“ဘယ်စာဝါ ဘယ်နှစ်ဝါ မောင်သင်မတုံးးးးးးးးးးးးး”     ဒီရန်ကင်းရွာဦးကျောင်းက ရွာအရှေ့ဘက်ထိပ်မှာရှိပါတယ်။ ရွာမြောက်ဘက် မတ္တရာဘက်သွားတဲ့ပေတစ်ရာလမ်းမကနေတောင်ဘက် ရွာလမ်းမအတိုင်းတည့်တည့်ဝင်လာရင် ရွာတော်ရှင်ဘိုးဘိုးကြီးရဲ့နတ်ကွန်းလေးကို ဖြတ်ပြီးရင်ဘုန်းကြီးကျောင်းအဝင်ဝကိုရောက်လာပါတယ်။ ဘုန်းကြီးကျောင်းဝတ္တကမြေကိုတော့ စည်းရိုးရယ်လို့သတ်သတ်မှတ်မှတ်ခတ်မထားပေမယ့် အနောက်ဘက်က အိမ်တွေရယ် ကျောင်းရယ်ကိုတော ့ သဘာဝခင်တန်းလေးက ပိုင်းခြားလို့ပေးထားပါတယ်။ ကျောင်းအဝင်စ အရှေ့ဘက်ခြမ်းမှာတော့ ကျောင်းအိုအိုလေးတစ်ကျောင်းရှိပါတယ်။ ဦးဇင်းတစ်ပါး တည်းသီတင်းသုံးပါတယ်။ အဲဒီဦးဇင်းရဲ့ အများနဲ့မတူတဲ့ထူးခြားချက်ကတော့ တစ်နှစ်ပါတ်လုံးရေမချိုးဘဲ မြန်မာနှစ်ဆန်းတစ်ရက်နေ့ တစ်ရက်ထဲဘဲ ရေချုးိတယ်လို့ သိရတာပါဘဲ။ သူ့ကျောင်းခြံဝင်းတံခါး ကိုအမြဲပိတ်ထားပြီး တသီးတသန့်နေတဲ့ ရဟန်ုးဖြစ်ပါတယ်။   ဘုန်းကြီး ကျောင်းဝင်းကြီး က အတော်လေးကျယ်ဝန်းပါတယ်။ ကျောင်းဝင်းထဲကို ဝင်လာခဲ့ရင် ကျောင်းဝင်းအလည်လောက်မှာ ဘုရားတစ်ဆူနဲ့ဇရပ်တစ်ဆောင်ကိုတွေ့ရပါမယ်။ ဆက်လာလိုက်ရင်တော့ နှစ်ရင့်မန်ကျည်းပင်နဲ့ သရက်ပင်တွေဝိုင်းနေတဲ့ ကြီးမားတဲ့နှစ်ထပ်ကျောင်းဆောင်ကြီးကို ဘွားကနဲတွေ့နိုင်ပါတယ်။ ကျောင်းအပေါ်ထပ်ကတော့ ကြမ်းခင်းပြီးအောက်ထပ်ကတော့ အကာအရံမရှိဘဲ ခုံတန်းလျားလေးနဲ့စားပွဲတစ်လုံးတော့ချထားပါတယ်။ ကျောင်းအနောက်ဘက်မှာတော့ […]


              13 စာဥတို့ကိုသတိရတဲ့ နေညိုချိန်တိမ်တောက်         “ကြွေသွားတဲ့ညနေခင်းလေးများ”     ကျနော်ဘဝမှာ1991ကနေစလို့ 2005 ညနေခင်းဆိုတာဘာမှန်းမသိခဲ့အောင် အလုပ်ထဲမှာနစ်မြုတ်လို့နေခဲ့ပါတယ်။ ညနေခင်းများမှာစာရင်းအင်းတွေထဲမှာခေါင်းစိုက် အလုပ်လုပ်ရတာက ထပ်ခိုးလေးမှာ။ လျှပ်စစ်မီးချောင်းရဲ့အရောင်သာရှိတဲ့အခန်းလေးခပ်မှောင်မှောင်။ ကိုယ်နဲ့လက်တွဲဖော် ကလေး သုံးယောက်နဲ့ဘဲနွေမိုးဆောင်းအချိန်တွေကုန်လွန်ခဲ့။ ကုန်လက်ကျန်တွေ ငွေလက်ကျန်တွေ ကိန်းဂဏန်းတွေနဲ့သာနစ်မြုတ်လို့နေခဲ့။ အလုပ်ပြီးတဲ့အချိန်က ညကိုးနာရီ။ ဒီလိုနဲ့ဘဝကြီးကိုဖြတ်သန်းလာခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်ကျော် 2005ခုနှစ်နောက်ပိုင်းမှာတာ့ လုပ်ငန်းမှာလူတိုးတော့ လုပ်ငန်းအချို့ကိုခွဲဝေလို့ပေးနိုင်တဲ့အခါ အလုပ်ကလဲစောပြီး။ နောက်လုပ်ငန်းကလဲ နေရာပြောင်းတော့ ညနေခင်းနေရောင်မြင်ရတဲ့နေရာလေးကိုရောက်လာ။ လှပသောညနေခင်းလေးများကိုတော့ခံစားလို့ရပါတယ်။   အခုနောက်ပိုင်းခရီးထွက်ရ ကင်မရာလေးနဲ့လက်ဆော့ခွင့်ရတော့ ငယ်ငယ်က မက်မောခဲ့တဲ့ လှပသော ညွှတ်နူးဘွယ်ကောင်းသောလွမ်းဖွယ်ကောင်းသော ရင်ခုန်ချင်စရာကောင်းသော အရောင်စုံ ညနေခင်းလေးများကို မှတ်တမ်းတင်မိပါတယ်။   […]


“စည်စည်ကားကား ရွှင်ရွှင်ပျော် ကျေးရွာအလှူတော်” ဒီအလှူပွဲမှာ သူများနားချိန် အိပ်ချိန်မှာတောင် မနားဘဲလုပ်ရတာကတော့အိုးသူကြီးအဖွဲ့ ပါဘဲ။ သူတို့အဖွဲ့ က တစ်ညလုံးမနားရပါဘူး။ မနေ့ညနေစောင်းကတည်းက စလို့ မီးတရဲရဲမှာ မိုးဗြဲဒယ်ကြီးတွေနဲ့ ကြက်သွန်တွေဆီသတ် ငရုတ်သီးတွေဆီသတ် အသားဟင်းတွေကို မသိုးအောင် လုံးနဲ့လုပ်ကြရတာပါ။ ညရောက်ပြန်တော့လဲ အလှည့်နဲ့ အိပ်တာတောင်မှ ကြက်အိပ်ကြက်နိုး။ လူသာအလှည့်နဲ့ခဏမှေးလိုက်ရမယ် မီးဖိုကြီးကတော့ ညလုံးပေါက် မီးမပြတ်အောင်ထုိုးရပါတယ်။ မနက်လေးနာရီထုးိတာနဲ့ ဓါတ်စက်ဆရာက “ဌေးဌေးမြင့်”ရဲ့ အင်မတန်ကျက်သရေရှိလှတဲ့ “အစိန္တေယျ”သီချင်းနဲ့ စလိုက်ပါတယ်။ အဲဒီသီချင်းပြီးတာနဲ့ အလှူသီချင်းတွေမှာပြိုင်စံရှားတဲ့ ကိုထွန်းရွှေရဲ့ “လင်းကြက်ဖြင့်တွန်သံသာ…………………”တို့ “တို့တောကအလှူ တို့တောကအလှူ စည်သံဗျောသံညံဆူ ခြိမ့်ခြိမ့်သဲလို့အောင်ပွဲခံမယ်တမူ”တွေဘာတွေပါတဲ့ အိုးစည် ဒိုးပတ် အလှူသီချင်းတွေ ကို ဆက်တိုက်ဖွင့်ပါတော့တယ်။ တကယ်တမ်းပြောရမယ်ဆိုရင်တော့ အော်လံသံမကြားခင်ကတည်းက အားလုံးကလှူပ်လှူပ်ရွရွဖြစ်နေပါပြီ။ ထမင်းချက်တဲ့အဖွဲ့ကလဲ ထမင်းတွေကို ပုတ်ကြီးထဲမှာ ငှက်ပျောဖက်တွေခံလို့ထည့်။ ဟင်းချက်တဲ့အဖွဲ့ကလဲ […]


