“ရှက်……………….”   လက်ကမ်းစဉ်က တိတ်တဆိတ် လမ်းခွဲသွားတော့ လူသိရှင်ကြား ရှက်များရှက်မိပါရဲ့။   ရောက်လာစဉ်က တိတ်တဆိတ် ပြန်ထွက်သွားတော့ လူသိရှင်ကြား ရှက်များရှက်မိပါရဲ့။   ပြန်တောင်းပန်တော့ တိတ်တဆိတ် စော်ကားစဉ်က လူသိရှင်ကြား ရှက်များရှက်မိပါရဲ့။   ပြန်ယူသွားတော့ တိတ်တဆိတ် ပေ းစဉ်တုံးက လူသိရှင်ကြား ရှက်များရှက်မိပါရဲ့။   ငိုရတဲ့အခါ တိတ်တဆိတ် ပျော်စဉ်တုံးက လူသိရှင်ကြား ရှက်များတောင်ရှက်မိပါရဲ့။     ကိုပေါက်လက်ဆောင်အတွေးစဉ် 9-10-2014        


“ခဏလေး အတွင်းမှာဘဲ…………..(ဓါတ်ပုံပိုစ်)” ပြည်သူ့ရင်ပြင်ကို လုလင်နဲ့ကျနော်တစ်ခါ သွားရို်က်ဘူးပါတယ်။ ဟိုတစ်လောက ကိုစိန်သော့ ပြည့်သူ့ရင်ပြင်က ရေပန်းပုံကို ဖေစ်ဘုတ်မှာတင်ပါတယ်။ ကျနော်ရိုက်ချင်တယ်ပြောတော့ ပြည့်သူ့ရင်ပြင်မှာ ညနေ ခြောက်နာရီခွဲကနေ  ရ နာရီခွဲထိရေပန်းဖွင့်တယ်ပြောပါတယ်. ဒါနဲ့ဘဲရန်ကုန်ရောက်ရောက်ခြင်း ညမှာ အပြေးအလွှားသွားလို့ရေပန်းများကို ဖမ်းခဲ့ကြောင်းပါခင်ဗျာ။     ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 25-10-2014


“တွေးမိ တာလေးကို တော့ ပြောပြချင်ပါတယ်”                               နေ့စဉ်ထုတ်ဂျာနယ်တွေမှာ ထဲမှာ စက်ရုံ အလုပ်ရုံတွေ က လုပ်သားတွေဆန္ဒပြတဲ့ သတင်းတွေကို မကြာခဏဖတ်နေရပါတယ်။ မနေ့ကထုတ်တဲ့ဂျာနယ်တစ်စောင်ထဲက မန်းလေးမှာဖြစ်တဲ့ ဆန္ဒပြတဲ့စက်ရုံကတောင်းဆိုတဲ့ အချက်(14)ချက်ထဲက (လုပ်ငန်းခွင်အတွင်းထိခိုက်ဒဏ်ရာရလျင် နာမကျန်းမူ့များဖြစ်ပွားပါက လူမူ့ဖူလုံရေးဆေးခန်းသို့ စက်ရုံမှ တာဝန်ယူပို့ဆောင်ပေးရန်နှင့်လူမူ့ဖူလုံရေးဥပဒေအရ အလုပ်သမားများအားခံစားခွင့်ပေးရန်) ဆိုတာကိုဖတ်လိုက်ရတော့ အဲဒီလိုတောင်းဆိုလိုက်တာက ကိုယ့် အတွက် ထိရောက်မူ့ရှိပါရဲ့လားလို့ မေးခွန်းလေးတွေ ခေါင်းထဲမှာပေါ်လာပါတယ်။ ” လူမူ့ ဖူလုံရေး “ဆိုတဲ့ခေါင်းစဉ်အောက်မှာ ရှိနေတဲ့ဌာနသို့မဟုတ်အဖွဲ့အစည်းက ခေတ်အဆက်ဆက် မှာ လုပ်သားများရဲ့ လိုအပ်ချက်ကို ပြည့်စုံကောင်းမွန်စွာ ဖြည့် ဆည်းပေးနိုင်ခြင်းမရှိတာ အမှန်ပါဘဲ။ လုပ်မပေးနိုင်တဲ့ နေရာကို မှ အားကိုး တကြီး ညွှန်းပြနေရင် တောင်းအလကားဘဲဖြစ်မယ်ထင်ပါတယ်။ နေရာအသီးသီးမှာ အကြောင်းအရာမျုးိစုံနဲ့ဆန္ဒပြတာတွေကိုမြင်နေကြားနေ ဂျာနယ်တွေက ရေးတာတွေကို လဲ […]


