klnJune 18, 20101min421
ဆီပွဲစားတချို့ ပုဂ္ဂလိကဓါတ်ဆီဆိုင်တွေမှာ ခေါက်တုံ့ခေါက်ပြန် လာဝယ်နေကြလို့ အရောင်းဆိုင်တချို့ ဓါတ်ဆီကို ထိန်းပြီးရောင်းပေးနေရကြောင်း ပုဂ္ဂလိကဆီဆိုင်တချို့ထံက သိရပါတယ်။ ပုဂ္ဂလိကဆီဆိုင်တွေက ရောင်းတဲ့ဓါတ်ဆီ တစ်ဂါလန်ဈေးနှုန်းက အပြင်ဈေးထက် နည်းနေတာဖြစ်ပါတယ်။ ပွဲစားကဓါတ်ဆီတစ်ဂါလန် ကျပ် ၂၅၀ဝနဲ့ ဆိုင်တွေကဝယ်ပြီးစုတယ်။ ဓါတ်ဆီဂါလန် ငါးဆယ်၊ တစ်ရာဝယ်စုပြီးတာနဲ့ အပြင်မှာ ဓါတ်ဆီတစ်ဂါလန် ကျပ် ၂၇၀၀၊ ၂၈၀ဝ နဲ့ပြန်ရောင်းပါတယ်။ ပွဲစားက ဓါတ်ဆီဝယ်စုနေတာကြောင့် အမှန်တကယ်ဝယ်သုံးမယ့် ကားပိုင်ရှင်တွေအတွက် ဆီလုံလုံလောက်လောက် မရောင်းပေးနိုင်မှာကို စိုးရိမ်တယ်လို့ ကောင်းဇော်ဟိန်းကုမ္ပဏီ ဆီအရောင်းဆိုင်မန်နေဂျာ ဦးကျော်ဇင်နို်င်က ပြောပါတယ်။ သူက “တကယ်ဝယ်သုံးတဲ့သူက ဓါတ်ဆီခြောက်ဂါလန်အထိပဲ ဝယ်ကြတာများပါတယ်၊ ပွဲစားတွေက တစ်ခါလာဝယ်ရင် ၁ဝ ဂါလန်ကျော်နဲ့ နှစ်ခေါက်သုံးခေါက် လာဝယ်နေတော့ ဆီပွဲစားရဲ့ကားဆိုတာ သိသာလာတယ်” လို့ တွေ့ကြုံရတာပြောတယ်။ ဓါတ်ဆီသီးသန့်ရောင်းတဲ့ ပုဂ္ဂလိကဆီဆိုင်တချို့မှာ ဆီပွဲစားကြောင့် […]


klnJune 18, 20101min602
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၅သိန်းတန် စီဒီအမ်အေဖုန်းများကို အကန့်အသတ်မရှိ ချပေးမည်ဖြစ်ပြီး ဆက်သွယ်ရေးကောင်းမွန်စေရန်အတွက် ပင်မစခန်းများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇွန်လ ၅ရက်နေ့တွင် ရန်ကုန်မြို့ အလုံမြို့နယ်ရှိ ဝါယာလက် အော်တိုတယ်လီဖုန်းဌာနသို့ လာရောက်စစ်ဆေးသည့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနဝန်ကြီး ဦးသိန်းဇော်က ပြောကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားချက်အရ သိရသည်။ လိုင်းဆွဲအား ကောင်းမွန်စေရန်အတွက် MCS ဆက်သွယ်ရေး ပင်မစခန်း ခံနိုင်ဝန် မြှင့်တင်ခြင်း၊ BTS စခန်း ၉ ခုတပ်ဆင်ခြင်းနှင့် CU (Carrier Unit) ၉၂ ခု တိုးမြှင့်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ငါးသိန်းတန် အထိုင်ဖုန်းများကို ရွေ့လျားဖုန်းများအဖြစ် သယ်ယူသွားလာနေခြင်းကြောင့် ဖုန်းလိုင်းများကျပ်ကာ တစ်ခါတစ်ရံ လိုင်းမမိခြင်းများ ဖြစ်ပေါ်နေခြင်းကို လိုင်းဆွဲအား ကောင်းမွန်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ “ […]


klnJune 18, 20101min570
