ဦးအောင်ရွှေ၊ ဒေါ်အောင်ဆန်းစုကြည် တို့ အနေဖြင့် လူမှုရေး ကိစ္စရပ်များကို အသင်းအဖွဲ့လိုက် လုပ်ဆောင်ပါက လူမှုရေး အသင်းအဖွဲ့ ဖွဲ့စည်း ဆောင်ရွက်သင့်ပါကြောင်းနှင့် လူမှုရေး အသင်းအဖွဲ့ ဖွဲ့စည်းမည် ဆိုပါက  ပြည်ထဲရေးဝန်ကြီးဌာနသို့ လုပ်ထုံးလုပ်နည်းနှင့် အညီ လျှောက်ထားရမည် ဖြစ်ကြောင်း၊ ဥပဒေနှင့်အညီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ဇွန် ၂၈ တွင် အကြောင်းကြားစာ ပေးပို့ ပြောကြားလိုက်သည်။ ၎င်းအပြင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ၂၀၁ဝ ခုနှစ် စက်တင်ဘာ ၁၄ ရက်စွဲဖြင့် ထုတ်ပန်သည့် ကြေညာချက် အမှတ် (၉၇/၂၀၁၀)အရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်  (NLD) နှင့် အခြားပါတီလေးခုကို နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည်ခွင့် ပြုခြင်းနှင့် […]


2011 ASEAN Telecommunications and IT Ministers Meeting (TELMIN) and 2011 ASEAN Telecommunications and IT Senior Officials Meeting (TELSOM) အစည်းအဝေးများအတွက် လိုဂို ပြိုင်ပွဲ ဖိတ်ခေါ်စာ   ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးရမည့် 2011 ASEAN Telecommunications and IT Ministers Meeting (TELMIN) နှင့် 2011 ASEAN Telecommunications and IT Senior Officials Meeting (TELSOM) အစည်းအဝေးများတွင် အသုံးပြုရန်အတွက် အမှတ်တံဆိပ် တစ်ခုအား ဆက်သွယ်ရေး ၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ ပြိုင်ပွဲကျင်းပပြီး ရွေးချယ်သွားမည် […]


    Weebly နဲ့ ဆိုဒ်တစ်ခုလုပ်ရအောင် ပထမဆုံးအနေနဲ့ www.Weebly.com မှာ  sign up လုပ်ရပါတယ်.. Full name မှာ ကိုကြိုက်တာထားပေါ့ ကျွန်တော်ကတော့ kokolusoe လို့ပေးထားပါတယ် Email မှာတော့ ကို့အီးမေးကိုပေးလိုက်ပါ..muyar18@gmail.com ကိုပေးထားပါတယ်.. Password ကတော ့ဂျီမေးစကားဝှက်နဲ့မတူလည်းရပါတယ် ကိုကြိုက်တာထားပါ..တစ်ခုသတိထားရမှာပါ Weebly မှာ log in ဝင်တဲ့အခါ ဒီ mail နဲ့ password ကို ပြန်လည်အသုံးပြရမှာဖြစ်တဲ့အတွက်  မေ့မသွားဘို့ပါ။   အဲဒါပီးရင် မိမိရဲ့ ဆိုဒ် ကျလာပါတယ်… sign up လုပ်ပီးသွားရင် weebly မှာ မိမိအကောင့်နဲ့ ကြိုက်သလောက်ဖွင့်လို့ရပါတယ် ပုံကိုကြည့်ပါ My Site ရဲ့ဘေးမှာ Add […]


