klnJune 10, 20101min581
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အလယ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် မိတ်ဆက်လမ်းကြားရှိ မုံရွာဈေး (ချင်းတွင်းရတနာဈေးကြီး) မီးလောင်မှုမှာ ဈေးကြီးအောက်ထပ်ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်တစ်ခုမှ အင်ဗာတာဖြင့် ဘက်ထရီအိုး အားသွင်းထားရာမှ ပေါက်ကွဲမှုဖြစ်၍ မီးစတင်လောင်ကျွမ်းခဲ့ရကြောင်း မီးသတ်ဦးစီးဌာနမှ အတည်ပြုခဲ့ကြောင်း သိရသည်။ ချင်းတွင်းရတနာဈေးကြီးသည် နှစ်ထပ်ဈေးကြီးဖြစ်ပြီး ဈေးဆိုင်ခန်းပေါင်း ၁၁၀၆ ခန်းရှိသည့်အနက် အောက်ထပ်ရှိအခန်းပေါင်း ၂၅၃ခန်းနှင့် အပေါ်ထပ်ရှိ အခန်းပေါင်း ၁၅၃ခန်း စုစုပေါင်း အခန်း ၄၀၆ခန်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။ မီးစတင်လောင်ကျွမ်းချိန်မှာ ဇွန်လ ၃ရက်နေ့ နံနက် ၃နာရီခွဲ အချိန်တွင်ဖြစ်ပြီး နံနက် ၆နာရီ ၁၅ မိနစ်အချိန်တွင် မီးထိန်းနို်င်ခဲ့ကာ နံနက် ၁ဝနာရီခွဲအချိန်တွင် မီးငြိမ်းသတ်နို်င်ခဲ့ကြောင်း သိရသည်။ အဆိုပါ မီးလောင်ခဲ့သည့် နေရာသို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဒုတိယတိုင်းမှူးတို့ လာရောက်ကြီးကြပ်ခဲ့ပြီး မီးသတ်ယာဉ် […]


klnJune 10, 20101min591
အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသ (Asean Free Trade Area) သဘောတူညီချက်အရ ပြည်တွင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၌ ပြည်ပနို်င်ငံများမှ ဝင်ရောက်လုပ်ကိုင်မှုကို ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း မြန်မာနို်င်ငံအပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း၏ နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးတွင် ပို့ဆောင်ရေးဝန်ကြီးဌာန ပို့ဆောင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဖေက ပြောကြားခဲ့သည်။ မြန်မာနို်င်ငံသည် အာဆီယံလွတ်လပ်သောကုန်သွယ်မှုနှင့် အာဆီယံတစ်ခုတည်းသော ဈေးကွက်(Single Market) ဖြစ်ပေါ်လာသည့်အခါတွင် ကုန်စည်များအပေါ် အကောက်ခွန်များလျှော့ပေါ့ပေးခြင်း၊ ဝန်ဆောင်မှုလုပ်ငန်းများ၌ မလိုအပ်သော အတားအဆီးများ ဖယ်ရှားပေးခြင်းများကိုပါ ပြုလုပ်ပေးသွားရန် သဘောတူညီထားပြီးဖြစ်ကြောင်း သိရှိရသည်။ ထို့ကြောင့် ပြည်တွင်းဝန်ဆောင်မှုကို လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံခြားသားလုပ်ငန်းရှင်များနှင့် ယှဉ်ပြိုင်နို်င်စွမ်းရှိစေရန် နည်းပညာပိုင်းနှင့် ကျွမ်းကျင်လုပ်သားများကို ပြင်ဆင်မှုများ ပြုလုပ်ထားရန်လိုကြောင်း သိရှိရသည်။ ထို့ပြင် ASEAN Framework Agreement on Multimodel Transport အရ ဘက်စုံပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုဗဟိုအဖွဲ့ […]


klnJune 10, 20101min610
အိုလံပစ်တာဝါ ပထမထပ်ရှိ BAK ဈေးဝယ်စင်တာတွင် ဇူလိုင်မှစ၍ BAKကွန်ပျူတာဈေးအဖြစ်ပြောင်းလဲဖွင့်လှစ်တော့မည်ဟု ၎င်းစင်တာက ထုတ်ပြန်ကြေညာသည်။ ထိုကဲ့သို့ IT ဈေုးကွက်သို့ ပြောင်းလဲမည်ဖြစ်၍ ဆိုင်ခန်းငှားရမ်းလိုသူများကို ယခုလ ၈ရက်မှ စတင်ကာ လျှောက်လွှာလက်ခံနေပြီဟု သိရသည်။ ဈေးကွက်လိုအပ်ချက်အရ နည်းပညာနှင့် ပတ်သက်၍ ဈေးကွက်သီးသန့် တစ်ခုဆောင်ရွက်ခြင်းဖြစ်ကာ Wi-Fi Internet Access သုံးနိုင်အောင် စီစဉ်ထားမည်ဟု သိရသည်။ ၎င်းစင်တာသည် ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ အိုလံပစ်တာဝါတွင် တည်ရှိကာ ယခုလက်ရှိတွင် အင်တာနက်ကဖေးT8 Beauty Salon ၊ လူသုံးကုန်ပစ္စည်းဆိုင်များနှင့် စားသောက်ဆိုင်အချို့ ဖွင့်လှစ်လျက်ရှိသည်။ ၎င်းလူသုံးကုန်ဆိုင်များ၊ အလှပြင်ဆိုင်တို့ကို ယခုလ နောက်ဆုံးဖွင့်လှစ်စေခြင်းဖြစ်ပြီး ဆက်လက်၍ ဆိုင်ခန်းမငှားတော့ဟု သိရသည်။ ပြောင်းလဲဖွင့်လှစ်မည့် BAK Computer Mart တွင် […]


klnJune 10, 20101min590
မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့၏ www.mwja.org ဝက်ဘ်ဆိုက်ကို ဇွန်လ ရရက်နေ့မှစတင်ကာလွှင့်တင်လိုက်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါဝက်ဘ်ဆိုက်တွင် မြန်မာနိုင်ငံစာနယ်ဇင်းအဖွဲ့မှ ဆောင်ရွက်ချက်များ၊ သတင်းများနှင့်ကြေညာချက်များကိုဖော်ပြသွားမည် ဖြစ်ကြောင်းသိရသည်။ “အခုဝက်ဘ်ဆိုက်မှာတော့ စာပေစာနယ်ဇင်း၅ကြိမ်မြောက်ညီလာခံလုပ်တာရယ်၊ ရေရှားတဲ့နေရာမှာ ရေလှူခဲ့တဲ့အကြောင်းတွေတင်ထားပါတယ်။ စာပေစာနယ်ဇင်းက ထုတ်ပြန်ထားတဲ့ ကြေညာချက်တွေကိုလည်း တင်ထားပါတယ်”ဟုဝက်ဘ်ဆိုက်စီစဉ်သူကပြောသည်။ အဆိုပါ www.mwja.org ဝက်ဘ်ဆိုက်ကို ဇွန်လ ၈ရက်တွင် ကြည့်ရှုသူပေါင်းတစ်ရာကျော်သွားပြီဖြစ်ကြောင်း သိရသည်။