၂၀၀၉-၂၀၁ဝပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ၂၀၁ဝပြည့်နှစ် ဇွန်လ ၁၃ရက်တွင် ထွက်ရှိလာခဲ့ကြောင်း သတင်းရရှိပါသည်။ ယင်းတက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း၌ နေပြည်တော်မှ အောင်ချက်ရာခိုင်နှုန်း ၃၃ဒသမ ၅၉ရာခိုင်နှုန်းရှိခဲ့ပြီး နေပြည်တော် ပျဉ်းမနားမှ အောင်ချက်ရာခိုင်နှုန်း ၂ရ ဒသမ ဝ၅ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။ နေပြည်တော်မှ စာရင်းရှိ ဦးရေ ၂၁၆ဝမှဖြေဆိုသူ ၂၀၁၅ ဦးရှိခဲ့ပြီး ၆၇ရဦး အောင်မြင်ကာအောင်ချက်ရာခိုင်နှုန်း ၃၃ ဒသမ ၅၉ရာခိုင်နှုန်းရှိခဲ့ခြင်းဖြစ်သည်။ နေပြည်တော်ပျဉ်းမနား မှစာရင်းရှိ ၄၉၀၁ဦးမှ ဖြေဆိုသူ ၄၅၇ရ ဦးရှိခဲ့ပြီး ၁၂၃၈ဦးအောင်မြင်ကာ အောင်ချက်ရာခိုင်နှုန်း ၂ရ ဒသမ ဝ၅ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။ နေပြည်တော်မှ ဘာသာစုံဂုဏ်ထူးရှင် လေးဦး၊ ငါးဘာသာသုံးဦး၊ လေးဘာသာနှစ်ဦး၊ သုံးဘာသာ ၁၁ဦး၊ နှစ်ဘာသာ ၁ရဦး၊ တစ်ဘာသာ ၆၅ဦး အသီးသီးဂုဏ်ထူးရရှိခဲ့ပြီး နေပြည်တော်ပျဉ်းမနားမှဘာသာစုံဂုဏ်ထူးရှင် […]


klnJune 18, 20101min490
မြန်မာနိုင်ငံမြေငလျင်ကော်မတီက ဦးဆောင်ကာ ၂၀၀၅ခုနှစ်က ရေးဆွဲခဲ့သည့် ဖြစ်နိုင်ခြေရှိသော ငလျင်ပြင်းထန်အားပြဇုန်မြေပုံကို ယခုနှစ်အတွင်း ပြန်လည်ပြင်ဆင်ရေးဆွဲသွားမည်ဖြစ်ကြောင်း ကော်မတီ၏ တွဲဖက်အတွင်းရေးမှူးဦးသူရအောင်ကဇွန်လ ဆန်းတွင် ပြောသည်။ “လက်ရှိမြေပုံပြင်ဆင်ရေးဆွဲရေးအတွက် လိုအပ်ချက်တစ်ခုဖြစ်တဲ့ ငလျင်ဘေးဖြစ်နိုင်ခြေပြမြေပုံကို အပြီးသတ် ရေးဆွဲနေပါတယ်” ဟု ၎င်းကပြောသည်။ ၎င်းမြေပုံတွင် ဇုန်အလိုက် ဖြစ်နိုင်ခြေရှိသည့် ငလျင်အင်အားနှင့် နှစ်အပိုင်းအခြားကို အတိတ် ငလျင်ဆိုင်ရာ အချက်အလက်များ၊ အခြားငလျင်ဆိုင်ရာ အချက်များနှင့် ပေါင်းစပ်တွက်ထုတ်ထားသည်။ “ဒါက နောက်နှစ်လ၊ သုံးလလောက်ကြာရင် အပြီးသတ်ရေးဆွဲနိုင်မှာဖြစ်ပြီးတော့၊ နောက်တစ်ဆင့် ဖြစ်နိုင်ခြေရှိတဲ့ ငလျင်ပြင်းထန်အားပြ ဇုန်မြေပုံကို ပြင်ဆင်ရေးဆွဲသွားမှာဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။ ၂၀၀၅ခုနှစ်က ရေးဆွဲခဲ့သည့် ဖြစ်နိုင်ခြေရှိသော ငလျင်ပြင်းထန်အားပြဇုန်မြေပုံမှာ ၂၀၀၃ခုနှစ်တွင် မြန်မာ ဘူမိပညာရှင်များ ပူးပေါင်းရေးဆွဲပြုစုခဲ့သည့် မြန်မာနိုင်ငံ၏ ငလျင်ဇုန်များပြမြေပုံကို ဒုတိယအကြိမ်ပြင်ဆင်ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်သည် တတိယအကြိမ်ဖြစ်သည်။ အဆိုပါ မြေပုံကို […]