ရန်ကုန်၊ မြန်မာသင်္ဘောသား ၁ဝ ဦး ပါဝင်သည့် ကိုရီးယားနိုင်ငံသားပိုင် MT.SAMHO  FREEDON သင်္ဘောပေါ်တွင် သင်္ဘောသားများ လစာ မရရှိခြင်းကြောင့်  သင်္ဘောသား အလုပ်အကိုင် ကြီးကြပ်ရေးဌာန (SECD)ရုံးကို တိုင်ကြားထားကြောင်း မိသားစုဝင်များ၏ ပြောကြားချက်အရ သိရသည်။ ကိုရီးယားသင်္ဘောလိုင်း တစ်ခုဖြစ်သည့်  South Korea Sanbo Shipping လိုင်းမှ MT. SAMHO  FREEDON သင်္ဘောပေါ်ရှိ မြန်မာသင်္ဘောသားများ ခြောက်လကျော် ကြာသည်အထိ လုပ်ခလစာ လုံးဝ မရရှိသေးကြောင်း ယင်း သင်္ဘောပေါ်ရှိ သင်္ဘောသားတစ်ဦး၏ မိသားစုဝင် တစ်ဦးဖြစ်သည့် ကိုပီတာက ထုတ်ဖော်ပြောကြားခြင်း ဖြစ်သည်။ ယင်းအပြင် မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများ အသင်းကိုလည်း တိုင်ကြားထားကြောင်း ယင်းက ဆက်လက်ပြောသည်။ “အဲဒီ သင်္ဘောသားတွေ […]


ရန်ကုန်၊ ဇွန် ၂၉- အိန္ဒိယနိုင်ငံက နိုင်ငံခြားသားဆိုင်ရာ အက်ဥပဒေကို ယခင်ထက် ထောင်ဒဏ်နှင့် ငွေဒဏ် အဆပေါင်းများစွာ တိုးမြှင့်ပြင်ဆင်ထားရာ မြန်မာရေလုပ်သားများ သတိပြုရန် လိုအပ်ကြောင်း  သိရသည်။ မြန်မာနှင့် အိန္ဒိယနိုင်ငံတို့မှာ ရေပိုင်နက်ချင်း ထိစပ်လျက်ရှိရာ မြန်မာရေလုပ်သားများ သတိမပြုမိ၍ ဖြစ်စေ၊ သိလျက်နှင့်ဖြစ်စေ အိန္ဒိယ ရေပိုင်နက်အတွင်း ရောက်ရှိပါက အဆိုပါ တိုးမြှင့် သတ်မှတ်ထားသော ပြစ်ဒဏ်ကို ကျခံရမည်ဟု သိရသည်။ “လောလောဆယ် အိနိ္ဒယနိုင်ငံမှာ ပြစ်ဒဏ် ကျခံနေရတဲ့ မြန်မာနိုင်ငံသား တွေထဲမှာ ရေလုပ်သားက အများဆုံးပဲ။ ရေပိုင်နက်ချင်းကလဲ ထိစပ်နေတော့ ရေလုပ်သားတွေ အနေနဲ့ သတိထားဖို့ လိုတယ်။ အရင်လို ခြောက်လ တစ်နှစ် မဟုတ်ဘူး။ အခုဥပဒေအရ နှစ်နှစ်ကနေ ရှစ်နှစ်အထိ ထောင်ဒဏ်ချလို့ ရတယ်။ […]


တကယ်တော့ ကျနော်တို့ ဘဝဟာလည်း ဆရာဇော်ဂျီရဲ့ ဗေဒါကဗျာ လိုပါပဲ။ လောကဓံ တရားတွေရဲ့ ရိုက်ခတ်မှုတွေ၊ တိုက်ခိုက်ထိုးနှက်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။ (ဆင်းရဲလိုက်၊ ချမ်းသာလိုက်၊ အခြွေအရံ ပေါများလိုက်၊ အထီးကျန်ဆန်သွားလိုက်၊ ကံဆိုးလိုက်၊ ကံကောင်းလိုက်၊ ငွေလှိုင်နေ သ…ည့်အခါတွေလည်းရှိ၊ ငွေလိုသဖြင့် မာနကိုနှိမ်ချပြီး ချေးရငှားရတဲ့အခါတွေလည်းရှိ၊ လူရာသွင်းသည့်အခါလည်းရှိ၊ ချောင်ထိုးခံ ရသည့် အခါတွေလည်း မနည်း)။  ဒါပေမယ့်လေ…ဘာပဲဖြစ်ဖြစ် ကဗျာထဲက ဗေဒါပင်လေး လိုပါပဲ ရောက်တဲ့နေရာမှာပျော်… ဘယ်လိုပဲဖြစ်ဖြစ် အလိုက်သင့်နေထိုင်ရင်း… အစဉ် ပန်းပန်လျှက်ပါ… ညိုပြာပြာ လတာပြင်ခြေရင်း၊ လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလည်း မသက်သာ၊ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ၊ အဆင်းနဲ့ အလာ၊ ဗေဒါမအထွေး၊ အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လည်း မသက်သာ၊ နောက်တစ်ချီ […]