        “လူသားတစ်ယောက်ရဲ့ အဆုံးသတ်နိဂုံး” ဒီနေ့ ဦးလေးတစ်ယောက်ကွယ်လွန်သွားလို့ ပြင်ဦးလွင်ကိုသွားပြီး နာရေးလိုက်ပို့ပါတယ်။ အခုခေတ်ထုံးစံအတိုင်း မီးသဂြိုဟ်တာပေါ့။ မီးရှိိုပြီး ခဏနေတော့ ခေါင်းတိုင်ကနေမီးခိုးလေးတက်လာပါတယ်။ အဲဒီမှာတွေးမိတာက ဘယ်သူဘယ်လောက်ဘာကြီးဘဲဖြစ်ဖြစ် နောက်ဆုံးတော့ မီးခိုးလေးအဖြစ်နဲ့ဘဲ လောကကြီးကို ကျောခိုင်းသွားရတယ်ဆိုတာကိုပါဘဲ။ ကျနော်တို့အားလုံးဘယ်လောက်ဘဲမျှော်လင့်ချက်တွေကြီးခဲ့ ကြီးခဲ့ ယုံကြည်မူ့တွေဘယ်လိုဘဲရှိခဲ့ရှိခဲ့ နောက်ဆုံးတော့ အဆုံးသတ်က ဒီမီးခိုးတန်းလေးနဲ့ဘဲအဆုံးသတ်သွားရတာပါဘဲ။ ကျနော့်ရဲ့အတွေးပါးပါးလေးက မှန်ချင်မှတော့မှန်မယ် ။ ကျနော်တွေးမိသလောက်လေးပေါ့။   ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး 13-11-2012  


“လှုပ်လှုပ်ရွရွ အလှူဝင်တဲ့ည ” (ငယ်လွမ်းချင်း အမှတ်သုံး)     ကျနော်မှတ်မိသလောက် မြန်မာပြည်မှာ TV ဆိုတာကြီးပေါ်လာမှ “ရုပ်မြင်သံကြား”ဆိုတဲ့စကားလုံးက လူသိများလာခဲ့တာပါ။ ၁၉၈၃ခုနှစ်ပါတ်ဝန်းကျင်မှာမှ မြန်မာပြည်တနံတလျား သုံးခဲ့တဲ့ ဒီရုပ်မြင်သံကြား ဆိုတဲ့စကားလုံးလေးကို ၁၉၇ဝခုနှစ်ပါတ်ဝန်းကျင်လောက်မှာကတည်း မတ္တရာနယ်ဘက်မှာတော့ သုံးခဲ့ကြတာပါ။ ရုပ်မြင်သံကြားဆိုတာကို မျက်စေ့ထဲမြင်လာအောင်ပြောရရင် “တေးသရုပ်ဖော်ကပွဲ”ပါဘဲ။ အဲဒီခေတ်က ကက်ဆက်ဆိုတာ ဘယ်နေမှန်းမသိ။ တိတ်ရကော်ဒါဆိုတာ မြို့က သူဌေးအိမ်မှာ မှ သုံးတဲ့ ဂုဏ်ဒြပ်ခံတဲ့အရာတစ်ခု။ တောမှာတော့ ဓါတ်စက်နဲ့လော်ကြီးတွဲလိုက်ရင် ဒီရွာတင်မကဘဲ ဟိုဘက်ရွာကလူတောင်နားထောင် နိုင်လောက် အောင်အသုံးတည့်လှပါတယ်။ အလှူရှိရှိ မင်္ဂလာဆောင်ရှိရှိ ဒီလော်ကြီး ဖွင့်လိုက်ရမှပြည့်စုံတာတော့အမှန်ပါဘဲ။ ဒီရန်ကင်းရွာလေးရောက်မှ ကြားဘူးမြင်ဘူူးတာတော့ရုပ်မြင်သံကြားတဲ့။ အသံကြားရမယ် ဓါတ်စက်ဖွင့်ထားလို့ပါ။ ရုပ်မြင်ရမယ် လူတွေက သရုပ်ဆောင်ပြကြတာကိုး။ ဖွင့်ထားတဲ့ သီချင်း ပြဇာတ်တွေထဲကပြောဆိုငိုတဲ့အတိုင်း လိုက်ပြီး အမူအယာလုပ်လို့ […]


            “ချင်းတွင်းမြစ်အနောက်ဘက်ကမ်းက ရွှေတောင်ဦးစေတီ”       နေ့လည်(2)နာရီထိုးလောက်မှာ သမ္ဗုဒ္ဓေကနေကျနော်တို့ထွက်လာလိုက်တာ နာရီဝက်လောက်ဘဲမောင်းလိုက်ရပါတယ် မုံရွာမြို့ထဲကိုရောက်သွားပါတယ်။ နာရီစင်ကြီးကိုလွန်လာပြီးတော့ အသိတစ်ယောက်အိမ်ကိုခဏဝင်ကြပါတယ်။ သူတို့အိမ်ရောက်တော့ ကော်ဖီတွေ ရွှေဘိုဝင်းဝင်းကိတ်မုန့်တွေ ဂျင်းသုတ်တွေချကျွေးပါတယ်။ အားနာပါးနာနဲ့စားလိုက်ကြတာ ဘာမှမကျန်တော့ပါဘူး။ ဒါနဲ့ဘဲသူတို့ကိုပါခေါ်လို့ ခရီးဆက်ကြပါတယ်။ မုံရွာမြို့အနောက်ဘက်ထွက်ချင်းတွင်းတံတားကိုဖြတ် ယာကြီး ကလေးလမ်းမအတိုင်းလာခဲ့ကြပါတယ်။ လမ်းခရီးကတော့ သစ်ပင်တွေအုံ့ဆိုင်းပြီးသာယာပါတယ်။ နောက်လမ်းခွဲတစ်ခုအရောက် မြောက်ဘက်ကိုချိုးထွက်လာလို့မကြာခင်မှာဘဲ အဝင်မုဒ်ဦးကြီးကိုမြင်ရပါတော့တယ်။ လမ်းခရီးကလဲသာသာယာယာ။ ဘုရားဆီသွားတဲ့အဝင်လမ်းမှတော့ ဘုရားဖူးကားတွေများမှများပါဘဲ။ စားသောက်ဆိုင်တန်းလေးအလွန်မှာတော့ ကားရပ်လို့ဘုရားပေါ်တက်ကြပါတယ်။ ဘုရားအတက်မှာ ဓါတ်လှေကားရှိပေမယ့် လူမစောင့်ချင်တော့ စောင်းတန်းကနေဘဲလမ်းလျောက်လို့တက်ကြပါတယ်။ ဘုရားပေါ်မှာလဲ ဘုရားဖူးများနဲ့စည်ကားပါတယ်။ နေ့လည်ဆိုတော့ အရှေဖက်က နေရိပ်ပေမယ့် အနောက်ဘက်ကတော့နေပူပါတယ်။ လူတွေအောက်ဖက်ဆင်းသွားတာတွေ့လို့ကြည့်လိုက်တော့ အနောက်ဖက်မှာ တံတားလေးတစ်ခုနဲ့ ဘုရားတစ်ဆူ။ နေအတော်လေးပူတာနဲ့မသွားဖြစ်။ တောင်ပေါ်ကနေလှပတဲ့မြင်ကွင်းတွေကို ဓါတ်ပုံရိုက်။ […]


