဘောင်္လုပ်ငန်းတာဝန်ရှိသူတစ်ဦး ဆီက သိရပါတယ်။ သူက ‘ သဘောင်္လုပ်ငန်းက စက်သုံးဆီဈေးတက်ရင် လိုက်တက်မယ်၊ ဒေါ်လာနဲ့ လဲဆက်စပ်နေတယ်၊ ကမာ္ဘ့သဘောင်္ကုန်တင်ခနှုန်းအတိုင်းပြောင်းသွားမယ်’လို့ပြောပါတယ်။ အခုအခါ မြန်မာကြယ်ငါးပွင့်သဘောင်္လုပ်ငန်းက ကုမ္ပဏီအနေနဲ့ဖြစ်သွားပြီမို့ ဈေးနှုန်းအပြောင်းအလဲကို အချိန်နဲ့အညီ ပြင်ဆင်နိုင်မှာ ဖြစ်ပြီး လုပ်ငန်းလည်ပတ်မှုက ယခင်သဘောင်္လိုင်းတွေအတိုင်းပဲသွားမယ်လို့ဆိုပါတယ်။ သဘောင်္အစီးရေတိုးချဲ့ရင် သဘောင်္ဝန်ထမ်းတွေကိုလည်း တိုးပြီးခန့်ထားဖို့ရှိတယ် လို့ သိရပါတယ်။ လက်ရှိပြေးဆွဲနေတဲ့ သဘောင်္တွေထဲက စီးပွားရေးတွက် ခြေမကိုက်တဲ့ သဘောင်္တွေကို ရောင်းပြီး သဘောင်္အသစ်ထပ်ဝယ်ဖို့ရှိတယ်လို့ဆိုပါတယ်။ တာဝန်ရှိသူတစ်ဦးက ‘ကမာ္ဘ့စီးပွားရေးကောင်းရင် ကောင်းသလို လုပ်သွားမှာပါ၊ စီးပွားရေးတွက်ခြေမကိုက်တဲ့ သဘောင်္တွေက အိနိ္ဒယကို ပြေးဆွဲတဲ့ လိုင်းတွေလဲဖြစ်နိုင်တယ်၊ ကမ်းရိုးတန်းမှာ ပြေးဆွဲနေတဲ့လိုင်းကလဲ ဖြစ်နိုင်တယ်၊ ကုန်ရတဲ့ အပေါ်မူတည်ပြီးပြောင်းသွားမယ်’လို့ပြောပါတယ်။ မြန်မာ့ကြယ်ငါးပွင့်သဘောင်္လုပ်ငန်းကို ၁၉၁၉ခုနှစ်ကစတင်တည်ထောင်ခဲ့ပြီး အခုလက်ရှိနိုင်ငံခြားသဘောင်္လိုင်းမှာ ၁ရစီး၊ […]