ထလော့မြန်မာ၊ အိုမြန်မာတို ့ တို ့ရွာ တို ့မြေ၊တို ့ရွာမြေဝယ် စေတီစပါး၊များလည်းများ၏ များပါလေလဲ၊တမွဲမွဲနှင့် ဆင်းရဲကာသာ၊ ကာလကြာလျှင် ယာစကာမျိုး၊ … တညှိုးညှိုးနှင့်ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား လှည့်လည်သွားလျှက် မစားလေရ၊ ဝမ်းမဝ၍ ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။ ထလော့မြန်မာ၊ အိုမြန်မာတို ့ တို ့ရွာတို ့မြေ၊ တို ့ရွာမြေဝယ် ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့် သီးနှံချိုပျား၊ များလည်းများ၏ များပါလေလည်း၊ တမွဲမွဲနှင့် ဆင်းရဲကာသာ၊ ကာလကြာလျှင် မြင်သာမြင်ရ၊ မစားရ၍ တောကပြိတ္တာ၊ ဖြစ်မည်တည်း။ ထလော့မြန်မာ၊ မြန်မာထလော့၊ အားမပျော့နှင့်၊ မလျော့လုံ ့လ သူကစ၍၊ ငါကအားလုံး လက်ရုံးများမြောင်၊ ဉာဏ်များမြောင်နှင့် စွမ်းဆောင်ကြလေ ဤမြေဤရွာ ဘယ်သူ ့ရွာလဲ ဤယာစပါး၊ […]


တစ်ခါတုန်းက သူဌေးကြီးတစ်ယောက်သည် တပည့်ဖြစ်သူအား လူမိုက်ကြီး (၁၀)ယောက်အားရှာဖွေ၍ စာရင်း ကောက်ခဲ့ရန် တာဝန်ကေးလိုက်သည်။ တပည့်ဖြစ်သူကလည်း သူဌေးကြီး၏ တာဝန်ပေးချက်အရ စာရင်း ကောက်ရန် ခရီးထွက်ခဲ့သည်။ … သူဌေးကြီးတပည့်သည် ခရီးထွက်ခွာလာရာ မြစ်တစ်ခု သို့ရောက်လာ၏။ လူတစ် ယောက်သည် မြစ်ထဲမှရေများကို ခပ်ထုတ်နေသည်ကိုတွေ့ရ၏။ ဘာကြောင့်ခပ်ထုတ်နေသည်ကို သိချင်လာ၍ အကြောင်းစုံကိုမေးမြန်းကြည့်သည် ။ “ရွာထဲက ကျွန်တော်ကြိုက်နေတဲ့ ကွမ်းတောင်ကိုင် အလှအပလေးက မြစ်ထဲကရေတွေ ကုန်အောင်ခပ်ထုတ်နိုင် ရင် ကျွန်တော်ကို လက်ထပ်မယ်တဲ့။ အဲဒါ သူအချစ်ကို ရအောင်ကြိုးပမ်းနေရတာဗျ” ။ အင်းတော်တော် မိုက်မဲတဲ့လူပေပဲ။ ထိုသူနံမည် ကိုမေးမြန်း၍ လူမိုက်နံပါတ်(၁) အဖြစ်စာရင်းမှတ်လိုက်လေ၏။ ထိုမြစ်ကြောင်းအတိုင်း ဆက်လက်ထွက်ခွာလာရာ လူတစ်ယောက်သည် မြစ်ထဲသို့ခေါက်ခေါက်အခါခါ လှော် နေသည်ကို တွေ့ရပြန်သည်။ သူဌေးကြီးရဲ့ တပည့်က […]