    ရန်ကုန်က ခဏ ဆို ခဏလေး ရောက်ခဲ့ တဲ့အခါ ရောက်တဲ့ညမှာ သွားပြီးတော့ ကမန်းကတန်း ရိုက်လာခဲ့တဲ့ပုံလေးတွေပါ။ အချိန်မရ လို့ ရွာထဲ က မိတ်ဆွေတွေကို မတွေ့ ဖြစ်တာ ခွင့်လွှတ်ကြပါခင်ဗျာ   ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 24-10-2014


“မ နေ စ  ကောင်း နေ စ ကောင်း “   အ တူနေ ချစ် သူ ဘဲ ခေါ် ခေါ် လက် မ ထပ် ဘဲ အ တူ နေတ ယ် ပြော ပြော အ ခု တစ ်လော ပြော ရ တာ တယ ်အာ တွေ့ တယ် လို့ ဆို နိုင် ပါတယ်.။ living together  ဆို တဲ့ ဘို လို ရေး ထား တာ လေး ကို မြန် မာ လို  […]


“ဖြတ်သန်းခဲ့သော ပလက်ဖောင်းများ ၂၀”   (ကွာခြားခြင်းများ းးးးးးးးးးးးးးးးးးးးးးးးးးးး)   ကျနော်ကျောင်းသားဘဝကာလများ အစိုးရဝန်ထမ်းကာလများနဲ့ ကျနော်လှိူင်းတေးသံသွင်းကို ရောက်တဲ့ ၁၉၈ဝ စွန်းစွန်း ကာလ များမှာ တိုင်းပြည်ရဲ့ငွေကြေးဖောင်းပွမူ့က သိပ်ကွာခြားမူ့ မရှိ။ ၁၉၇၅ခုနှစ်ကနေ၁၉၈၃ ခုနစ် ပါတ်ဝန်းကျင်အထိ အကြော်တစ်ခု တစ်မတ် နံပြားတစ်ချပ်ငါးမူး အီကြာကွေးတစ်ချောင်း ငါးမူး လက်ဖက်ရည်တစ်ခွက်တစ်ကျပ် ထပ်တစ်ရာတစ်ချပ် တစ်ကျပ် ဝက်သားပေါက်စီတစ်လုံးတစ်ကျပ် ငါးဖယ် နဲ့မုန့်တီတစ်ပွဲ တစ်ကျပ် လမ်းဘေးမှာ ထမင်း တစ်ခါ ပြင် ၂ကျပ်ခွဲ ရှမ်းခေါက်ဆွဲပွဲသေး တစ်ပွဲ ၂ကျပ်ခွဲ ကြေးအု့းိတစ်ပွဲ သုံးကျပ် ခေါက်ဆွဲကြော်တစ်ပွဲ ကျပ်တစ်ဆယ် ဆို တဲ့ ဈေးနူူန်းတွေက အတော်ကြာကြာ မပြောင်းမလဲ ရှိနေခဲ့တာအမှန်ပါဘဲ။ ငွေကြေးဖောင်းပွမူ့ ကိုထိန်းထားနိုင်တယ်လို့ ဆိုနိုင်ပါတယ်။ အလွန်အမင်းကျပ်တည်းခြင်းမရှိသလို […]


“ည၏……………..”   အခုနောက်ပိုင်းဓါတ်ပုံရိုက်တဲ့အခါ  ညအလှတွေကို ရိုက်ဘို့စိတ်သန်ပါတယ်။ အဲတော့ ဓါတ်ဆရာတွေ စု ပြီး ည ပုံ တွေ ထွက်ရိုက်ဖြစ်ပါတယ်။ အများဆုံးရိုက်ဖြစ်တာတော့ ကျုံးဒေါင့်  နဲ့ ဘူတာကြီးအရှေ့ ဝရန်တာကနေ ရိုက်ဖြစ်ပါတယ်။     ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 12-10-2014


ပန်းပြပွဲ…ဓါတ်ပုံပိုစ်   ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့် နေ့က မေမြို့ကိုရောက်သွားပါတယ်။   အဲ့မှာရိုက်စရာကတော့ ပန်း ဘဲ ရှိတယ်လေ   အဲ့တော့       ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ   10-10-2014


“မနိူင်း စေ လို ပါ ”   လူ တိုင်းမှာ အလှကိုယ်စီရှိတတ်ကြပါတယ်။ ဥပမာပေးရ ရင် မိန်းကလေးတွေ မှာလဲ ပင်ကိုယ်အလှ သဘာဝအလှ ဆိုတာ ကိုယ်စီရှိကြပါတယ်။ ရွက်ကြမ်းရေချို  လှ တဲ့သူဘဲဖြစ်ဖြစ် ပင်ကိုယ်လှပြီးသားသူဘဲဖြစ်ဖြစ် မိတ်ကပ်တွေဘာတွေလိမ်းချယ်ပြီး ပြင်တတ်ကြပါတယ်။ ပြင်လိုက်ရင်လှသွားမယ်လို့ ဆိုနို်င်ပေမယ့် ပြင်လွန်းလို့ ဖင်ချွန်းသွားတဲ့သူတွေလဲ ရှိနုိုင်ပါတယ်။   လူ့စိတ်ဆိုတာ အမျုးိမျုးိ အထွေထွေပါဘဲ။ ကိုယ့်ကိုကိုယ် အလှတွေခြယ်ချင်သူလဲရှိမယ်။ သဘာဝလေး အတိုင်းရိုးရိုးလေးနေချင်သူလဲရှိမယ်။ တတ်နိုင်လို့ ပြင်သူလဲရှိမယ်။ အလှပြင်ချင်ပေမယ့် ငွေကြေးမတတ်နိုင်လို့ မပြင်ရသူလဲရှိမယ်။ အလှပြင်တဲ့သူတောင်မှ တန်ဘိုးကြီးတဲ့ ဘရန်းဒတ်တွေကိုအသုံးပြုပြီး ပြင်နိုင်သူရှိသလို ကိုယ့် တတ်နိုင်တဲ့ ပေါပေါ ပဲပဲလေးနဲ့ ဘဲ အလှပြင်သူလဲ ရှိကြပါတယ်။   အလှပြင်တာကို နှစ်သက်တာ […]


“ နှလုံးသား မဲ့ တဲ့ သူ ………..”     သူဟာလေ ………………………………………………………….. တစ်ခါ တစ်ခါ မှာ                     ချစ်တတ်သူ တစ်ခါ တစ်ခါ မှာတော့               ညစ်တတ်သူ တစ်ခါတစ်ခါမှာ                     ရစ်တတ်သူ တစ်ခါတစ်ခါမှတော့                လစ်တတ်သူ တစ်ခါ တစ်ခါ မှာ                    သနားတတ်သူ တစ်ခါ တစ်ခါ မှာ တော့            စားတတ်တဲ့သူ တစ်ခါတစ်ခါမှာ                     ပါးနပ်သူ တစ်ခါတစ်ခါမှာတော့              မှားတတ်သူ တစ်ခါ တစ်ခါ မှာ                    ညှာတဲ့သူ တစ်ခါ တစ်ခါ မှာ  တော့                    […]


