kotun winlattMarch 7, 20161min1794
ရေးဖြစ်ခဲ့တာ နှစ်လကျော်ခဲ့ပေမဲ့ ရွာထဲမှာ အခုမှ တင်ဖြစ်တော့တယ် . . . ဆောင်းည အလွမ်းနှင့် ရေးဖြစ်ခဲ့သည့် ကဗျာလေးများ @@@@@@@@@@@@@@@@@@@@ ဆောင်းည … အအေးတွေပိုနေလိုက်တာ … ကောင်းကင်ကို မော့ကြည့်မိတော့ နှင်မှုန်တွေနဲ့ ဝေဝေဝါး….  ကြယ်လေးတွေက ချမ်းလွန်းလို့ ထင်ပါရဲ့ မှိတ်တုတ် မှိတ်တုတ်ပေါ့ … အရင်က ဒီလိုဆောင်ညမျိုးတွေဆို  ည ၁၂ နာရီလောက်မှ အလုပ်ကပြန်ရ …. အိမ်ရောက်ပြီဆို … ခြေဖျားလက်ဖျားတွေ အေးစက်လို့ တော်တော်နှင့် အိပ်မပျော်နိုင် … တစ်ခါတစ်လေကျတော့ အအေးဒဏ်ကို အံ့တုဖို့ မွန်းကြပ်မှုတွေ ဖောက်ထုတ်ပစ်ဖို့ အဝေးပြေးလမ်းမကြီးရဲ့ဘေးက ညလုံးပေါက်ဖွင့်တဲ့ ဆိုင်လေးဆီကို အရောက်သွား အနွေးဓာတ်ရစေဖို့ ယမကာစောင်လေး ပြေးခြုံရင်း မွန်းကြပ်မှုတွေကို ဖွင့်အန်ပြီး […]


kotun winlattMarch 5, 20161min1654
နွေဦးရာသီ @@@@@ နှင်းမှုန်များဖြင့် စီချယ်အပ်သော ချမ်းအေးသည့် နံနက်ခင်းတို့သည် တဖြည်းဖြည်း ဆုတ်ခွာသွားခဲ့ကြလေပြီ …။ နှင်းမှုန်များ၏နေရာတွင် တာဝန်ယူပေးကြမည် နွေဦးနံနက်ခင်းတွင် အိမ်ရှေ့ဗာဒံပင်မှ ရွက်ဟောင်းတို့သည် တလွင့်လွင့် ကြွေကျနေကြလေပြီ…။ ကြွေကျသွားသည့် ရော်ရွက်ဝါတို့၏နေရာတွင် ရွက်သစ်လေးတွေ စိမ်းစိမ်းလန်းလန်းဖြင့် ဝေဆာလာကြတော့မည်။ အိမ်ဝင်းအတွင်းရှိ သရက်ပင်တို့မှာလည်း အဖူးအဝါဖျော့ရောင်လေးများဖြင့် ဝေဝေဆာဆာ …။ မြင်နေကြ အရှေ့အနောက် တောင်မြောက် အရပ်လေးမျက်နှာတို့တွင် နွေသရုပ် မြူခိုးတို့ကား မှိုင်းမှိုင်းမှုန်မှုန် …. အိမ်ရှေ့လမ်းလေးမှ ဖုန်မှုန့်တို့သည်ကား တလူးလူးတလွှင့်လွှင့် ….. နွေဦးရာသီ စလေပြီ ….။ ငယ်ငယ်က အလယ်တန်းကျောင်းသားဘဝက ဆရာတစ်ဦးက အတန်းထဲမှာရှိတဲ့ ကျောင်းသားကျောင်းသူများကို မိမိတို့ အားသန်ရာစာပေများကို စီကုံးရေးသားပြီး သူ့အားပြသစေသည်။ ထိုအချိန်က ကျနော်ရေးဖြစ်ခဲ့တဲ့ နွေကဗျာလေးကို သွားပြီးအမှတ်ရမိ၏။ ကျနော်ရေးဖြစ်တဲ့ […]