klnJune 9, 20101min440
ဇွန်လ ၁ရက်တွင် စတင်ဆောင်ရွက်နေသော ခိုးကူးနှိမ်နင်းရေး စီမံချက်ကြောင့် တရားမဝင်ကူးယူဖြန့်ချိခြင်းများ အရှိန်တန့်သွားခဲ့ပြီး လဆန်းပိုင်းတွင် ဖြန့်ချိခဲ့သော မြန်မာဗီဒီယိုဇာတ်လမ်းခွေများ၏ မူရင်းဖြန့်ချိသည့်ချပ်ရေများ ထက်ဝက်နီးပါးမြင့်တက်ခဲ့ကြောင်း ၃၅လမ်းဝန်းကျင်ရှိ ဗီဒီယိုဖြန့်ချိရေးအချို့ထံမှ သိရသည်။ “ ကျွန်မတို့ မာန်ထက်ချီ ဗီဒီယိုထုတ်လုပ်ဖြန့်ချိရေးက ဇွန် ၁ရက်မှာ “ချိုးကူးသံ” ဇာတ်ကားဖြန့်တယ်။ ရန်ကုန်တစ်မြို့တည်းအတွက် မူရင်းချပ်ရေ ၁၅၀ဝ ရိုက်ရတယ်။ အရင်ကထက် ၅၀၀ဝနီးပါး ပိုရိုက်ရတယ်။ မနက် ၆နာရီခွဲက စပြီးဖြန့်တာ ည ၈နာရီလောက်မှ စာရင်းပိတ်ပါတယ်။ ခွေပြတ်လပ်သွားတာတော့ မဖြစ်ပါဘူး။ ကျွန်မတို့က ဆင်ဆာကို ပိုဝယ်ထားတယ်။ ကူးတဲ့စက်ကလည်း ကိုယ့်မှာ အသင့်ရှိတော့ လိုချင်တဲ့သူတွေကို အချိန်မီပေးနိုင်ပါတယ်။ ခုလို ခိုးကူးတွေကို ဖမ်းဆီးတာ တကယ်အောင်မြင်သွားရင် လုပ်ငန်းရှင်တွေလည်း အသက်ရှုချောင်တာပေါ့။ ပိုက်ဆံအကုန်ခံပြီး ရသင့်ရထိုက်တာပြန်မရရင် မကာမိဘူးလေ […]


klnJune 9, 20101min1203
မြန်မာဝက်ဘ်ဆိုက်ပေါင်းထောင်ကျော်အား ကြော်ငြာပေး၍ အွန်လိုင်းမှ ဝင်ငွေရှာဖွေပေးမည့် အစီအစဉ်တစ်ရပ်ကို Myanmar Online Advertising (Myanmar Version) မှ ယခုလတွင် စတင်အကောင်အထည်ဖော်တော့မည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် နည်းပညာ၊ ကဗျာ၊ Social ၊ ဖိုရမ်၊ သတင်းစသော ဝက်ဘ်ဆိုက်ပေါင်းထောင်ချီရှိပြီးမြန်မာတို့၏ ကုန်ပစ္စည်းများကို မြန်မာဝက်ဆိုက်များတွင် ကြော်ငြာခြင်းဖြင့်ကမာ္ဘတစ်ဝန်းရှိမြန်မာများကြည့်ရှုနိုင်မည်ဟုဆိုသည်။ ဝက်ဘ်ဆိုက်များကို ကြော်ငြာပေးအပ်ရာတွင် မည်သည့် ISP မှ မပိတ်ထားသော ဝက်ဘ်ဆိုက်တစ်ခုရှိရမည်ဖြစ်ပြီး၊ Porn နှင့် Political ဆိုက်များမဖြစ်စေရဘဲ Post များ Update ဖြစ်ရမည်ဟုသိရသည်။ Visitor Count Widget ပါရှိရမည်ဖြစ်ပြီး တစ်ရက်လျှင် Visitors ကြည့်ရှုသူ အယောက် ၂ဝနှင့်၂ဝအထက်ရှိသော ဆိုက်ဖြစ်မှ ကြော်ငြာရရှိမည်ဖြစ်သည်။ MOA ၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ဝက်ဘ်ဆိုက်ရေးသူများ […]


klnJune 9, 20101min620