klnJune 15, 20101min1004
စီးပွားရေးလုပ်ငန်းရှင်လေးဦးလုပ်ကိုင်မည့် ပုဂ္ဂလိက ဘဏ်လုပ်ငန်းများကို အမည်များဖြင့် ဇွန်ပထမပတ်အတွင်း စတင်မှတ်ပုံတင်ပြီဖြစ်ကြောင်း အဆိုပါ အသိုင်းအဝိုင်းမှသိရသည်။ ယင်းသို့ မှတ်ပုံတင်ရာတွင် ဦးချစ်ခိုင်-ဧဒင်ဂရုပ်မှ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ဦးဇော်ဇော်- မက်စ်မြန်မာက ဧရာဝတီဘဏ်၊ ဦနေအောင်-အောင်ရည်ဖြိုးက အမရာဘဏ်နှင့် ဦးတေဇ-ထူးဂရုပ်က Asia Green ဘဏ်အမည်များဖြင့် မှတ်ပုံတင်ခဲ့ကြောင်း သိရသည်။ “ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ ဒီအမည်တွေနဲ့မှတ်ပုံတင်ခဲ့တာဟုတ်ပါတယ်။ မှတ်ပုံတင်ပြီးမှ လုပ်ပိုင်ခွင့်လိုင်စင်ကျမှာဖြစ်ပါတယ်။ အဲဒီတော့မှ ဘဏ်လုပ်ငန်းကို စတင်လုပ်ကိုင်ခွင့်ပြုမှာပါ”ဟု ဘဏ်သစ်လုပ်ကိုင်မည့် ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဘဏ်လုပ်ငန်းများကို ၁၉၉၂ခုနှစ်အထိ လုပ်ပိုင်ခွင့်ပေးခဲ့ခြင်းမရှိဘဲ ၁၉၉၃ခုနှစ်တွင် ပထမပုဂ္ဂလိကဘဏ်၊ မြန်မာမေဖလားဝါးဘဏ်၊ အာရှဓနဘဏ်၊ ရိုးမဘဏ်၊ မြန်မာယူနီဗာဆယ်ဘဏ်၊မြန်မာ့အရှေ့တိုင်းဘဏ်စသည်တို့ကို လုပ်ကိုင်ခွင့်ပေးခဲ့သည်။ “ဘဏ်သစ်တွေပေါ်လာတဲ့သဘောကတော့ ဒီကနေ့မှာ ပုဂ္ဂလိကဘဏ်တွေအနေနဲ့ ငွေကြေးကိုအတိုင်းအတာနဲ့ပဲ လက်ခံရပါတယ်။ ဒါကလဲ ဘဏ်တွေကိုနည်းမှန်လမ်းမှန်ဖြစ်အောင်ဆိုပြီး ဗဟိုဘဏ်က ထိန်းချုပ်ပေးထားတာပါ။ […]


klnJune 15, 20101min662
အိန္ဒိယကုန်ပစ္စည်းများ ဝင်ရောက်ရာ မုံရွာမြို့ ချင်းတွင်းရတနာဈေး မီးသင့်ခဲ့သော်လည်း မြန်မာ-အိနိ္ဒယ နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများ ပုံမှန်လည်ပတ်လျက်ရှိကြောင်း သိရသည်။ အိနိ္ဒယကုန်ပစ္စည်းများ တင်သွင်းရောင်းချလျက်ရှိသည့် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ ချင်းတွင်းရတနာ(ဈေးသစ်) ဇွန် ၃ရက်နံနက် ၃နာရီ ၅၅မိနစ်တွင် မီးလောင်ကျွမ်းခဲ့ရာ ဆိုင်ခန်းပေါင်း ၄၀၆ဆိုင် မီးသင့်ခဲ့သော်လည်း မြန်မာ-အိနိ္ဒယ ကုန်သွယ်မှုလုပ်ငန်းများ လည်ပတ်လျက်ရှိကြောင်းသိရသည်။ “ မြန်မာ-အိနိ္ဒယကုန်သွယ်မှုအနေနဲ့က တမူးနယ်စပ် နမ့်ဖာလုံဈေးက အဓိကကျတဲ့ဈေးဖြစ်ပါတယ်၊ မုံရွာဈေးအနေနဲ့က အိနိ္ဒယဘက်ကဝင်တဲ့ လူသုံးကုန်ပစ္စည်းများကို ရောင်းချတာဖြစ်တဲ့အတွက် နှစ်နိုင်ငံကုန်သွယ်မှုမှာ ထိခိုက်မှုတွေ မဖြစ်နို်င်ပါဘူး ” ဟု နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ မြန်မာ-အိနိ္ဒယနှစ်နိုင်ငံကုန်သွယ်လျက်ရှိရာတွင် နမ့်ဖာလုံဈေးမှာ အဓိကကျသည့်ဈေးတစ်ဈေးဖြစ်ပြီး ထိုဈေးသို့ မူဆယ်၊ မန္တလေး၊ ရန်ကုန်မြို့များမှ ကုန်ပစ္စည်းများတင်ပို့ရောင်းဝယ်လျက်ရှိကာ မီးသင့်ခဲ့ရသည့် မုံရွာဈေးသည် အိနိ္ဒယနိုင်ငံထုတ် ကုန်ပစ္စည်းများတင်သွင်းရောင်းချသည့် ဈေးတစ်ဈေးဖြစ်ကြောင်း […]


klnJune 15, 20101min630
မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်မှ ယခုနှစ်အတွင်း ဘဏ်ခွဲ ၁ဝခု ထပ်မံဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း သိရသည်။ ထိုအသစ်ဖွင့်လှစ်မည့်ဘဏ်များမှာ အောင်ပန်းဘဏ်ခွဲ၊ ပုသိမ်ဘဏ်ခွဲ၊ မော်လမြိုင်ကျွန်းဘဏ်ခွဲ၊ ကျောက်ဖြူဘဏ်ခွဲ၊ ကျွဲဆည်ကန်(မန္တလေး)ဘဏ်ခွဲ၊ ဆိုင်းထန်းဈေးချို(မန္တလေး)ဘဏ်ခွဲ၊ ရတနာပုံဒိုင်းမွန်းပလာဇာ(မန္တလေး)ဘဏ်ခွဲ၊ မိတ္ထီလာဘဏ်ခွဲ၊ မြင်းခြံဘဏ်ခွဲနှင့် နေပြည်တော်ဘဏ်တို့ဖြစ်ကြောင်း သိရသည်။ “ ကျွန်တော်တို့ဘဏ်နဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့ဘဏ်တွေ မရှိသေးတဲ့နေရာတွေမှာ အဓိကထားပြီး ဘဏ်ခွဲတွေ ဖွင့်ဖို့စီစဉ်တာပါ။ ဆက်လက်ဆောက်လုပ်ပြီးတဲ့ ဘဏ်ခွဲတွေရှိသလို ဆောက်လုပ်ဆဲဘဏ်ခွဲတွေနဲ့ ဘဏ်ခွဲတွေဖွင့်ဖို့ မြေနေရာရှာနေတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် ဘဏ်ခွဲ ၁ဝခုလုံးကိုတော့ ဒီနှစ်ထဲမှာ ဖွင့်လှစ်သွားမှာပါ ” ဟု မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မြင့်က ပြောသည်။ မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်သည် ဘဏ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် သမဝါယမဘဏ်၊ နယ်စပ်ကုန်သွယ်ရေးဘဏ်၊ အမ်အိုဘီဘဏ်၊ စက်မှုလက်မှုဘဏ်၊ မြဝတီဘဏ်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း […]


klnJune 15, 20101min956
လေကြောင်းခရီးစဉ်များ ပြေးဆွဲနေသည့် အဲပုဂံကုမ္ပဏီမှ လေယာဉ်မယ်များပါဝင်သည့် အမျိုးသမီးဘောလုံးအသင်းက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဝင် အနုပညာရှင် အမျိုးသမီး ဘောလုံးအသင်းအား ဖိတ်ခေါ်ဘောလုံးပွဲကျင်းပရန် ကမ်းလှမ်းထားကြောင်း ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင်ဆုပန်ထွာက ပြောသည်။ “ ဒီလိုကမ်းလှမ်းလာတော့ ပန်ပန်တို့ အနေနဲ့လည်း ကန်ဖို့စိတ်ဝင်စားပါတယ်။ အရင်ကလည်း အတွေ့အကြုံတွေရှိပါတယ်။ အခုအမျိုးသမီးအသင်းပြန်ဖွဲ့ပြီးသွားရင် ပြန်ကန်မှာပါ။ အဲဒီအတွက် လေ့ကျင့်မှုတွေပြုလုပ်သွားမှာပါ” ဟု၎င်းကပြောသည်။ ရုပ်ရှင်အမျိုးသမီး ဘောလုံးအသင်းအနေဖြင့် လေ့ကျင့်ရေးကွင်းတစ်နေရာရွေးချယ်ပြီး၊ တစ်ပတ်လျှင် စနေနှင့် ဗုဒ္ဓဟူးနှစ်ရက်ဖြင့် ယခုဇွန်လမှ စတင်ကာ လေ့ကျင့်သွားမည်ဖြစ်ကြောင်း ဆုပန်ထွာ၊ နန်းဆုရတီစိုး၊ အေသင်ချိုဆွေ၊ သက်သခင်၊ ဝါဆိုမိုးဦး၊ နဒီဝင့်နိုင်၊ ကေကေမိုးမြင့်၊ ခွန်းဆင့်နေခြည်၊ ခိုင်နှင်းဝေ၊ Jenny၊ Nနိုရာ၊ ဆုရွှန်းလဲ့၊ ရှင်းရှင်း၊ နန်းရွှေအေး၊ ထက်ထက်ဆုလှိုင်၊ ရွန်းပြည့်ပိုင်၊ အေးမွန်၊ ပိုးဖြူသဲ၊ ဟေမာမန်းဝင်းတို့ဖြင့် […]


klnJune 15, 20101min753
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းက ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီခြင်းမရှိ၊ လိုက်နာခြင်းမရှိသည့် လမ်းဖြတ်သန်းခကောက်ခံနေသည့် စခန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းမကြီးများဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအတိုင်း အရေးယူသွားမည်ဖြစ်ကြောင်း သတိပေးညွှန်ကြားချက်များ ထုတ်ပြန်ထားသည်ဟု သတင်းရရှိသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းက တည်ဆောက်ထားသည့် လမ်းများ၊ တံတားများတွင် သတ်မှတ်ထားသော ယာဉ်နှင့်ကုန်တန်ချိန်များထက် ပိုမိုတင်ဆောင်လာသော ယာဉ်များကို လမ်းဖြတ်သန်းခ ကောက်ခံနေသည့်စခန်းများ၊ ဝန်ပိုတန်ပိုဂိတ်များက တန်ပိုကြေးကောက်ခံ၍ ဖြတ်သန်းခွင့်ပြုနေခြင်းကို လုံးဝခွင့်မပြုကြောင်းနှင့် သတ်မှတ်တန်ချိန်ထက် ပိုမိုနေသော တန်ချိန်များကို ချထားခဲ့ပြီးမှ ဖြတ်သန်း ခွင့်ပြုရန်တို့ကို သတိပေးညွှန်ကြားထားသည်ဟု သိရသည်။ ယင်းသို့ တန်ပိုကြေးကောက်ခံ၍ ဖြတ်သန်းခွင့် ပေးနေခြင်းရှိ ၊ မရှိကိုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းတံတား လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကလည်း လမ်းဖြတ်သန်းခကောက်ခံရေးစခန်းများတွင် လိုက်လံစစ်ဆေး၍ တားမြစ်အရေးယူနေသည်ဟု သိရသည်။ ယင်းအပြင် […]


klnJune 15, 20101min410
