ko sixSeptember 5, 20141min985
ရာသီဥတုက စိတ်​မချရဘူး ဧရာဝတီက မ​ရေရာဘူး အ​မေ့မျက်​ရည်​မှာ ​တောထဲ​ပျော်​​နေတဲ့ ​ခွေးဆိုးကို မျှား​နေတာလား။ မှင်​နဲ့​ရေးတဲ့အမှားက ခဲပျက်​ကို ပျက်​ရယ်​ပြုလို့ လူက​ ​နေရာ​ရွေ့ခဲ့တာကြာပြီ ဒဏ်​ရာ ဒဏ်​ချက်​​တွေက ​ကျောက်​ချမြဲ ​ကျောက်​ချတုန်​း။ ​ဂေါ်ကီရဲ့​အ​မေ့ကို စာ​ရေးပို့ချင်​တယ်​ ကျ​နော်​့အ​မေက ဓားမသုံးတတ်​ဘူးလို့။​​ ကိုစစ်​​


ko sixAugust 27, 20141min1194
ငှက်​​တွေလို ပျံရင်​းနဲ့ကြံဆ​နေခဲ့တာ မိ​ထွေးက ငှက်​တစ်​​သောင်​းလန်​့ပျံကြရုံလား ​ရွှေအိမ်​စည်​ ခင်​ဗျားကို ​လေးစားခဲ့တယ်​ အတန်​းထဲမှာ ဆံပင်​အရှည်​ဆုံးနဲ့မြစ်​ကို ခင်​ဗျားစိတ်​နဲ့ ​မေ့ပစ်​ခဲ့တယ်​ ခုထိ ဟိုလိုဂရမ်​မှာ တလက်​လက်​ထ​နေတုန်​း စာမတတ်​တာပဲ ခပ်​​ကောင်​း​ကောင်​း​ရယ်​ အကျင်​့က ဝါကျများတဲ့ ဗလာစာအုပ်​ကို လန်​့လွန်​းလို့။ ကိုစစ်​


ko sixAugust 26, 20141min1234
​နောက်​​ကျောဘက်​ဆီကလာတယ်​ ဘယ်​အရပ်​ကိုရည်​ရွယ်​သလဲ ရင်​ညွန်​့မှာသီး​နေတဲ့​ပစ်​မှတ်​ကိုလား အမှန်​တရားဟာ အနာလို မချိုပါဘူး အ​မှောင်​ဟာ ဦး​နှောက်​မရှိတဲ့ တံခါးမှာ အမှန်​တရားကို စည်​းတားထားခဲ့တယ်​ လက်​ခုပ်​မတီးရင်​ စိတ်​သက်​သာရာရပါတယ်​ အသံတိုင်​း လက်​ခံစရာကိစ္စချည်​းမှ မဟုတ်​ဘဲ။ ကိုစစ်​


ko sixJuly 2, 20141min1685
နရံကအသံကိုလက်​မခံဘူး ဆတိုးပြန်​​အော်​တယ်​ မီး​တောက်​ဟာ ဘဝကူးတဲ့အခါ အခိုးအ​ငွေ့ခပ်​ထားတဲ့ပြာပုံ ၂၅ ရာခိုင်​နှုန်​းဆိုတာ လူမကြိုက်​​တော့တဲ့ကစားကွက်​ပါ အ​ပြောင်​းအလဲ​တွေလုပ်​​နေခြင်​းက အရပ်​သားဝတ်​စုံကိုဆိုလိုသလား ​ရေစီး​ရေလာမ​ကောင်​း​ကြောင်​း နိုင်​ငံပိုင်​ရုပ်​သံက မဆိုင်​သလို​နေပါတယ်​ သတင်​းနဲ့အတင်​းဟာ ကန်​သင်​းတစ်​ခုခြားတာပဲအဖတ်​တင်​တယ်​ ခု​ခေတ်​စား​နေတဲ့ သီချင်​းက ယုန်​မမြင်​ဘဲ ချုံထွင်​​နေကြတဲ့ ဘရာဗို​တွေတဲ့။ ကိုစစ်​


ko sixJune 28, 20141min15811
သူက ကိုယ်​​ရေးကိုယ်​တာ ​ခေါင်​းကိုက်​မှုကို အ​ရေးကြီးဂွင်​ကျယ်​ရွက်​လွွှှင်​့လို့ တစ်​ခါတစ်​ခါ ကမ္ဘာကြီးပိုပူလာ​ကြောင်​း ထမင်​းအ​အေး​တွေစားရင်​း ​ပြောပြလို့ ၃၅ လမ်​းမှာလမ်​း​လျှောက်​ဖူးရုံနဲ့ နာမည်​ကြီး က​လောင်​ဖြစ်​​ရောလား ​ကျောက်​​ခေတ်​တုန်​းကလည်​း နံရံ​ဆေး​ရေးဘ​လော့ဂါ​တွေ မှိုလို ​ဖွေးခဲ့တယ်​ ထူး​တော့မထူးပါဘူး ဒီမိုက​ရေစီစာလုံးနဲ့ နည်​းနည်​းပိုရူးလာကြရုံ။


