klnJune 4, 20101min470
အခုတစ်ပတ်အတွင်း အက်ဖ်အီးစီ ၂ဝတန်၊ ၅ဝတန် တစ်ခါသုံးငွေကြိုပေးဖုန်းကတ်တွေ ရောင်းအားထက်ဝက်ခန့် ကျဆင်းသွားတာဟာ ကတ်ဝယ်ရင် မှတ်ပုံတင် မိတ္တူပေးရမယ်ဆိုတဲ့ ပုံစံသစ်ကြောင့်လို့ ဆိုပါတယ်။ “ ပရီပိတ်ကတ်ဈေးကွက်ကတော့ သိသိသာသာကို အေးနေတယ်၊ ထက်ဝက်လောက်ကို ကျတယ်၊ လာဝယ်တဲ့သူတွေက မှတ်ပုံတင်မိတ္တူ အဆင်သင့်ပါမလာကြတာလဲ ပါတယ် ” ဟု ရွှေဂုံတိုင် မစ္စတာဖုန်းတယ်လီကွန်မှ မန်နေဂျာ ဒေါ်မြတ်သီရိခိုင်က သူ့အတွေ့အကြုံပြောပါတယ်။ ကတ်ဝယ်ချင်သူတွေအနေနဲ့ မှတ်ပုံတင်မိတ္တူပေးခဲ့ရမယ့် စနစ်ကို စင်ထရယ်မားကတ်တင်းက ယခု လဆန်းပိုင်းမှာ စတင်သတ်မှတ်လိုက်တယ်လို့ သိရတယ်။ တစ်ခါသုံးငွေကြိုပေးကတ်တွေဟာ အကြောင်းကိစ္စတစ်ခုခုဆိုရင် ပိုင်ရှင်ဘယ်သူလဲ စုံစမ်းရခက်တာကြောင့် မှတ်ပုံတင်မိတ္တူတောင်းရတာလို့ ဆိုပါတယ်။ လက်ရှိအချိန်အထိ မှတ်ပုံတင်မိတ္တူပေးရမယ်ဆိုတာ မသိသေးတဲ့သူတွေ ရှိနေဆဲဖြစ်ပြီး ဆိုင်ရောက်လို့ မှတ်ပုံတင်မိတ္တူအတောင်းခံရတဲ့အခါ ကျေနပ်တဲ့သူတွေရှိသလို၊ မကျေနပ်တဲ့သူတွေလည်း ရှိတယ်လို့သိရတယ်။ ဆိုင်တွေဘက်ကလည်း မတောင်းလို့မရတဲ့ အခြေအနေကြောင့် […]


klnJune 4, 20101min730
ဘဏ်တွေမှာ ငွေအပ်ဖို့ စိတ်ဝင်စားတဲ့သူတွေက ပုဂ္ဂလိကဘဏ်တွေရဲ့ ခိုင်မာမှုကို လေ့လာသင့်တယ်လို့ သိရတယ်။ ပုဂ္ဂလိကဘဏ်အသစ်တွေ ထပ်ဖွင့်ခွင့်ရတော့ ဘဏ်နဲ့အလုပ်လုပ်ကိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေက စိတ်ဝင်စားကြတာ တွေ့ရတယ်။ “ ပုဂ္ဂလိကဘဏ်တွေ ထပ်ပေါ်လာရင် ငွေကြေးနဲ့ လည်ပတ်ပြီး အလုပ်လုပ်မယ့်သူတွေအတွက် အဆင်ပြေနိုင်တယ်၊ ဘဏ်ရဲ့အတိုးနှုန်းအပေါ်မှာ မှီခိုပြီးအပ်နှံမယ့်သူတွေကတော့ ဘဏ်ရဲ့အနေအထား၊ နောက်ခံအခြေအနေ၊ ခိုင်မာမှုကို လေ့လာပြီး အပ်နှံဖို့ စဉ်းစားနိုင်တယ် ” လို့ ကျော်ထရေးဒင်းမှ မန်နေးဂျင်း ဒါရိုက်တာ ဦးကျော်ဦးက ပြောပါတယ်။ ဘဏ်တွေက အပြိုင်အဆိုင်ပေါ်လာရင် ပုဂ္ဂလိကဘဏ်တွေက ပေးမယ့်အတိုးနှုန်းအခြေအနေကိုလည်း သိချင်တယ်။ အတိုးနှုန်းသာများရင် ငွေတိုးရချင်လို့ အပ်တဲ့သူတွေက ပုဂ္ဂလိကဘဏ်တွေဘက်ကို လှည့်လာနို်င်တယ်လို့ ဆိုပါတယ်။ “ အပြင်မှာ ငွေတိုးချပေးတာထက် ဘဏ်ကပိုပြီး စိတ်ချရတယ်လို့ ယုံကြည်ကြတယ်၊ အတိုးရချင်တဲ့ သူတွေက ဘဏ်ကိုအပ်ကြတယ်၊ […]


