kotun winlattDecember 20, 20113min19916
ဒီဇာတ်လမ်းရဲ့ အစက ကျုပ်မျက်စိကိုက်ရာကနေ စခဲ့တာပါ… ကျုပ်က ကိုးတန်း ကျောင်းသားဘဝကတည်းက မျက်မှန်တပ်ခဲ့ရတာလေ… အဝေးမှုန်ပေါ့ …. အသက်လား ၃၅နှစ်ပါ… အလုပ်အကိုင်က အရပ်ငှားကျောင်းဆရာ….ရှုပ်သွားလား… ကျုပ်တို့ရွာတွေဘက်မှာ ကျောင်းတွေကို ဆရာ/ဆရာမ လုံလုံလောက်လောက် အစိုးရက မချပေးနိုင်ဘူးလေ… ဒီတော့ ရွာတွေက စုပေါင်းပြီး ဆရာ/မ တွေ ငှားကြရတာ… လခလားးးးး ပိုက်ဆံနဲ့ မဟုတ်ဘူးဗျ.. တစ်နှစ်စာကို စပါး ဂဝ ရတယ်…တင်းဂဝပေါ့.. ကျုပ်စာသင်တဲ့ ကျောင်းက တွဲဘက်အထက်တန်းကျောင်းပါ… ရွာနာမည်က မော်တိတ် တဲ့…ကျုပ်က ဒီရွာနဲ့ တော်တော်ဝေးတဲ့နေရာကပါ… ရွာသူ/သား အများစုက ဂဒူးတွေ ရှမ်းတွေပါ.. ကျုပ်က ကိုးတန်းနဲ့ ဆယ်တန်းကို သချာင်္နဲ့ ရူပသင်ပါတယ်… ဒီရွာမှာ ကျုပ်အငှားဆရာ လုပ်လာတာ ငါးနှစ်ရှိပါပြီ… ပညာအရည်အချင်းကတော့ […]


kotun winlattDecember 19, 20113min1252
ညသည်တိတ်ဆိတ်လျှက် … လမ်းပေါ်တွင်လူသူကင်းရှင်းပြီးလျှပ်စစ်မီးများလည်းပျက်နေသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးမှောင်မိုက်နေ၏ ။ အချိန်ကလည်း ည ၁၁ နာရီခန့်ရှိပြီမို့ အိမ်များလည်းတံခါးများကိုတင်းတင်းပိတ်ကာ အိပ်စက်ကြလေပြီ။ ကျနော်ကား ယခုမှ အလုပ်သိမ်းသဖြင့် အိမ်သို့ပြန်လာနေရခြင်းပင်။ ကျနော့်အလုပ်ရှိရာနှင့် အိမ်သည် တော်တော်လှမ်းသည်ဟုပြောရမည်။ အသွားအပြန်စက်ဘီးနင်းပြီး သွားရပေသည်။ ဒီအလုပ်ကို လုပ်ကိုင်နေခဲ့သည်မှာ သုံးနှစ်ရှိခဲ့ပြီဖြစ်၏။ ညတိုင်းလည်းဒီလိုအချိန်မှသာ အိမ်သို့ပြန်နေရတော့သည်။ လမ်းမှာမှောင်မိုက်နေသဖြင့် ကျနော်စက်ဘီးကိုမစီးပဲ တွန်းကာလာနေမိ၏။ရွာဦးဘုန်းတော်ကြီးကျောင်းနားအရောက်၌ ကျောင်းခွေးတစ်အုပ်က သဲသဲမဲမဲထိုးးဟောင်ကာကျောင်းထဲသို့ဝင်ပြေးသွားကြသည်။ ဒီခွေးများကမလွယ်ချေ။ တော်တော်ဆိုးသည်ပြောရမလား။ခွေးပါးဝသည်ပြောရမလား မသိ။ အုပ်စုလိုက်နေကြကာ ရွာအတွင်းလှည့်လည်ကာကြက်၊ ဘဲများကိုညအချိန်ဝင်ဆွဲလေ့ရှိသည်။ ပြီးတော့ သည်ခွေးများသည် ရွာဦးကျောင်းအုတ်တံတိုင်းပေါ်တွင် တစ်ကောင်က အမြဲတမ်း ဝပ်ကာနေလေ့ရှိသည်။ တခြားခွေးတစ်ကောင်ကောင်လာလျှင် အုတ်တံတိုင်း ပေါ်မှခွေးကအသံပေးလိုက်လျှင် အုတ်တံတိုင်းဘေးနား၌ ကပ်နေကြသော ခွေးတစ်သိုက် ထွက်လာကြကာ ခွေသူစိမ်းကို အသားကုန်ဝိုင်းဆော်ကြပါတော့သည်။ တစ်ကောင်တည်း ဘယ်တော့မှမနေကြချေ။ အုပ်စုလိုက်နေကြသောကောင်တွေပင်။ ဆက်လျှောက်လာရာ […]


kotun winlattDecember 16, 20111min1498
ကျနော် အိပ်မရနိုင်ဖြစ်နေသော ညမှာ အခန်းငယ်လေးထဲမှနေ၍ အတိတ်ကို တိတ်တဆိတ်သတိရနေမိ၏။ ကျနော့် အခန်းငယ်လေးဟု သုံးနှုန်းရခြင်းမှာ ကျနော်နေသောအခန်းငယ်လေးသည် ၁ဝပေပတ်လည်မျှရှိသော အခန်းလေးဖြစ် ခြင်းကြောင့်ပင်…။ ဒီအခန်းငယ်လေးကို ကျနော်အိပ်ချိန်နှင့် စိတ်ဖိစီးမှုများချိန်မှသာ နေလေ့ရှိသည်။ ဒီအခန်းငယ်လေးထဲမှာ ခုတင်တစ်လုံး၊ စာအုပ်စင်လေးတစ်ခု၊ စာကြည့်စားပွဲ တစ်လုံး၊ စာအုပ်သေတ္တာနှစ်လုံးမှအပ ကျန်ပစ္စည်းများဘာဆိုဘာမျှမရှိချေ။ ဒီည ကျနော် ၁၁နာရီထိုးမှအခန်းသို့ပြန်ရောက်ခဲ့သည်။ တစ်နေ့လုံး အလုပ်များနေသည့်အတွက် အားပါးတရ အိပ်စက်ပစ်မည်ဟုကြံရွယ်သော်လည်း လဲလျောင်းလိုက်ခါမှ အိပ်ချင်စိတ်တို့က လွင့်ပါးပျောက်ကွယ်သွားကြလေ၏။ တောင်စဉ်ရေမရ အတွေးများကြားမှ ဆယ်စုနှစ်တစ်ခုကျော် က နေထိုင်ခဲ့ရသော မြို့လေးဆီသို့ အတွေးများရောက်ရှိသွားပေတော့သည်။ အတိတ်မှ နေ့ရက်များသည် ကျနော့်အား ကလူကျီစယ်နေကြ၏။ မြို့လေးမှာ နေထိုင်ခဲ့ရသော သုံးနှစ်တာကာလအပိုင်းအခြားလေးသည် အပူပင်မဲ့သော နေ့ရက်များဟု အမည်တပ်မရသော်လည်း မွန်းကြပ်မှုများနည်းပါးသောနေ့ရက်များဟုဆိုလျှင်မှားအံ့မထင်။ မြို့လေးဆိုပေမယ့် မြန်မာပြည် မြောက်ပိုင်းမှာတော့ […]


kotun winlattDecember 15, 20111min20117
