klnJune 19, 20101min500
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်မှုကြောင့် သဘာဝဘေးကျရောက်မှုများ၊ ပျက်စီးဆုံးရှုံးမှုများ၊ သေကျေပျက်စီး ဒဏ်ရာရရှိမှုများ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ဇွန် ၁၈ရက်ထုတ် သတင်းစာများ၌ အကျယ်တဝင့် ဖော်ပြခဲ့ပြီးဖြစ်သည်။ အဆိုပါဖြစ်စဉ်များနှင့် စပ်လျဉ်း၍ နောက်ဆက်တွဲသတင်းများအရ စစ်တွေ-ပုဏ္ဏားကျွန်း-ယိုးတရုတ်ရထားလမ်းပိုင်း၊ ဘူးသီးတောင်-မောင်တောသွားကားလမ်းနှင့် ရန်ကုန်-စစ်တွေကားလမ်းတို့ကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်အောင် ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ဇွန် ၁၆ရက် နံနက်ပိုင်းက ရေများပြန်လည်ကျဆင်းသွားပြီ ဖြစ်သည့်အတွက် မောင်တောမြို့မှ ရေဘေးဒုက္ခသည်များသည် ယင်းတို့၏ နေအိမ်အသီးသီးသို့ ပြန်လည်ရောက်ရှိကြပြီဖြစ်ကြောင်း သိရသည်။ ထို့ပြင် မြောက်ဦးမြို့တွင် ဇွန် ၁၅ရက်က မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် လက်အောက်ဈေးရပ်ကွက် ဆင်ချဆိပ်ရွာမရှိ အိမ်ခြေ ၂ရ လုံး၊ ရေအမြင့်သုံးပေခန့်အထိ နစ်မြှပ်ခဲ့ရာ ရေဘေးဒုက္ခသည် ၁၅၂ဦး တို့အား ဆင်ချဆိပ်ရွာမရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင်လည်းကောင်း၊ ဆင်ချဆိပ်ရွာသစ်ရှိ အိမ်ခြေ […]


klnJune 19, 20101min601
ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ် ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့စားသုံးနိုင်ရန် စဉ်ဆက်မပြတ် စစ်ဆေးလျက်ရှိသည်။ ဈေးကွက်များတွင် ရောင်းချလျက်ရှိသော ငရုတ်သီးအရောင်တင်မှုန့်များကို ဓါတ်ခွဲစစ်ဆေးရာ ဗိုလ်မ၊ အောင်သူမြ၊ ရွှေဆင်မင်း၊ သင်းသင်းမွှေး၊ ပိုင်၊ ထူးကောင်း၊ ခြင်္သေ့နှင့် နေတိုး အမှတ်တံဆိပ်များသည် ငရုတ်သီးမဟုတ်သည့်အမှုန့်များကို ရောနှော၍ အနီရောင်ဆိုးထားခြင်းဖြစ်ကြောင်း တွေ့ရှိရသဖြင့် စားသုံးရန် မသင့်ကြောင်း အသိပေးကြေညာအပ်ပါသည်။ အစားအသောက်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများသည် အစားအသောက် အတုများရောစပ်ထားသော အစားအသောက်၊ စံမညီအစားအသောက်များကို မပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက အမျိုးသားအစားအသောက် ဥပဒေပုဒ်မ ၂၈(က) အရ တရားစွဲဆို အရေးယူမည်ဖြစ်ကြောင်း သိရသည်။


