klnApril 26, 20101min621
ဧပြီလ ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်တော်ကြီးကန်ပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ် ရှေ့၌ ဗုံး ပေါက်ကွဲမှု ကြောင့် အပြစ်မဲ့ပြည်သူ အမျိုးသားငါးဦး၊ အမျိုးသမီးသုံးဦး စုစုပေါင်း ရှစ်ဦးသေဆုံးပြီး အမျိုးသား ၁၂၅ ဦး၊ အမျိုးသမီး ၄၅ ဦး စုစုပေါင်း ၁၇ဝ ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများအား ရန်ကုန်ပြည်သူ့ဆေးရုံးကြီးသို့ ပို့ဆောင်၍ ဆေးကုသပေးလျက် ရှိကြောင်း သတင်းများ ထုတ်ပြန်ပေးခဲ့ပြီး ဖြစ်သည်။ ဆေးရုံ၌ ဆေးကုသမှု ခံယူလျက်ရှိသော ဒဏ်ရာရ လူနာများအနက် လူနာအများစုမှာ ဆေးရုံးမှ ဆင်းသွားနိုင်ခဲ့ပြီး ဧပြီ ၂၄ ရက်အထိ အမျိုးသား ၄၂ ဦး၊ အမျိုးသမီး ၁၈ ဦး […]


klnApril 26, 20101min931
မြင်းမူမြို့၏ ဧပြီ ၂၃ရက်နေ့ အမြင့်ဆုံးအပူချိန် ၄၆ ဒသမ ၅ ဒီဂရီစင်တီဂရိတ် (၁၁၅ ဒသမ ရ ဒီဂရီဖာရင်ဟိုက်)သည် လွန်ခဲ့သောနှစ်ပေါင်း ၂ရနှစ်အတွင်း ယင်းမြို့၏ ဧပြီလအတွက် အမြင့်ဆုံးအပူချိန် စံချိန်သစ်ဖြစ်သည်။ ယခင်စံချိန်ဟောင်းမှာ ၂၀၀၆ခုနှစ် ဧပြီ ၁၂ရက်တွင် ၄၆ ဒသမ သုည ဒီဂရီစင်တီဂရိတ် (၁၁၄ ဒသမ ၈ ဒီဂရီဖာရင်ဟိုက်)ဖြစ်သည်။


klnApril 26, 20101min490
လက်ရှိကာလတွင် မြန်မာနိုင်ငံဒေသအချို့တွင်သာ မိုးကြိုမိုးရွာသွန်းမှုရှိနေပြီး ဒေသအများစု၌ မိုးကြိုမိုးရွာသွန်းခြင်းမရှိသေးကြောင်း၊ အပူချိန်ထူးခြားစွာမြင့်တက်ခြင်းမရှိသော်လည်း ရက်ဆက်ပူပြင်းနေသည့်အတွက် အပူဒဏ်ကို တွေ့ကြုံခံစားနေရကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်နွေရာသီသည် မတ်လဆန်းတွင် စတင်လေ့ရှိပြီး အပူဆုံးကာလသည် ဧပြီလဖြစ်ကာ မေလလယ်ဝန်းကျင်အထိ အပူချိန်မြင့်မားမှုကို ခံစားရလေ့ရှိသည်ဟု သိရှိရသည်။ မြန်မာနိုင်ငံတွင် ယခင်နှစ်များက မိုးကြိုကာလဝင်ရောက်သည်နှင့် မိုးကြိုမိုးများ ရွာသွန်းတတ်ကာ အဆိုပါမိုးကြိုမိုးများကြောင့် အပူဆုံးဖြစ်သည့်ကာလများအတွင်း အပူဒဏ်ကို ရက်စက်ဆက်ခံစားရခြင်းမရှိခဲ့ကြောင်း သိရသည်။ လတ်တလော ရာသီဥတုအနေအထားတွင်မူ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင်သာ မိုးရွာသွန်းမှု ပုံမှန်ရှိနေပြီး အခြားဒေသများတွင် မိုးရွာသွန်းမှုကို ကြုံတွေ့ရခြင်းမရှိသလောက်ပင်ဖြစ်ကြောင်းသိရသည်။ “အယ်လ်နီညိုရဲ့ သဘောသဘာဝကို တွေ့နေရတာဖြစ်ပါတယ်။ အယ်လ်နီညိုရဲ့သက်ရောက်မှုကြောင့် မိုးခေါင်နိုင်တယ်။ မိုးခေါင်တာကို ဇွန်၊ ဇူလိုင်လတွေအထိကြုံနိုင်တယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာကြုံနိုင်တယ်။ အောက်ပိုင်းဒေသတွေမှာလည်း ကြုံရဖို့အလားအလာများပါတယ်” ဟု မိုးလေဝသပညာရှင်ဒေါက်တာထွန်းလွင်က ပြောကြားခဲ့ပါသည်။ ဧပြီ၊ မေလများသည် […]


