klnMay 14, 20101min500
မြန်မာ့လေကြောင်းလိုင်းမှ စင်းလုံးငှားခရီးစဉ်များ တိုးချဲ့ငှားရမ်းမည် လေကြောင်းပို့ဆောင်ရေးမှ လေကြောင်းစီးပွားရေးအဖြစ်သို့ ဆောင်ရွက်နိုင်ရန် ရည်ရွယ် Union of Barmar Airways (UBA) အမည်ဖြင့် ၁၉၄၈ စက်တင်ဘာလ ၁၅ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော မြန်မာ့လေကြောင်းလိုင်းသည် ယခုနှစ်တွင် ပြေးဆွဲသည့် သက်တမ်း ၆၁နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ ထို့အပြင် လေယာဉ်သစ်များဝယ်ယူမည့်အစီအစဉ်ရှိခဲ့ရာ ယခုအခါတွင် လေယာဉ်သစ်သုံးစင်းကို ဝယ်ယူခဲ့ကြောင်း သတင်းရရှိပါသည်။ လေယာဉ်သစ်သုံးစင်းမှာ MA 60 အမျိုးအစားလေယာဉ်များဖြစ်ပြီး ပျံသန်းထားခြင်းမရှိသေးသည့် Time since New(TSN 0)လေယာဉ် သစ်များဖြစ်ပြီး ခရီးသည်(၅၀)ဦးဆန့်ကြောင်း သိရသည်။ မြန်မာ့လေကြောင်းလိုင်းတွင် ATR 72 နှစ်စီး၊ ATR 42 တစ်စင်း၊ ဖော်ကာ F 28 ဂျက်သုံးစင်း စသည်ဖြင့် လေယာဉ်စုစုပေါင်း(၈)စင်း ရှိနေရာမှ […]


klnMay 14, 20101min430
ရတနာပုံတယ်လီပို့ကုမ္ပဏီက ဆောင်ရွက်လျက်ရှိသော မြန်မာဘာသာသုံး အမျိုးသားအဆင့် ဝက်ဘ် ပေါ်တယ် (Web portal)တွင် သီချင်းများ၊ Ringtonesများ downloadလုပ်ခြင်းအတွက် Prepaid card စနစ်သုံးပြီး ငွေပေးချေနိုင်မည့် စနစ်တစ်ခု အကောင်အထည်ဖော်လျက်ရှိကြောင်း ဝက်ဘ်ပေါ်တယ် စီမံကိန်းတွင် ပါဝင်သည့် တာဝန်ရှိသူတစ်ဦးကပြောသည်။ “ လောလောဆယ် လူကြည့်များလာအောင် လွှင့်တင်ထားပြီးနောက်ပိုင်း သီချင်းတွေ လုပ်တဲ့အခါမှာ အခကြေးငွေ ကောက်ခံသွားဖို့ရှိပါတယ်။ သက်ဆိုင်ရာ အဆိုတော်တွေ၊ အနုပညာရှင်တွေအတွက်လည်း ထိုက်သင့်တဲ့ အနုပညာကြေးရအောင် သက်ဆိုင်ရာ အစည်းအရုံးတွေနဲ့ ညှိနှိုင်းနေပါတယ် ” ဟု အဆိုပါ ပုဂ္ဂိုလ်ကပြောသည်။ ဝက်ဘ်ပေါ်တယ်တွင် ထည့်သွင်းမည့် ကဏ္ဍများကို ဇွန်လကုန်ပိုင်းတွင် ပြည့်ပြည့်စုံစုံ ထည့်သွင်းနိုင်ရန် ဆောင်ရွက်နေပြီး သီချင်းများ အသုံးပြုမှုအတွက် ဂီတအစည်းအရုံးနှင့်လည်း ပဏာမညှိနှိုင်း လျှက်ရှိသည်။ အဆိုပါ ဝက်ဘ်ပေါ်တယ်ကို […]


klnMay 14, 20101min660