klnJune 4, 20101min570
မင်္ဂလာဈေးမီးလောင်ခဲ့ရာတွင် ဆေးဆိုင်ကြီးများ၊ ကုမ္ပဏီများ သိန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရကြောင်း၊ ထိုကဲ့သို့ ဆုံးရှုံးခဲ့ရမှုကို သင်ခန်းစာယူပြီး နောင်လာမည့်ကာလများတွင် ယခုကဲ့သို့ကြုံတွေ့ခဲ့ရပါက ပြန်လည်ကာမိစေရန် ဆေးဆိုင်များအာမခံထားကြရေးအတွက် မြန်မာ့အာမခံလုပ်ငန်းနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနို်င်ငံဆေးနှင့် ဆေးပစ္စည်းကုန်သည်နှင့် လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်က ပြောသည်။ “ကျွန်တော်တို့ အခုလို ဆုံးရှုံးမှုတွေများခဲ့တာဟာ အာမခံထားဖို့ အားနည်းချက်ရှိခဲ့လို့ပါပဲ။ အာမခံသာထားခဲ့မယ်ဆိုရင် ဆုံးရှုံးမှုကို ကာကွယ်နိုင်တယ်။ ဆေးဆိုင်တွေ အာမခံထားဖို့အတွက် အသင်းကနေ ဆောင်ရွက်ပေးမယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ ဆေးကုန်သည်တွေ၊ လုပ်ငန်းရှင်တွေ အားလုံးအနေနဲ့ အာမခံထားတဲ့ ဗဟုသုတရှိဖို့လိုပါတယ် ” ဟု Golden Paris ဆေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မင်္ဂလာဈေးတွင် ဆိုင်ဖွင့်မည်ဆိုပါက အနည်းဆုံး ငွေကျပ်သိန်း ၃၀ဝခန့် အရင်းအနှီးရှိကြောင်း၊ မီလောင်မှုကြောင့် အချို့ဆိုင်ခန်းခုနှစ်ခန်း၊ ရှစ်ခန်းအထိပါသွားသော ဆိုင်ရှင်များရှိကြောင်း၊ […]


klnJune 4, 20101min650
အသစ်နှင့် ပြန်ပြည့်မြဲစွမ်းအင် ကော်မတီ (ရန်ကုန်တိုင်း)မှ ဦးစီး၍ ရန်ကုန်စက်မှုဇုန်များတွင် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာဓါတ်မီးတိုင်များ တပ်ဆင်ပေးနေကြောင်း သိရသည်။ လှိုင်သာယာစက်မှုဇုန်၊ သာကေတစက်မှုဇုန်နှင့် ဒဂုံဆိပ်ကမ်းစက်မှုဇုန်တို့တွင် မေလဒုတိယပတ်မှ စတင်၍ တပ်ဆင်ပေးလျက်ရှိပြီး ကျန်စက်မှုဇုန်များတွင်လည်း တပ်ဆင်ရန်စီစဉ်လျက်ရှိကြောင်း သိရသည်။ “ စက်မှုဇုန်တွေအားလုံးကို တပ်ဆင်သွားမှာပါ။ လုံခြုံရေးအနေအထားရ ခုလတ်တလောကတော့ စက်ရုံဝင်းနံရံတွေမှာပဲ တပ်ဆင်ပြီး စက်ရုံတွေကပဲ ကုန်ကျစရိတ်အားလုံးခံတယ်။ နောက်ပိုင်းစက်မှုဇုန်ရဲ့ ရန်ပုံငွေတွေနဲ့ ဇုန်လမ်းတွေမှာ တပ်ဆင်မယ် ” ဟု ၎င်းကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ရန်ကုန်တိုင်းအတွင်း စက်မှုဇုန် ၁၃ဇုန်ရှိပြီး ဇုန်တိုင်းတွင် တပ်ဆင်သွားမည်ဖြစ်ကြောင်း၊ လတ်တလောတွင် ဓါတ်မီးတိုင် ၂ဝ တပ်ဆင်ပြီးဖြစ်ပြီး လစဉ် ဓါတ်တိုင် ၁၀ဝခန့် တပ်ဆင်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ရန်ကုန်တိုင်းအတွင်း မီးပွိုင့် ၁၄၄ ခု ရှိရာ၌ […]