klnJune 19, 20101min550
တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို ဇွန်လ ၁၃ရက်နေ့နံနက် ၆နာရီက ထုတ်ပြန်ကြေညာသည်။ သက်ဆိုင်ရာကျောင်းများ၌ အောင်စာရင်းများကပ်ထားသည့်အပြင် ရန်ကုန်မြို့ အင်းစိန်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကမာရွတ်မြို့နယ် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၊ လမ်းမတော်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဒဂုံမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် သင်္ဃန်းကျွန်းမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းများတွင်လည်း ရန်ကုန်တိုင်းမှအပ အခြားသော ပြည်နယ်နှင့်တိုင်းများ၏ အောင်စာရင်းများကို ထုတ်ပြန်ကြေညာပေးခဲ့သည်။ တက္ကသိုလ်ဝင်တန်းအောင်စာရင်းများအနက် လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ပြည်နယ်နှင့်တိုင်းများရှိ စာစစ်ဌာနများမှ ဖြေဆိုကြသူများ၏ အောင်စာရင်းများကိုလည်း မြန်မာ့အသံမှ ထုတ်လွှင့်ကြေညာပေးခဲ့သည်။ ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက်ရာခိုင်နှုန်းသည် မနှစ်ကထက် မြင့်တက်လာကြောင်း အခြေခံပညာ မြို့နယ်ရုံးတချို့မှ သိရသည်။ (၂၀၀၉-၂၀၁၀)ပညာသင်နှစ်အတွက် ရန်ကုန်တစ်မြို့လုံးမှာ လသာမြို့နယ်က အောင်ချက်ရာခိုင်နှုန်းအမြင့်ဆုံးဖြစ်ကြောင်းသိရသည်။ ဒဂုံမြို့နယ်တွင် ဂုဏ်ထူးရရှိသူ ၅၉၉ဦး၊ အောင်ချက်ရာခိုင်နှုန်း ၇၀.၉၃%၊ လမ်းမတော်မြို့နယ်တွင် ဂုဏ်ထူးရရှိသူ ၂၀၆ဦး၊ အောင်ချက်ရာခိုင်နှုန်း […]


klnJune 19, 20101min710
လာမည့်ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလယှဉ်ပြိုင်သူများသည် ပါတီကိုယ်စားပြုသူများထက် ပိုမို၍အားသာချက်များ ရှိနိုင်သည်ဟု ဝါရင့်နို်င်ငံရေးသမားများက ပြောကြားသည်။ ထိုကဲ့သို့ သုံးသပ်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ ပါတီများတွင် လိုအပ်သည့် စည်းရုံးလှုံဆော်မှုများကို လုပ်ဆောင်ရန် အချိန်လုံလောက်မှု မရှိသောကြောင့် ဖြစ်သည်ဟု ၎င်းတို့က ပြောကြားသည်။ ၁၉၉ဝ ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်တက္ကသိုလ်ဘွဲ့ရနှင့် ကျောင်းသားဟောင်းများပါတိကို ကိုယ်စားပြုပြီး ပုဇွန်တောင်မြို့နယ်တွင် ရွေးကောက်ပွဲဝင်ခံသူ ဦးရန်ကျော်က “ ပါတီဆိုတာ ဝါဒတစ်ခုကို အဓိကသက်ဝင်ယုံကြည်တဲ့သူတွေကို စုစည်းထားတာမျိုးဖြစ်သင့်ပါတယ်။ ဒီဝါဒကို ဖော်ဆောင်နို်င်တဲ့ ခေါင်းစဉ်တွေရှိရမယ်။ နောက်လိုက်တွေနဲ့ စည်းရုံးနို်င်တဲ့ လူတွေလည်းရှိရမယ်။ ဒါတွေကို လုပ်ဆောင်နို်င်ဖို့ အချိန်လုံလောက်မှုမရှိဘူးလို့ ထင်ပါတယ် ” ဟု ပြောသည်။ ၁၉၉ဝ ရွေးကောက်ပွဲတွင် ပြည်ချစ်လူငယ်များပါတီကို ကိုယ်စားပြုပြီး မြောက်ဥက္ကလာပမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဦးဘတင့်ဆွေကလည်း “ ကမာ္ဘပေါ်မှာလည်း ပါတီအမျိုးအစား […]