ko sixJune 20, 20141min1023
ဆမ်​ဘာအကနဲ့ မိသားစုစစ်​ပွဲစတယ်​ အိပ်​​ရေးပျက်​မှုနဲ့ နှလုံး​ရောဂါဖြစ်​တယ်​ လက်​ဆင်​့ကမ်​းမြင်​ကွင်​း ​ပေါက်​ကွ ဲမှုတန်​ဖိုး ခပ်​မြင်​့မြင်​့ရယ်​ မိန်​းမ​တွေက ကိုးရိီးယား​ယောကျ်​ား​တေွ​က ရီယိုပိုးကိုက်​လို့ မ​ကျေနပ်​မှုက ကိုးရီးယားလိုဂိုကပ်​ တရုတ်​ထုတ်​ဆမ်​​ဆောင်​းတီဗွီ​လေးပဲ ​ကြေမွ ခုက​နေရတဲ့ ဒုက္ခသစ္စာဇာတ်​ပွဲမှာ ကိုစစ်​ ​​​


ko sixJune 1, 20141min1206
ငှက်​က မပြန်​နိုင်​ဘဲ ​လှောင်​အိမ်​ထဲမှာ ​သေလို့ ဆို​တော့ကာ ဖြစ်​နိုင်​​ချေသီအိုရီအရ ပင်​လယ်​လို ငန်​သွားတယ်​ အ​မေဇုံသစ်​လို သတင်​းစာဖြစ်​ခဲ့တယ်​ ကျူးဘားလို သတ္တိရှိပစ်​လိုက်​တယ်​ လွတ်​လပ်​တယ်​ဆိုတာ ကိုယ်​့ကိုယ်​ကိို စီးနင်​း​နေရတာပါ အသားပါတဲ့စာအုပ်​​တွေနဲ့​ ​ထောင်​တံခါးကိုပိတ်​ပြီး ​တွေးကြည်​့ခဲ့တယ်​ ငါ…. အပြင်​ကလား အတွင်​းကျ​နေလား လူပီပီ ကြံဆရင်​း​ပေါ့။ ကိုစစ်​


ko sixMay 31, 20141min1986
ဓာတ်​ပြား​ဟောင်​းကို ခဏခဏနား​ထောင်​ရတယ်​ ​ဟောလိုးဝင်​းမျက်​နှာဖုံးက မဲဆွယ်​နိုင်​တဲ့ အက္ခရာမဟုတ်​​တော့ ​မွေးမြူတယ်​ ချက်​စားတယ်​ အတ္တဟိတလက်​မှတ်ရှိ​နေတာပဲ နီးကပ်​တဲ့ ကျည်​တစ်​​တောင်​့က မြို့ရိုးတစ်​ခုကို သိမ်​းပိုက်​လိုက်​တယ်​ အခမဲ့​တွေများများလာတာ အလုပ်​မဲ့​တွေများများလာခြင်​းလား ထွက်​​ပြေးလွတ်​​မြောက်​လို့ သူရဲ​ကောင်​းဖြစ်​ကြ​ကြေးဆိုရင်​ ဗိုလ်​​အောင်​​ကျော်​အတွက်​ အငှါးငိုပါရ​စေ။ ကိုစစ်​ ၃၁၊၅၊၂၀၁၄


ko sixMay 27, 20141min1517
အုပ်​ထိန်​းသူရှိလျှက်​နဲ့ အပျိုရည်ပျက်​ခဲ့ရတဲ့ ရိုးမ နံရံ​ပေါ်က တရုတ်​ထုတ်​​ဝေါ်ရှိ​လောက်​​တောင်​ စိမ်​း​မှောင်​ခက်​ဖြာမ​နေ​တော့တာ သည်​မြန်​မာ… အလင်​းဟာ အ​ဖြောင်​့တိုင်​းမသွားတဲ့အခါ တစ်​တီတူးလို ​ခြေ​ထောက်​မိုး​ထောင်​အိပ်​စက်​ပစ်​လိုက်​တယ်​ မှင်​နဲ့​ရေးခဲ့တဲ့အမှားက ခဲဖျက်ကိုပျက်​ရယ်​ပြုလို့ အံ့ဩစရာပဲ ​ကောင်​းကင်​မှာ မီးခြစ်​ဆံ​တွေလို ပါ​ကေးပြား​တွေ အထပ်​လိုက်​မြင်​​နေရတယ်​ ခု တို့ပဲခူးရိုးမမှာ မိုးရွာပုံဆန်​းတယ်​ ​မြေပြင်​က မိုး​ပေါက်​​တွေဟာ ​ကောင်​းကင်​မှာ သဲသဲမဲမဲရွာတက်​​နေ​ပေါ့ ကိုစစ်​


