klnMay 4, 20101min732
ကမော္ဘဇဘဏ်လီမိတက်က ၂၀၁ဝပြည့်နှစ် မေလအတွင်း ရှမ်းပြည်နယ် အောင်ပန်းမြို့၊ ကယားပြည်နယ် လွိုင်ကော်မြို့နှင့် မန္တလေးတိုင်း မိုးကုတ်မြို့တို့တွင် ဘဏ်ခွဲများထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါဘဏ်ခွဲများအပြင် ပြင်ဦးလွင်မြို့နှင့်ပြည်မြို့တို့တွင်လည်း ဘဏ်ခွဲများထပ်မံဖွင့်လှစ်သွားရန်ရှိကြောင်းသိရသည်။ ကမော္ဘဇဘဏ်လီမိတက်သည် မကြာမီက ဖွင့်လှစ်ခဲ့သည့် နေပြည်တော်ဘဏ်ရုံးချုပ်၊ အောက်မြန်မာပြည် ကမော္ဘဇဘဏ် ရန်ကုန်ရုံးချုပ်၊ အထက်မြန်မာပြည် ကမော္ဘဇဘဏ်မန္တလေးရုံးချုပ်နှင့် ဘဏ်ခွဲပေါင်း ၃၄ခုအထိ ဖွင့်လှစ်ထားပြီး ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။ ကမော္ဘဇဘဏ်လီမိတက်အနေဖြင့် ဘဏ်အပ်ငွေလက်ခံခြင်း၊ အွန်လိုင်းအနေဖြင့် ငွေလွှဲပေးပို့ခြင်း၊ စက်မှုလက်မှုနှင့် ကုန်သွယ်ရေးအပါအဝင် လုပ်ငန်းအမျိုးမျိုးအား ငွေထုတ်ချေးခြင်း၊ လုံခြုံမှုအာမခံသေတ္တာများထားရှိခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး အလိုအလျှောက် ငွေထုတ်သွင်းနိုင်သော ATM စနစ်၊ Mobile Phone အသုံးပြု၍ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုပေးသော Electronic Banking စနစ်တို့ကို ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် မကြာမီအဆင့် ဆင့်တိုးချဲ့ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်းသိရသည်။ […]


klnMay 4, 20101min641
ရာသီဥတုပူပြင်း၍ အပူချိန်မြင့်မားမှုကြောင့် ဓာတ်ဆားထုပ်ဝယ်ယူသောက်သုံးမှု ပိုမိုများပြားလာပြီး ဓာတ်ဆားဈေးနှုန်းများ အနည်းငယ်ဈေးမြင့်လာကြောင်း ဆေးအရောင်းဆိုင်မှ သိရသည်။ အဆိုပါ ဓာတ်ဆားထုပ်များတွင် အမှတ်(၁)စက်မှုဝန်ကြီးဌာန မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံမှ ထုတ်လုပ်သော ဓာတ်ဆားများနှင့် သတ္တုတွင်းဝန်ကြီးဌာနမှ ထုတ်သော ဓာတ်ဆားများအပြင် ထိုင်းနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့မှ တင်သွင်းသော ဓာတ်ဆားများမှာ ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။ ယခုအခါ ရာသီဥတုပူပြင်းလာပြီး အပူဒဏ်ကြောင့် ချွေးထွက်လွန်ကာ ခန္ဓာကိုယ်အတွင်းရှိရေနှင့် ဓာတ်ဆားများ ဆုံးရှုံးမှုတို့ကြောင့် ကိုယ်အပူချိန်တက်ပြီး သတိလစ်ခြင်းတို့အပြင် အသက်အန္တရာယ်စိုးရိမ်ရသောကြောင့် ချွေးထွက်လွန်ပါက