klnJune 19, 20101min600
နေ့စဉ်ထုတ် အားကစားစာစောင်များ မန္တလေးမြို့တွင် ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။ ဇွန်လ ၁၁ ရက်နေ့မှ ဇူလိုင်လ ၁၁ ရက်နေ့အထိ တစ်လတိုင်တိုင် ကျင်းပမည့် (၁၉) ကြိမ်မြောက် ကမာ္ဘ့ဖလား ဘောလုံးပြိုင်ပွဲအကြောင်းကို ပြည်တွင်းဂျာနယ်သုံးစောင်က နေ့စဉ်ထုတ် အားကစားစာစောင်များအဖြစ် စတင်ထုတ်ဝေလျက်ရှိသည်။ အဆိုပါဂျာနယ်များမှာ မြန်မာတိုင်း(မ်) ၊ 7 Day Sport နှင့် အင်အား အားကစားဂျာနယ်တို့ဖြစ်ကြသည်။ မြန်မာတိုင်း(မ်) ကမာ္ဘ့ဖလားနေ့စဉ်ကို ဇွန်လ ၁ဝရက်နေ့က စတင်ဖြန့်ချိ ထုတ်ဝေခဲ့သည်။ အင်အားမှာ ၁၁ရက်နေ့နှင့် 7 Day Sport မှာ ၁၂ရက်နေ့တို့တွင် အသီးသီးစတင်ဖြန့်ချိ ထုတ်ဝေသည်ဟု ဂျာနယ်လက်ကားဖြန့်ချိရေးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။ မြန်မာတိုင်း(မ်)စာစောင်မှာ စာမျက်နှာ ၂၄ မျက်နှာပါရှိပြီး လေးမျက်နှာမှာ အင်္ဂလိပ်လိုရိုက်နှိပ်ထားသည်။ 7 […]


klnJune 19, 20101min500
မူရင်းမာစတာ တိတ်ခွေများ၊ ဗီစီဒီအခွေများနှင့် ဒီဗီဒီအခွေများကိုသာ အဌားဆိုင်များတွင် ဌားရမ်းခွင့်ပြုမည်ဖြစ်ပြီး ခွေများကိုပွားကူးပြီး ဌားရမ်းခြင်းပြုပါက ထိရောက်သော ပြစ်ဒဏ်များကို ဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟု မန္တလေးတိုင်းဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီမှ အတွင်းရေးမှူး ဦးကျော်ဝင်းကပြောသည်။ ဆင်ဆာလက်မှတ်အသေမပါရှိသည့် ဗီဒီယိုတိတ်ခွေများကို ဌားရမ်းကြောင်း စစ်ဆေးတွေ့ရှိပါက ထိုသူကို ထောင်ဒဏ်သုံးနှစ်အထိဖြစ်စေ၊ ငွေဒဏ်ကျပ် တစ်သိန်း ထိဖြစ်စေ ဒဏ်နှစ်ရပ်စလုံးကိုဖြစ်စေ ချမှတ်သွားမည်ဖြစ်သည်။ မာစတာခွေများတွင် ဗီဒီယိုဆင်ဆာလက်မှတ်နှင့် မြန်မာနို်င်ငံရုပ်ရှင်လုပ်ငန်း အစည်းအရုံး စတေကာတစ်ခု စုစုပေါင်း နှစ်ခု ကပ်ထားသည်။ ဇွန်လ ၄ရက်နေ့ကစပြီး ဆင်ဆာလက်မှတ်ပါခွေများကိုသာ အသုံးပြုရမည်ဖြစ်ကြောင်း မြို့နယ်ငါးခုကို တရားဝင်ညွှန်ကြားထားသည်။ ထိုသို့ညွှန်ကြားပြီးချိန်ကစပြီး မာစတာခွေများ ရောင်းအား ပိုသွက်လာကြောင်း ဖုန်းရှင်မင်း မန္တလေး ဖြန့်ချိရေးမှ ကိုရဲထွန်းက ပြောသည်။ အခွေဌားဆိုင်များမှာ ယခင်ကမူရင်းခွေများကို ဝယ်ယူပြီး ဌားရမ်းမှုမလောက်သည့်အခါတွင် ပွားချပ်များကူးယူပြီး […]


