ကို သာJune 22, 20121min929
သတင်းဆိုတာ ဘာပါလဲ။ ဝါရင်.သတင်းစာဆရာကြီးတစ်ဦး ပြောသွားဖူးတာက လူကိုခွေးကကိုက်တာ သတင်းမဟုတ်၊ ခွေးကို လူကကိုက်တာသတင်း။ မြန်မာနိုင်ငံ ပြန်ကြားရေးဌာန ရဲ.တာဝန် အရှိဆုံးဝန်ထမ်း အကြီးအကဲကို ပြောပြချင်လိုက်တာ။   မြန်မာအစိုးရပိုင် သတင်းစာတွေမှာနေ.တိုင်းနီးပါး တွေ.နေရတဲ.   တစ်ချက်တည်းကျင်းဝင်တာ သတင်းလားလို.။ ငွေကြေးအများကြီးကုနံ်ပြီး သုံးမရတော.တဲ.ဆည်ကြီး တွေ၊စက်ကြီး တွေအကြောင်းက သတင်းမဟုတ်ဖူးပေါ.နော်။ ဒါကဖြစ်နေကြပဲလေ။ ဘောလုံးသမား နောက်မီးလင်းတာ၊ကလပ်မှာ မူးပြီးရန်ဖြစ်တာ သတင်းပေါ.နော်။ ဆရာကြီး ဦးရဲထွဋ် ပြောတဲ. သာမာန် မြန်မာပြည်သူ အမျိုးသမီး တစ်ဦး ကို နိုင်ငံတကာက လေးစာတဲ.ဘွဲ.တွေပေးအပ်တာ၊လွှတ်တော်တွေမှာ မိန်.ခွန်း ပြောစေတာ၊နိုင်ငံတကာ က အကြီးအကဲတွေ နဲ.တွေ.တာ ဘယ်မှာသတင်းဟုတ်လို.လဲ  နော။။  


ကို သာJune 21, 20121min804
အောက်စဖို့ဒ်တက္ကသိုလ်က Honorary Doctor of Civil Law ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ချီးမြှင့်သည့်အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ် (ဓာတ်ပုံ-AFP) မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အပြောင်းအလဲတွင် တရားဥပဒေစိုးမိုးမှုသည် မရှိမဖြစ် လိုအပ်ချက်တစ်ရပ် ဖြစ်ကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်နိုင်ငံ၌ ဇွန်လ ၁၉ ရက်နေ့က ပြောကြားခဲ့သည်။ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က လန်ဒန်မြို့ရှိ London School of Economics and Political Science တက္ကသိုလ်၌ ပြုလုပ်ခဲ့သည့်ဆွေးနွေးပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ထူးခြားသည်မှာ ထိုအခမ်းအနားကို Sky Net မှ Delay ပြပေးခဲ.ပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပ ခရီးစဉ်အားအစိုးရပိုင်မီဒီယာများနှင်. Sky Net တို.မှမဖော်ပြခြင်း အတွက် ဝေဖန်မှုများအား တုံ.ပြန်ခြင်းပင်ဖြစ်နိုင်ပါသည်။