ကိုယ်တွင်းရှိ ရေနှင့်ဓာတ်ဆားဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းနိုင်ရန် ဓာတ်ဆားရည်သောက်သင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားကြောင်းသိရသည်။ “အာဟာရမျှတသန့်ရှင်းသောရေကိုသာ အဓိကသောက်သင့်တယ်။ ချွေးထွက်များပြီး ပင်ပန်းနွမ်းနယ်ရင် ဓာတ်ဆားထုပ်သောက်သင့်တယ်ဆိုတာထက် ဓာတ်ဆားကို ဆရာဝန်ညွှန်ကြားချက်အတိုင်းသာ သောက်သင့်တယ်။ အချို့ဓာတ်ဆားထုပ်တွေက ဆီးချို၊ သွေးချိုသမားတွေအနေနဲ့ သိပ်မသောက်သင့်ဘူး။ အဲဒါကြောင့် ဓာတ်ဆားကို လိုအပ်မှသာသောက်ပါ။ […]


klnMay 4, 20101min863
မြန်မာနိုင်ငံတွင် FMထုတ်လွှင့်ခွင့်ရနေသော ပြည်နယ်နှင့်တိုင်းကိုယ်စားပြု ပုဂ္ဂလိကအက်ဖ်အမ်လိုင်းများအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထုတ်လွှင့်ခွင့်ရတော့မည်ဖြစ်ကြောင်း အဆိုပါ အက်ဖ်အမ်အသိုင်းအဝိုင်းမှ သိရသည်။ ပြည်နယ်နှင့်တိုင်းများတွင် နယ်မြေအကန့်အသတ်ဖြင့် အသံလွှင့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ပုဂ္ဂလိကအက်ဖ်အမ်လိုင်းများအနေဖြင့် မိမိတာဝန်ယူထားသော ဒေသတွင် ပြည့်စုံသည့်အသံလွှင့်ဧရိယာရရှိပါက ရန်ကုန်နှင့် မန္တလေးအပါအဝင် တစ်နိုင်ငံလုံးသို့ ထုတ်လွှင့်ခွင့်ရရှိမည်ဖြစ်ရာ ယင်းအက်ဖ်အမ်လုပ်ငန်းများသည် ဇွန်လအတွင်း နယ်မြေတိုးချဲ့အသံလွှင့်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် အက်ဖ်အမ်လိုင်း ရှစ်ခုရှိနေပြီး ပုဂ္ဂလိကအက်ဖ်အမ်ခြောက်ခုရှိသည်။ အစိုးရနှင့် ဝန်ကြီးဌာနအက်ဖ်အမ်များမှာ နေပြည်တော်မြန်မာ့အသံမှလွှင့်သည့် ပိတောက်မြေအက်ဖ်အမ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှလွှင့်သည် City FM တို့ဖြစ်ပြီး ပုဂ္ဂလိကအက်ဖ်အမ်များမှာ မန္တလေးအက်ဖ်အမ်၊ ချယ်ရီအက်ဖ်အမ်၊ ပတ္တမြားအက်ဖ်အမ်၊ ရွှေအက်ဖ်အမ်၊ အက်ဖ်အမ်ပုဂံနှင့် ပဉ္စဝတီအက်ဖ်အမ်တို့ဖြစ်ပြီး ရန်ကုန်သို့အသံလွှင့်မှုကို ရွှေအက်ဖ်အမ်နှင့် ချယ်ရီအက်ဖ်အမ်များက အရင်ဆုံးဝင်လာနိုင်ကြောင်း ၂၀၁ဝခုနှစ် မေလ ၆ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ်တွင် ဖော်ပြထားပါသည်။


klnMay 4, 20101min500