klnJune 19, 20101min470
နေပြည်တော်ခရိုင် ယခုနှစ် တက္ကသိုလ်သင်တန်းအောင်ချက်မှာ ၂၆ဒသမ ၆၈ရာခိုင်နှုန်းရှိကြောင်း ယခုလ ၁၃ရက်နေ့က အခြေခံပညာအထက်တန်းကျောင်းများ၌ ထုတ်ပြန်သော အောင်စာရင်းကြေညာချက်အရသိရသည်။ ဖြေဆိုသူ ၁၁,၇၀ဝကျော်အနက် ၃,၁၀ဝကျော်အောင်ပြီး ဘာသာစုံဂုဏ်ထူးရှင် ရှစ်ဦးပေါ်ထွက်ခဲ့သည်။ ခရိုင်တွင်း မြို့နယ်များတွင် တစ်ဘာသာဂုဏ်ထူးရှင်အများဆုံးမြို့နယ်မှာ ပျဉ်းမနားမြို့နယ်ဖြစ်ပြီး ခြောက်ဘာသာ ဂုဏ်ထူးရှင်အများဆုံးမှာ နေပြည်တော်မှ ထွက်ရှိခဲ့သည်။ ပျဉ်းမနားမြို့နယ်တွင် ဖြေဆိုသူဦးရေ ၄,၅၀ဝကျော်အနက် ၁,၂၀ဝကျော်အောင်မြင်ပြီး ဂုဏ်ထူးရှင် ၄၆ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီးလယ်ဝေးမြို့နယ်ဖြေဆိုသူ ၃,၀၀၁ ဦးအနက် ၇၆ဝဦးခန့်သာအောင်မြင်ခဲ့သည်။ အောင်ချက်မှာ ၂၅ဒသမ ၃၆ရာခိုင်နှုန်း ရှိခဲ့ပြီး ခြောက်ဘာသာတစ်ဦး အပါအဝင် ဂုဏ်ထူးရှင် ၁၀၄ဦးထွက်ရှိခဲ့သည်။ တပ်ကုန်မြို့နယ်မှ ဖြေဆိုသူ ၂,၁၀ဝကျော်တွင် ၄၅ဝခန့် သာအောင်၍ သုံးဘာသာတစ်ဦး၊ နှစ်ဘာသာငါးဦး နှင့် တစ်ဘာသာ ၃၁ဦးထွက်ခဲ့သည်။ နေပြည်တော်မြို့နယ်များမှ ဖြေဆိုသူအရေအတွက်မှာ စုစုပေါင်း ၂,၀၀ဝကျော်ရှိကာ […]


klnJune 18, 20101min550
Air Asia လေကြောင်းလိုင်းမှ ကွာလာလမ်ပူ-ရန်ကုန်တိုက်ရိုက်လေကြောင်းခရီးစဉ်ကို ယခုနှစ်ဇူလိုင် ၂ဝရက်မှ စတင်၍ နေ့စဉ်ပြေးဆွဲသွားမည်ဟုသိရသည်။ အဆိုပါလေကြောင်းလိုင်းမှ လေယာဉ်လက်မှတ်များကို ဇွန်လ ၁၄ရက်မှ ဇူလိုင် ၂ဝရက်အထိ ဦးရာလူစနစ်ဖြင့် အွန်လိုင်းမှ စတင်ရောင်းချသွားမည်ဖြစ်ပြီး ခရီးစဉ်one way လျှင် ကန်ဒေါ်လာ ၈ဒသမ ၈ဝနှင့် ညီမျှသော မလေးရှားငွေ၂၉ရင်းဂစ်ကျသင့်မည်ဖြစ်ကြောင်း၊ ၂၀၁ဝပြည့်နှစ် ဇူလိုင် ၂ဝရက်မှ ၂၀၁၁မေလ ၈ရက်အထိ ခရီးသွားမည့်သူများ ဝယ်ယူနိုင်ကြောင်း သိရသည်။ ဇွန်လ ၁၄ကနေ ဇူလိုင် ၂ဝအထိ အွန်လိုင်းကလေယာဉ်လက်မှတ် ရောင်းတဲ့ ဟာကတော့ ပရိုမိုးရှင်းအနေနဲ့ ဈေးလျှော့ပေးထားတာပါ။ နောက်ပိုင်းကတော့ one way ကိုကန်ဒေါ်လာ ၆၆နဲ့အသွားအပြန်ဆိုရင် ကန်ဒေါ်လာ ၁၃၅ကျပါမယ်။ အွန်လိုင်းက လေယာဉ်လက်မှတ် ဝယ်မယ်ဆိုရင်တော့ Credit Card နဲ့ပဲ […]


