“သေခြင်းတရား၏နောက်ဆက်တွဲ   “   အိုပြီး   သေတဲ့လူ နာပြီး   သေတဲ့လူ ၉၆ ပါးနဲ့သေတဲ့လူ ဘာမှန်းမသိဘဲ သေတဲ့လူ   ဆေးမှားသောက်ပြီး သေတဲ့လူ အစားမှားပြီး   သေတဲ့လူ အစာငတ်ပြီး   သေတဲ့လူ စားပိုးနင့်ပြီးသေတဲ့လူ     သူများသတ်လို့ သေတဲ့လူ လူမှားသတ်လို့သေတဲ့လူ နှိပ်စက်ခံရလို့ သေတဲ့လူ တိရိစာ္ဆန် သတ်လို့ သေတဲ့သူ     အဆုံးစီရင်ပြီးသေတဲ့လူ အဆိပ်သောက်ပြီး သေတဲ့လူ ကြိုးဆွဲချပြီး သေတဲ့လူ ရေထဲခုန်ချ  သေတဲ့လူ   ရေနစ်ပြီးတော့သေတဲ့လူ ဆေးထိုးမှားပြီးသေတဲ့လူ ကားဝင်တိုက်ပြီးသေတဲ့လူ ကားပေါ်ကပြုတ်ကျ သေတဲ့လူ   ကားမှောက်ပြီးတော့ သေတဲ့လူ ဆိုင်ကယ်မှောက်ပြီးသေတဲ့လူ လှေမှောက်ပြီးတော့ သေတဲ့လူ […]


“ဆင်ခြင်စရာ”   လူအတော်များများက အောက်ကပုံလေးကို ပြပြပြီး အဆင့်ဆင့်ဖိနှိပ်ခံရပါတယ် မတရားခံရပါတယ်လို့ပြောကြပါတယ်။ မှန်လိုက်တာဆိုပြီးထောက်ခံကြပါတယ်။   ဟုတ်ပြီ ကျနော်မေးမယ် “ကိုယ်တိုင်ကရော ရုန်းထွက်ဘို့ကြိုးစားပါသလား?”   အခုခေတ်မှာ အရင်ကထက်စာရင် အလုပ်အကိုင်ပေါပါတယ်။ ကိုယ်လက်ရှိလုပ်နေတဲ့အလုပ်က ဖိနှိပ်ခံရတယ်ထင်လို့ရုန်းထွက်ဘို့ကတော့ မိမိကိုယ်တိုင်အလုပ်ကြိုးစားဘို့လိုပါတယ် အလုပ်အပေါ်စေတနာထားလုပ်ဘို့လိုပါမယ် မိမိမှာပင်ကိုယ်အရည်အချင်းချို့တဲ့နေရင်တော့ သူများရဲ့ဝန်ထမ်းမဟုတ်ဘဲ ပိုင်ရှင်ဖြစ်နေရင်တောင်မှ ကိုယ့်ပြိုင်ဘက် က နင်းတာခံရမှာပါဘဲ။ ကိုယ်အနင်းခံရတယ်ထင်ရင် လာနင်းသူကိုအပြစ်မတင်ပါနဲ့ မိမိကြိုးစားမူ့နဲ့ရုန်းထွက်ဘို့ကြိုးစားပါ။ အခုခေတ်ကြီးမှာ အသားလွတ် ဖိနှိပ်လို့ရတဲ့ ခေတ် ကုန်ပါပြီ။ သူများကိုအပြစ်တင်မယ့်အစား ကိုယ့် ကိုယ် ကိုပြန်သုံးသပ်ပါ။   ”  သူများအနင်းခံရလောက်အောင် ကို ငါအတော်ညံ့ဖျင်းနေသလား  ” ဆိုတဲ့မေးခွန်းကိုမှန်ကြည့်ပြီးမေးပါ။   ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး ၂၆၁၁၇


”  အငုံ့စိတ် ”   နေ့စဉ်နဲ့အမျှ စကားတွေဖောင်ဖွဲ့ရင်းက စိတ်ဆိုးသွားမလား အထင်လွဲသွားမလား လားတွေများများလာရင်းက ကျနော် အလိုလို ဆွံ့ အ  သွားခဲ့ပေါ့။   ကိုပေါက်လက်ဆောင်အတွေးစဉ်   ၄၁၁၇