klnApril 26, 20101min720
ရန်ကုန်မြို့တွင်း နေရာများဖြစ်သည့် ကမာ္ဘအေးစေတီလမ်း၊ ကန်တော်ကြီးမျှော်စင်ကျွန်း၊ လပြည့်ဝန်းပလာဇာ၊ ဗညားဒလလမ်းရှိ ဘုရင့်နောင်ရုပ်ရှင်ရုံ၊ North Point ရှော့ပင်းစင်တာများတွင် ဗုံးပေါက်ကွဲသည်ဟူသော ကောလဟာလများနေ့စဉ်ထွက်ပေါ်ခဲ့သော်လည်း မှန်ကန်ခြင်းမရှိကြောင်း သိရသည်။ “ဧပြီလ ၂၁ရက်နေ့ ညနေပိုင်းက ကျောက်မြောင်းမှာရှိတဲ့ ဘုရင့်နောင်ရုပ်ရှင်ရုံမှာ ဗုံးပေါက်တယ်ဆိုပြီးပြောကြတယ်။ ဒီမတိုင်ခင်ကလည်း ဟိုနေရာမှာ ဗုံးပေါက်မှုဖြစ်နေတယ်၊ ဒီနေရာမှာ ဗုံးပေါက်တယ်ဆိုပြီး နေ့တိုင်းလိုလိုကြားနေရတယ်။ ဖြစ်စဉ်တွေက မဟုတ်မှန်းသိရပေမယ့် ဘယ်အချိန်၊ ဘာဖြစ်လာမလဲဆိုပြီး စိုးရိမ်နေရတယ်” ဟု တာမွေမြို့နယ် ကျောက်မြောင်းရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။ “ဧပြီလ ၁၅ရက်နေ့ ဗုံးကွဲတဲ့နောက်မှာ ဗုံးပေါက်တယ်ဆိုတဲ့အသံတွေတော်တော်ကြားနေရတယ်။ မျှော်စင်ကျွန်းမှာပေါက်တယ်ကြားလိုက်၊ လပြည့်ဝန်းပလာဇာမှာပေါက်တယ်ကြားလိုက်နဲ့ နေရာအနှံ့ပါပဲ။ ဘယ်ကနေ ဘယ်လိုပျံ့နေတဲ့ ကောလဟာလတွေလည်း မသိပါဘူး။ ဒီလို ဟိုကြား ဒီကြား၊ ဟိုလန့် ဒီလန့်ဘဝမျိုးက တော်တော်ဆိုးပါတယ်” ဟု ဗဟန်းမြို့နယ်အတွင်း […]


klnApril 26, 20101min460
ပြည်တွင်းဈေးကွက်အတွင်း ကုန်ပစ္စည်းများတွင်သွင်းလျက်ရှိသောသွင်းကုန်လုပ်ငန်းအချို့သွင်းကုန်လိုင်စင်ပါ အချက်အလက်များ မှားယွင်းမှုကြောင့် အယ်လ်စီ( ငွေလွှဲစာတမ်း) ဖွင့်ချိန်တွင် အခက်အခဲဖြစ်ပေါ်မှုများ ယခင်ကထက်ပိုမိုများပြားလာကြောင်း ကုန်သွယ်ရေးအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။ ထိုကဲ့သို့ သွင်းကုန်လိုင်စင်ပါအချက်အလက်များ မှားယွင်းခဲ့သည့်အကြောင်းရင်းထဲတွင် လိုင်စင်ရရှိချိန်တွင် အချက်အလက်များအား မှန်ကန်ခြင်းရှိ မရှိစစ်ဆေးမှုအားနည်းခဲ့ခြင်း၊ အချက်အလက်ဖြည့်စွက်သူမှ မှားယွင်းစွာ ထည့်သွင်းမိခြင်းတို့ပါဝင်ကြောင်း၊ လုပ်ငန်းများအနေဖြင့် ယင်းမှားယွင်းမှုကိုဖြေရှင်းဆောင်ရွက်ရာတွင် သွင်းကုန်လိုင်စင်အသစ်လျှောက်ထားခြင်း၊ ပြင်ဆင်ခွင့်လျှောက်ထားခြင်း၊ တစ်ဖက်လုပ်ငန်းသို့ မှားယွင်းမှုကို အသိပေးအကြောင်းကြားပြီးလက်ခံပါက ထိုအခြေအနေအတိုင်း အယ်လ်စီ( ငွေလွှဲစာတမ်း) ဖွင့်ပေးခြင်းစသည့် နည်းတို့ဖြင့်ပြေလည်အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရသည်။ အဆိုပါ မှားယွင်းမှုမျိုးဖြစ်ပေါ်ပါက တစ်ဖက်ကုမ္ပဏီသို့ ညှိနှိုင်းဖြေရှင်းခြင်းထက်လိုင်စင်အသစ်ပြန်လည်လျှောက်ထားရသည့် အနေအထားမှာ ပိုမိုများပြားကြောင်းနှင့် လက်ရှိလုပ်ငန်းဆောင်ရွက်နေသော အယ်လ်စီဖွင့်ရက်ကြာမြင့်ချိန်မှာ ခုနစ်ရက်ဝန်းကျင်ရှိပြီး သွင်းကုန်လိုင်စင်ရရှိရန် ကြာမြင့်ချိန်မှာကုန်ပစ္စည်းအမျိုးအစား၊ ပမာဏပေါ်မူတည်ကာ ခုနစ်ရက်မှ (၂၁)ရက်ထိ ရှိကြောင်းသွင်းကုန်တင်သွင်းသူများထံမှသိရှိရသည်။ မြန်မာနိုင်ငံ၏ကုန်သွယ်ရေးမူဝါဒများအရ ပို့ကုန်ငွေပေးချေမှု နည်းလမ်းကို ပို့ကုန်ကြိုတင်လွှဲပို့ငွေစနစ်(TT)နှင့် ပို့ကုန်ငွေလွှဲစာတမ်းစနစ်( LC)တို့ဖြင့် […]