ကျုပ်ကိုလူတွေ နားမလည်ကြဘူးဗျာ…ငပျင်းတဲ့ .. ပျင်းတယ်ဆိုတာ ကြားရတာဆိုးပြီး အလွန်သက်သာသကိုးဗျ .. ဪ..ကျုပ်လား နာမည်က တင်ဝင်း …အရက်မူးလာရင် မဟုတ်မဟတ် လုပ်ဇာတ် တွေခင်းတတ်လို့ ရွာကလူတွေက ကျုပ်ကို ရွှေငန်းတင်ဝင်းတဲ့ .. ကျုပ်ကို လူတွေကအရေးမလုပ်ကြဘူး …ကျုပ်ကလည်းဘယ်သူ့ကိုမှ ဂရုမစိုက်ပါဘူး .. ကိုယ့်ထမင်းကိုယ်စားနေတာပဲ …ဘယ်သူ့ဂရုစိုက် ရမှာလဲ .. ကျုပ်မိန်းမလား … ဆုံးသွားပြီဗျ…ငွေမရှိတော့ ရောဂါဖြစ်တာ မကုနိုင်လို့ဆုံးသွားတာလေ…. ကျုပ်မှာကလေးတွေ ကျန်ခဲ့တာပေါ့ … သမီးက ( ၄ ) ယောက် သားက ( ၅ )ယောက် ဒါတောင် နှစ်ယောက်က ဆုံးသွားလို့ …အပြည့်တာဆိုဘော့လုံးတစ်သင်းစာ ကွက်တိရယ်… သမီးတွေတော့ အိမ်မှာမရှိကြတော့ပါဘူး ..လင်ယူကုန်ပြီလေ…… မိဘကို မလုပ်ကျွေးချင်ကြပါဘူးဗျာ… ကျုပ်အသက်လား… […]


kotun winlattDecember 14, 20111min903
မနက်ခင်းသည် နှင်းမှုန်များနှင့်မသဲမကွဲ ဆောင်းကုန်ခါနီးနှင်းတို့ကအစွမ်းကုန်သွန်ချနေသယောင် အအေးဓာတ်ကလေးကလည်းရှိနေဆဲမို့ ကျနော် အကျီင်္အထူနှင့်အနွေးဖိနပ်ကိုဝတ်ဆင်လျက် စီးတော် ယာဉ်ကို လီဗာတင်ပြီး ရွှေဘို မန်းလေး ကားလမ်းဘက်သို့ထွက်လာခဲ့မိသည်။ ဒီနေ့မနက်ကျနော် ခရီးတစ်ခုသွားစရာရှိ၍ဖြစ်သည်။ သွားရမည့်ခရီးကား ရွာနှင့်မိုင်သုံးဆယ်ကျော်ဝေးသောမြို့ငယ် လေးသို့ဖြစ်သည်။ ကားလမ်းမသို့ရောက်သောအခါ လမ်းထောင့်ကွမ်းယာဆိုင်မှ ကွမ်းငါးရာဖိုးဝယ် လိုက်သည်။ ခရီးမသွားတာခြောက်လခန့်ရှိပြီမို့ ဒီလမ်းခရီးကိုသွားရမှာပျင်းနေမိသည်။ အရင်ကတော့ တစ်လလျှင်သုံးလေးကြိမ်မျှ သွားရလေ့ရှိသည်။ ကွမ်းတစ်ယာကိုထုတ်ဝါးရင်း လမ်းမပေါ်သို့ငေးကြည့် မိသည်။ လမ်းပေါ်တွင်ဈေးသွားဈေးပြန်များနှင့် လူမပြတ်ချေ။ တစ်ယောက်တည်းသွားရန်ပျင်း၍ သူငယ်ချင်းအား အဖော်ညှိထားသော်လည်း မလိုက်နိုင်ဟုဆိုလာသဖြင့် တစ်ယောက်တည်းထွက်လာရခြင်းဖြစ်၏။ စီးတော်ယာဉ်ကိုခွပြီး မှန်မှန်မောင်းနှင်လာခဲ့သည်။ ရွာအပြင်ဓာတ်ဆီဆိုင်တွင် စီးတော်ယာဉ်အတွက်ဆီသုံးပုလင်းထည့်လိုက်သည်။ ပြီးနောက်ကျနော်ဆက်ထွက်လာခဲ့သည်။ ရွာပြင်ကားလမ်းတွင် တော့ လူရောကားပါရှင်းနေ၏။ နံနက်စောစောမို့အသွားအလာရှင်းနေခြင်းဖြစ်သည်။ ချောင်းကလေးကိုဖြတ်ဆောက်ထားသောတံတားလေးကိုဖြတ်ပြီးတောင်ကုန်းလေးတစ်ခုကိုကျော် လာသောအခါ လမ်းမှာဖြောင့်လာသဖြင့် စီးတော်ယာဉ်ကို လီဗာနည်းနည်းတင်လိုက်၏။ အရှေ့ခပ်လှမ်းလှမ်းသို့မျှော်ကြည့်သောအခါ တစ်ခုခုလိုနေသလိုခံစားရသည်။ အရင်မြင်နေ ကျမဟုတ်သလိုရှင်းနေ၏။ သေချာစဉ်းစားကြည့်မှ […]


kotun winlattDecember 13, 20111min21215
ကျုပ်ကို ရွာကလူတွေက ဒေးဗစ်ချန်းတဲ့ … ဘာလို့ခေါ်မှန်းမသိပေမယ့် ကျုပ်မှာ   ဘယ်ဘက်လက်တစ်ဘက်မရှိဘူး … လက်ကောက်ဝတ်ကနေဖြတ်ထားရတာ။   အသက်လား ၁၈ နှစ်ပါ .. မိသားစုနဲ့ အတူနေတယ် ။ လက်ရှိမိသားစုထဲမှာ အကြီးဆုံးပေါ့။   အထက်ကအစ်မတွေတော့ အိမ်ထောင်ကျကုန်ပါပြီ။ အမေလည်းဆုံးသွားတာ သုံးနှစ်လောက်   ရှိပါပြီ။ အဖေကတော့ ရထားပေါ်မှာ ဈေးလိုက်ရောင်းတယ်။ အဆင်ပြေတယ်မရှိလှပါဘူးဗျာ။   အဖေက အကျင့်မကောင်းဘူးလေ ။ လက်ထဲမှာငွေရှိလာရင် အရက်သောက် ဖဲရိုက်   မူးလာရင် ကျုပ်နဲ့ ညီ ၊ ညီမလေးတွေကို ရိုက်တယ်။ အဓိကတော့ ကျုပ်ကိုပေါ့   သောက်သုံးမကျတဲ့ကောင် ၊ သောက်ရူး ၊ သူတောင်းစား အစရှိသဖြင့်ပေါ့ ။ […]


kotun winlattDecember 12, 20111min18410
ဒီရွာလေးဟာ မြို့နဲ့လည်းမနီးသလို ရထားလမ်းကားလမ်းနဲ့လည်း မနီးတဲ့ရွာလေးပါ။ အိမ်ခြေ ၂၀ဝခန့်ရှိသည်မို့ ရွာကြီးဟုပြောလျှင်ရပေသည်။ မူလတန်းကျောင်း ဆေးပေးခန်းများရှိ၏။ ရွာကရွာတန်းရှည်ကြီးဖြစ်သည်။ အရှေ့အနောက်တန်းနေသော ရွာကြီးဖြစ်သည်။ လမ်းမကြီးမှာလည်းဖြောင့်ဖြူးနေပေသည်။ ရွာသူရွာသားအများစုမှာ တောင်သူလယ်သမားများသာဖြစ်၏။ အနည်းစုကတော့ မုဆိုးနှင့် ဈေးရောင်းကြသူ များဖြစ်ချေသည်။ ရိုးသားသူများဖြစ်ပြီး စာပေကိုလည်း သေစာရှင်စာမျှသာရေးတတ် ဖတ်တတ်သူများဖြစ်ကြ၍ ရှေးရိုးအယူအဆများကို မစွန့်ပယ်နိုင်သေးသူများဖြစ်သည်။ ငွေကြေးမတတ်နိုင်မှု ရှေးရိုးစွဲမှုများကြောင့် အသက်မဆုံးရှုံးသင့်ပဲ ဆုံးရှုံးခဲ့ရသော ရွာသူ ရွာသားများလည်းမနည်းတော့ချေ။ ဒီလိုအဖြစ်မျိုးတွေကို