”  ၁၆ အလွန် ၁ရ   “ မျျှော်လင့်ခြင်းတွေ တစ်လှေကြီးနဲ့ ကြိုဆိုခဲ့တဲ့ တစ်ဆယ့်ခြောက် မရေရာခြင်း များစွာနဲ့လွန်မြောက်ပါတော့မယ်။ တ ဒီ ထဲဒီ ခဲ့ကြတဲ့ ကျနော်များကရော လက်တွေ့မှာ ညီခဲ့ကြပါသလား။ “ပြောင်းလဲချိန်တန်ပြီ” ပီသအောင် မြည်နိုင်ကြပေမယ့် လက်တွေ့မှာ ကြည်မြတဲ့ဂီတတေးသွား တော့ဖြစ်မလာပေဘူး။ ကျောက်ဆောင်ကမ်းပါးကို လက်သန်းအားတွေနဲ့ ဖြိုခဲ့ကြပေမယ့် ရှေ့ဆက်ကြတဲ့ခရီးမှာ ကိုယ့်အား ကိုယ်မကိုး လက်ညှိုးတွေသာ အပြန်အလှန်ထိုးနေတော့ ရှေ့မတိုးနောက်မဆုတ် အရင်ဇာတ်ထုတ်ဟောင်းဘဲ ကောင်း သယောင် ပြန်ပြောင်း ကာ တသူ ကလဲ တ ပေ သပေါ့။ တီးလုံးက အသစ် ဇာတ်ခုံကတော့ အဟောင်း ဇာတ်ညွှန်းကိုတော့ နည်းနည်းလေးပြောင်း ဒါပေမယ့် ဇာတ်ရံတွေကအဟောင်းဆိုပြန်တော့ မင်းသားမင်းသမီး ဘယ်လောက်ပြောင်းပြောင်း ကြည့်ရတဲ့အရသာက […]


”   စိတ်  မာဆတ်”   မရီချင်ဘဲ ရီ မတည်ချင်ဘဲတည် နေ့စဉ်နဲ့အမျှ ဟန်ဆောင် နေရခြင်း အတွက် စိတ်အငြီးပြေချင်ရင် ဖွဘုတ် အတွင်းကို ဝင်ပါလေ။   ကိုပေါက်လက်ဆောင်အတွေးစဉ် ၂၆၁၂၁၆


” ရိုက်မိရိုက်ရာ ” တစ်ခါတစ်ခါ ဟိုနားသွား ဒီနားသွား ဟိုရိုက်ဒီရိုက်ကလေးတွေက စိတ်ကို အပျင်းပြေစေပါတယ်။       3             ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 211216


”  သွားကြရအောင်” ချစ်သူ ရေ   ဟိုး အဝေးမှာ အပြာရောင်လွှမ်းနေတဲ့ တောင်တန်း   ဒီလမ်းကလေးအတိုင်း သွားကြရအောင်   လမ်းဆုံးရောက်အောင်ပေါ့။   ကိုပေါက်လက်ဆောင်အတွေးစဉ် ၁၀၁၃၁၆     ဒီနေရာလေးရောက်အောင် လိုက်ပို့ပေးတဲ့  Ko Sein Win ကိုကျေးဇူးတင်ပါတယ်။  


” စိတ် ငှင်ခြင်း ” တစ်ခါ တစ်ခါ အဝေး။   တစ်ခါ တစ်ခါ အနီး။   တစ်ခါတစ်ခါ အလိုမကျ။   တစ်ခါတစ်ခါ ကြည်နူး။   တစ်ခါတစ်ခါ တစ်ခါ တစ်ခါ တစ်ခါ တစ်ခါ မတူခြားနား အပြောင်းအလဲများလှတဲ့ စိတ်ကို ဘာ နဲ့ ငှင် ရင် ကောင်း မလဲ ဟင် ?????   ကိုပေါက်လက်ဆောင်အတွေးစဉ် ၇၁၂၁၆