klnApril 26, 20101min640
၂၀၁ဝပြည့်နှစ် ဧပြီလ (၁) ရက်မှစ၍ မြန်မာ့စီးပွားရေးဘဏ်များရှိဘဏ်စာရင်းလက်ကျန်ငွေကိုကျပ်၁၀၀၀ဝ အဖြစ်သတ်မှတ်လိုက်ကြောင်း သိရသည်။ မူလကဘဏ်စာရင်းလက်ကျန်ငွေကိုကျပ် ၁၀၀ဝဟုသာသတ်မှတ်ထားရာမှ ၂၀၁ဝပြည့်နှစ် ဧပြီ၁ရက်နေ့မှစ၍ ယခုကဲ့သို့ ကျပ် ၁၀၀၀ဝ အဖြစ် ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်ကြောင်းသိရှိရသည်။ “ ကျွန်မတို့ဆီမှာတော့ ဒီလိုသတ်မှတ်ချက်မရှိသေးပါဘူး။ အရင်ကသတ်မှတ်ထားတဲ့အတိုင်း ဘဏ်စာရင်းလက်ကျန်ငွေကို အနည်းဆုံးရာဂဏန်းဖြစ်စေ၊ ဒါမှမဟုတ် ကျပ် ၁၀၀ဝထားရှိရင်ရပါတယ်” ဟု ရိုးမဘဏ်မှတာဝန်ရှိသူတစ်ဦးကပြောကြားသွားခဲ့သည်။ ဘဏ်စာရင်းစာအုပ်ပြုလုပ်ရာတွင်လည်းတစ်ဦးတည်း ငွေစာရင်းတစ်ခုနှစ် တွဲဖက်ငွေစာရင်းတစ်ခု၊ စုစုပေါင်းငွေစာရင်းနှစ်ခုထက်ပိုမိုအပ်နှံထားသော ငွေစာရင်းများအား အတိုးငွေထုတ်ပေးမည်မဟုတ်ကြောင်း သိရှိရသည်။  ထို့ပြင်ဘဏ်စာရင်းစာအုပ်၌ နှစ်နှစ်အတွင်း ငွေသွင်းငွေထုတ်ပြုလုပ်ခြင်းမရှိပါက ၂၀၀၉/ ၂၀၁ဝဘဏ္ဍာရေးနှစ်မှစ၍ စာရင်းသေအပ်ငွေအဖြစ်သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ငွေစုဘဏ်စာရင်း၏ အနည်းဆုံးကျန်ငွေကိုလည်း ဧပြီလ ၁ရက်နေ့မှစ၍ အနည်းဆုံးကျန်ငွေတစ်သောင်းထားရှိရန် သတ်မှတ်လိုက်ကြောင်းလည်းထုတ်ပြန်ချက်များအရသိရှိရသည်။ “ ငွေစုဘဏ်စာရင်းမှာ အနည်းဆုံးကျန်ငွေကို ကျပ်တစ်သောင်းထားရှိဖို့ ၂၀၁၀၊ ဧပြီလ ၁ရက်နေ့ကစပြီး သတ်မှတ်လိုက်ပါတယ်၊ […]