“ စိတ်သာ ရှင်စော” နေ့နေ့ ညည ပြေးပြေး လွှားလွှား ရှာရှာ မောမော အတောမသတ် မရပ်မနား တသွားထဲ သွား စိတ်တွေမအားလေသောအခါ “ဗလာ နတ္ထိ ဘာမျှ မရှိခြင်းသည်လည်း ကောင်းလေစွ တကား” စိတ်မှတ်ထားသည် ထန်းရေ အမူးမပြေခင်ထိ။   ကိုပေါက်လက်ဆောင်အတွေးစဉ် 1-5-2016


“၁၃၇၈ နှစ်သစ်ဆုတောင်း”   ဆိုင်းဘုတ်တွေသာ အလီလီပြောင်း အနှစ်သာရမပြောင်းတဲ့ နှစ်ဟောင်းများစွာကို ချန်ထား ပယ်ပစ် ကျနော်တို့စွန့်လွှတ်ခဲ့ကြပြီ။ ၁၃၇၈ မြန်မာနှစ်သစ်ကို အသစ်အစစ်တို့ဖြင့် ကြိုဆိုရင်း လွန်လေပြီးသောကာလများမှ စံနစ်ဟောင်း အဖြစ်ဟောင်း အမြင်ဟောင်း အတွေးဟောင်း အကျင့်ဟောင်း အညစ်ဟောင်း မှန်သမျှ ချန်ထားပယ်ပစ်ခြင်းဖြင့် နှစ်သစ်ကို မျှော်လင့်ကြပါစို့။   ကိုပေါက်လက်ဆောင်အတွေးစဉ် မြန်မာနှစ်ဆန်းတစ်ရက်နေ့  


“အနှစ်မပါ   ”   အခုရက် စကိုင်းနက်ကလာနေတဲ့ မန္တလေးသင်္ကြန်မဏ္ဍပ်မှာ သံချပ်ထိုးနေတာကိုမြင်ရတော့ အားလုံးသိပြီးသား မွတ်မွတ်ညက်ညက်ကြေ နေတဲ့ အကြောင်းအရာတွေချည်းဘဲဆိုတော့ နားထောင်ရတာ ဟိုးအရင်ခေတ်တွေကလိုအနှစ်သာရမရှိတော့ သလိုပါဘဲ။   ကောင်းသောခေတ်ကိုရောက်ဘို့ဆိုတာ ကျနော်တို့ အားလုံးအကျင့်ဟောင်းတွေပြောင်းမှ ဖြစ်မယ်လို့ယုံကြည်ပါတယ်။   အခုတော့ပြောင်းလဲချိန်တန်ပြီလို့ ပြောလာချိန်မှာ ဟိုဟာပြောင်းတယ် ဒီဟာပြောင်းပြီပြောနေကြပေမယ့် ကိုယ်တိုင်တော့ဘာမှ မပြောင်းလဲကြသေးဘူးလို့ထင်မိပါတယ်။   ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး ၁၅၄၂၀၁၆  


“   သင်္ကြန် နဲ့ ရေ   “     ငယ်ငယ်က တည်း က စိတ်ထဲမှာ သင်္ကြန်ဆိုတာ ပျော်စရာပွဲကြီးပါဘဲ။ စက်ဘီးနဲ့လည်မယ် ကားနဲ့လည်မယ် အရက်လေး ဘီယာလေးသောက်ပြီး မြူးမယ် စတုဒီသာလိုက်စားမယ် သူများကိုရေပက်ရမယ် ကိုယ်ကလည်းရေပက်ခံရမယ် ည ရောက်တဲ့အခါ  မဏ္ဍပ်တွေမှာအဆိုအကတွေလိုက်ကြည့်မယ်။ အရွယ်လေးရောက်လာတော့ ကောင်မလေးတွေနဲ့ အတူတူလည်မယ် ဇာတ်လမ်းတွေရှာမယ် နည်းနည်းလေးကြီးလာတော့ မလည်တော့ဘဲ မဏ္ဍပ်ထိုင်တယ်ပေါ့။   မြန်မာ့ရိုးရာ ရေသဘင်ပွဲ ဘာညာ ဘာညာ နာမယ်တွေတပ်ပေမယ့် (သင်္ကြန်ပွဲဖြစ်ခဲ့တဲ့ ဇစ်မြစ်လိုက်ရင် တော့ ဘယ်လိုအဖြေထွက်လာမယ် မသိတာအမှန်ပါဘဲ) လက်တွေ့ကျကျ ပြောရင် အခုနောက်ပိုင်းမှာ သင်္ကြန်က လူအများအတွက် ရေပက်တဲ့ပွဲဖြစ်ပေမယ့် လူအချို့အတွက်တော့ ရေခပ်တဲ့ပွဲပါဘဲ။ မဏ္ဍပ်ဆောက်မယ်  (မဏ္ဍပ်ဆောက်ချင်တိုင်း ဆောက်လို့မရပါဘူး […]