klnJune 18, 20101min662
ယခုလ ရရက်နေ့မှာ လိုင်စင်ရဒီဗီဒီရုပ်ရှင်ရုံမှာ ဆင်ဆာမဲ့ ဗီဒီယိုအခွေတွေ ပြသနေတဲ့အတွက် မရမ်းကုန်းရဲစခန်းက တာဝန်ရှိသူတွေ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ မရမ်းကုန်းရဲစခန်းက တာဝန်ရှိသူက “ ဒီလို အခန်းအပြင်အဆင်နဲ့ ဆင်ဆာမဲ့အခွေတွေ ပြသတဲ့အတွက် မိန်းကလေးတွေနဲ့ လူငယ်တွေရဲ့ အကျင့်စာရိတ္တကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့်အရေးယူရခြင်းဖြစ်ပါတယ်” လို့ ပြောပါတယ်။ ဆင်ဆာမဲ့အခွေပြသတဲ့ အခန်းလေးခန်းကို ဖမ်းဆီးအရေးယူခဲ့တာ ဖြစ်ပါတယ်။ ပုဒ်မ ၃၂(ခ) နဲ့ အမှုဖွင့်အရေးယူထားပြီး ဗီဒီယိုဆင်ဆာအဖွဲ့နဲ့ပါ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ သိရသည်။


klnJune 18, 20101min824
ရန်ကုန်မြို့၊ ကမ်းနားလမ်းတစ်လျှောက်ရှိ ဗိုလ်တစ်ထောင် သန်လျက်စွန်းမှ ကြည့်မြင်တိုင် ဟုမ်းလမ်းမှတ်တိုင်အနီးရှိ MECသိုလှောင်ရုံအထိ မြစ်ကမ်းဘက်အခြမ်းကို ၄၈ပေအကျယ်ရှိပြီး တန်၁၀ဝ ခံနိုင်သော ကွန်ကရစ်လမ်းမ အသစ်ဖောက်လုပ်ခွင့်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့၊ ကမ်းနားလမ်းမရှိ ကြည့်မြင်တိုင်၊ အလုံ၊ ဗိုလ်တစ်ထောင်၊ ဆိပ်ကမ်းမြို့နယ်များသို့ ဖြတ်သန်းသွားလာမည့် ကမ်းနားလမ်းသစ် လမ်းတစ်လျှောက်ရှိ ချောင်းကူးတံတားများကို သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ ဆောက်လုပ်မည့်ပုံစံများ ရေးဆွဲပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါ ကမ်းနားလမ်းသည် အကျယ်၄၈ပေ၊ ဘေးနှစ်ဖက်စီရှိ ပလက်ဖောင်းအကျယ် ၆ ပေရှိပြီး လက်ရှိကမ်းနာလမ်းမနှင့် လမ်းသစ်ကြားတွင် လမ်းလယ်ကျွန်းအဖြစ်ပေ ၃ဝ အကျယ်(အပိုင်း၄ သစ်တောလမ်းမှ အပိုင်း ၁၆ ကြာဖြူလမ်းအထိ) ဖောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။ လမ်း၏အူကြောင်းတစ်လျှောက်ရှိ သီရိမင်္ဂလာဈေး ချောင်းအကျယ် ၃၁ ပေ၊ သစ်တောလမ်းထိပ် ချောင်းအကျယ် ၁ဝ ပေ၊ […]