kotun winlattMarch 4, 20161min27615
လက်ဖက်ရည်ဆိုင်နဲ့ ကျနော် @@@@@@@@@@@@ “ဟေ့ကောင်တွေ …. မင်းတို့က လက်ဖက်ရည်သောက်ကြမှာလား …..” “ဟ … လက်ဖက်ရည်သောက်မှာမို့ လက်ဖက်ရည်ဆိုင်ကို လာထိုင်တာပေါ့ကွ …. လက်ဖက်ရည် မသောက်ပဲ လက်ဖက်ရည်ဆိုင် လာထိုင်ပါ့မလား” ဒီလို အဖျော်ဆရာနဲ့ ကျနော်တို့အဖွဲ့ တစ်ဦးနဲ့ တစ်ဦး အဲလေ … တစ်ဦးနဲ့ တစ်ဖွဲ့ စကားနာလေးထိုးလိုက်ရမှ ကိုယ့်ရှေ့မှောက်ကို လက်ဖက်ရည်ခွက်ရောက်တဲ့ ဆိုင်ကလေး ….. “ငါတို့ ဝိုင်းကို နံပြားတစ်ချပ်လောက် လုပ်ပေးပါဦးကွ…” “ကုန်ပြီ … မရတော့ဘူး … စားချင်တယ်ဆိုရင် … ရောက်ကတည်းက မှာလေကွာ… အခုအချိန်မှ မှာလို့ ဘယ်ရတော့မှာလဲ” “အေးပါ … မင်းက ရောင်းကောင်းတဲ့နေဆိုတော့ ပြောပြီပေါ့ … ရောင်းမကုန်တဲ့နေ့ဆို နံပြားစားဦးမလားက […]


kotun winlattMarch 3, 20161min21511
စာဖတ်ခြင်းမှသည် ……. @@@@@@@@@@@@ စာဖတ်ခြင်းအလေ့အထ ဘယ်အချိန်လောက်ကတည်းက စပြီးသန္ဓေတည်ခဲ့ပါလိမ့်လို့ ကျနော်ပြန်စဉ်းစားကြည့်မိတယ်။ စာဆိုတာနဲ့ စပြီးထိတွေ့ခဲ့ရတဲ့အရွယ်ကို ပြောရရင်တော့ သူငယ်တန်းစနေတဲ့ ၁၉၈၅ ခုနှစ် ဇွန်လ ၁ ရက်ဖြစ်ပါလိမ့်မယ်။ အဲ့ဒီနေ့က အကျင်္ ီအဖြူ ဘောင်းဘီတို အစိမ်း လွယ်အိတ်အသစ်လေးနဲ့ ကျနော့်ကို အဖေက ကျောင်းလိုက်အပ်ပေးတာ မှတ်မိနေပါတယ်။ အဖေ့ လက်တစ်ဘက်က ကျနော့်ကိုတွဲ ကျန်လက်တစ်ဘက်က လက်ဘက်ရည်အချိုထည့်ထားတဲ့ ရေနွေးဓာတ်ဗူးကြီးကိုဆွဲလို့ ပညာရင်နို့သောက်စို့နိုင်ဖို့ရာ ကျောင်းတော်ကြီးက ဆရာ/မတွေထံ ကျနော့်ကို အပ်နှံပေးခဲ့တာပါ။ အဖေက ကျနော့်ကို ကျောင်းအပ်ပေး… သက်ဆိုင်ရာစာသင်ခန်းကို ပို့ပေးပြီး အိမ်ပြန်သွားခဲ့တာပေါ့။ ကျနော်ကတော့ ပတ်ဝန်းကျင်အသစ် နေရာအသစ်မှာ ကျန်နေခဲ့ရတယ်။ မျက်စိသူငယ် နားသူငယ်များဖြစ်နေခဲ့သလား။ ပျော်ပဲပျော်နေခဲ့သလားဆိုတာတော့ သေချာမမှတ်မိ။ စာသင်ခန်းထဲမှာ လွယ်အိတ်အသစ်လေးထဲက ကျောက်သင်ပုန်းအသစ်လေးပေါ် ဆရာမက […]