၂၀၀၉ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ပြည်ပသို့ မြန်မာ့ဆန်မက်ထရစ်တန်ချိန် တစ်သန်းငါးသောင်းငါးထောင်ကျော် တင်ပို့ခဲ့ရာ အဓိက ဝယ်ယူခဲ့သည့် နိုင်ငံမှာ အနောက်အာဖရိကနိုင်ငံများမှဖြစ်ကြောင်း သိရသည်။ ၂၀၀၉ခုနှစ်အတွင်း အနောက်အာဖရိကနိုင်ငံများက ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ဆန်တန်ချိန် ရှစ်သိန်းကျော်ဝယ်ယူခဲ့ပြီး ဒုတိယအများဆုံး ဝယ်ယူခဲ့သည့်နိုင်ငံမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်ပြီး ဇန်နဝါရီလမှ မေလအထိ ဆန်တန်ချိန် ခုနစ်သောင်းကျော် ဝယ်ယူခဲ့ကြောင်း သိရသည်။ မြန်မာ့ဆန်ကို အဓိကဝယ်ယူကြသည့် နိုင်ငံများတွင် အာဖရိကနိုင်ငံများပါဝင်ပြီး တောင်အာဖရိကနိုင်ငံများ၊ အနောက်အာဖရိကနိုင်ငံများအပြင် အိုင်ဗရီကိုစ့်၊ ကင်မရွန်း၊ နိုင်ဂျီးရီးယားနိုင်ငံတို့လည်း ပါဝင်ကြောင်းသိရသည်။ ၂၀၀၉ခုနှစ်အတွက် ဈေးကွက်သစ်များအဖြစ် အီရန်၊ မြောက်ကိုရီးယား၊ ကာတာ၊ ဆော်ဒီအာရေးဗီးယား၊ ရုရှားဖက်ဒရေးရှင်း၊ တရုတ်တိုင်ပေနှင့် ယူအေအီးနိုင်ငံများသို့လည်း တင်ပို့မှုများရှိလာကြောင်း သိရသည်။ ဈေးကွက်သစ်များအနေဖြင့် မြန်မာ့ဆန်ဝယ်ယူသည့်နိုင်ငံမှာ မြောက်ကိုရီးယားနိုင်ငံဖြစ်ပြီး မက်ထရစ်တန်ချိန် ၈၀၀ဝကျော်ဝယ်ယူခဲ့သည်ဟု သိရသည်။ ပြည်ပပို့ […]


klnMay 14, 20101min530
ရာသီဥတုအခြေအနေပြောင်းလဲမှုများကြောင့် ရေချိုအရင်းအမြစ်များဆုံးရှုံးလျက်ရှိနေကြောင်း၊ နိုင်ငံအချို့တွင် ရေချိုရှားပါးလာမှုပြဿနာကို သိသိသာသာရင်ဆိုင်နေကြရပြီဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ရေချိုမြစ်ချောင်းများ ပေါများခြင်းကြောင့် အလေးအနက်မထားကြသော်လည်း ဝိုင်းဝန်းထိန်းသိမ်ခြင်းမရှိပါက အနာဂတ်ကာလရေချိုရှားပါးမှုကို ကြုံတွေ့နိုင်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ “အခုဆိုရင် မြန်မာနိုင်ငံ အောက်ပိုင်းမှာရှိတဲ့ မြစ်ချောင်းတွေမှာ ရေငန်ထိုးတာတွေရှိနေပါတယ်။ အဲဒီလိုဘာကြောင့်ဖြစ်ရသလဲဆိုတော့ အပေါ်ယံရေချိုအလွှာပါးလာတော့ ဖိအားနည်းသွားတယ်။ ဖိအားနည်းသွားတာနဲ့တစ်ပြိုင်တည်း အောက်က ရေငန်အလွှာက အပေါ်ရေချိုကိုဖောက်တယ်။ အဲဒီလိုနဲ့ ရေငန်ထိုးတာတွေဖြစ်နေတာပဲ။ မြစ်တွေချောင်းတွေမှာ ရေငန်ထိုးတယ်ဆိုတော့ ရေကန်တွေဆီကိုလည်း အဲဒီရေငန်က မြေအောက်ကနေ စိမ့်ပြီးရောက်သွားတယ်။ ဧရာဝတီတိုင်းမှာရှိတဲ့ ရေကန်တချို့ရေငန်ဖောက်တယ်ဆိုတာ ဒီနည်းအတိုင်းပဲဖြစ်တာပါ။ ဒါကြောင့် ရေကန်တွေတူးတဲ့အခါ တစ်ခါတည်းအနက်ကြီးတူးလို့မရပါဘူး။ တစ်ခါတည်း အနက်ကြီးတူးရင် ရေငန်ဖောက်တတ်တယ်။ နည်းနည်းချင်းတဖြည်းဖြည်းတူးရတယ်။ မြစ်ချောင်းတွေမှာ အပေါ်ယံရေချိုလွှာတွေ ပါးလာတယ်ဆိုတာ ရေချိုအရင်းအမြစ်ဆုံးရှုံးနေမှုရဲ့ သတိပြုစရာအချက် တစ်ချက်ဖြစ်လာတဲ့အတွက် ဝိုင်းဝန်းထိန်းသိမ်းကြဖို့လိုပါတယ်။ ရေချိုမြစ်ချောင်းတွေကို ထိန်းသိမ်းကြဖို့လိုသလို […]


klnMay 13, 20101min400
KNU အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်ကြောင့် အပြစ်မဲ့ပြည်သူလူထု သေကျေဒဏ်ရာရမှုများမကြာခဏ ဖြစ်ပေါ်လျက်ရှိရာ ကရင်ပြည်နယ် ဖာပွန်မြို့နယ်၌ KNU အကြမ်းဖက်သောင်းကျန်သူများ ထောင်ထားသည့် မိုင်းအား ခရီးသည်တင်မော်တော်ယာဉ်တစ်စီးက နင်းမိသဖြင့် အပြစ်မဲ့ပြည်သူနှစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ဖြစ်ပွားပုံမှာ မေ၁၁ရက်ညနေ ၃နာရီခန့်တွင် ကရင်ပြည်နယ် ဖာပွန်မြို့နယ် ဝင်းမောင်းကျေးရွာဘက်မှ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ် တစ်စီးသည် ဖာပွန်မြို့နယ် မဲလိပ်ကျောက်ကျေးရွာနှင့် မဲတို့ကျေးရွာကြားရှိကြံခင်းကားလမ်း၌ KNU အကြမ်းဖက်သောင်းကျန်းသူများထောင်ထားသည့်မိုင်းအား ယာဉ်၏ရှေ့ဘီးဖြင့် နင်းမိသဖြင့် ယာဉ်မောင်းနှင့် ယာဉ်ပေါ်၌ လိုက်ပါလာသူခရီးသည်တစ်ဦး စုစုပေါင်း နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများအား ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါးကုသပေးလျက်ရှိပြီးတာဝန်ရှိသူများက လိုအပ်သည်များ ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း၂၀၁ဝခုနှစ်မေလ ၁၃ရက်နေ့ ထုတ် ကြေးမုံသတင်းစာတွင်ဖော်ပြထားပါသည်။


klnMay 13, 20101min490