klnJune 18, 20101min580
ရန်ကုန်မြို့မှာ ကမ်းနားလမ်းသစ်ကို အေးရှားဝေါလ်ကုမ္ပဏီမှ တာဝန်ယူပြီး ဆောက်လုပ်မယ်လို့ သိရပါတယ်။ သည်ကမ်းနားလမ်းသစ်ကို အလုံမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ ဆိပ်ကမ်းမြို့နယ်၊ ဗိုလ်တစ်ထောင်မြို့နယ်တို့ကို ဖြတ်ပြီးဖောက်လုပ်မှာဖြစ်တယ်။ လမ်းအကျယ်က ၄၈ပေရှိပြီး ဝဲယာပလက်ဖောင်းအကျယ်က ခြောက်ပေ ရှိတယ်။ လမ်းလယ်ကျွန်း အကျယ်က ပေ ၃ဝရှိမယ်လို့ သိရပါတယ်။ တည်ဆောက်မယ့် လမ်းအမျိုးအစားက ကွန်ကရစ်လမ်းဖြစ်တယ်။ ဖြတ်သန်းခွင့်ရမယ့် တန်အလေးချိန်က တန်တစ်ရာခန့်ရှိပြီး နေ့စဉ်ခန့်မှန်းယာဉ်အစီးရေက ၁၀၀ဝ မှ ၁၂၀ဝ ခန့်အထိ ရှိမယ်လို့ သိရပါတယ်။ ကမ်းနားလမ်းသစ် လမ်းတစ်လျှောက်မှာ တံတားလေးစင်းရှိပြီး ကမ်းနားလမ်းသစ်ရဲ့ ရန်ကုန်မြစ်ဘက်ခြမ်းမှာ မီးရထားလမ်းပါမယ်လို့ သိရပါတယ်။ တံတားလေးစင်းကို သီရိမင်္ဂလာဈေးချောင်း (ကြည့်မြင်တိုင်) မှာတစ်စင်း၊ သစ်တောလမ်းထိပ်၊ ဟာဘီချောင်း၊ ရွာသစ်ချောင်း (အလုံမြို့နယ်) တို့မှာ တည်ဆောက်မယ်လို့ သက်ဆိုင်ရာက ပြောကြားပါတယ်။


klnJune 18, 20101min791
မန္တလေးမြို့တွင် ဖိုင်ဘာကြိုးဖြင့် အင်တာနက်သွယ်တန်းသည့်စနစ် FTTX (Fiber to the xxxx) လိုင်းပေါင်း ၆၀၀ဝ ကိုချပေးရန် လေ့လာမှုများ စတင်၍ ဆောင်ရွက်နေပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ “မန္တလေးတစ်မြို့လုံးကို ၇၈ လမ်းကို အခြေတည်ပြီးဇုန်အေနဲ့ ဇုန်ဘီဆိုပြီး ရှေ့ခြမ်းနောက်ခြမ်းခွဲပြီး Survey ဆင်းနေတယ်။ Survery က တစ်လလောက်ကြာမယ်။ ဇုန်တစ်ခုကို လိုင်း ၃၀၀ဝ နဲ့ စုစုပေါင်းလိုင်း ၆၀၀ဝ တပ်ဆင်ပေးသွားမှာ ဖြစ်ပါတယ်” ဟု အဆိုပါပုဂ္ဂိုလ်က ပြောသည်။ Survey များပြီးဆုံးပါက ဖိုင်ဘာဆက်ကြောင်းများ ခင်းကျင်းခြင်း၊ ဆက်ကြောင်းများအချင်းချင်း ချိတ်ဆက်ခြင်းများကို ပြီးစီးရန် နှစ်လခန့်ကြာမည်ဖြစ်သည်။ ဖိုင်ဘာဖြင့် အင်တာနက်သွယ်တန်း အသုံးပြုလိုသူများအနေဖြင့် ရတနာပုံတယ်လီပို့မှ စိစစ်ရွေးချယ်ပြီး သွယ်တန်းအသုံးပြုခွင့်များ ချပေးသွားမည်ဖြစ်သည်။ […]


klnJune 18, 20101min420
စွမ်းအင်ဝန်ကြီးဌာနမြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံ North Petro-Chem Corporation Limited (NPCC) တို့သည် ကုန်းပိုင်းလုပ်ကွက်F (ငလှိုင်းတွင်းဒေသ) ၌ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော် ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ် (Production Sharing Contract)ကို ဇွန် ၁၆ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမ၌ လက်မှတ်ရေးထိုးချုပ်ဆိုကြကြောင်း သတင်းရရှိသည်။