kotun winlattDecember 18, 20151min20810
ဗေဒင်နှင့် ကျနော် @@@@@@@@ ဆောင်းနံနက်ခင်းသည် နှင်းမှုန်တို့ဖြင့် ဝေဝါးလျှက် ….. ချမ်းအေးသည့်ဒဏ်ကို အံတုရင်ဆိုင်ကာ စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားသူများဖြင့် နံနက်မလင်းမီကတည်းက သက်ဝင်လှုပ်ရှားနေသည့် နေရာလေးတစ်ခု …. မေးသံ ဖြေသံ ကြွက်ကြွက်ညံနေသည့် နေရာလေး …. ရောင်းချသူ ဝယ်ယူသူများဖြင့် စည်ကားနေသည့် နေရာလေး … အချို့နေရာများတွင်းကား မိုးမလင်းဈေးဟု ခေါ်ဆိုကြ … အချို့နေရာများတွင်ကား မီးခွက်ဟု အမည်တပ်ကြ … ဒီဒေသမှ ဈေးလေးကတော့ မိုးမလင်းဈေး မီးခွက်ဈေးထက် ကျော်လွန်ကာ နံနက်ခင်းဈေးဟု ခေါ်ဆိုရလေမည်လား မပြောတတ်ချေ။ ဒေသထွက်ကုန်များ၊ အထည်အလိပ်များ၊ အသီးအရွက် အသားငါး အစုံအလင် ရောင်းချကြ ဝယ်ယူကြနှင့် ….. နံနက်ခင်းတိုင်း စည်စည်ကားကားနှင့် သက်ဝင်လှုပ်ရှားနေကျ ဈေးကလေး …….. ဈေးကလေး၏ […]


kotun winlattDecember 17, 20151min2687
စက်တင်ဘာလကုန်ရက်၏ နံနက်ခင်းသည် နှင်းမှုန်များဖြင့် မှုန်မှိုင်းနေလေသည်။ မိုးကုန်ခြင်း၏ အရိပ်လက္ခဏာပေလော ….။ မိမိနေထိုင်ရာနေရာမှ အရှေ့ဘက်သို့ မျှော်ကြည့်လေသောအခါ ကုက္ကိုပင်အိုခြောက်ကြီး၏ ပတ်လည်တွင် နှင်းမှုန်ဆိုင်းကာ အုံ့ဆိုင်းနေတော့သည်။ မြောက်ဘက်အရပ်ရှိ သမဝါယမဆန်စက်ကြီး၏ မီးခိုးခေါင်းတိုင်တစ်ဝိုက်တွင်လည်း နှင်းမှုန်များ ဝန်ရံလျှက်ရှိနေ၏။ အတွေးထဲမှ “ဪ … တစ်ဆောင်းသစ်ပြန်ရောမယ် …..” ဟု ရေရွတ်နေမိသည်။ ဆောင်းရာသီ၏ ဇာတ်လိုက်ကျော် နှင်းမှုန်များအား ငေးကြည့်ရင်း အတွေးစိတ်တို့ကား အဝေးတစ်နေရာသို့ တလွင့်လွင့်သာ မျှောပါကုန်ကြလေတော့သည်။ အရင်က ဒီလိုဆောင်းရာသီရက် ပတ်ဝန်းကျင်တစ်ခုလုံး နှင်းမှုန်များ သိုင်းခြုံလျှက်ရှိသည့် ကာလမျိုးများတွင် ကျနော်ကျင်လည်ခဲ့ရသည့် ဘဝနေ့ရက်များကား လွမ်းစရာ သတိရစရာ တမ်းတစရာအများပင် …. ကျနော် ခဏခဏရေးဘူးသကဲ့သို့ လူဆိုသည်မှာ မှတ်မိချင်စရာ သတိရချင်စရာကောင်းသည့် ဘဝအစိတ်အပိုင်းများကိုသာ ပြန်လည်သတိရတမ်းတတတ်ကြသည် မဟုတ်ပါလား။ ဒီလို […]


kotun winlattJune 24, 20152min24012
ကျနော် ထွန်းဝင်းလတ်မှ မေးပြီး ညီငယ် သီဟအောင်မှ ဖြေဆိုပါသည်။   ~~~~~~~~~~~~~~~~~~~~ မေး ။ ။ ညီလေးရဲ့ နာမည်က ဘယ်လိုခေါ်သလဲ ? ဖြေ။ ။ ကျွန်တော့်နာမည်က မောင်သီဟအောင်ပါ။ မေး။ ။ ညီလေးရဲ့ မိဘတွေအမည်နဲ့ အလုပ်အကိုင်လေးကို ပြောပြပါလား။ ဖြေ။ ။ အဖေအမည်ကတော့ ဦးရဲအောင်၊ အမေအမည်ကတော့ ဒေါ်အေးအေးမြင့်ပါ။ အလုပ်အကိုင်ကတော့ လက်လုပ်လက်စားတွေပါ။ မေး။ ။ ညီလေး သူငယ်တန်းကနေ တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ကြားခဲ့တဲ့ကျောင်းက…? ဖြေ။ ။ ဟုတ်ကဲ့ပါ အစ်ကို သူငယ်တန်းကနေ တက္ကသိုလ်ဝင်တန်းအထိ မော်လူးအခြေခံပညာ အထက်တန်းကျောင်းမှာပဲ ပညာသင်ကြားခဲ့တာပါ။ မေး။ ။ ညီလေး တက္ကသိုလ်ဝင်တန်း ဖြေဆိုခဲ့တဲ့ ခုံအမှတ်က…? ဖြေ။ […]