မော်တော်ယာဉ်ပျက်ပါက ပျက်သည့်နေရာအထိ လိုက်လံပြုပြင်ပေးသည့် ဝန်ဆောင်မှုကို ယခုနှစ် မေလအတွင်း စတင်ရန်စီစဉ်လျက်ရှိကြောင်း ရွှေတောင်တန်းကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးတင်ဦးက ၂၈-၄-၂၀၁ဝရက်တွင် ပြောသည်။ အဆိုပါ ဝန်ဆောင်မှုကို ပြည်ထောင်စု မြန်မာနိုင်ငံစီးပွားရေးဦးပိုင်လီမိတက်နှင့် ရွှေတောင်တန်းကုမ္ပဏီတို့ပူးပေါင်းဖွင့်လှစ်ထားသော Bayint Naung Atomobile Service ကဆောင်ရွက်ပေးသည်ဟုသိရသည်။ “ အခုကားပျက်ရင်ပျက်တဲ့နေရာအထိ လိုက်ပြင်ပေးတဲ့ဝန်ဆောင်မှုကို ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကုမ္ပဏီနဲ့ရင်းနှီးတဲ့မိတ်ဆွေတွေကိုပဲ လိုက်ပြင်ပေးနေတာပါ။ အပြင်မှာ ဝန်ဆောင်မှုမပေးသေးပါဘူး၊ ဘာလို့လဲဆိုတော့ ခေါ်တိုင်းပြင်ပေးနေမယ်ဆိုရင် တကယ်မပျက်ဘဲ ဖုန်းနဲ့နောက်ပြောင်ချင်တဲ့သူတွေကြောင့် ကျွန်တော်တို့အတွက် အလုပ်ရှုပ်နိုင်ပါတယ်။ ဒါကြောင့် မေလလယ်မှာဒီဝန်ဆောင်မှုကို ဆောင်ရွက်ဖို့အတွက် Member ဖိတ်ခေါ်ပွဲလုပ်ဖို့ရှိတယ်။ ဘယ်ယာဉ်ပိုင်ရှင်မဆို Member ဝင်နိုင်ပါတယ်။ Member ဝင်ပြီးရင်တော့ ဒီဝန်ဆောင်မှုကိုစတင်မှာပါ။ ကျွန်တော်တို့ဝန်ဆောင်မှုပေးမယ့် နေရာတွေကတော့ ရန်ကုန်မြို့တွင်းနဲ့ ရန်ကုန်- မန္တလေး၊ ရန်ကုန်-နေပြည်တော်စတဲ့ အဝေးပြေးလမ်းမကြီးတွေဖြစ်ပါတယ်” […]


klnMay 4, 20101min732
မည်သည့်ရေအမျိုးအစားမဆို နေရာဒေသမရွေး အသုံးပြုနိုင်သော လောင်စာသုံးရေသန့်စက်ကို ပြည်တွင်း ပညာရှင်များက စမ်းသပ်ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း ပြန်လည်ပြည့်မြဲစွမ်းအင်ဥက္ကဋ္ဌ ဦးစိုးမြင့်က ၂၇-၄-၂၀၁ဝ ရက်တွင် ပြောသည်။ “ဒီရေသန့်စင်စက်က စပါးခွံအပြင် အခြားစွန့်ပစ်အမှိုက်တွေကိုလည်း လောင်စာအဖြစ် အသုံးပြုလည်ပတ်နိုင်တဲ့အတွက် ငွေကြေးကုန်ကျမှု သက်သာတဲ့အပြင် အရပ်ဒေသမရွေး သုံးစွဲနိုင်တဲ့အတွက် ရေချိုအခက်အခဲရှိတဲ့နေရာတွေမှာ အသုံးပြုနိုင်တယ်” ဟု ၎င်းကပြောသည်။ ၎င်းရေသန့်စက်မှာ တစ်ဖက်မှ ရေကိုအပူပေးပြီး အငွေ့ကို စုဆောင်းသည့်အတွက် ရေသန့်အစစ် Disco Water ဖြစ်သည့် အတွက် သောက်ရေသန့်အဖြစ် အသုံးပြုနိုင်ကြောင်းစမ်းသပ်တွေ့ရှိချက်အရ ကျန်းမာရေးအတွက် လည်းကောင်းပြီး ရွာတစ်ရွာတွင် ယင်းစက်ကို တပ်ဆင်ထားပါက အနီးပတ်ဝန်ကျင်ရှိရွာငါးရွာခန့်အထိ ဖြန့်ဝေပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းသန့်စင်စက်မှာရေငန်ဒဏ်ခံနိုင်ရန် သံမဏိဖြင့်ပြုလုပ်ရခြင်းဖြစ်သည့်အတွက် ကုန်ကျစရိတ်မှာ ကျပ် ၁ဝသိန်းဝန်းကျင်ခန့်ရှိကြောင်း၊ ရေငန်အပါအဝင် မည်သည့်ရေမဆို မည်သည့်ရေမျိုးမဆိုရေချိုရေသန့် ပြန်လည်ရရှိပြီး သောက်သုံးရေအဖြစ် […]


