U Thein BoJuly 29, 20121min944
ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ မေ(၈)ရက်က စတင်ခွင့်ပြုခဲ့သည့် လူတိုင်းမော်တော်ယာဉ် တင် သွင်းခွင့်အစီအစဉ်အရ ခွင့်ပြုချက်ရရှိမှုနှင့်အတူ မြန်မာနိုင်ငံ သို့ဂျပန်နိုင်ငံမှ ခရီးသည်တင် ဘတ်(စ်)ကား အသစ်များဝင်ရောက်လာတော့မည်ဟု ကြားသိရသည့်အတွက် လွန်စွာပင် မင်္ဂလာရှိလှသည့် သတင်းဖြစ် ပေသည်။ သည်သတင်းက မြန်မာနိုင်ငံသားများအားလုံးအတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရသည်။ အဘယ်ကြောင့်ဆိုသော ကျွန်တော်တို့သာမန်အခြေခံ လူတန်းစား ခရီးသွားပြည် သူတွေ အနေနဲ့ ဘတ်(စ်)ကားတွေကိုသာ အားကိုးနေရခြင်းဖြစ်သည့်အတွက် အများပြည်သူ နေ့စဉ် သွားလာနေကြ ရသော မော်တော်ယာဉ်လိုင်းများမှာလည်း အဆင့်မီ သင့်သည်မှာ ကြာပါပြီ။ အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်လာ သည်ဟုဆိုသော်လည်း ခရီးသည်တင်ကားများအနေဖြင့် ကားကောင်းများအဖြစ်သို့ ပြောင်းလဲမလာ။ ဟိုင်းလတ်၊ ဒိုင်နာစသော လုပ်ငန်းခွင်သုံး မော်တော်ယာဉ်များကိုပင်ခရီးသည်တင်လိုင်းကားအဖြစ် မြင်တွေ့နေရသည်မှာ ခေတ်မှီတိုးတက်နေသည့်ဒီမိုကရေစီဆိုသော နိုင်ငံတော်ကြီးကို   လှောင်ပြောင် နေသလိုခံစားမိပါသည်။ ဒီလို ကားတွေနေရာမှာ […]


U Thein BoJuly 28, 20121min1045
အခုတစ်လော မဂ္ဂဇင်းစာအုပ်တစ်အုပ်ကို ကောက်ဖတ်ကြည့်မိတော့ မျက်စိထဲမှာ စိတ်မချမ်းမသာဖြစ်စရာ မြင်ကွင်းတစ်ခု ကိုတွေ့လိုက်မိတယ်။  ပုဂံ ဘုရားကို နောက်ခံ ထားပြီးရိုက်ထားတဲ့ မြန်မာမော်ဒယ်လ်တစ်ယောက်ရဲ့ခေတ်ပုံရိပ်အချို့ကိုတွေ့မိတော့ နည်းနည်း တော့ ရင်မောစွာ  ခေါင်းထဲမှာ အတွေးတစ်ချို့ကို တွေးမိလိုက်တယ်။ ဒီပုံကို ဖန်တီးတဲ့ ပရော်ဖက်ရှင်နယ်(Photographer) တစ်ယောက်အနေနဲ့ အနုပညာကို ဘယ်လို(Idea)မျိုးနဲ့တွေးပြီး မဂ္ဂဇင်းဖတ်ရှုသူ ပရိတ်သတ်ရဲ့ရင်ထဲကို အရောက် ပို့တယ် ဆိုတာ မသိပေမယ့် မြင်ရသူ နလပိန်းတုန်း(ကျွန်တော့်)အမြင်တော့ ဒီပုံဟာ(Background)ရဲ့ မြင်ကွင်းနဲ့ သရုပ်ဆောင် မော်ဒယ်ရဲ့ အမူအယာ ဘယ်လိုမှမအပ်စပ်တဲ့ အနေအထားမျိုး(ပြဒါးတစ်လမ်း သံတစ်လမ်း)လို့ဘဲ မြင်မိတယ်။ ဒီနေရာမှာ ပြောချင်တာက လွတ်လပ်မှုတွေလည်း အထိုက်အလျောက် ပွင့်လင်းမြင်သာမှုရှိလာတာနဲ့အညီ မီဒီယာတွေ အနေနဲ့ ဖန်တီးမှုပေါင်းစုံကိုလည်း ပရိတ်သတ်ကို ချပြခွင့် လွတ်လပ်စွာရလာခဲ့ကြတဲ့အနေအထားမှာ အပြုသဘောေ ဆာင်တဲ့ ဖန်တီးမှုလေးတွေနဲ့ […]