kotun winlattMay 13, 20151min4077101
ရွာသူားများ အားလုံး မင်္ဂလာပါ ခင်ဗျား…..။ မကြာမှီ ကျောင်းဖွင့်ရာသီသို့ ရောက်ရှိတော့မည် ဖြစ်ပါ၍ ကျနော်တို့ အဖွဲ့လေး နှစ်စဉ်ပြုလုပ်မြဲဖြစ်သော စာရေးကိရိယာ အလှူခရီးစဉ်အတွက် စာရေးကိရိယာများ လိုအပ်လျှက်ရှိနေပါသဖြင့် အလှူခံဖလားကြီး ပိုက်ကာ ယခုစာလေးကို ရေးသားရခြင်းဖြစ်ပါတယ်။ ကျနော်တို့အဖွဲ့မှ ယခုနှစ်တွင် စာရေးကိရိယာအလှူခရီးနှင့်အတူ ကျေးရွာများတွင် စာပေရေချမ်းစင်ကဲ့သို့သော နေရာများဖြစ်မြောက်အောင်လည်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ စာပေရေချမ်းစင် ဖြစ်မြောက်ရေးအတွက် မိမိတို့ထံတွင် ရှိနေသည့် ဂျာနယ်၊ စာစောင်၊ မဂ္ဂဇင်းများကိုလည်း လှူဒါန်းနိုင်ပါသည်။ ထို့အတူ စာရေးကိရိယာများကိုလည်း လှူဒါန်းနိုင်ပါသည်ဆိုသည့်အကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ၂၀၁၃/၁၄ ပညာသင်နှစ်က ကျနော်တို့ ရွာသူားများ၏ လှူဒါန်းမှုဖြင့် မူလတန်းကျောင်း ၁ဝ ကျောင်းသို့ စာရေးကိရိယာများ သွားရောက်လှူဒါန်းနိုင်ခဲ့ပါသည်။ ယခု ၂၀၁၅/၁၆ ပညာသင်နှစ်တွင်လည်း ကျနော်တို့အဖွဲ့ မှ ယခင်နှစ်များအတိုင်း မူလတန်းကျောင်း […]


kotun winlattApril 17, 20151min25611
အမျိုးဖြုတ်မဲ့ ဖိုးတုတ် @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ရွာဦးစေတီ ဘုရားပွဲရောက်လေတိုင်း ကိုဖိုးတုတ်မှာ နှာခေါင်းရင်းတွင် ပြားချပ်ချပ်ဖြစ်နေသည့်နေရာကို လက်ဖြင့် ပွတ်သပ်ကြည့်ပြီး တစ်မျိုး ထက်ပိုင်းကျိုးနေသည့် ရှေ့သွားနှစ်ချောင်းနေရာကို လျှာဖျားလေးဖြင့် တို့တို့ကြည့်ရင်း တစ်ဖုံဖြင့် မေ့မရနိုင်သော ညလေးတစ်ညအကြောင်းကို ပြန်မတွေး ပြန်မမြင်ယောက်ပဲ မနေနိုင်ချေ။ ကိုဖိုးတုတ်ကား ယခုဆိုလျှင် အသက် ၄ဝ ကျော် လူပျိုကြီး ….. လူငယ်ဘဝက ယခုလို ရွာဦးဘုရားပွဲရောက်တော့မည်ဆိုလျှင် ကိုဖိုးတုတ်တို့က ဘုရားပွဲတော်မှာ ဘယ်လို အဝတ်အစား ဘယ်လို အပြင်အဆင်ဖြင့် ကဲလိုက်မည်ဖြင့် မမောနိုင်အောင် ပြင်ဆင်ခဲ့ရတာ မဟုတ်လား ….. အခုတော့လည်း ကိုဖိုးတုတ်မှာ ဘုရားပွဲရောက်လေတိုင်း နာကျင်စရာ ခံပြင်းစရာ အတိတ်က သူ့ကို ကလူကျီစယ်နေပေတော့သည်။ ဘကြီးတုတ်ဟူသည်မှာ ယခု အသက် ၄ဝကျော်လာမှ […]


