ko aungmaungMarch 1, 20121min598
1-3-2012 ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့ခံ တောင်သူများ အတွက် ယခုနှစ်မှာ ပဲတီစိမ်း သိပ်မထွက်ခြင်း၊ ပဲဈေးမှာလည်း ထင်သလောက် မကောင်းသောကြောင့် တောင်သူများ စားဝတ်နေရေးအခက်အခဲဖြစ်လျှက်ရှိကြောင်းသိရသည်။ ယခုနှစ်ပဲတီစိမ်းဈေးမှာ တစ်တင်း 19000 ပတ်လည်သာရှိနေသည်။ တောင်သူများမှာ စိုက်ပျိုးစရိတ် ပိုးသတ်ဆေးစရိတ် လုပ်အားခစရိတ် တွေပိပြီး မနှစ်ကချေးထားသော ဘဏ်ကြွေးများလည်းဆပ်ဖို့ခက်ခဲနေကြောင်းသိရသည်။ ယခုနှစ်စီးပွားရေးတွေကျပ်တယ် အကြွေးတွေကလဲတင်တယ် အကြွေးဆိုတာလဲ စိုက်ပျိုးစရိတ်အတွက်ပါ ဒီပြင့် စိုက်ဘဏ် ကနေ ငွေတွေချေးထားတော ပဲဈေးမကောင်းလဲ အပြင်ကနေ 7 ကျပ်တိုးနဲ့ ဘဏ်ကြွေးကို အမြန်ပြန်ဆပ်ရတယ် မကြေရင်လဲ အဖမ်းအဆီးကရှိလာနိုင်တယ်လေ ဒီတော့ ဦးတို့ တောင်သူတွေကတော့ ဒုံရင်းဟာ ဒုံးရင်းပါပဲ မုန့်လုံးစက္ကူကပ်ပါပဲဟု ပဲစိုက်တောင်သူတဦးကပြောပြပါတယ်။ ပဲတွေပေါ်လာတယ် ရောင်းတယ် အကြွေးဆပ်တယ် ကုန်သွားတယ် နောက်ပြန်ချေး ဒါနဲ့ပဲသံသရာလည်နေတာပါ။ ရငွေနဲ့ ထွက်ငွေဟာ […]