ဆေးရုံကလက်လွှတ်ထားတဲ့ ကျွန်တော့မိတ်ဆွေ ကင်ဆာသမားတစ်ယောက် တောခေါင်ရမ်းကို ကြိုသောက်ပြီး ပျောက်ကင်းသွားတယ်လို့ သူက သတင်းလာပေးပါတယ် …။    တောခေါင်ရမ်းဆိုတာ အပင်ကြီးမျိုးပါ .. ။ အပွင့်မပွင့်ပါဘူး .။ အနံ့ပြင်းတယ်လို့လဲ ဆိုပါတယ်…။ အရွက်က ခေါင်ရမ်းရွက်နဲ့တူပေမယ့် တောခေါင်ရမ်းရွက်က ပိုသေးပါတယ်..။    အလုံမြို့နယ် အလုံမီးရထားဘူတာဝန်းထဲမှာရှိတဲ့ တောခေါင်ရမ်းပင်တွေဟာ ကင်ဆာရောဂါပျောက်တယ်ဆိုပြီး လူသိများလာတာကြောင့် လာရောက်ခူးယူသူများနဲ့ စည်ကားပြီး အရွက်မရှိတော့ပဲ ရိုးတံကျဲကျဲပဲ ကျန်တော့တယ်လို့ ဆိုပါတယ်… ဒီတော့ ရွာထဲက သူများ (အထူးသဖြင့် အလုံမြို့နယ် မီးရထားဘူတာဝန်းထဲမှ)သူများ တောခေါင်ရမ်းအကြောင်း သိသလောက်လေး ကွန်မန်းပေးကြပါဦး … အတွေ့အကြုံလေးများရှိရင်လဲ မျှကြပါ …. ။