kotun winlattApril 16, 20151min1536
တစ်ခါတုန်းက ဘဝတွေ ၁ ကို ရေးပြီးတော့ အပိုင်း ၂ ကို ရေးမယ်လို့ ကြံရွယ်တဲ့အခါ ဘယ်အမှတ်တရကို ရေးရပါ့မလဲဆိုပြီး တွေးကြည့်တော့ သူငယ်ချင်းအကြောင်းတွေရေးရင် သူတို့က ကျနော့်ကို ဖော်ကောင်လုပ်တယ်လို့ ထင်နေကြပါလိမ့်မယ်။ (တကယ်တမ်းက ဖော်ကောင်လုပ်တာမဟုတ်… လူစုံတဲ့နေရာမှာ ရှင်းပြတာပါ….) ဒီအတွက် ကျနော်အပိုင်း ၂ ကိုတော့ သူငယ်ချင်းတွေရဲ့ အမှတ်ရစရာအကြောင်း မရေးတော့ပါဘူး….. ကျနော်တို့ မြစ်ကြီးနား GTI နောက်ဆုံးအသုတ်ရဲ့ တကယ်အမှတ်တရဖြစ်စေမဲ့ အကြောင်းလေးကို ရေးပါရစေ……………………………………….. GTI နောက်ဆုံးအသုတ်လို့ ပြောရတာက ကျနော်တို့ ကျောင်းတက်နေစဉ်ကာလမှာပဲ စက်မှုလက်မှုသိပ္ပံ ထိုမှ စက်မှုလက်မှုကောလိပ် ထိုမှ နည်းပညာ ကောလိပ်ဆိုပြီး အဆင့်ဆင့် ပြောင်းလဲသွားခဲ့လို့ပါ …. ကျနော်တို့နောက်ပိုင်း တက်ရတဲ့ကျောင်းသား/သူတွေက နည်းပညာကောလိပ် ကျောင်းသား/သူတွေဖြစ်သွားလို့ပါ…..။ ကျနော်တို့ […]


kotun winlattApril 15, 20151min1305
ဒီနေ့ကျနော် GTI တက်တုန်းကခင်မင်ခဲ့ရတဲ့ သူငယ်ချင်းနှစ်ယောက်နဲ့ ပြန်ဆုံခဲ့ရတယ်…. ဆုံခဲ့ရတယ်ဆိုတာက သူတို့နှစ်ယောက် ကျနော့်ဆီကို လာခဲ့ကြလို့ပါပဲ …. ကျနော်က အိမ်ကနေ ဘယ်မှ မသွားဖြစ် မခွာဖြစ်ခဲ့တာ တော်တော်လေးကြာခဲ့ပြီ မဟုတ်လား … မဆုံဖြစ်တာကြာနေပြီဖြစ်တဲ့သူငယ်ချင်းတွေနဲ့ ဆုံရတော့ ဝမ်းသာရတာပေါ့ ပျော်ရွှင်ရတာပေါ့ … သူတို့နှစ်ယောက်ထဲက တစ်ယောက်နဲ့ပတ်သက်ပြီး ကျောင်းတက်တုန်းက အမှတ်တရလေးတွေကို ပြန်ပြီး အမှတ်ရမိ လွမ်းမိပါရဲ …. ပထမတစ်ယောက်ကတော့ GTI ညကျောင်းတက်ကတည်းက ခင်မင်ခဲ့ရပြီး GTI နေ့ကျောင်းပြောင်းတက်ကြရတော့ မေဂျာကွဲသွားပေမယ့် အခင်မပျက် အတွဲမပျက်ခဲ့တဲ့ သူငယ်ချင်း ဒီကောင်နဲ့ ပတ်သက်ပြီး ကျနော့်အတွက် အမှတ်တရတွေကများသား…… ဒီကောင်လို့ သုံးလိုက်တဲ့အတွက် အမှတ်ရစရာ တစ်ခုတိုးလာပြန်ပါရော….. ကျနော်မုံရွာမှာ အဝေးသင်စာမေးပွဲဖြေဖို့ အနီးကပ်သင်တန်းတက်ရင်း ခင်ခဲ့ရတဲ့ မြင်းမူမြို့က သူငယ်ချင်းတစ်ယောက်အကြောင်းပါ။ […]