အဆုံးသတ်ခဲ့စေသူကတော့ ဒီရွာကဘမှိုင်းဆိုသူပါ။ ဘမှိုင်းကတော့ဒီရွာဇာတိပဲဗျ…။သူကအေးအေးဆေးဆေးနေ တတ်သူဖြစ်ပြီးမဟုတ်မခံစိတ်ရှိသူလည်းဖြစ်တယ်။ သူကဘယ်အရာကိုမှ ကိုယ်တွေ့ မဟုတ်ရင်ယုံလေ့မရှိဘူး။ သူမိန်းမကတော့ နန်းကြည်တဲ့…။ အသားညိုညို အရပ်ပုပု မျက်လုံးလေးတွေက ပုလဲတစ်လုံး ရွဲတစ်လုံးပေါ့။ စိတ်ထားကောင်းသူပါပဲ။ ဇာတ်လမ်းက ရွာလယ်ပိုင်း မယ်မိဆီကစတာပဲဗျ။ မယ်မိဆိုတာက ဘမှိုင်းလူပျို ကာလသားဘဝက အလွန်ကြိုက်ပြီးအလွန်ပိုးပန်းခဲ့တာပေါ့။ ဒါပေမယ့်ဟိုဘက်ကတော့ […]


kotun winlattDecember 10, 20112min803
ဆောင်းမိုးစွေစွေ နှင်းမှုန်ဝေတို့ကျဆုံးလို့ အလွမ်းဆောင်  မိုး ငြိုးမာန်ဖွဲ့   မိုး အေးစက်စက် တိမ်ညိုတွေက ဆွေးစိမ့်မှုတွေကို  သယ်ယူလာလေရဲ့ …. ဒုက္ခယန္တရားဆန်ဆန်   မိုး နှင်းတွေအစား နေရာယူလေသော  မိုး အချိန်အခါမဟုတ်သော   မိုး အခါလွန်ရွာသော   မိုး ဆောင်းမိုးရဲ့ဖြစ်စဉ် ဆောင်းမိုးရဲ့ သဘာဝထဲမှာ ထုံကျင်အေးစက်နေရပြီ … ကျေးလက်ရဲ့ ဘာသာဘာဝ အလှတရား လှုပ်ရှားမှုတွေကို ငြိမ်သက်သွားစေသော  မိုး ပြာလဲ့လဲ့ ကောင်းကင်ကို ရီဝေစေသော  မိုး အကြောင်းအကျိုးမဲ့သော   မိုး ကိုယ့်ရာသီမဟုတ်ပဲ လာသော  မိုး နွေ ၊ မိုး ၊ ဆောင်း ဥတုသုံးမျိုးထဲက ဖောက်ခွင်အဖြစ် စွေသော ချွေသော  မိုး သူ့ရဲ့ဖျားယောင်းမှုနောက်ကွယ်က သံစဉ်မဲ့ ဂီတမဆန်သော ရေစက်ရေမှုန်အောက်မှာ လွင့်မျောဖြစ်အောင် […]


kotun winlattDecember 9, 20113min18510
ကျနော်စာကြည့်နေရင်းမှ တစ်ဘက်ခြံက ရေဒီယိုအသံလွှင့်အစီအစဉ်မှ ဆင်းရဲမွဲတေ မှုလျှော့ချရေး ဟူသည့် အသံကိုကြားလိုက်မိသည်။ သတင်းစာထဲတွင်လည်း ထိုသတင်း တော်တော်များများပါလာနေသည်။ ဆင်းရဲမွဲတေမှုလျှော့ချရေး….