klnMay 4, 20101min560
နယ်လှည့်သဘာဝဘေးအန္တရာယ်အသိပညာပေးရေယာဉ် မေလဒုတိယပတ်တွင် နာဂစ်ဒေသို့ လှည့်လည်၍ အသိပညာပေးလုပ်ငန်းများ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း(MES)နှင့်ဂျပန်နိုင်ငံ Asia Seeds အဖွဲ့တို့ပူးပေါင်း၍ ဆောင်ရွက်သော “ဘဝသစ်”နယ်လှည့်သဘာဝဘေးအန္တရာယ်အသိပညာပေးရေယာဉ်သည် အလျားပေ ၇၀၊ အနံ ၁၆ပေ၊ ရေစူး ၃ပေ၊ စောက်အနက် ၆ပေရှိပြီး ၂၀၁ဝ ဇန်နဝါရတွင် စတင်၍ ပုဂ္ဂလိကပိုင်တွန်းသင်္ဘောတစ်စီးကို ဝယ်ယူကာ စန်စတကျပြင်ဆင်ခဲ့ပြီး မြင်းကောင်ရေ ၂၅ဝအားရှိ ဟီးနိုးအင်ဂျင်နှစ်လုံးတပ်ထားသည့်အပြင် တွန်းသင်္ဘောဖြစ်သဖြင့် အရေးကြုံပါက ကယ်ဆယ်ရေးလုပ်ငန်းကိုပါ လုပ်ကိုင်နိုင်သည်။ အဆိုပါသင်္ဘောကို ငွေကျပ်သိန်း ၇၅ဝဖြင့် ဝယ်ယူ၍ ပြင်ဆင်မှုများဆောင်ရွက်ခဲ့ရာ စုစုပေါင်း ငွေကျပ် သိန်း ၉၀ဝကျော်ခန့် ကုန်ကျခဲ့ပြီး ယင်းသင်္ဘောကို ACT Internatioal က လှူဒါန်းခဲ့ကြောင်း သိရသည်။ “Asia Seeds နဲ့ပူးပေါင်းပြီး နယ်လှည့်ပညာပေးလုပ်ငန်းကို ၂၀၀၉နိုဝင်ဘာမှာ […]


klnMay 4, 20101min532
လူကုန်ကူးသူများသည် သာသနာ့ဝန်ထမ်းများကိုပါ ဆက်နွှယ်ထိပါးနေသဖြင့် သာသနာ့ဝန်ထမ်း၊ ရဟန်း၊ သီလရှင်များကိုပါထည့်သွင်း၍ လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေးမှုများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အထူးလိုအပ်ကြောင်း လူကုန်ကူးမှုတိုက်ဖျက်ရေးဆောင်ရွက်လျက်ရှိသော အဆင့်မြင့်ရဲအရာရှိကြီးတစ်ဦးက ပြောကြားလိုက်သည်။ ယခုအခါတွင် လူကုန်ကူးသူများအနေနှင့် ရဟန်း၊ သံဃာတော်များကိုပါ လိမ်ညာလှည့်ဖျား၍ လူကုန်ကူးမှုဆန်ဆန်များ ကျူးလွန်နေကြသဖြင့် ယင်းသို့ပြောကြားရခြင်းဖြစ်ကြောင်း ပြည်တွင်းလူကုန်ကူးမှုနှင့်ပတ်သက်သော အင်န်ဂျီအိုအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးကလည်း ပြောသည်။ “မိဘမဲ့ကလေးတွေ၊ “၀”တိုင်းရင်းသား၊ ပအိုဝ်းတို်င်းရင်းသားကလေးလေးတွေကို ကျောင်းထားပေးတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာဖြစ်တယ်လို့တော့ သိရတယ်။ ကလေးလေးတွေက ဘုန်းကြီးကျောင်းသားတွေအနေနဲ့ အဲဒီဘုန်းကြီးကျောင်းမှာနေတော့ ကလေးများလာတော့ ဘုန်းကြီးကလည်း မတတ်နိုင်တော့ဘူး။ အဲဒီမှာ သီရိလင်္ကာက ဘုန်းကြီးကျောင်းတစ်ကျောင်းကလာခေါ်ကာ သာသနာပြန့်ပွားအောင် လုပ်မယ်ဆိုပြီးခေါ်သွားတာ့ ဘုန်းကြီးက ကလေးတွေတိုးတက်ရေးအတွက် ပေးလိုက်တယ်။ အဲဒီမှာပြဿနာက စတာပါ။ ခေါ်သွားတဲ့ကလေးတွေကို သီရိလင်္ကာဘုန်းကြီးက ခေါင်းတုံးတုံးပြီး နာဂစ်ဒေသကကလေးတွေ အလှူငွေထည့်ပါဆိုပြီး အလှူခံစားပါတယ်ဆိုပြီး အပြင်မှာ သတင်းထွက်နေတယ်”ဟု ယင်းကပြောသည်။ ကလေးများအား […]


klnMay 4, 20101min630
မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် သွေးအိတ်ပေါင်း ၁၅၀ဝသိုလှောင်နိုင်တော့မည့် အမျိုးသားသွေးဌာနသစ်ကို မေလအတွင်းဖွင့်မည်ဖြစ်ကြောင်း သိရသည်။ “အခုလက်ရှိသွေးဌာနမှာ သွေးအိတ်ပေါင်း ၁၀၀ဝပဲသိုလှောင်နိုင်တယ်။ ပြောင်းရွှေ့မယ့်ဌာနအသစ်မှာတော့ သွေးအိတ်ပေါင်း ၁၅၀ဝအထိ သိုလှောင်နိုင်မယ်။ နည်းပညာတွေလဲ ပိုပြီးအဆင့်မြင့်တယ်။ အခုစက်ပိုင်းဆိုင်ရာတွေစိတ်ချရအောင် ပြင်ဆင်မှုတွေလုပ်နေတယ်။ မေလအတွင်း အဲဒီကိုပြောင်းရွှေ့သွားမယ်”ဟု ရန်ကုန်ဆေးရုံကြီး အမျိုးသားသွေးဌာန တာဝန်ခံဆရာဝန်ကြီး ဒေါက်တာဒေါ်သီတာအောင်မှ ပြောကြားသည်။ လက်ရှိအမျိုးသားသွေးဌာနကို ရန်ကုန်ဆေးရုံကြီးပရဝဏ်အတွင်း ဖွင့်လှစ်ထားပြီး ယခုအခါ ရွှေတိဂုံဘုရားလမ်း၊ လသာမြို့နယ်ရှိ ယခင်သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်တွင် ထို်ငးနိုင်ငံ အမျိုးသားကြက်ခြေနီအသင်းကြီးနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ အဆင့်မြင့်ပြုပြင်ပြီး သွေးလှူဘဏ်အဆောက်အအုံသစ်အဖြစ် တည်ဆောက်ခဲ့သော နေရာသို့ပြောင်းရွှေ့မည်ဟု သိရသည်။ ယခုလက်ရှိ အမျိုးသားသွေးဌာနမှ သွေးရောဂါသည်များအား တစ်နေ့လျှင် သွေးအိတ်ပေါင်း ၃ဝမှ ၄ဝကြားအား အခမဲ့ကူညီပေးလျက်ရှိပြီး အရေးပေါ်သွေးလိုအပ်မှုများရှိပါက အမျိုးသားသွေးဌာန သို့ဆက်သွယ်၍ အကူအညီတောင်းနိုင်ကြောင်း ၂၀၁ဝခုနှစ် […]


klnMay 4, 20101min430
ကမာ္ဘပေါ်ရှိသစ်တောပြုန်းတီးမှုအများဆုံးနိုင်ငံများတွင် မြန်မာနိုင်ငံပါဝင်လျက်ရှိကြောင်း Xinhua သတင်းတစ်ရပ်အရ သိရသည်။ ကမာ္ဘပေါ်တွင် ဘရာဇီး၊ အင်ဒိုနီးရှား၊ ဆူဒန်နိုင်ငံတို့ပြီးလျှင်မြန်မာနိုင်ငံသည်သစ်တောပြုန်းတီးမှုအများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ကြောင်းနှင့် ၂၀၁ဝပြည့်နှစ် မှ ၂၀၀၅ခုနှစ်အတွင်း သစ်တောမြေဟက်တာပေါင်း ၄၆၆,၀၀ဝပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။ ယင်းကဲ့သို့ သစ်တောများပြုန်းတီးမှုကိုကာကွယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးတို့ကို ပုဂ္ဂလိက ကုမ္ပဏီများ၊ NGO များနှင့် ၂၀၀၅ ခုနှစ်ကတည်းကဆောင်ရွက်လျက်ရှိရာ ကောင်းမြတ်ကုမ္ပဏီ၊ ထူးဖောင်ဒေးရှင်း၊ ရဲတံခွန်၊ ATSO Green၊ NRTC နှင့် ဟွန်ဒါကုမ္ပဏီတို့က ကျွန်းစိုက်ခင်းဟက်တာပေါင်းများစွာကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ဗန်းမော်မြို့နှင့် ပဲခူးတိုင်းတို့တွင် အကောင်အထည်ဖော်လျက်ရှိကြောင်းသိရသည်။ ထို့ပြင် NGO များအနေဖြင့် ကိုရီးယားအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်အေဂျင်စီ ( KOICA) ၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ ( JICA) အပါအဝင် အခြား NGO များက အထက်အညာဒေသစိမ်းလန်းစိုပြည်ရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း […]


klnMay 3, 20101min682
ဗုံးပေါက်ကွဲမှုနှင့် ကောလဟာလသတင်းများထွက်ပေါ်ပြီးနောက်ပိုင်း ရန်ကုန်မြို့ရှိ လူစည်ကားသောဈေးကြီးများနှင့် ရှော့ပင်းစင်တာအချို့သို့ လာရောက်သူနှင့် လာရောက်ဝယ်ယူသူဦးရေ သိသိသာသာလျော့ကျလာကြောင်း အဆိုပါနေရာများမှ စုံစမ်းသိရှိရသည်။ ဈေးကြီးများတွင် လာရောက်ဈေးဝယ်သူလျော့ကျလာသည်ဟုဆိုရာတွင် အခြေခံစားသောက်ကုန်နှင့် အသင့်စားသောက်ကုန်ပစ္စည်းရောင်းချသော ဈေးကြီးများတွင် လျော့နည်းသွားချင်းမျိုးမဟုတ်ဘဲ အဝတ်အထည်နှင့် အခြားလူသုံးကုန်များရောင်းချသော ဈေးများတွင်သာ လျော့ကျသွားသည်ဟု သိရှိရသည်။ ညောင်ပင်လေးဈေးရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်တစ်ခုက “ကျွန်မတို့ဈေးကတော့ စားသောက်ကုန်ပစ္စည်းရောင်းတဲ့ဈေးဆိုတော့ လူမပြတ်ပါဘူး။ ဗုံးပေါက်ကွဲမှုတွေ၊ ကောလဟာသတင်းတွေထွက်ပေါ်ပြီးနောက်ပိုင်းမှာ ဈေးကိုလူလာတာ သိသိသာသာကြီးနည်းသွားတာမျိုးမရှိပါဘူး။ ဗုံးပေါက်ကွဲမှုမဖြစ်ခင်ကတည်းက ဈေးထဲမှာ တချို့ရက်တွေဆို လူနည်းပြီး အရောင်းအဝယ်အေးနေကျမို့လို့ပါ။ ကိုယ့်ဈေးက စားသောက်ကုန်ပစ္စည်းရောင်းတဲ့ဈေးဆိုတော့ ခါတိုင်းတစ်ပတ်သုံးခါလာတဲ့သူက အခုဆိုရင် နှစ်ခါလောက်ပဲလာတာမျိုးတော့ရှိပါတယ်။ စားသောက်ကုန်ပစ္စည်းဆိုတော့ အဝတ်အထည်တို့လို တစ်ခါတလေမှ ဝယ်ရတာမျိုးမဟုတ်ဘူးလေ”ဟု ဆိုပါသည်။ ရန်ကုန်မြို့ရှိ ဈေးကြီးများတွင်လည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးသည့်နောက်ပိုင်းတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်အတူ လုံခြုံရေးကိုပါ တိုးမြှင့်ခဲ့ကြောင်း သိရှိရသည်။ “အခုလက်ရှိမှာ ကျွန်တော်တို့မင်္ဂလာဈေးအနေနဲ့ လုံခြုံရေးကို […]