kotun winlattApril 14, 20151min20810
အရှေ့အနောက်တောင်မြောက် တောင်တန်းများ ဝန်းရံထားသည့် ချိုင့်ဝှမ်းလွင်ပြင်လေးကို ချောင်းငယ်လေးတစ်ခုကား ကွေ့ကာဝိုက်ကာ စီးဆင်းနေသည်။ ဒီနေရာလေးသည်ကား ပြည်နယ်နှင့်ပြည်မခွဲခြားထားသည့်နယ်စပ်ဒေသလေးတစ်ခု …. ဒီချောင်း ဒီလွင်ပြင်လေးကို အမှီပြုကာ ရှေးယခင်ကတည်းက တည်ရှိနေခဲ့သည့် အိမ်ခြေတစ်ရာခန့်ရှိသည့် ရွာကလေး ……. ရွာကလေး၏ အရှေ့ဘက်တွင် ထန်းပင်လေးများ ပေါက်ရောက်နေသည့် တောင်ကုန်းလေးတစ်ခုရှိပြီး ထိုတောင်ကုန်းလေးပေါ်တွင် စေတီငယ် ရှစ်ဆူဝန်းရံထားသည့် စေတီလေးတစ်ဆူကို ဖူးတွေ့ရသည်။ ရွာ၏အလယ်တောင်ကုန်းလေးတွင်ကား စေတီငယ် တစ်ဆူ၊ သိမ်ကျောင်းတစ်ခု၊ ရုပ်ပွားတော်ထားရှိရာ အဆောက်အဦးကား တောင်မြောက်တန်းပြီးနေရာယူလျှက်ရှိပြီး ယင်း၏နောက်တွင်ကား ဘုန်းတော်ကြီးကျောင်းကို တွေ့ရသည်။ ရွာလေးမှာ အခြားရွာလေးများနှင့် အလှမ်းဝေးပြီး တိတ်ဆိတ်အေးချမ်းသည်မို့ ရွာခံအများစုမှာ ရိုးသားကြသူ ရှေးရိုးစွဲအယူအဆရှိသူများ ဖြစ်ကြသည်။ ဘုန်းတော်ကြီးကျောင်းတွင်ကား ကျောင်းထိုင်ဆရာတော် ဦးတေဇနိယနှင့် ဦးဇင်း သောမန နှစ်ပါးရှိပြီး ကိုရင်ငယ်များ ဘုန်းကြီးကျောင်းသားများနှင့် ကျောင်းဝင်းအတွင်းတွင် […]


kotun winlattApril 13, 20151min1636
ကျယ်ပြန့်သော လွင်ပြင်ကြီး၏ အဆုံးမှာ ဖွေးဖွေးလှုပ်နေသော ရေများကို မျက်စိတစ်ဆုံး မြင်နေရချေသည်။ ရေများပတ်လည်ဝိုင်းနေသည့် အလယ်တစ်နေရာတွင် ထုံးစေတီဖွေးဖွေးကို ကြည်ညိုဖွယ်မြင်တွေ့နေရပြန်၏။ ဤနယ်မြေကား စိုင်းခွန်ဖ အုပ်ချုပ်မင်းလုပ်ရာနယ်မြေ …. ဒီနယ်မြေကို ကျူးကျော်ဝင်ရောက်လာသည့် တာတာလူမျိုးများနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့သည့် စစ်မြေပြင် ……………………….. စစ်မြေပြင်တစ်ခုလုံး သွေးညှီနံ့တို့ဖြင့်လွှမ်းမိုးနေ၏ ……ရွက်ဖျင်တဲလေးများမှာလည်း အစီအရီ ရွက်ဖျင်တဲငယ်တိုင်းတွင် ကျားဖြူခေါင်းအမှတ်အသားပါ အလံများမှာ လေညှင်းနှင့်အတူတူ တလွှင့်လွှင့် …. ရွက်ဖျင်တဲများနှင့် မနီမဝေးတွင် တိုက်ပွဲအတွင်း ကျဆုံးသွားကြသည့် စစ်သည်ရဲမက်များကို မြှုပ်နှံထားဟန်ရှိသည့် မြေပုံများကား ညီညီညာညာ ….. ရွက်ဖျင်တဲများအတွင်းမှ ဒဏ်ရာရ ရဲမက်တို့၏ ညာဉ်းညူသံများ …. ရွက်ဖျင်တဲအပြင်ဘက်များတွင် တိုက်ပွဲဝင်ခဲ့ရသဖြင့် ခြေကုန်လက်ပန်းကျပြီး အနားယူနေကြသူများ… သူတို့အားလုံး၏ မျက်နှာများပေါ်တွင်ကား အောင်နိုင်ခြင်း၏ အရသာကို ခံစားနေရသည့် အရိပ်အယောင်များကား […]