ko sixMay 24, 20141min1857
အလာတုန်​းကလိုထက်​ နည်​းနည်​းပိုတယ်​ မနှစ်​သက်​သည်​ဖြစ်​​စေ နှစ်​သက်​သည်​ဖြစ်​​စေ မသယ်​ချင်​သည်​ဖြစ်​​စေ သယ်​ချင်​သည်​ဖြစ်​​စေ အပြန်​တစ်​ခုဟာ အထုပ်​နှစ်​ခုကိုသယ်​ရမယ်​ အလာတုန်​းကလိုထက်​ နည်​းနည်​းပိုတယ်​ ​ကိုစစ်​


ko sixMay 19, 20141min1223
မချုန်​းဘဲရွာတတ်​တဲ့တိမ်​​တွေကို​ထွေး​ပွေ့လို့ ​ကောင်​းကင်​ဟာ အိမ်​ဦးမှာအုပ်​မိုးထားတယ်​ သီးခံ​ပေးဆပ်​တတ်​တဲ့​မြေဆီ​တွေကို ယုယလို့ ​မြေပြင်​ဟာ အိမ်​​နောက်​မှာ ဖြန်​့ခင်​းထားတယ်​ သူတို့ရဲ့ ​ပေတစ်​သီး ကျီးတစ်​သား​တွေကို အံဝှက်​ထဲမှာ ထည်​့လို့ ဓား​တောင်​ကို​ကျော်​ကာ မီးပင်​လယ်​ကိုဖြတ်​​နေကြတယ် အဲဒီ​ခြေသံ​တွေလား ​ဟောဒီ​သွေး​ကြော​တွေထဲမှာကြား​နေရတယ်​ ရဲရဲဝံ့ဝံ့ ယုံ ။ ကိုစစ်​


ko sixMay 18, 20141min1709
နာရီလက်တံဟာ အ​မှောင်​ထဲမှာလည်​း သစ္စာရှိတယ်​ ဓားရိုးကမ်​းတဲ့ပြဇာတ်​က ယ​နေ့အထိလူကြိုက်​များ​နေတုန်​းလား ဧရာဝတီဟာ မုဆိုးမရဲ့မျက်​ရည်​လို လူမသိသူမသိ စီးလို့ အမိန်​့ရ အ​ပေါင်​ဆိုင်​ကလည်​း မီးတို့ ထိန်​ထိန်​လင်​း​နေတာပဲ ခက်​လိုက်​တာ​နော်​ ​လောကပုံရိပ်​​တွေဟာ အ​မှောင်​ထဲမှာ ​ပြောင်​းပြန်​လည်​းမ​ပေါ်ဘူး အတည်​့လည်​းမ​ပေါ်ဘူးရယ်​ ကိုစစ်​ ၁၇၊၅၊၂၀၁၄


ko sixMay 17, 20141min16411
မိသားစုဟာ မိသားစုပီပီ ခုထိ အသံတိတ်​ခေတ်​က အာဏာရုပ်​ရှင်​ဖလင်​ကို ​မှောင်​ခို​ဈေးနဲ့လက်​မှတ်​ဖြတ်​နင်​​နေရတုန်​း ဝမ်​းနည်​းစရာ​တွေ့တိုင်​း ငိုတဲ့အခါ မျက်​နှာလက်​ကာရှိုက်​ခဲ့ရတယ်​ ဝမ်​းသားစရာဖြစ်​တိုင်​း ရယ်​တဲ့အခါ ပါးစပ်​မပါသလို အသံကိုတိတ်​လို့ တကယ်​ပါ ကိုယ်​ထူကိုယ်​ထစနစ်​နဲ့ ၂၀၁၅အတွက်​ လက်​ခ​မောင်​းထခတ်​ကြည်​့မိပြန်​​တော့ ၅၀၅(ခ) ​တော​ကြောင်​တဲ့ ဘာမှ​တော့ ကျိန်​စာမတိုက်​ပါဘူး။ ဒီမိုက​ရေစီတစ်​ပွင်​့ပဲ မှို​ရတဲ့မျက်​နှာလို နိဗ္ဗာန်​​မေရာက်​ခင်​စပ်​ကြား အဝစားခွင်​့ကြုံပါရ​စေလို့ ဆုမွန်​​ကောင်​း​​ရေးထိုးခဲ့ပါရ​စေ။ ကိုစစ်​