klnJune 4, 20101min590
မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် မိုးများရွာသွန်းမှုနှင့် မေလအတွင်း ရေကြောင်းပို့ဆောင်ရေး၏ အဓိက မြစ်ကြီးများဖြစ်သော ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်များတွင် မြစ်ရေများ ပြန်လည်မြင့်တက်လာမှုများကြောင့် ရပ်နားထားသည့် ပြည်တွင်းရေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲနို်င်ပြီဖြစ်ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ ယခုနှစ်တွင် ယမန်နှစ်များထက်ပိုသည့် မြစ်များ၌ မြစ်ရေနည်းပါးမှုကို ကြုံတွေ့ခဲ့ပြီး ရေကြောင်းသွားလာမှုတွင်လည်း ရေကြောင်းကျပ်မှုများ ပိုမိုကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့် ရေပါးရာသီရောက်တိုင်း ပြေးဆွဲမှု ယာယီရပ်နားရသည့် ခရီးစဉ်များကို ယခုနှစ်တွင် စောစီးစွာ ရပ်နားခဲ့ရကြောင်း သိရသည်။ လက်ရှိအချိန်တွင်မူ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်များ၌ လက်ရှိရေမှတ်ထက် မြစ်ရေများမြင့်တက်လာမှုကြောင့် ရေကြောင်းသွားလာရေးလွယ်ကူလာပြီး ရပ်နားထားသည့် ခရီးစဉ်များ ပြန်လည်ပြေးဆွဲနိုင်ပြီဖြစ်ကြောင်း သိရသည်။ ချင်းတွင်းမြစ်ဖျားပိုင်း ခရီးစဉ်တစ်ခုဖြစ်သည့် ဟုမ္မလင်း- ခနီ္တးခရီးစဉ်ကို ရပ်နားထားရာမှ မေလ ၂၈ရက်နေ့မှစကာ ကေအမျိုးအစား ရေယာဉ်များဖြင့် ပြန်လည်ပြေးဆွဲပေးနေပြီး၊ မုံရွာ-ဟုမ္မလင်း၊ မုံရွာ-ကလေးဝ […]


klnJune 3, 20101min774
7 Day News ဂျာနယ်မှ မအေးသူစံနှင့် ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးတို့အကြား ဖြစ်ပွားခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့၏ ကြေညာချက်အမှတ် (၂/၂၀၁၀)ကို ဇွန်လ ၁ရက်နေ့က ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့၏ ကြေညာချက် (၁/၂၀၁၀)တွင် 7 Day News ဂျာနယ်မှ မအေးသူစံနှင့် ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးတို့အကြား ဖြစ်ပွားခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ သရုပ်ဆောင်ထက်ထက်မိုးဦး၏ လုပ်ရပ်အပေါ် မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့က ဝမ်းနည်းစွာရှုတ်ချခဲ့ပြီးဖြစ်ကြောင်း၊ သတင်းထောက်မအေးသူစံကိုလည်း ဇွန်လ ၁ရက်နေ့က ခေါ်ယူတွေ့ဆုံ၍ လိုက်နာသင့်သည့်အချက်အချို့ကို အသိပေးပြောကြားခဲ့ကြောင်း ယခုထုတ်ပြန်ချက် (၂/၂၀၁၀)တွင် ပါရှိသည်။ သတင်းထောက်မအေးသူစံကို အသိပေးခဲ့သည့်အချက်များထဲတွင် (က) သတင်းအရင်းအမြစ်များနှင့် တွေ့ဆုံမေးမြန်းသတင်းရယူရာတွင် စာနယ်ဇင်းကျင့်ဝတ်များနှင့်အညီ လိုက်နာကျင့်သုံးဆောင်ရွက်ရန်၊ (ခ) စာပေနှင့် ရုပ်ရှင်၊ […]


klnJune 3, 20101min640
တပ်မတော်နှင့် ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ရုံးအကြား ပူးပေါင်းဆောင်ရွက်နိုင်မှုကြောင့် တပ်မတော်အတွင်းသို့ ရောက်ရှိသွားသော အသက်(၁၈)နှစ်အောက် ကလေးသူငယ်များအား အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံနိုင်မှု တစ်နှစ်အတွင်း ဦးရေ ၁၀ဝ ရှိခဲ့ကြောင်း ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ရုံးမှ သတင်းရရှိသည်။ “ အယောက် ၁၀ဝ မြောက် ဖြစ်တဲ့ကလေးတစ်ဦးကို မေလ ၂၆ရက်နေ့က အုပ်ထိန်းသူထံ ပြန်လည်အပ်နှံနိုင်ခဲ့ပါတယ် ” ဟု ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ရုံးမှ ဆက်သွယ်ညှိနှိုင်းရေးအရာရှိ စတိ(ဖ်)မာရှယ်က မေလ ၂ရရက်နေ့တွင် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ၊ အမိန့် ညွှန်ကြားချက်များသည် အသက်(၁၈)နှစ်အောက် ကလေးသူငယ်များ တပ်မတော်အတွင်းသို့ စုဆောင်းမှုကို တားမြစ်ထားကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကြိုတင်ကာကွယ်ရေး အသိပေးပညာပေးသင်တန်းများကို ပို့ချလျက်ရှိကြောင်းနှင့် သင်တန်းပြုလုပ်ရခြင်းမှာ […]


klnJune 3, 20101min772