klnMay 3, 20101min461
မြန်မာနိုင်ငံ၏ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများကို အများဆုံးကိုင်တွယ်ဆောင်ရွက်နေသည့်အဓိက ဆိပ်ကမ်းဖြစ်သော ရန်ကုန်ဆိပ်ကမ်းကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုခဲ့ရာ လက်ရှိတွင် ပုဂ္ဂလိကမှ ဆိပ်ကမ်းလွှဲပြောင်းယူနေမှုအား ခေတ္တဆိုင်းငံ့ထားကြောင်း ဆိပ်ကမ်းအသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်လက်အောက်ရှိ ဗိုလ်တထောင်ဆိပ်ကမ်း၊ ဗိုလ်အောင်ကျော်ဆိပ်ကမ်း၊ ပန်းဆိုးတန်းနန်းသီတာဆိပ်ကမ်းနှင့် ကျန်းမာရေးဆိပ်ကမ်း၊ ဆူးလေဆိပ်ကမ်းများ၏ ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းများကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ B.O.Tစနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုသွားမည်ဟု နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိပြီးနောက်တွင် ဗိုလ်အောင်ကျာ်ဆိပ်ကမ်းအား ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတစ်ခုက မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့်အတူ ဧပြီလ ၁ရက်နေ့တွင် ပူးတွဲစီမံခန့်ခွဲမှု စတင်ခဲ့ကြောင်း သိရသည်။ သို့သော် လက်ရှိအချိန်တွင်မူ အကြောင်းကြောင်းကြောင့် ဗိုလ်အောင်ကျော်ဆိပ်ကမ်းလွှဲပြောင်းယူနေမှုအား ခေတ္တဆိုင်းငံ့ထားကြောင်း သိရှိရသည်။ ထိုသို့ ဆိုင်းငံ့ထားချိန်ကို အနည်းဆုံးဧပြီလကုန်အထိထားရှိပြီး အချိန်သုံးလနီးပါးခန့်လည်း ကြာသွားနိုင်ကြောင်း အဆိုပါအသိုင်းအဝိုင်းနှင့်နီးစပ်သူတစ်ဦးက ပြောပြခဲ့သည်။ “ဘာကြောင့် ဒီလိုလုပ်ရတယ်ဆိုတဲ့အကြောင်းရင်းကိုတော့ သေချာမသိပါဘူး။ ဗိုလ်အောင်ကျော်ဆိပ်ကမ်းကို ပုဂ္ဂိကကို ဦးဆုံးလွှဲပြောင်းပေးတာပါ။ အခုဗိုလ်အောင်ကျော်ဆိပ်ကမ်းလွှဲပြောင်းမှု ဆိုင်းငံ့နေတော့ […]


klnMay 3, 20101min581