ဇွန်လဆန်းပိုင်းက ရန်ကုန်-နေပြည်တော်အထူးလမ်းသို့ ထားဝယ်အဝေးပြေးယာဉ်လိုင်းများ ဖြတ်သန်းခွင့် တားမြစ်ခဲ့ရာမှ ယခုအခါပြန်လည်ဖြတ်သန်းသွားနိုင်ပြီဖြစ်ကြောင်း သိရသည်။ “အစောပိုင်းက ထားဝယ်ဘက်ကလာတဲ့ယာဉ်လိုင်းတွေကို အထူးလမ်းပေါ်ဖြတ်သန်းခွင့်ပြုထားပါတယ်။ နောက်ပိုင်းကျတော့ ကုန်တွေပါတယ်ဆိုပြီး လဆန်းရက်က ဖြတ်သန်းခွင့် မပြုတော့ဘဲ အခုရက်ပိုင်းမှာကုန်မပါတဲ့ ယာဉ်တွေကို ဖြတ်သန်းခွင့်ပြန်ပြီးသွားခွင့်ပြုထားပါတယ်” ဟုရန်ကုန်- ထားဝယ်ပြေးဆွဲနေသည့် ယာဉ်လိုင်းပိုင်ရှင်တစ်ဦးမှ ပြောဆိုသည်။ ဇွန်လ ၄ရက်မှ စတင်ကာ ရေး၊ ထားဝယ်အဝေးပြေးယာဉ်လိုင်း အထူးလမ်းဖြတ်သန်းခွင့်ကန့်သတ်ခဲ့ရာမှ ဇွန်၆ရက်မှစတင်ကာ ပြန်လည်ဖြတ်သန်းခွင့်ပြုထားပြီး ဖြစ်ကြောင်းသိရသည်။ “အထူးလမ်းကို ပဲခူးမြို့ခရီးသည်တွေမပါရင် ဘုရားကြီးကနေ အထူးလမ်းကိုဖောက်တဲ့လမ်းကနေသွားကြတယ်။ အဲဒီလိုဖြတ်သွားရင်ရန်ကုန်ကို ၄၅မိနစ်လောက်နဲ့ရောက်ပြီးဖြတ်သန်းခအနေနဲ့က ၇၅၀ဝကျပ်ပေးရပါတယ်”ဟု ယင်းကဆက်လက်ပြောသည်။ ရန်ကုန်မှ ထားဝယ်သို့ အောင်မင်္ဂလာယာဉ်အဝေးမှ ယာဉ်လိုင်း၅လိုင်းပြေးဆွဲလျက်ရှိပြီး တချို့ယာဉ်လိုင်းများသည် အထူးလမ်းမှ သွားလာလျက်ရှိကြောင်းသိရသည်။ ရန်ကုန်- ထားဝယ်ယာဉ်လိုင်းများအထူးလမ်းမှ ဖြတ်သန်းသွားလာလျက်ရှိသော်လည်း တခြားမြို့များသို့ သွားလာသည့် ယာဉ်များသည် ပုံမှန်အမှတ် ၂လမ်းအတိုင်းသွားလာလျက်ရှိသည်။ ရန်ကုန်- […]


klnJune 15, 20101min764
GSM လိုင်းရှစ်သောင်း ထပ်မံတိုးချဲ့မည်ဖြစ်ပြီး လိုင်းဆွဲအားကောင်းမွန်စေရေးအတွက် MCS ဆက်သွယ်ရေးပင်မစခန်း ခံနိုင်ဝန်မြှင့်ခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ ရန်ကုန်မြို့တွင် GSM ရေဒီယိုစခန်း ၃၃ခု တည်ဆောက်ပြီး လိုင်းရှစ်သောင်းတိုးချဲ့မည်ဖြစ်ကာ ၎င်းလိုင်းသစ်များအပြင် GSM ဖုန်းလိုင်းဆွဲအား ကောင်းမွန်စေရေးအတွက် MCS ဆက်သွယ်ရေးပင်မစခန်း ခံနိုင်ဝန်မြှင့်ခြင်း၊ BTS စခန်း ကိုးခုတပ်ဆင်ခြင်းနှင့် CU (Corrier Unit) ၉၂ခု တိုးမြှင့်ခြင်းများဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းအပြင် ငွေကျပ် ငါးသိန်းဖြင့် CDMA 450 MHz၊ CDMA 800MHz ဖုန်းများကို ချထားပေးလျက်ရှိကြောင်း သိရသည်။ ဖုန်းလိုင်းများ စဉ်ဆက်မပြတ်ချထားပေးခြင်းကြောင့် ပြင်ပငှားရမ်းဈေးကွက် အေးလျက်ရှိကာ ယခင် GSM ဖုန်းများနေရာတွင် CDMAဖုန်းများ အစားထိုးသုံးစွဲလာကြသည်ဟု မိုဘိုင်းဖုန်းဈေးကွက်အတွင်းမှ သိရသည်။ ယခုလက်ရှိ မြန်မာနိုင်ငံတွင် […]


klnJune 15, 20101min533
မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်များသို့ ဆိုက်ရောက်ခြင်းမရှိသော်လည်း နယ်နိမိတ်အတွင်း ဖြတ်သန်းပြေးဆွဲသည့် နိုင်ငံတကာလေကြောင်းလိုင်းများမှ ဖြတ်သန်းအသုံးပြုကြေးကောက်ခံရမှုသည် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၅ဝကျော်ရရှိနေကြောင်း သတင်းရရှိသည်။ နိုင်ငံတကာ မြို့ပြလေကြောင်းအဖွဲ့ (ICAO)ဝင်နိုင်ငံဖြစ်သည့် နိုင်ငံတိုင်းသို့ လေကြောင်းလိုင်းများအနေဖြင့် ဖြတ်သန်း၍ ပျံသန်းသည့် အချိန်ကာလအတိုင်း တွက်ချက်ပေးချေရကြောင်း သိရသည်။ “ဒီလို ကောက်ခံမှုကနေ နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေအများအပြား ရှာဖွေပေးနေပါတယ်။ ဖြတ်သန်းပြေးဆွဲတဲ့ လေယာဉ်တိုင်း တစ်စက္ကန့်ကို အမေရိကန်ဒေါ်လာ ငါးဒေါ်လာနှုန်းတွက်ချက်ပေးဆောင်ရပါတယ်” ဟု လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ထိုသို့ ဖြတ်သန်းအသုံးပြုကြေးကောက်ခံရာတွင် မြန်မာနိုင်ငံသို့ လာရောက်သည့် လေယာဉ်များနှင့် ပြည်တွင်းမှ လေယာဉ်များ ပါဝင်ခြင်းမရှိဘဲ အဆိုပါလေယာဉ်များကို လေဆိပ်ဝန်ဆောင်ကြေးသာ ကောက်ခံကြောင်း၊ သိရသည်။ ဖြတ်သန်းအသုံးပြုကြေး ကောက်ခံရာတွင် နိုင်ငံတကာလေကြောင်းလိုင်းများသည် အသုံးပြုပြီးမှ သက်ဆိုင်ရာလေဆိပ်များသို့ မေးလ်ဆက်သွယ်ပေးပို့ပေးချေကြကြောင်း သိရသည်။ […]


klnJune 15, 20101min933
သက်တမ်းသုံးနှစ်အသုံးပြုနိုင်သည့် မြန်မာ့စီးပွားရေးဘဏ်၏ Online Smart Card ဖြင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအား မြန်မာနိုင်ငံရှိ ဘဏ်ကြီးခုနစ်ဘဏ်တွင် စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။ ယင်း Online Smart Card ဖြင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအား နေပြည်တော်ဘဏ်ခွဲ၊ ရန်ကုန်မြို့ဘဏ်ခွဲ(၁)၊ ဘဏ်ခွဲ(၂)၊ ဘဏ်ခွဲ(၅)၊ ငွေစုဘဏ်ခွဲ(၃)၊ မန္တလေးဘဏ်ခွဲ(၁)နှင့် ဘဏ်ခွဲ(၂)တို့တွင် စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၏ ထုတ်ပြန်ချက်များအရ သိရသည်။ Online Smart Card အသုံးပြုရာတွင် မြန်မာ့စီးပွားရေးဘဏ်၌ စာရင်းရှင်စာရင်း(သို့) ငွေစုဘဏ်စာရင်းတစ်ခုခုဖွင့်လှစ်ထားသူဖြစ်ရမည်ဖြစ်ပြီး Online Account စာရင်း စတင်ဖွင့်လှစ်ရခြင်းအတွက် အနည်းဆုံး ငွေသားဆယ်သိန်းဖြင့် ဖွင့်လှစ်ရမည်ဖြစ်ကြောင်း သိရသည်။ Online Account ဖွင့်လှစ်ပြီးပါက Online Smart Card တစ်ခုနှင့် Online ငွေမှတ်စာအုပ် Online […]