ဧပြီ၁၅ရက်က ရန်ကုန်မြို့မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်တော်ကြီးကန်ပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ်ရှေ့၌ ဗုံးပေါက်ကွဲမှုကြောင့်ရန်ကုန်ပြည်သူ့ဆေးရုံးကြီးနှင့် ဆေးရုံအသီတို့၌ ဆေးကုသမှုခံယူလျက်ရှိသော ဒဏ်ရာရလူနာ ၁၇ဝအနက် လူနာအများစုမှာ ဆေးရုံမှ ဆင်းသွားနိုင်ခဲ့ကြပြီး အမျိုးသားခြောက်ဦး၊ အမျိုးသမီးငါးဦးစုစုပေါင်း ၁၁ဦးသာ ဆေးကုသမှုဆက်လက်ခံယူလျက်ရှိကြကြောင်း သတင်းများ ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ယခုအခါ အဆိုပါ ဆေးကုသမှုခံယူလျက်ရှိသော လက်ကျန်ဒဏ်ရာရလူနာများအနက် သက်သာပျောက်ကင်းသူများ ဆေးရုံးမှ ထပ်မံဆင်းသွားခဲ့ကြသဖြင့် မေ ၁၂ရက်နေ့အထိ အမျိုးသားငါးဦး၊ အမျိုးသမီး လေးဦးစုစုပေါင်း ကိုးဦးသာ ဆေးကုသမှုဆက်လက်ခံယူလျက်ရှိကြောင်း ၂၀၁ဝခုနှစ် မေလ ၁၃ရက်နေ့ထုတ်ကြေးမုံသတင်းစာတွင်ဖော်ပြထားပါသည်။


klnMay 13, 20101min791
သောက်သုံးရေရှားပါးမှုနှင့် ရင်ဆိုင်နေရသည့်ဒေသများ၌ နိုင်ငံတော်အစိုး စီမံညွန်ကြားမှုဖြင့် အာဏာပိုင်များ၊ ဌာနဆိုင်ရာများ၊ အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူများပူးပေါင်း၍ သောက်သုံးရေ လုံလောက်စွာရရှိစေရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။ မွန်ပြည်နယ် ကျိုက်မရောမြိုု့နယ် ကျုံစိန်ကျေးရွာတွင် သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသဖြင့် မေ ၁ဝရက်မှစ၍ မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ အစီအစဉ်ဖြင့် မီးသတ်ယာဉ်များနှင့် ရေများသယ်ယူကာ ဖြန့်ဝေပေးလျက်ရှိကြောင်း၊ ပေါင်မြို့နယ်အတွင်းရှိ အလှပ်ကျေးရွာအုပ်စု ဝဲပတန်ကျေးရွာ၊ အဟောက်ကျေးရွာ၊ ကျားဘိုကျေးရွာ၊ ကော့ကရင်ကျေးရွာ၊ တဒိုင်ကျေးရွာ၊ ထန်းပင်ချောင်ကြီးကျေးရွာနှင့် သပြေကုန်းကျေးရွာအုပ်စု ဘောင်ကုန်းလေးကျေးရွာများသို့လည်း မေ ၁၁ရက်က ပေါင်မြို့ပေါ်(၄)ရပ်ကွက်၊ ကျွဲခြံကျေးရွာ၊ ဥတ္တံတားကျေးရွာနှင့် ဇင်းကျိုက်ကျေးရွာတို့မှ စေတနာရှင်ပြည်သူများက မော်တော်ယာဉ်မျိုးစုံ အစီး ၄ဝခန့် အသုံးပြု၍ သောက်သုံးရေဂါလန် ၃၅၀၀ဝခန့်ကို သွားရောက် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။ အလားတူ ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းမြို့နယ် အုတ်တွင်းကျေးရွာ၊ ကုန်းသာယာကျေးရွာနှင့် […]


klnMay 13, 20101min420
