kolulaySeptember 24, 20111min1294
လူလေး ဒီရက်ပိုင်းအတွင်း မြစ်ဆုံစီမံကိန်းမှာ အလုပ်လုပ်နေတဲ့သူတွေ အကြောင်း စဉ်းစားမိတယ်ဗျ။ ဒီ project ကြီးပြီးဖို့ဆိုတာ အလုပ်သမားတွေပါမှ ပြီးဆုံးမှာပါ။ သူတို့တွေက မိခင် ဧရာဝတီ ကို သတ်မယ့် အစီအစဉ်မှာ ဘာလို့ ဓား ဝိုင်းသွေးပေးနေတာလဲလို့ပေါ့။ ဒါပေမယ့် သူတို့ ဘက်က ကြည့်ရင်လည်း သူတို့တွေ လုပ်နေတာ အကျိုးအမှန်ကို မသိလို့လား၊ ပိုက်ဆံပို ရလို့လား၊ စိတ်ချမ်းသာလို့လား(အနေအစားချောင်လို့လား)၊  ဒါမှမဟုတ် သူတို့တွေ မှာ အလုပ်လုပ်ဖို့ တခြားမှာနေရာ မရကြလို့လား။ စဉ်းစားစရာတွေပါ။ သူတို့တွေသာ အကျိုးဆက် အမှန်ကို သိရင်၊ တခြားမှာ အလုပ်ရမယ်ဆို ရင် ဒီလို အလုပ်မျိုးလုပ်ကြမှာလား။ လူလေး ပြောရဲပါတယ် ဘယ်သူမှလုပ်မှာမဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ သူတို့တွေလည်း မြန်မာတွေ ဧရာဝတီကို […]


kolulaySeptember 21, 20111min17010
လူလေးကို လူလေးဆရာပြောပြတဲ့ အကြောင်းလေးပါ။ တစ်နေ့မှာ ခရီးသွားတစ်ယောက်ဟာ ဝေးလံခေါင်သီတဲ့ အရပ်ဒေသတစ်ခုကို မျက်စိလယ် လမ်းမှားပြီးရောက်သွားတယ်ဗျ။ အသိကမရှိ အချိန်က မိုးချုပ်နေတော့ တည်းခိုဖို့ အိမ်တစ်အိမ်မှာ ခွင့်တောင်မယ်ဆိုပြီး အိမ်တံခါးသွားခေါက်တယ်။  “ဒေါက် ဒေါက် ဒေါက် “  အိမ်ရှင် –       ”      ဘယ်သူလဲကွ  “ ခရီးသွား –      ”     ကျွန်တော် ခရီးသွားပါခင်ဗျာ။ ကျွန်တော် မျက်စိလည် ပြီးရောက်လာလို့ တစ်ညလောက်တည်းခိုချင်လို့ပါ ခင်ဗျာ။  “ လို့ပြောလို်က်တယ်။ အိမ်ရှင်က သူ့အိမ်မှာက သမီး မိန်းကလေးတွေ ရှိလို့ဆိုပြီး ငြင်းလွှတ်လိုက်ပါတယ်။ ဒါနဲ့ပဲ နောက်တစ်အိမ်ရောက်သွားတယ်။ နောက်တစ်အိမ် အိမ်မှာလည်း ”  ဒေါက် ဒေါက် ဒေါက် […]


kolulaySeptember 20, 20111min934
ဒီရက်ပိုင်းအတွင်း ဖတ်စရာ မရှိတာနဲ့ စာအုပ်စင်ကိုပြန်မွှေရင်း ဆရာ အတ္တကျော်ရဲ့ ဘယ်ဆီကိုများဒုန်းစိုင်းသွားနေ ဆိုတဲ့စာအုပ်လေးကို ပြန်ဖတ်မိတယ်။ အဲ့ဒီထဲက မှ သဒ္ဒါစစ် ဆိုတဲ့ အကြောင်းအရာလေးက အခုဖြစ်နေတဲ့အခြေအနေတွေအတွက် စဉ်းစားစရာလေးမို့ သိပြီးတဲ့သူတွေရော မသိသေးတဲ့သူတွေရောအတွက် ဝေမျှပေးလိုက်တာပါ။အကြောင်းအရာလေးက ဒီလိုဗျ။ နိုင်ငံခြား တိုင်းပြည် တစ်ပြည်ပေါ့။ တော်နေးဒိုး လေဆင်နှာမောင်း မွေလိုက်ချိန်မှာ မြို့ တစ်မြို့ က တော်တော်လေးထိသွားတယ်ဗျ။ ဒီသတင်း ကို နိုင်ငံ ပိုင် မီဒီယာတွေကော၊ အခြားမီဒီယာတွေကပါ ဂရုဏာသက်စဖွယ် ရေးသားဖေါ်ပြကြတယ်လေ။ အဲ့ဒီထဲကမှ ဓာတ်ပုံလေးတစ်ပုံက မိသားစုလေးတစ်ခုရဲ့ စိတ်ကို တော်တော်လေး ထိခိုက်သွားစေတယ်။ မိန်းမငယ်လေးတစ်ယောက်ဟာ ပြိုကျနေပျက်စီးနေတဲ့ တဲအိမ်လေးရှေ့ မှာ မတ်တပ်ရပ်လို့ပေါ့။ မိန်းမငယ်လေးရဲ့မျက်နှာမှာ မချိတင်ကဲ ခံစားရတာက အထင်းသားပေါ်လွင်နေတယ်။သူမရဲ့ ဘေးမှာတော့ ခုနစ်နှစ်၊ […]


kolulaySeptember 19, 20111min14111
2000 ပြည့်နှစ်နောက်ပိုင်းတွေမှာ လူကြီး မိဘ တွေ က ပညာရေးကို သိပ်ပြီးအလေးပေး လာကြပါပြီ။ ကျောင်းတွေဆိုလည်း အစိုးရကျောင်းအပြင် အခြား private ကျောင်း နဲ့ ပညာဒါနကျောင်းတွေ ၊ သင်တန်းတွေဆိုလည်း အမျိုးမျိုး နဲ့ ကိုယ် လေ့လာချင်တဲ့ ဘာသာရပ်ကို လေ့လာနိုင်ဖို့ မခက်ခဲတော့ပါဘူး။ ဒါဟာ ကောင်းတဲ့ လက္ခဏာပါပဲ။ ကလေးတွေကို ကြည့်ရင်လည်း ကျောင်း နဲ့ သင်တန်း အမြဲပဲ လုံးပမ်းနေကြပါတယ်။ သူတို့ တွေမှာ နွေရာသီကျောင်းပိတ်ရက် ၊ ဒီဇင်ဘာကျောင်းပိတ်ရက်တောင် မသိကြတော့ပါဘူး။  ပညာရေးနဲ့ ဝေးတဲ့ မိဘတွေကျတော့လည်း ကိုယ့်ကလေးတွေကို ကျူရှင်တွေ ၊ ဂိုက်တွေ ၊ သင်တန်းတွေ အများကြီးထားရင် စာတတ်တယ် လို့ထင်နေကြတယ်ဗျ။ ကျူရှင်တွေ ၊ […]