“ဖြတ်သန်းခဲ့သော ပလက်ဖောင်းများ ၁၉”   (ပြောင်းလဲသော သီချင်းရေစီး………………….)     ခေတ်ရဲ့ရေစီးကြောင်းဆိုတာအမြဲပြောင်းလဲနေပါတယ်။ ဒါပေမယ့်လဲ တစ်ချိန်ချိန်မှာတော့ အဟောင်းတွေက အသစ်ပြန်ဖြစ်တတ်တာက မဆန်းဘူးလို့ဆိုနိုင်ပါတယ်။ မြန်မာ့ဂီတလောက အစမှာတော့ သီချင်းကြီးတွေက ပထမပေါ့။ မြဝတီမင်းကြီးဦးစတို့လက်ထက်ကတည်းက “ကော်ပီ”ပေါ်ခဲ့တယ် ဆိုနိုင်ပါတယ်။ ခရစ်ယာန်ဓမ္မသီချင်းအလိုက်ကို ယူပြီး သီချင်းဖွဲ့ဆိုခဲ့လို့ပါ။ ရှေးကသီချင်းကြီးအများစုကတော့ ဘုန်းတော်ဘွဲ့သီချင်းတွေနဲ့ မောင်ဘွဲ့ မယ်ဘွဲ့ တောဘွဲ့တောင်ဘွဲ့တွေပေါ့။ ရတနာပုံခေတ်ရောက်တော့ အထူးခေတ်စားတဲ့သီချင်းတွေက တော့ သီချင်းထဲမှာဇာတ်လမ်းလေးတွေ ပါတဲ့ပတ်ပျိုးနဲ့ဘောလယ်တွေပေါ့။ သီချင်းကြီးဆိုလိုက်တာနဲ့ အရင်ဆုံးပြေးမြင်မိတာကတော့ လှိုင်ထိပ်ခေါင်တင်ရဲ့ “စိန်ခြူးကြာညောင်” ပါဘဲ။ ဒီဘက်ခေတ်ပိုင်းထိ ခေတ်စားခဲ့ လူ သိများခဲ့ သီချင်းကြီးကတော့ မလှရွှေ ရဲ့  မိုးဒေဝါ နဲ့ စန္ဒကိန္နရီပါတ်ပျိုးပါဘဲ။   ဒုတိယကမ္ဘာစစ်အပြီးမှာတော့ မြန်မာတွေလဲ ခေတ်မှီလို့လာပါတယ်။ ကြေးကြိုး သားရေ […]


ကြွားပါရ ဇီ( ဓါတ်ပုံပို့စ်)   မန်းလေးမှာ ဓါတ်ပုံပြပွဲလေးတစ်ခုလုပ်ပါတယ်။ မန်းလေးအခြေစိုက် ဂျာနယ်သမားတွေ သတင်းသမားတွေ ရဲ့ ရူ့ခင်းဓါတ်ပုံတွေကို ပြပွဲလုပ်တာပါ။ အဲတော့ ဂျာနယ်လစ်စာရင်းဝင် ကျနော်လဲ ဓါတ်ပုံ5ပုံတင်ခွင့်ရပါတယ်။ ကျင်းပတဲ့ နေရာကတော့ Thi Ri Art Gallery 73လမ်းမြို့သစ် အားကစားကွင်းကြီးနဲ့ မျက်နှာချင်းဆိုင်မှာရှိပါတယ်။ ကမ္ဘောဇဘဏ် နံဘေးက နေ အနောက်ဖက်ခြမ်းကို ဝင်သွားရင်ရောက်ပါတယ်။ Ocean Center ရဲ့ ကျောဘက်မှာရှိပါတယ်။ ပုံကိုရောင်းဈေး ပြောပါ ဆိုတော့ ကျပ် နှစ်သောင်းခွဲနဲ့ ရောင်းမယ်လို့ ပြောလိုက်ပါတယ် တစ်ပုံမှ မရောင်းရ ရင်တော့ အရှက်တွေကွဲမှာသေချာပါတယ်။ ပြပွဲကတော့ 4-10-2014 ကနေ 6-10-2014ထိ သုံးရက်ပြမှာပါ။ ပြပွဲမှာတင်ထားတဲ့ပုံလေးတွေကိုဖော်ပြလိုက်ပါတယ်။ ရွာသားများမြင်ဘူးကြမယ်လို့လဲထင်မိပါတယ်   ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 4-10-2014