မြန်မာနိုင်ငံဒေသအချို့တွင် ယခုနွေနှောင်းပိုင်းကာလများအတွင်း သောက်သုံးရေရှားပါးမှုနှင့် ရင်ဆိုင်နေရပြီး အဆိုပါသောက်သုံးရေရှားပါးမှုနှင့် ရင်ဆိုင်နေရသည့်ဒေသများ၌ နိုင်ငံတော်အစိုးရ၏ စီမံညွှန်ကြားမှုဖြင့် ဒေသအာဏာပိုင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူများ ပူးပေါင်း၍ သောက်သုံးရေလုံလောက်စွာ ရရှိစေရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။ မေ(၁၀)ရက်တွင် ပဲခူးတိုင်းသနပ်ပင်မြို့နယ်စက်ကုန်းပိုင်းရပ်ကွက်၊ ကန်သာယာရပ်ကွက်၊ ငါးချဉ်ပိုင်းရပ်ကွက်၊ သီတာအေးရပ်ကွက်၊ ရွာသစ်(၄)ရပ်ကွက်၊ ကန်ကုန်း(၄)ရပ်ကွက်၊ ဘူတာပိုင်းရပ်ကွက်နှင့် ရွှေကျီးပင်ကွက်သသစ်များရှိ သောက်သုံးရေအခက်အခဲနှင့် ရင်ဆိုင်နေရသည့် သံဃာများ၊ ပြည်သူများသို့ စေတနာရှင်ပြည်သူများ၊ ရေအလှူရှင်အဖွဲ့များနှင့် စည်ပင်သာယာဈေးအဖွဲ့တို့ ပူးပေါင်း၍ လီတာ ၂ဝ ဝင်ရေသန့်ဘူးများ၊ ရေစည်များ၊ ရေသယ်ကားများဖြင့် သွားရောက်လှူဒါန်းဖြန့်ဝေပေးခဲ့သည်။ အလားတူ သနပ်ပင်မြို့နယ်မင်းရွာ၊ ရွှေကျီးပင်၊ ရစ်ကန်လေး၊ ကမာနတ်၊ ရစ်ကန်ကြီး၊ ကုလားချောင်းကြီး၊ မင်းရွာနှင့် ကမာစဲကျေးရွာအုပ်စုများရှိ သောက်သုံးရေအခက်အခဲနှင့် ရင်ဆိုင်နေရသည့် ကျေးလက်ပြည်သူများအား စေတနာရှင်ပြည်သူနှင့် ရေအလှူရှင်အဖွဲ့တို့မှ မော်တော်ယာဉ် […]


klnMay 13, 20101min851
မြန်မာနိုင်ငံအောက်ပိုင်းနှင့် အလယ်ပိုင်းရှိ ဒေသအများစုတွင် မေလ ဒုတိယရက်သတ္တပတ်ရောက်သည့်တိုင် မိုးရွာသွန်းမှုမရှိသဖြင့် ရေကန်များနှင့် ရေတွင်းများ၌ ခန်းခြောက်မှုများ ဖြစ်ပေါ်နေ ကြောင်း သတင်းရရှိသည်။ ယခုနှစ်နွေရာသီအပူချိန်ပြင်းထန်ခဲ့ခြင်းနှင့် မေလ ဒုတိယပတ်ရောက်သည့်တိုင် မိုးရွာသွန်းမှုမရှိခြင်းတို့ကြောင့် မြေအောက်ရေလျော့နည်းကာ ရေကန်နှင့်ရေတွင်းများမှ ရေများလျော့နည်းခြင်း၊ ခန်းခြောက်ခြင်းများ ကြုံတွေ့ရကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်နှင့် စစ်ကိုင်း၊ မန္တလေးနှင့် ပဲခူးတိုင်းတို့မှ ဒေသခံများကပြောသည်။ လွန်ခဲ့သောနှစ်သန်းပေါင်းများစွာကတည်းက တည်ရှိခဲ့သည့် အင်းလေးကန်တွင်လည်း ယခုနှစ်အစောပိုင်းကစ၍ ထူးကဲစွာရေလျော့နည်းခြင်းများတွေ့ကြုံနေရသဖြင့် ဒေသခံများသောက်ရေရရှိရေးအခက်ကြုံနေရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရသိရသည်။ အင်းလေးကန်အတွင်းရှိ ကုန်းမြေရှိသော ကျေးရွာများတွင် သောက်သုံးရေအတွက် အဝီစိတွင်းများ စမ်းသပ်တူးဖော်ကြည့် သေးသော်လည်း အောက်ခြေတွင် နွံအိုင်ဖြစ်နေသည့် အတွက် မီသိန်းဓာတ်ငွေ့များ ထွက်လာပြီးထွက် လာသောရေမှာလည်း သုံးစွဲ၍ မရကြောင်း ကိုယ်တိုင်အဝီစိတွင်းတူးဖော်ခဲ့သော ဟဲယာရွာမမှ ဒေသခံတစ်ဦးကပြောသည်။ ညောင်ရွှေမြို့နယ် အတွင်းရှိ […]


klnMay 13, 20101min942
ပုဂ္ဂလိကပိုင် မြန်မာ့ကြယ်ငါးပွင့် သဘောင်္လုပ်ငန်း၏ ကမ်းရိုးတန်းခရီးစဉ်များ၌ လက်မှတ်ဈေးနှုန်းများ ခရီစဉ်အလိုက်သုံးဆမှ ခြောက်ဆခန့် အထိမြင့်တက်သွားကြောင်း သာကေတရှိမြန်မာ့ကြယ်ငါးပွင့် သဘောင်္လုပ်ငန်းကမ်းရိုးတန်းလက်မှတ်အရောင်းဌာနမှ စုံစမ်းသိရှိရပါသည်။ မြန်မာ့ကြယ်ငါးပွင့် သဘောင်္လုပ်ငန်းမှ ရန်ကုန်၊ ကိုကိုးကျွန်းမြိတ်နှင့်ကော့သောင်းကမ်းရိုးတန်း ခရီးစဉ်များပြေးဆွဲပေးလျက်ရှိပြီး ပုဂ္ဂလိကကုမ္ပဏီအဖြစ်သို့ ပြောင်းလဲသွားပြီးနောက်လက်မှတ်ဈေးနှုန်းများ စတင်မြင့်တက်ခဲ့ကြောင်း၊ ယခုလ ၁၄ရက်နေ့၌ မြစ်ကြီး နား သဘောင်္ဖြင့်ထွက်ခွာမည့် ရန်ကုန်၊ ကိုကိုးကျွန်း၊ မြိတ်နှင့်ကော့သောင်းခရီးစဉ်တွင် မြင့်တက်သွားသည့် နှုန်းထားများဖြင့် စတင်ရောင်းချခဲ့ကြောင်းသိရသည်။ မေလ ၁၄ရက်နေ့တွင် ထွက်ခွာမည့် ခရီးစဉ်အတွက် လက်မှတ်များကို မေလ ၁၁ရက်နေ့တွင် စတင်ရောင်းချခဲ့ပြီး လက်မှတ်ဈေးနှုန်းများ မြင့်တက်မှုကြောင့် လက်မှတ်ရောင်းချသည့်ရက်ကို ထွက်ခွာမည့် ရက်ထက်ပိုမို စောစီးစွာ ရောင်းချခဲ့ကြောင်း အဆိုပါလက်မှတ်အရောင်းဌာနမှစုံစမ်းသိရှိရသည်။ “လက်မှတ်ဈေးတွေမြင့်သွားတော့ခရီးသည် သိပ်မရမှာစိုးလို့ သုံးရက်လောက်ကြိုရောင်းခဲ့တာပါ။ နောက်ပိုင်းမှာတော့ သဘောင်္ထွက်မဲ့ ရက်ထက်တစ်ရက်ပဲကြိုရောင်းသွားမှာပါ” ဟုလက်မှတ်အရောင်းဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ “အခု […]


klnMay 13, 20101min522