ဆင်းရဲမွဲတေမှု…. ကျနော်တီးတိုးရေရွတ်ကြည့်နေမိပါသည်။ ကျနော် ဒီစကားလုံးလေးကိုသေသေချာချာတွေးနေမိပါသည်။ မကြားဘူးသောစကားလုံး မဟုတ်ပေမယ့် မထူးခြားတော့သည် စကားလုံးဟုပြောရလိမ့်မည်ဟုထင်ပါသည်။ ကျနော်တို့လူမျိုးတွေ ဆင်းရဲမွဲတေမှုဆိုသည့်အရာနှင့်မွေးကတည်းက အတူတူပါလာသကဲ့ သို့မဟုတ်ပါလား။ သို့အတွက် အရေထူကာ ကိုယ့်အဆင့်နှင့်ကိုယ် ဘာမှန်းမသိအောင် ဖြစ်နေကြရသည် ထင်ပါသည်။ ဆင်းရဲမွဲတေမှုဆိုတာ ပစ္စည်းဥစ္စာတစ်ခုတည်းဆင်းရဲမွဲတေ တာမျိုး မဟုတ် တခြားတခြားသော စိတ်ဓာတ်၊ အသိပညာ၊ ဗဟုသုတတွေရော…. ထိုအရာတွေက ဆင်းရဲမွဲတေမှု အဆင့်မကတော့ပဲ ချွတ်ခြုံကျနေတာဟုပင် ဆိုရလေမည်လား။ တကယ်တော့ ချွတ်ခြုံဆိုတာက သူ့မှာခြုံစရာ ခါးဝတ်ပုဆိုးရှိနေပါသေးသည်။ (ချွတ်ခြုံ= ခါးဝတ်ကိုပင်ချွတ်၍ခြုံရလောက်အောင်ဆင်းရဲမွဲတေသည်။) ကျနော်တို့လူတန်းစားတွေမှာ တော့ ဆင်းရဲမွဲတေရုံမျှမက မွဲပြာကျနေသော အဆင့်မျိုးမှာပါ။ မြို့နေလူတန်းစားနှင့် နှိုင်းစာလျှင် တောနေလူတန်းစားတို့၏ […]


kotun winlattDecember 8, 20115min1535
ပြီးဆုံးခဲ့တဲ့ ဒါမှမဟုတ် ကုန်လွန်သွားပြီးတဲ့ အဖြစ်အပျက်တွေကို သမိုင်းလို့ခေါ်တယ် ဆိုရင် ကျနော့်ရဲ့ အတိတ်သမိုင်းကို နည်းနည်းတူးဆွပြချင်မိတယ်…။ သက်သေအထောက်အထားခိုင်လုံမှဆိုရင်လည်း ကျနော့်ကိုမွေးဖွားပေးခဲ့တဲ့ တောင်တန်းပြာကြီးကို တိုင်တည်ပြီးပြောချင်ပါတယ်။ ဒါပေမယ့်လည်း သူကိုယ်တိုင်က ဒဏ်ရာအနာတရတွေနဲ့မို့ သက်သေထူရမှာ နည်းနည်းတော့ အားနာမိတယ်။ ကျနော့်ကို ပစ်စလက်ခတ်လုပ်ရက်တဲ့လူတွေ မရှိခင်ကတည်းက ကျနော့်ဒီနေရာလေးကိုရောက်လာခဲ့တာပါ။ နွေအခါမှာ ဥဩသံနဲ့အတူ ကျနော် နွေဦးတေးကိုသီဆိုပြီး တငြိမ့်ငြိမ့် စီးဆင်းခဲ့တယ်။ မိုးရာသီမှာတော့ ခေတ်ပေါ်ဂီတသံတွေနဲ့ ကျနော်ခုန်ပေါက်မြူးတူးခဲ့တာပါ။ ဆောင်းရာသီမှာတော့ ရာသီဘွဲ့ညာဉ်းချင်းတွေနဲ့ တမေ့တမော အငွေ့ပျံရင်း တာဝန်ကျေခဲ့တယ်လေ…။ အဲ့ဒီအချိန်တုန်းက ကျနော်အဖြူရောင်သက်သက်လေးပါ။ နောက်တော့ ကျနော့်ရဲ့ကမ်းတွေပေါ်ကို လူသားတွေရောက်လာကြတယ်…။ ကျနော့်ကိုအမှီသဟဲပြုပြီး သူတို့တွေ အသက်ဆက်ခဲ့ကြတယ်။ ပြောရရင် ယုံကြည်ကြပါ့မလား။ ကျနော့်ရဲ့ အသွေးအသားတွေကို သူတို့ စုပ်ယူစားသောက်ကြတယ်။ ကျနော်ကျေကျေနပ်နပ်ကြီး ဖြည့်ဆည်းပေးခဲ့ပါတယ်။ပရ ဆိုတဲ့ အများအကျိုးအတွက် […]