ထိုင်းနိုင်ငံ နိုင်ငံရေးမငြိမ်မသက်မှုများကြောင့် မြန်မာနိုင်ငံတွင် ရပ်တန့်ခဲ့သော တရားမဝင် နှစ်လုံးထီလောင်းကစားလုပ်ငန်းများသည် ယခုအခါ စင်ကာပူစတော့အိတ်ချိန်းဖြင့် ပြန်လည်လောင်းကစားမှုများ ရှိနေကြောင်း စုံစမ်းသိရှိရသည်။ ယခုလောင်းကစားမှု ပြုလုပ်နေသော စင်ကာပူစတော့အိတ်ချိန်းသည် ယခင် ထိုင်းစတော့အိတ်ချိန်းထက် နှစ်ရက်ပိုကြာမြင့်မည်ဖြစ်သည်။ စင်ကာပူစတော့အိတ်ချိန်းသည် နံနက် ၁၂နာရီနှင့် ညနေ ၄နာရီတွင် တစ်ရက် နှစ်ကြိမ်ပေါက်ဂဏန်းဖြစ်ပြီး စနေ၊ တနင်္ဂနွေမှာပင် ကစားနိုင်ကြောင်း သိရသည်။ “ ပြန်ကစားလို့ရနေပြီလေ။ ရပ်တာ သုံးရက်၊ လေးရက်လောက်ပဲ ကြာမယ်ထင်တယ်။ ဒီတစ်ပတ် အင်္ဂါနေ့လောက်ကထိုးလို့ရတယ်။ ဒီနေ့တောင် ကျွန်မ တစ်ရာဖိုးပေါက်တယ် ” ဟု ယနေ့နှစ်လုံးထီထိုးခဲ့သူ တစ်ဦးကပြောသည်။ တရားမဝင်လုပ်နေသော နှစ်လုံးထီလောင်းကစားပုံစံမှာ ရုပ်သံလိုင်းတစ်ခု ထုတ်လွှင့်သော စတော့ရှယ်ယာဈေးနှုန်းများ၏ နောက်ဆုံးဂဏန်းနှစ်လုံးအား ယူ၍ ကစားခြင်းဖြစ်သည်။ ယင်းလောင်းကစားမှုများကို တားဆီးရန်အတွက် သက်ဆိုင်ရာမှ ဖော်ထုတ်အရေးယူခြင်းများရှိခဲ့ကြောင်း […]


klnJune 3, 20101min680
ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်( UMFCCI) ၊ ပြန်ကြားရေးနှင့် သတင်းနည်းပညာမြင့်တင်ရေး ဆိုင်ရာလုပ်ငန်းကော်မတီမှ ကျင်းပသည့် ဘာသာရပ်ဆိုင်ရာ ပညာရှင်များဟောပြောပွဲများကို ၂၀၀ရခုနှစ်၊ ဩဂုတ်လ(၅)ရက်နေ့မှစတင်ကျင်းပခဲ့ပါသည်။ ဆက်လက်၍ ဟောပြောပွဲများကို တစ်လတစ်ကြိ်မ် ပထမပတ်၊ စနေနေ့တွင်ကျင်းပမည်ဖြစ်ပါသည်။ ယခုကျင်းပမည့် ဟောပြောပွဲအမှတ်စဉ် (၂၄/၀၉-၁၁) တွင် စာရေးဆရာမ ဂျူးမှ “သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျင့်ဝတ်နီတိ” “Environmental Ethic”ခေါင်းစဉ်ဖြင့်ဟောပြောမည်ဖြစ်သည်။ ၎င်းဟောပြောပွဲကို ၂၀၁ဝခုနှစ်၊ ဇွန်လ (၅) ရက် (စနေနေ့) နေ့လည် ဝ၂းဝဝနာရီတွင် UMFCCI အသင်းချုပ်ရုံး၊ မင်္ဂလာခန်းမ အမှတ် (၂၉) ၊ မင်းရဲကျော်စွာလမ်း၊ (စိန်ဂျွန်းမှတ်တိုင်) ၊ လမ်းမတော်မြို့နယ် ကျင်းပမည်ဖြစ်ရာ ဖုန်း-၂၁၄၃၄၄/၅/၆/၇/၈/၉သို့ ဆက်သွယ်နိုင်ကြောင်း အသင်းဝင်များနှင့် စိတ်ပါဝင်စားသူမည်သူမဆို တက်ရောက်နိုင်ပါကြောင်း ဖိတ်ကြားထားသည်။


klnJune 3, 20101min593