မြန်မာ့လေကြောင်းလိုင်းမှ လေယာဉ်လက်မှတ်များ ကြိုတင်ရောင်းချသွားမည်ဟု သိရသည်။ မြန်မာ့လေကြောင်းလိုင်းသည် လေယာဉ်လက်မှတ်များကို ယခင်က တစ်ပတ်ကြိုတင်ရောင်းချခဲ့ဖူးခြင်း ရှိသော်လည်း လေယာဉ်အခက်အခဲကြောင့် တစ်ရက်ကြိုတင်ရောင်းချခြင်းသာပြုလုပ်ခဲ့သည်။ လက်ရှိတွင်မူ လေယာဉ်သစ်များထပ်တိုး၍ ခရီးစဉ်များ ပြေးဆွဲသွားမည်ဖြစ်သောကြောင့် ကြိုတင်လေယာဉ်လက်မှတ် ရောင်းချသည့် စနစ်ကိုကျင့်သုံးမည်ဖြစ်ကြောင်း လေကြောင်းလိုင်းတာဝန်ရှိသူကဆိုသည်။ ကြိုတင်လက်မှတ် ရောင်းချခြင်းကိုရန်ကုန်မြို့အပြင်နယ်မြို့ကြီးများ၌ ပါရောင်းချသွားရန်ရှိပြီး ခရီးသည်စီးနင်းနိုင်မှုအပေါ် မူတည်၍ မြန်မာ့လေကြောင်းလိုင်းမှ ပြေးဆွဲရာ ခရီးစဉ်များ၏ မြို့များတွင်ပါ ကြိုတင်လက်မှတ်ရောင်းချပေးသွားရန် ရှိကြောင်းတာဝန်ရှိသူကဆိုပါသည်။ “အခုလက်မှတ်တွေကို ကြိုရောင်းမယ်။ ခရီးသည်တွေအဆင်ပြေမယ်။ လေကြောင်းလိုင်းလည်း အဆင်ပြေတယ်။ လောလောဆယ်ရန်ကုန်နဲ့ ခရီးသွားများတဲ့မြို့တွေမှာ ပဲရောင်းပေးဦးမယ်။ နောက်တော့မှ ခရီးစဉ်ပြေးဆွဲရာမြို့တွေ အကုန်လုံးမှာပါ ရောင်းသွားဖို့ရှိတယ်” ဟု ၎င်းကရှင်းပြခဲ့ကြောင်း သိရသည်။


klnMay 13, 20101min703
မန္တလေးတိုင်းရဲတပ်ဖွဲ့ ၊ နယ်မြေခံရဲတပ်ဖွဲ့ ၊တိုင်းဗီဒီယို အခြေခံ အဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးမြို့တွင် မတ်၂ဝရက်က နိုင်ငံခြားခွေ၊ သီချင်း၊ ဇာတ်လမ်းခိုးကူးခွေ၊ ညစ်ညမ်းခွေ၊ ဆင်ဆာမဲ့ခွေများကို သက်ဆိုင်ရာ စခန်းနယ်မြေအလိုက် နေရာကိုးခုအား ဝင်ရောက်ရှာဖွေဖမ်းဆီးရာ နိုင်ငံခြားဇာတ်လမ်းခွေ ၂၇,၅၇၃၊ ခိုးကူးသီချင်း၊ ဇာတ်လမ်းခွေ ၃၀,၄၆၉၊ ညစ်ညမ်းခွေ ၁,၆၆၃နှင့် ဆင်ဆာမဲ့ခွေ ၂၉၄ခွေအား ဖမ်းဆီးရမိသည်။ ဤကဲ့သို့ ဖမ်းဆီးအရေးယူခြင်းသည် တစ်ပြိုင်နက် စစ်ဆေးဆောင်ရွက်ခြင်းဖြစ်သဖြင့် အများဆုံး စံချိန်တင်ဖမ်းဆီးရမိခြင်းဖြစ်ပြီး ခိုးကူးခွေများ ဈေးကွက်ကျယ်ပြန့်မှုကြီးထွားမှုကို အတိုင်းအတာတစ်ခုထိ ထိန်းချုပ်နိုင်ခဲ့ကြောင်း မန္တလေးတိုင်းဗီဒီယိုအခြေခံအဖွဲ့အမှုဆောင် တစ်ဦးကပြောကြားသည်။ ၎င်းတို့ထဲမှာ အများဆုံးဖမ်းဆီးရမိသော ဆိုင်မှာ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်း အရှေ့ရပ်ကွက် Venus ဒီဗီဒီ ၊ စီဒီအရောင်းဆိုင်ဖြစ်ပြီး ၎င်းဆိုင်မှ ဆင်ဆာမဲ့မြန်မာသီချင်းခိုးကူးခွေ ၁၈,၄၀၀၊ […]