၂၀၀၉ခုနှစ် ဧပြီ ၁ရက်မှ ၂၀၁ဝခုနှစ် မတ် ၃၁ရက်အထိ ဘဏ္ဍာရေးနှစ်အတွင်း ကုန်သွယ်လုပ်ငန်းခွန်ဥပဒေအရ ကုန်သွယ်လုပ်ငန်းခွန်စည်းကြပ်ထိုက်သည့် ရောင်းရငွေ သို့မဟုတ် ဝန်ဆောင်မှုရငွေရရှိသည့် တစ်ဦးချင်းပိုင် ပုဂ္ဂလိကလုပ်ငန်းများ၊ အစုစပ်လုပ်ငန်းများ၊ ဖက်စပ်လုပ်ငန်းများ၊ ကုမ္ပဏီများအခွန်ပေးဆောင်ထိုက်သည့် အခြားလုပ်ငန်းများ၊ သမဝါယမအသင်းများနှင့် အစိုးရ၏ စီးပွားရေးအဖွဲ့အစည်းများ၊ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံ၊ ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများသည် နှစ်ချုပ် ကုန်ရောင်းကြေညာလွှာ သို့မဟုတ် နှစ်ချုပ်ဝန်ဆောင်မှုကြေညာလွှာကို ပြည့်စုံစွာဖြည့်စွက်၍ လက်မှတ်ရေးထိုးပြီး ၂၀၁ဝခုနှစ် ဇွန် ၃ဝရက်ထက် နောက်မကျစေဘဲ သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှုးရုံး သို့မဟုတ် ကုမ္ပဏီများဆိုင်ရာအခွန်ရုံးသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှ မှတ်ပုံတင်ပြီး ချောစာဖြင့် ဖြစ်စေပေးပို့ရန် ဥပဒေအရတာဝန်ရှိကြောင်း နှိုးဆော်အပ်ပါသည်။ ကုန်စည်ထုတ်လုပ်မှုလုပ်ငန်းဖြစ်လျှင် ဆားထုတ်လုပ်မှုလုပ်ငန်းမှအပ ဘဏ္ဍာရေးနှစ်အတွင်း စုစုပေါင်းရောင်းရငွေ ၂၄၀၀၀၁ကျပ်နှင့် အထက်ရရှိသူများ၊ ကုန်စည်ဝယ်ယူရောင်းချသည့် ကုန်သွယ်မှုလုပ်ငန်းဖြစ်လျှင် ဘဏ္ဍာရေးနှစ်အတွင်း စုစုပေါင်း […]


klnJune 9, 20101min802
ပုဂ္ဂလိကဘဏ်ကြီးများ ပေါ်ပေါက်လာမည်ကို စီးပွားရေးလုပ်ငန်းရှင်များနှင့်ပညာရှင်များက ကြိုဆိုကြောင်း သတင်းရရှိသည်။ လာမည့်လပိုင်းအတွင်း ပုဂ္ဂလိကဘဏ်ကြီးများ ပေါ်ပေါက်လာမည့်အပေါ်ဘဏ်လုပ်ငန်းပညာရှင်ဦးဝင့်ကျော်က “ ပုဂ္ဂလိကဘဏ်လုပ်ငန်းတွေ ၂၀၀၃ခုနှစ်မှာ ပြိုလဲသွားပြီးတဲ့နောက် စီးပွားရေးလုပ်ငန်းတွေ တုံ့ဆိုင်းသွားတယ်။ အဲဒီလိုဖြစ်သွားလို့ ငွေပိုငွေလျှံရှိတဲ့သူတွေနဲ့ ငွေလိုတဲ့သူတွေကြားမှာ ဆက်သွယ်ပေးတဲ့ တံတားတွေ ပြိုလဲသွားတယ်။ လက်ရှိမှာ ပုဂ္ဂလိကဘဏ်တွေ ပေါ်ပေါက်လာမယ့်သတင်းတွေ ပေါ်ထွက်နေတယ်။ ဘယ်သူတွေ ဖွင့်တာပဲဖြစ်ဖြစ် ပုဂ္ဂလိကဘဏ်တွေပေါ်ထွက်လာတာကို ကြိုဆိုတယ် ” ဟု သူ၏အမြင်ကို ပြောကြားသည်။ “ ဘဏ်တွေဖွင့်တဲ့အတွက် လူတွေမှာ ပိုပြီးရွေးချယ်ခွင့်တွေရှိလာမယ်။ ငွေအပ်ချင်တဲ့သူတွေလည်းအပ်လို့ရပြီး ချေးချင်တဲ့သူတွေလည်းချေးလို့ရမယ် ” ဟု စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးကလည်း ပြောသည်။ “ ပုဂ္ဂလိကဘဏ်တွေဖွင့်တာကို ကြိုဆိုပါတယ်။ ဘယ်သူဖွင့်တာပဲဖြစ်ဖြစ်ပေါ့။ ဘဏ်ကို အသုံးချတဲ့အလေ့အထတွေ များလာစေချင်တယ် ” ဟု စီးပွားရေးပညာရှင်တစ်ဦးဖြစ်သော ဦးခင်မောင်ညို(ဘောကဗေဒ) ကပြောသည်။ ပုဂ္ဂလိကဘဏ်သစ်များ […]