မြန်မာနိုင်ငံတစ်ဝန်းရှိလမ်းများထဲမှ B.O.T (Build, Operate, Transfer ) စနစ်ဖြင့် လမ်းများကို တာဝန်ယူလုပ်ကိုင်နေသော ကုမ္ပဏီများက လမ်း၊ တံတားအသုံးပြုခများကို နိုင်ငံတော်မှ သတ်မှတ်ပေးထားသော နှုန်းထားများနှင့်အညီ ကောက်ခံရန်နှင့် ပိုမကောက်ကြရန် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူက မှာကြားထားကြောင်း B.O.T စနစ်ဖြင့် လမ်း၊ တံတားဆောက်လုပ်ခွင့် ရထားသော ကုမ္ပဏီအချို့မှ တာဝန်ရှိသူများကပြောသည်။ နိုင်ငံတစ်ဝန်း၌ ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် လမ်းမိုင်အရှည် ၂၁၃၆၁ မိုင် ၂ ဖာလုံရှှိပြီး၊ ထိုလမ်းများထဲမှ ပုဂ္ဂလိကဆောက်လုပ်ရေး ကုမ္ပဏီ ၃၃ခုကို လမ်းပေါင်း ၇၉လမ်း (လမ်းမိုင်အရှည် ၄၇၆ရ မိုင်၊ ၆ဖာလုံ)အား B.O.T စနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုထားကြောင်း သိရသည်။ “ B.O.T ကို ပြုပြင်ဖောက်လုပ်၊ လုပ်ငန်းလုပ်ကိုင်ရေး၊ လွှဲပြောင်းပေးရေးလို့ မြန်မာပြန်တယ်။ […]


klnJune 3, 20101min400
ပြိုကျနိုင်သည့် အန္တရာယ်ရှိ အဆောက်အအုံ ၂၅လုံးအနက်မှ အဆောက်အအုံအချို့ကို နှစ်နှစ်အတွင်း အပြီးတည်ဆောက်ပေးရမည်ဖြစ်ကြောင်း အဆိုပါအဆောက်အအုံအချို့ကို ဆောက်လုပ်ခွင့်ရရှိခဲ့သည့် ကုမ္ပဏီအချို့မှ သိရှိရသည်။ ရန်ကုန်တိုင်းရှိ အဆောက်အအုံ ၂၅လုံးကို အချိန်မရွေးပြိုကျနိုင်သည့်အတွက် အများပြည်သူများနေထိုင်ခြင်းမပြုကြရန် သက်ဆိုင်ရာမှ မတ်လအတွင်းကထုတ်ပြန်ခဲ့သည်။ ထို့နောက် အန္တရာယ်ရှိ အဆောက်အအုံများတွင် နေထိုင်သည့် ပြည်သူများကို ရွှေ့ပြောင်းကြရန် ညွှန်ကြားခဲ့ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် သက်ဆိုင်ရာဆောက်လုပ်ရေးလုပ်ငန်းများ စာချုပ်ချုပ်ဆိုကာ စတင်ဆောက်လုပ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ “အန္တရာယ်ရှိ အဆောက်အအုံတွေကို ဆောက်လုပ်တော့မယ်ဆိုရင် နေထိုင်တဲ့သူတွေကို အရင်ရွှေ့ပြောင်းဖို့ ဆောင်ရွက်ရပါတယ်။ ပြီးရင် သက်ဆိုင်ရာကို ဆောက်လုပ်ခွင့်ရဖို့ လုပ်ထုံလုပ်နည်းအတိုငး အဆင့်ဆင့်ပြုလုပ်ရပါတယ်။ ကျွန်တော်တု့ိ ဆောက်လုပ်ခွင့်ရရှိထားတဲ့ ပန်းဘဲတန်းမြို့နယ်က ပြိုကျသွားတဲ့ အဆောက်အအုံကိုတော့ ဖောင်ဒေးရှင်းစတူးတဲ့အချိန်ကစပြီး နှစ်နှစ်အတွင်း အပြီးတည်ဆောက်ပေးဖို့ ပါဝင်ပါတယ်။ ကျန်တဲ့အဆောက်အဦတွေကိုတော့ ဆောက်လုပ်မှုပုံစံပေါ်မူတည်ပြီး တစ်နှစ်ခွဲကနေ နှစ်နှစ်ကြား […]


klnJune 3, 20101min661