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိလာကြသည့် မည်သည့်နိုင်ငံသားတိုင်းမဆိုဆိုက်ရောက်ဗီဇာ Visa On Arrival စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း ဧပြီလ ၃ဝ ရက်နေ့ ပြည်ထဲရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ၌ ဆိုက်ရောက်ဗီဇာပြောင်းလဲကျင့်သုံးရေးဆိုင်ရာ အစည်းအဝေးမှ ဆုံးဖြတ်ချက်များအရ သိရှိရပါသည်။ ကမာ္ဘလှည့်ခရီးသွားများ အနေဖြင့် ယခင်ကမြန်မာနိုင်ငံ၌ ဆိုက်ရောက်ဗီဇာရရှိခဲ့မှုမရှိခြင်းကြောင့် ထိုင်းနှင့် စင်ကာပူနိုင်ငံများတွင် ဗီဇာရရှိရန်ကြိုးပမ်းရ၍ အချိန်နှောင့်နှေးခြင်း ကြုံတွေ့ရသည့်အတွက် ယခုကဲ့သို့ စီစဉ်ခဲ့ရပြီး မြန်မာနိုင်ငံခရီးသွား ကဏ္ဍတွင်လည်း ပိုမိုအဆင်ပြေစေရန် ရည်ရွယ်သည်ဟု သိရှိရပါသည်။ မည်သည့် နိုင်ငံသားမဆို ၎င်းတို့သက်ဆိုင်ရာနိုင်ငံမှ လာရောက်သူတိုင်းအား ဆိုက်ရောက်ဗီဇာစည်းမျဉ်းဘောင်ဝင်လျှင် ဗီဇာထုတ်ပေးမည်ဖြစ်ကြောင်း၊ လျှောက်ထားသူ၏ ပတ်စ်ပို့သက်တမ်းသည် ရန်ကုန်သို့ရောက်ရှိချိန်တွင် သက်တမ်းအနည်းဆုံး ခြောက်လရှိရမည်ဟုသိရသည်။ ဆိုက်ရောက်ကမာ္ဘလှည့်ဗီဇာအတွက်ဗီဇာကြေး အမေရိကန်ဒေါ်လာ ၃ဝကောက်ခံပြီး နေထိုင်ခွင့် ၂၈ရက်ပေးမည်ဖြစ်ပြီး သက်တမ်းတိုးခွင့် ပြန်လည်လျှောက်ထားခြင်းခွင့်မပြုကြောင်း၊ ဆိုက်ရောက်လုပ်ငန်းဗီဇာအတွက် အမေရိကန်ဒေါ်လာ ၄ဝ ကောက်ခံပြီးနေထိုင်ခွင့်ရက် […]


klnMay 3, 20101min562
ပြည်ပသို့ထွက်ခွာမည့် မြန်မာနိုင်ငံသားခရီးသည်များအနေဖြင့် တစ်ဦးလျှင်တစ်ကျပ်သားထက်မပိုသည့် ရွှေထက်ပစ္စည်းကိုသာ ယူဆောင်ခွင့်ပြုပြီး ကျောက်ကွင်းထားသည့် မည်သည့်လက်ဝတ်ရတနာကိုမျှ ပြည်ပသို့ ယူဆောင်ခွင့်မပြုကြောင်းပြည်ပမှ ပြန်ရောက်လာသည့် မြန်မာခရီးသည်တစ်ဦးထံမှသိရသည်။ အဆိုပါ ညွှန်ကြားချက်ကို အကောက်အခွန်ဌာနမှ ထုန်ပြန်ထားခြင်းဖြစ်ကြောင်း၊ ချမှတ်ထားသည့် စည်းကမ်းများကို လိုက်နာခြင်းမရှိသူများအား နိုင်ငံခြားငွေလှဲလှယ်မှု ကြီးကြပ်ရေး အက်ဥပဒေပုဒ်မ (၉/၂)ဖြင့်လည်းကောင်း၊ ကျောက်မျက်ရတနာဥပဒေပုဒ်မ (၃၉)အရလည်းကောင်း အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံမှ အကြောင်းအမျိုးမျိုးဖြင့် ပြည်ပသို့ ထွက်ခွာသည့် မြန်မာနိုင်ငံသားခရီးသည်အချို့သည် ကျောက်မျက်ရတနာ၊ လက်ဝတ်ရတနာများအား ပြည်ပသို့ ထုတ်ယူသယ်ဆောင်သွားကြသဖြင့် လေဆိပ်မှတာဝန်ရှိသူများအနေဖြင့် အထူးကြပ်မတ်စစ်ဆေးလျက်ရှိကြောင်း အကောက်ခွန်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ပြည်ပထွက်ခွာနေရာတွင် နိုင်ငံခြားသားများပစ္စည်းယူဆောင်ခွင့်နှင့် ပတ်သက်သည့် ကြေညာချက်များကိုလည်း ကြေညာထားကြောင်း သိရသည်။