klnJune 9, 20101min761
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအကြီးမားဆုံးဖြစ်သည့် ရတနာပုံဝက်ဘ်ပေါ်တယ်တွင် တေးသီချင်းများအား အခကြေးငွေဖြင့် ဝယ်ယူအသုံးပြုရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။ အစီအစဉ်ကို အဓိကအားဖြင့် ပေါ်တယ်အသုံးပြုသူများ၏ဖျော်ဖြေရေးအတွက် စီစဉ်ခြင်းဖြစ်ပြီး၊ဝယ်ယူအသုံးပြုဖြစ်ခဲ့ပါက ရတနာပုံဝက်ဘ်ပေါ်တယ်သည် တေးသီချင်းအား တရားဝင်ဝယ်ယူအသုံးပြုသည့် ပထမဦးဆုံးဆိုက်တစ်ခုဖြစ်လာမည်ဖြစ်သည်။ “ဒီသီချင်းဝယ်ဖို့ကိစ္စကို ကျွန်တော်တို့ဆီက Music server ကိုင်တဲ့အဖွဲ့နဲ့ ဆောင်ရွက်နေပါတယ်။ အပြီးအပြတ်ရောင်းချတာမျိုးတော့မရှိသေးဘူး။ selection လုပ်ပြီးတော့ ရောင်းဖြစ်မှာပါ”ဟုမြန်မာနိုင်ငံဂီတအစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ရတနာပုံဝက်ဘ်ပေါ်တယ်ကို ပြီးခဲ့သည့် နှစ်ဆန်းပိုင်းမှ စတင်ဖွင့်လှစ်ခဲ့ပြီးလက်ရှိတွင် အဆင့်မီပေါ်တယ်တစ်ခုအဖြစ် အသွင်ပြောင်းလဲရန်လုပ်ဆောင်နေဆဲဖြစ်သည်။ တေးသီချင်းများအား ပထမအဆင့်အနေဖြင့် အပုဒ်ရေရာနှင့်ချီဝယ်ယူသုံးစွဲမည်ဖြစ်ကြောင်း သိရသည်။


klnJune 9, 20101min440
မုန်တိုင်းကာလအတွင်း မုန်တိုင်းရှောင်သောပုဂ္ဂလိက ရေယာဉ်များအဆင်ပြေစေရေးအတွက် ပြည်တွင်းရေကြောင်းဌာနပိုင်ရေယာဉ်များကို မုန်တိုင်းရှောင်ရန် ပုဇွန်တောင်ချောင်းအားသတ်မှတ်ဇုန်မှ ဖယ်ထုတ်လိုက်သည်ဟုသိရသည်။ “မုန်ုတိုင်းကာလမှာနီးရာပုဇွန်တောင်ချောင်းမှာကရေယာဉ်တွေစုပုံနေမှာ အဝင်အထွက်ကျပ်တည်းနိုင်တယ်။ ဒါကြောင့် အဆင်ပြေအောင် ဌာနကရေယာဉ်တွေကို အခြားနေရာတွေမှာပဲ မုန်တိုင်းရှောင်ဖို့ပြောင်းလဲသတ်မှတ်လိုက်တယ်” ဟုပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနမှ တာဝန်ရှိသူကပြောသည်။ မုန်တိုင်းရှောင်ရန်သတ်မှတ်ဇုန်ကို ယခင်ပုဇွန်တောင်ချောင်း၊ ကရင်ချောင်း( စာဖြူစု- တွံတေးတူးမြောင်းအနီး) ၊ဝါးတစ်ရာချောင်း(ထန်းတစ်ပင်) တို့အဖြစ်သတ်မှတ်ခဲ့ပြီးထိုမှ ပုဇွန်တောင်ချောင်းကိုပယ်ဖျက်၍ ကျန်နှစ်နေရာတွင်သာ ဌာနမှ ရေယာဉ်များကို မုန်တိုင်းရှောင်စေမည်ဖြစ်သည်။ ထိုနေရာဒေသများသို့ မုန်တိုင်းရှောင်ရန်သွားရောက်ရမည့် ရေယာဉ်များတွင် လိုအပ်မည့် လောင်စာဆီများအတွက်လည်း ယခုအချိန်တွင် အပိုဆီအဖြစ်ရေယာဉ်တိုင်းတွင်တင်ဆောင်ထားပြီး ဖြစ်ကြောင်း သိရသည်။