ရတနာပုံတယ်လီပို့မှ ဝန်ဆောင်မှုပေးလျက်ရှိသည့် ADSL အင်တာနက်လိုင်းများ မေလ ၂၆ရက်မှစတင်ပြတ်တောက်မှုကြောင့် အင်တာနက်ဆိုင်များနှင့် သုံးစွဲသူများ အခက်ကြုံလျက်ရှိကြောင်း သိရှိရသည်။ “ပြီးခဲ့တဲ့ ၃ရက်လောက်ထဲက ရတနာပုံကမရတော့ဘူး။ ခုလောလောဆယ် MPT လိုင်းနဲ့သုံးနေရတယ်” ဟု ရန်ကုန်မြို့လယ်ရှိ အင်တာနက်ဆိုင်တစ်ဆိုင်မှ ဝန်ထမ်းတစ်ဦးကပြောသည်။ ယင်းပြတ်တောက်မှုနှင့်ပတ်သက်၍ ရတာနာပုံတယ်လီပို့မှ ယခင်ကဲ့သို့ သုံးစွဲသူများထံအကြောင်းကြားခြင်းမရှိသေးဘဲ အင်တာနက်ဆိုင်များကမူ မခန့်မှန်းနိုင်သေးကြောင်း သိရသည်။ အင်တာနက်ဆိုင်များမှာ YDP အပြင် MPT အင်တာနက်လိုင်းကိုပါ ပူးတွဲရယူထားကြသော်လည်း စီးပွားရေးလုပ်ငန်းများနှင့် ကုမ္ပဏီများတွင်မူ ရတာနာပုံလိုင်းကိုသာ အားထားအသုံးပြုသည့်အတွက် ယခုကဲ့သို့ ပြတ်တောက်မှုကြုံပါက လုပ်ငန်းနှောင့်နှေးမှုများ ဖြစ်ပေါ်ရကြောင်း သိရသည်။ ရတာနာပုံတယ်လီပို့ကုမ္ပဏီလီမိတက်မှ ဝန်ဆောင်မှုပေးနေသည့် ADSL အင်တာနက်လိုင်းများ ယခုကဲ့သို့ ပြတ်တောက်သွားရခြင်းမှာ အရှေ့တောင်အာရှနှင့် ဥရောပတိုက်ဆက်သွယ်ထားသော ရေအောက်ကေဘယ်ကြိုး SEME-WE 3 ပြတ်တောက်သွားခြင်းဖြစ်ကြောင်း အဆိုပါကုမ္ပဏီတာဝန်ရှိသူတစ်ဦးက […]


klnJune 3, 20101min610
စံချိန်တင်ရေခန်းခြောက်မှုနှင့် ကြုံတွေ့နေရသော အင်းလေးကန်တွင် လွန်ခဲ့သော ရက်အနည်းငယ်အတွင်းက မိုးစတင်ရွာသွန်းခဲ့ပြီး ရေပြင်အနည်းငယ်မြင့်တက်လာခဲ့ကြောင်း အင်းလေးဒေသခံများက တယ်လီဖုန်းဖြင့်ပြောကြားခဲ့သည်။ “ မေလ ၂၂ရက်က အင်းလေးမှာ မိုးစရွာတယ်။ အပူတော့ တော်တော်သက်သာသွားတယ်။ ရေကတော့ သိသိသာသာကြီး တက်မလာသေးပေမယ့် တစ်လက်မလောက်တော့တက်တယ် ” ဟု အင်းလေးကန် အရှေ့ဘက်ခြမ်းရှိ ဟိုတယ်တစ်ခုမှ ဝန်ထမ်းတစ်ဦးက အင်းလေးတွင် မိုးရွာသွန်းမှု အခြေအနေကို ပြောသည်။ အင်းလေးကန် တောင်ဘက်ခြမ်းအင်းပေါခုံရွာတွင် နေထိုင်သူတစ်ဦးကမူ “ မိုးကတော့ ရွာပြီ။ ဒါပေမယ့် နည်းသေးတယ်။ မေ ၂၄ရက်ကတော့ တော်တော်လေးသည်းတယ်။ ဒီလိုဆက်ရွာမယ်ဆိုရင်တော့ ရေပြန်တက်ကောင်းပါရဲ့ ” ဟု ပြောကြားသည်။ ယခုနှစ်တွင် အင်းလေးကန်၌ မိုးရွာသွန်းမှုမှာ ပုံမှန်နှစ်များထက်နောက်ကျခဲ့ပြီး မေလတတိယပတ်အတွင်းမှ စတင်ရွာသွန်းခြင်းဖြစ်သည်။ “အင်းထဲမှာ ပုံမှန်ဆိုရင် သင်္ကြန်လောက်ဆို […]