kotun winlattDecember 7, 20111min23516
ခြေဆော့လက်ဆော့ ဇနပုဒ်သားတစ်ယောက် မန်းလေးဂေဇက်ဆိုဒ်ကြီးထဲကို မယောင်မလည်ရောက်လာခဲ့ပါတယ်… ပို့စ်တွေ တင်ပြီးမှ မိတ်ဆက်ရတာ အားတော့နာပါတယ်ဗျာ… အမှားအယွင်းတွေရှိခဲ့ရင်လည်း ခွင့်လွှတ်ပေးကြစေလိုပါတယ်။ မသိနားမလည်တဲ့ မလည်မဝယ် ဇနပုဒ်သားတစ်ယောက်မို့ပါ… ခွင့်လွှတ်နားလည်ပေးကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်ခင်ဗျား။ ဟုတ်ပါတယ်ဗျာ..ကျနော်ဟာ တကယ်ကို ဇနပုဒ်သားပါ..မန်းလေးဂေဇက်ဆိုတော့ မန်းလေးသားတွေပါမှာပဲ ငါတော့ မြို့သားတွေနဲ့ခင်မင်ရတော့မယ်ဆိုပြီး ပျော်ရွှင်နေခဲ့တာပါ…ဗျာ…မဖြီးနဲ့….ဟုတ်လားးးး တကယ်အမှန်အကန်ပြောတာပါ…ကျနော့်နေရပ်လိပ်စာပြောရင် ခင်ဗျားတို့တွေ အံ့ဩပါလိမ့်မယ်… တကယ်တော့ရွာက ဇနပုဒ်သားတစ်ယောက်ဗျာ….အင်တာနက်သုံးတာလားးး ဪ…. ကြိုးဖုန်းကို နာရီ ၃ဝ စာကဒ်နဲ့ သုံးရတာဗျ….ကွန်နက်ရှင်ကတော့ သိတော်မူတဲ့ အတိုင်းပါပဲဗျာ… ကွန်ပျူတာကတော့ လက်ဆော့ခြေဆော့နိုင်လွန်းလို့ စာရိုက်တတ်ရုံတော့ တတ်ပါတယ်… ကျနော်ဒီနေရာလေးကိုရောက်လာတာက ကျနော်နေတဲ့နေရာဒေသလေးအကြောင်းတွေပြောပြ ချင်တယ်..ပြီးတော့ ရင်ထဲကခံစားရတာလေးတွေကို ကဗျာအနေနဲ့ ရေးချင်တယ်… သူကြီးဖြစ်သူကလည်း ဒါကိုကိုခွင့်ပြုမယ်ထင်ပါတယ်…. ပြီးတော့ မြို့ကြီးသားတွေနဲ့လည်းမိတ်ဆွေ ဖြစ်ချင်သဗျ…တကယ်လို့ မြို့ကြီးပြကြီးရောက်ရင် တည်းခိုးခန်းခသက်သာ ထမင်းတစ်နပ်သက်သာလည်းး မနည်းဘူးးလေ….ဟဲ..ဟဲ..ဟဲ.. တောသားလူလည်လို့တော့မထင်ကြပါနဲ့ဗျာ….ကျနော်တို့တောသူတောင်သား […]


kotun winlattDecember 6, 20111min1032