        ဒီနေ့မနက် 7-နာရီမတ်တင်းလက်ဖက်ရည်ဆိုင်ထိုင်နေတုန်း ငြိမ့်ကနဲဖြစ်သွားပါတယ်။ တစ်ယောက်ယောက်က ခုန်ကို ဝင်တိုက်တယ်မှတ်တာ။ ထပ်ပြီးလှုပ်ပြန်တော့ ငလျင်လုှပ်တယ်ဆိုဝိုင်အော်ကြပါတယ်။ နောက် ပုခက်လွှဲသလို ထပ်လှုပ်တော့ အတော်များများကတော့ အပြင်ထွက်ပြေးကြပါတယ်။ အပေါ်မော့ကြည့်တော့ မီးချောင်းတွေ ပန်ကာတွေလဲလှူပ်နေပြန်ပါတယ်.။ နောက်တစ်ခါ ငြိမ့်ကနဲ့ ထပ်လုှုပ်ပြိးငြိမ်သွားပါတယ်။ အလုပ်ထဲရောက်တော့ မန်းမြန်မာပလာဇာ 25ထပ်ကြီးအက်သွားတယ်ပြောပါတယ်။ အလုပ်တွေလုပ်ရင်း ဖေစ်ဘုတ်ဖွင့်တော့ သတင်းတွေအချိန်နဲ့အမှီတက်တာမြင်ရ။ ဒါနဲ့ဘဲ လူပြောများတဲ့မန်းမြန်မာပလာဇာကြီး စောင်းမစောင်းသိရအောင် သူနဲ့အမြင့်ညီတဲ့ ယူနီဗာစ်ဟိုတယ် ကိုသွား မန်နေဂျာကို အကျုးိအကြောင်းပြောပြီးခွင့်တောင်းလို့ 12ထပ်ခေါင်မိုးကို တက်ပြီး လက်ဆော့ပါတယ်။ သူနဲ့ မန်းမြန်မာပလာဇာက တည့်တည့်ကိုး။ အောက်ခြေကတော့ ဘာမှန်းမသိပေမယ့် အထက်ကတော့အရင်အတိုင်းမပြောင်းမလဲ မစောင်းဘဲရှိနေတာမြင်ရ။ ရုံးခန်းဖွင့်ထားတဲ့ 25ထပ်အောက်ခြေမှာ ဆိုင်ကယ်စီးနေတဲ့လူကိုတောင်မြင်ခဲ့ရပါကြောင်း။ ကိုပေါက်လမ်းသလားခဲ့တာကို တင်ပြလိုက်ရပါ၏။


“အဖြေလေးပေးလိုက်ပါတယ် ၂၀၁၂ အောက်တိုဘာ အတွက် အကြိုက်ဆုံးစာမူ”       ကျနော်တို့ ပန်းကောက်သူအဖွဲ့လေး က စာမူရွေးဘို့ ပြင်ဆင်ကြတဲ့အခါ အီးမေးလ်လိုင်းပေါ်ကတစ်ဆင့် အကြိမ်ကြိမ်ညှိနိုင်းပြင်ဆင်ခဲ့ကြပါတယ်။ အနီးမှာနေနေ အဝေးမှာနေနေ ……ဟိုးအဝေးကြီးမှာနေနေ အားလုံးအမြဲလိုလို တိုင်ပင်ခဲ့ကြပါတယ်။. အဲဒီအခါမှာ တစ်ယောက်ပြောတာ တစ်ယောက်သဘောတူတာလဲရှိ မတူတာလဲရှိ။ ဒါပေမယ့် အခုအချိန်မှာတော့ ကျနော်တို့ယူထားခဲ့ကြတဲ့ အလုပ်တစ်ခုကိုကောင်းစွာလုပ်နိုင်ပြီဆိုတဲ့ အနေအထားတစ်ခုကိုရောက်ခဲ့ကြဖြတ်သန်းခဲ့ကြပြီလို့ ယူဆမိပါတယ်။ ဒီလိုဆောင်ရွက်နိုင်တဲ့ အနေအထားကို