klnJune 9, 20101min520
၂၀၀၉ခုနှစ် ဧပြီ ၁ရက်မှ ၂၀၁ဝခုနှစ် မတ် ၃၁ရက်အထိ ဘဏ္ဍာရေးနှစ်အတွင်း ကုန်သွယ်လုပ်ငန်းခွန်ဥပဒေအရ ကုန်သွယ်လုပ်ငန်းခွန်စည်းကြပ်ထိုက်သည့် ရောင်းရငွေ သို့မဟုတ် ဝန်ဆောင်မှုရငွေရရှိသည့် တစ်ဦးချင်းပိုင် ပုဂ္ဂလိကလုပ်ငန်းများ၊ အစုစပ်လုပ်ငန်းများ၊ ဖက်စပ်လုပ်ငန်းများ၊ ကုမ္ပဏီများအခွန်ပေးဆောင်ထိုက်သည့် အခြားလုပ်ငန်းများ၊ သမဝါယမအသင်းများနှင့် အစိုးရ၏ စီးပွားရေးအဖွဲ့အစည်းများ၊ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံ၊ ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများသည် နှစ်ချုပ် ကုန်ရောင်းကြေညာလွှာ သို့မဟုတ် နှစ်ချုပ်ဝန်ဆောင်မှုကြေညာလွှာကို ပြည့်စုံစွာဖြည့်စွက်၍ လက်မှတ်ရေးထိုးပြီး ၂၀၁ဝခုနှစ် ဇွန် ၃ဝရက်ထက် နောက်မကျစေဘဲ သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှုးရုံး သို့မဟုတ် ကုမ္ပဏီများဆိုင်ရာအခွန်ရုံးသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှ မှတ်ပုံတင်ပြီး ချောစာဖြင့် ဖြစ်စေပေးပို့ရန် ဥပဒေအရတာဝန်ရှိကြောင်း နှိုးဆော်အပ်ပါသည်။ ကုန်စည်ထုတ်လုပ်မှုလုပ်ငန်းဖြစ်လျှင် ဆားထုတ်လုပ်မှုလုပ်ငန်းမှအပ ဘဏ္ဍာရေးနှစ်အတွင်း စုစုပေါင်းရောင်းရငွေ ၂၄၀၀၀၁ကျပ်နှင့် အထက်ရရှိသူများ၊ ကုန်စည်ဝယ်ယူရောင်းချသည့် ကုန်သွယ်မှုလုပ်ငန်းဖြစ်လျှင် ဘဏ္ဍာရေးနှစ်အတွင်း စုစုပေါင်း […]


klnJune 7, 20101min741
အသစ်တည်ထောင်ခွင့်ရရှိထားသည့် ပုဂ္ဂလိကဘဏ်လုပ်ငန်းသစ်များအနေဖြင့် နှစ်လအတွင်း အပြီးသတ်စတင်ဖွင့်လှစ်ကာ လုပ်ငန်းလုပ်ကိုင်သွားရန် လျာထားပြင်ဆင်လျက်ရှိကြောင်း သတင်းရရှိပါသည်။ ထူး၊ မက်စ်မြန်မာ၊ IGE၊ ဧဒင် အုပ်စုကုမ္ပဏီများအနေဖြင့် ပုဂ္ဂလိကဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိထားပြီး ယခုအခါတွင် အဆိုပါကုမ္ပဏီများထဲမှ အချို့မှာ ဘဏ်တည်ထောင်ရန် လိုအပ်သည့်ဝန်ထမ်းများခန့်ထားခြင်း၊ အဆောက်အဦပြင်ဆင်ခြင်းများကို