ပြတ်သောကြိုးက သံစဉ်တစ်ချို့တစ်ဝက်လွင့်ထွက်လာချိန် နိမ့်တုံမြင့်တုံ ရင်အစုံမှာ တလှပ်လှပ်တုန်ရင်း….. မျှော်လင့်မှုတစ်စုံတစ်ရာ ရှင်သန်လာသလိုပဲ….။ ဒါဟာ…. ဆက်ထုံး သံယောဇဉ်အချစ်ကြိုးတစ်စ မညီမညာနဲ့ ရင်ကိုလာထိနေတာပေါ့ …။ နှစ်ကာလတွေကြာခဲ့ပေမယ့်…. မဆက်ဖြစ်တဲ့ကြိုးမှာ သံစဉ်ချိုမြ ကဗျာလှလှ ခံစားချက်အနုအရွတွေ နစ်မြှုပ်နေခဲ့ရ ….။ မသိခဲ့တာမဟုတ် မသိဟန်ဆောင်ခဲ့တာ…. ဒီညမှာ အတိတ်ကနွေညတွေ အသက်ဝင် တမာရနံ့တွေ သင်းပျံ့ …. လွယ်အိတ်နီလေးနဲ့ ဖီးဆင့်စက်ဘီးညိုလေး ကတ္တရာလမ်းပေါ်တရိပ်ရိပ်ပြေး…. ချစ်ကြွေးတွေများခဲ့တယ် ချစ်သူရယ်…။ ဪ….တမ်းတခြင်းတွေလည်း နိုးထခဲ့ရပေါ့…. စာအုပ်ကြားက စံပယ်ပန်းခြောက်လေးကို သတိတရဖွင့်ကြည့်မိသေး…. ချစ်သူဆံဆလေးတွေ တလွင့်လွင့်မျော…. ဟော….. စကားသံလေးတွေကြားနေရတယ်…. လွမ်းလိုက်တာကွယ်တဲ့….။ ကြက်သီးမွေးညှင်းတွေဖျန်းဖျန်းထ ငါ … မေ့ထားခဲ့သော … ချစ်တတ်ခြင်းတွေ…. လွမ်းတတ်ခြင်းတွေ… ပေါင်းဆုံလာချိန်မှာမှ ကောင်းကင်ယံက လမင်းထိန်ထိန်သာ ဒီညတော့ အိပ်မရလည်း […]


kotun winlattDecember 6, 20112min791
ကျနော့်အိပ်မက်များကို နှစ်ဆယ့်သုံးနှစ်ပိုင်းတစ်ပိုင်းဒီကရီ စောင်းငဲ့ကြည်သောအခါ အရာရာပုံမှန်မဟုတ်သလိုပါပဲ …။ သက်တမ်းရဲ့ သုံးပုံတစ်ပုံက တဖျပ်ဖျပ်လောင်ကျွမ်းသောအခါ ဘဝဟာ လက်တွေ့မဆန်တာတွေ များလာသလိုပါပဲ …။ ပတ်ဝန်းကျင်ကို တိတ်တဆိတ်ငေးကြည့်မိသောအခါ အတ္တ ၊ မာနထိုးထိုးထောင်ထောင်တွေဟာ အရိပ်တွေကြားမှာ ခြေသံတစ်ဖြောက်ဖြောက်ပေးပြီး နွေဦးရဲ့ ဂီတ သစ်ရွက်ကြွေများနဲ့ ကခုန်နေကြသလိုပါပဲ ….။ နှင်းကြွင်း နှင်းကျန်တို့ရဲ့ အသက်ငင်မှုတွေနဲ့ မနက်ခင်းတွေဟာလည်း ငြိမ်သက်အေးစက်နေကြဆဲပါ …။ ကျနော် ခင်ဗျား နာမ်စားများနဲ့ ဝါကျတစ်ခုဖွဲ့ကြည့်သောအခါ အားလုံးဧည့်သည်တွေပါလို့ အော်သံသဲ့သဲ့ကြားမိပြန်ရဲ့ …။ အဆင့်အတန်းတွေနဲ့ အဖြူအမည်းတွေကြားမှာ ကြားနေဝါဒတစ်ခုပေါ်ပေါက်လာခြင်းဟာ ငိုစားရယ်စား လူတွေအတွက်တော့ ဒါမျိုးကလည်းမခါးလှပါဘူးလို့ ငါးခူပြုံးပြုံးရင်း နှုတ်ဆိတ်နေသလိုပါပဲ …။ မနေ့ကရော ဒီကနေ့ပါ ကျနော့်အိပ်မက်များကို ချိတ်ဆွဲထားနေမိဆဲ …။ ကြိုးဆွဲရာကရတဲ့  ကံကြမ္မာဇာတ်ခုံကိုလည်း မကျေမနပ်နဲ့ ကားလိပ်ချခိုင်းမိတယ်…။ […]