“မသိစိတ်ထဲကကြောက်စိတ်”   မဖုံးနိုင် မလုံ အုံပွင့် ပြောချင်သလိုပြော ဖောချင်သလိုဖော ကိုယ့်စကား ဘယ်ဆီရောက်တယ် မသိ။ အဲသဟာ အဲ့ဒါလေးကြောင့်ပေါ့။     ကိုပေါက်လက်ဆောင် အတွေးစဉ် ၃၁၃၁၆      


“စိတ်မဆိုးဘဲနေနိုင်ပါ့မလား” (တောင်တွေးမြောက်တွေးအပိုင်းအစလေးများ-2016)     ကျနော်တို့ငယ်ငယ်ကပေါ့။ စာသင်ပေးတဲ့ဆရာ ဆရာမ ဆိုရင် အရမ်းကြောက်ရပါတယ်။ သူတို့ စာသင်နေချိန်မှာ နားမထောင်ရင် စာလိုက်မရေးရင် ငေးချင်ရင်ငေးနေရင် ဆော့နေရင်အဆော်ခံထိ မှာ အသေအချာပါဘဲ။ အဲလို့ နေမိရင်လဲ စာသင်ပေးနေတဲ့ဆရာ ဆရာမကို မခန့်လေးစားလုပ်တယ် လို့  အသတ်မှတ်ခံရပြီး အပေအတေ စာရင်းထဲဝင်သွားတတ်ပါတယ်။   ပြီးခဲ့တဲ့ ရက်ပိုင်းက ကျနော်ခရီးတွေထွက်ရင်း တာချီလိတ်ကို ရောက်တော့ လမ်းလေးတစ်ခုသာခြားတဲ့ ထိုင်းနိုင်ငံနယ်စပ်က မယ်ဆိုင်မြို့ဘက်ကို မိတ်ဆွေတစ်ယောက် လိုက်ပို့ပေးလို့ ရောက်သွားခဲ့ပါတယ် အဲလိုသွားနေရင်းက  ခန်းနားတဲ့အဆောက်အဦးတစ်ခုကိုမြင်တော့ ကားရပ်ခိုင်းပြီးအထဲကိုဝင်ကြည့်လိုက်တဲ့အခါ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းဖြစ်ပါနေပါတယ်။ ကျောင်းဝင်းထဲလှည့်ပါတ်ကြည့်ရင်း သစ်ပင်ရိပ်မှာ  စာသင်နေတဲ့ ဆရာတစ်ဦးနဲ့ ကလေးလေးတွေကိုမြင်တော့ စိတ်ဝင်စားသွားပါတယ်။ ဆရာကပြောပြလိုက် ဆရာကမေးတဲ့အခါ ကလေးတွေကလက်ကလေးတွေထောင်ပြီးပြန်ဖြေလိုက် လုပ်နေတာကို မြင်ရတာကတော့ ကြည်နူးစရာပါဘဲ။ စာသင်နေပုံက […]


“ပျံ့ လွင့်” နိုးထစ နံနက်ခင်း မြူနှင်းတို့ မဝေ့တဝေ လွမ်းစေဘွယ် ရူ့ခင်း မြင်မိခြင်း  တခဏ ရင်ထဲက စိတ်တေလေ အသံမဲ့စွာ ထွက်ပြေး ဟိုးးးးးးးးး ဟို  အဝေးကို။   ကိုပေါက်လက်ဆောင် အတွေးစဉ် ၃၃၁၆  


“ရှုပ်ဇယား” ရှုပ်ထွေး ပွေလီ မညီ  မမျှ ဒီလောကကြီးထဲမှာ ရှူပ် ပါတယ်ဆိုမှ ပိုပို သာသာ ကန့်လန့်ခံတာတွေ ဝင်ဝင်ပါနေတော့ ခက်မှခက် လို့ဘဲ ဆိုချင်မိပါတယ်။   ကိုပေါက်လက်ဆောင် အတွေးစဉ် ၂၁၂၁၆