ပြုလုပ်လျက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ “ နှစ်လအတွင်း ဖွင့်လှစ်နို်င်ရန် စီစဉ်လုပ်ကိုင်နေတယ်လို့ သိရသည်။ အခုဝန်ထမ်းတွေ ခန့်နေကြတယ်။ နောက်ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူတွေကို ရှာဖွေပြီး လုပ်ငန်းစဖို့ ပြင်ဆင်နေကြတယ်။ ဩဂုတ်လထဲမှာတော့ စပြီးဖွင့်နို်င်မယ့် အနေအထားရှိတယ်လို့ သိရတယ်။ ဘဏ်လုပ်ငန်းနဲ့ ငွေကြေးကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ဦးဝင့်ကျော်ကတော့ မက်စ်မြန်မာမှာ အကြံပေးအနေနဲ့ လုပ်ကိုင်ဖို့ ရှိနေတယ်လို့ သိထားရတယ် ” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။ “ ဘဏ်လုပ်ငန်းဆိုတာ အများပြည်သူရဲ့ငွေကြေးနဲ့ လည်ပတ်ရတဲ့ […]


klnJune 4, 20101min611
လူမှောင်ခိုကူးသည့်လုပ်ငန်း ဆောင်ရွက်ဖွယ်ရှိကြောင်း သံသယရှိသဖြင့် ပြည်ဝင်ခွင့် တောင်းခံလာသည့် နိုင်ငံခြားသားတစ်ဦးအား ပြည်ဝင်ခွင့်တားဆီးခဲ့ပြီး အဆိုပါနို်င်ငံခြားသား၏ ငွေကြေးဖြင့် မြန်မာနိုင်ငံတွင် ဖွဲ့စည်းထူထောင်ထားသည့်ကုမ္ပဏီအား ဖျက်သိမ်းစေခဲ့ပြီး အမည်ပျက်စာရင်း ကြေညာခဲ့ကြောင်း သိရှိရပါသည်။ ပြည်ထောင်စုမြန်မာနို်င်ငံတော်ဆိုင်ရာ စင်ကာပူသံရုံးတွင် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်နှစ်လယ်ပိုင်းခန့်က စင်ကာပူနို်င်ငံသားတစ်ဦးသည် မြန်မာနိုင်ငံတွင် ယင်း၏ ငွေကြေးဖြင့် ဖွဲ့စည်းထူထောင်ထားသည့် ကုမ္ပဏီရှိသည့်အတွက် ရန်ကုန်မြို့တွင် စီးပွားရေးလုပ်ငန်းနှင့် ပတ်သက်သည့်ကိစ္စရပ်များဆောင်ရွက်ရန် လုပ်ငန်းပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားခဲ့ကြောင်းသိရသည်။ အဆိုပါ စင်ကာပူနိုင်ငံသားသည် မြန်မာနိုင်ငံတွင် စီးပွားရေးဆိုင်ရာကိစ္စရပ်များအတွက် ကုမ္ပဏီဖွင့်လှစ်ဆောင်ရွက်နေသော်လည်း မြန်မာနို်င်ငံမှ မသိနားမလည်သော မြန်မာအမျိုးသမီးငယ်များအား လိမ်ညာလူမှောင်ခိုကူးသည့်လုပ်ငန်း ဆောင်ရွက်ဖွယ်ရှိကြောင်း သံသယရှိနေကြောင်း စင်ကာပူနို်င်ငံဆို်င်ရာ မြန်မာသံအမတ်ကြီးက နို်င်ငံခြားရေးဝန်ကြီးဌာနသို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။ အဆိုပါ စင်ကာပူနိုင်ငံသားနှင့် ယင်း၏ ငွေကြေးဖြင့် ဖွဲ့စည်းထူထောင်ထားသော ကုမ္ပဏီအား နိုင်ငံခြားရေးဝန်ကြီးဌာန၏ အကြောင်းကြားမှုအရ […]