လျင်မြန်စွာရောက်ခဲ့နို်င်ခြင်းရဲ့ အကြောင်းတရားကတော့ တစ်ဦးတစ်ယောက်ထဲရဲ့ အယူအဆ  အတွေးအခေါ်တစ်ခုထဲနဲ့မောင်းနှင်တာမဟုတ်ဘဲ အများသဘော အများစဉ်းစားမူ့ အများဖြစ်ချင်တာလေးတွေကို ဦးစားပေးခဲ့လို့ဘဲဖြစ်ပါတယ်။ တူညီခြင်း မတူညီခြင်းဆိုတဲ့ “အဟ”လေးကို နည်းနိင်သမျှနည်းအောင်အချင်းချင်း ညှိနိူင်း အပြန်အလှန်လိုက်လျောက်ခဲ့ကြလို့လဲ ဒီအနေအထားလေးကို ရောက်ခဲ့ကြတာဖြစ်ပါတယ်။   ပြောနိုင်တာတစ်ခုကတော့ ကျနော်တို့လက်ရှိစာအဖွဲ့ဝင်အားလုံးသည် တော် တတ် သိ […]


              “ဗောဓိတစ်ထောင်………ရပ်တော်မူ ဆင်းတုတော်ကြီး”     ဆယ်စုနှစ်တစ်နှစ်စာနီးနီး မုံရွာကို မရောက်တာကနေ 2011ခုနှစ်ရဲ့ ဆောင်းအဝင် ညနေခင်းလေးတစ်ခုမှာမုံရွာကိုနေ့ခြင်းပြန်ခရီးထွက်ခဲ့ပါတယ်.။ ညနေတစ်နာရီထွက် မင်္ဂလာဆောင် ညစာ စားပွဲဝင် ပြီးတာနဲ့ပြန်လာပေါ့။ အသွားလမ်းညာဘက်ဘေးမှာ ဆင်းတုတော်အကြီးကြီးကိုမြင်ခဲ့ရပါတယ်။ ဂျာနယ်တွေမှာဖတ်ဘူးပေမယ့် တစ်ခါမှ မရောက်ဘူး။ 2012ထဲမှာတစ်ခေါက်သွားပြန်တော့လဲ အလုပ်ကိစ္စနဲ့နောက်ကျ။ သမ္ဗုဒ္ဓေသာ ခဏဝင်ခဲ့ရတယ် အဲဒီကိုမရောက်။ နောက်ပြီးခဲ့ တဲ့ စက်တင်ဘာမှာသွားမယ်စီစဉ်တော့ အဲဒီနေ့က မိုးရွာတာ တစ်ညလုံးဆိုတော့ မသွားဖြစ်။   ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်ကတော့ အလုပ်လဲအားတာနဲ့သွားဘို့စီစဉ်ကြပါတယ်။ မနက်ငါးနာရီက စပြီး လူစု.။ မန်းလေးက ခြောက်နာရီလောက်ထွက်။ စစ်ကိုင်းမှာ ရှိတဲ့ကလေးတွေဝင်ခေါ် တစ်ပျော်တစ်ပါးကြီးထွက်ခဲ့ကြပါတယ်။ လမ်းမှာတောက်လျောက်မောင်း လိုက်တာ ရွှေဘိုနဲ့ မုံရွာလမ်းခွဲညောင်ပင်ဝန်းမှာတောင် […]


  “(11-11-2012)နေ့မှာထွက်ပေါ်လာမယ့် အကြိုက်ဆုံးသူကိုခန့်မှန်းလိုက်ကြရအောင်”   ၂၀၁၂ အောက်တိုဘာလအတွက  မန်းဂေဇက်စာချစ်သူအကြိုက်ဆုံးဆုရသူရွေးချယ်ဘို့အတွက် ပဏာမ ရွေးချယ်ထားတ (ဇကာတင်စာရင်း)စရင်းကတော့ အောက်ဖော်ပြပါအတိုင်းဖြစ်ပါတယ်။     စဉ် စာမူခေါင်းစဉ် စာရေးသူ လင့် 1 ဘူမိကျောင်းတော်သား ဦးကျောက်ခဲ https://myanmargazette.net/152607 2 ညဈေးသည် အောင်မိုးသူ https://myanmargazette.net/154234 3 ”ညအမှောင်ယံထဲမှာ” သော်ဇင်(လွိုင်ကော်) https://myanmargazette.net/150573 4 အညာသို့တစ်ခေါက်ဆို မျက်ရည်ကတစ်ပေါက်စို သော်ဇင်(လွိုင်ကော်) https://myanmargazette.net/150995 5 ရေဆန်စီးခွင့်ပြုပါ ရွှေအိမ်စည် https://myanmargazette.net/61107 6 Change, Update & Upgrade ကြောင်ဝတုတ် https://myanmargazette.net/150923 7 ဓ = ဓါးသွားပေါ်မှာ..လမ်းလျှောက်ခြင်း… ( ဓါး…. အက်ဆေး ) အလင်းဆက် https://myanmargazette.net/151141 […]


“ကြက်ချေးတန်းနဲ့ပြိုင်ဘယ်သူနိုင် ပဟေဠိအစီအစဉ်” (မန္တလေးဂေဇက်ချစ်သူအောက်တိုဘာလ ဇကာတင်စာရင်း)   အခုခေတ်မှာ ဟိုဟာနဲ့ပြိုင်ဒီဟာနဲ့ပြိုင်ကြတာက  အတော်လေးခေတ်စားပါတယ်။ ဒါကြောင့် ၂၀၁၂ (အောက်တိုဘာလ)မန်းလေးဂေဇက် ချစ်သူ ဇကာတင်စာရင်းကို လည်း ခေတ်နဲ့အညီ ပဟေဠိလေးနဲ့အဖြေညှိဘို့အတွက် “ကြက်ချေးတန်းနဲ့ပြိုင်ဘယ်သူနိုင်”အစီအစဉ်လေးနဲ့ တင်ဆက်လိုက်ရပါကြောင်း ရွာသူားအပေါင်းတို့ ………………………………………. “ရို့…………ရို့………………ရို့……………ရို့” ဟစ်ဟော့သီချင်းဖွင့်၍ ဂဏန်းစတိုင်အကဖြင့် စာဖတ်ရွေးအဖွဲ့က ဧည့်လိုက်ပါသည်။ (မှတ်ချက် ယူရေနီယံအဖွဲ့ထံတွင် သုံးရက်တိတိသွားရောက်လေ့ကျင့်ထားပါသည်။)   “ပန်းပဟေဠိ”   ပြန်တမ်းဝင် ရတနာပုံဝင်းအတွင်း ဥယျာဉ်မှူးတွေကလဲ ပေါမှပေါ။ ပန်းခင်းတွေများမှများ။ တစ်လတစ်ခါ အလှဆုံးပန်းတစ်ပွင့် ဝင်ရွေးကြည့်ကြတဲ့အခါ။   တူညီတာ မတူညီတာအပထား ရနံ့သင်းရာ အဆင်းလှရာ အရောင်စုံရာ ပန်းကလေးများ ကိုရွေးထုတ်၊ ပန်းကုံးလေးတစ်ခုအဖြစ်ဖန်ဆင်းခဲ့ကြပါတယ်။   ၂၀၁၂ အောက်တိုဘာ ပန်းစိုက်လာသူ တစ်ဆယ့်ခွန် ပန်းကောက်သူ ကတော့ […]