koyegyiOctober 19, 20101min761
ဒီအလုပ်ကြီးက STRESS အရမ်းများလို့ အလုပ်ပြောင်းတော့မယ် ဆိုတဲ့ စကားမျိုး မကြာခဏကြားခဲ့ဘူးပါတယ်။ဘယ်အလုပ်မှာမဆို မတူညီတဲ့ STRESS တွေရှိနေတယ်ဆိုတာ သိထားသင့်ပါတယ်။ အလုပ်ရှင်ကပေးတဲ့ STRESS ၊ မန်နေဂျာကပေးတဲ့ STRESS ၊ လုပ်ဖေါ်ကိုင်ဘက်ကပေးတဲ့ STRESS ၊ လက်အောက်ငယ်သားကပေးတဲ့ STRESS စသည်ဖြင့် အမျိုးမျိုးသော STRESS တွေက အလုပ်တိုင်းမှာ ရှိနေပါတယ်။ လူတွေအတွက် STRESS ဆိုတာ အမှန်တကယ်လိုအပ်ပါတယ်။ STRESS ရှိမှ CHELLENGE ဆိုတာရှိလာမှာပါ။ CHELLENGE ရှိမှလည်း အောင်မြင်မှုကိုရနိုင်မှာပါ။ GOOD STRESS နဲ့ BAD STRESS ကိုခွဲခြားနိုင်ဘို့ လိုအပ်ပါတယ်။ မိမိ မသိသေးတာ မတတ်သေးတာကို လုပ်ဖေါ်ကိုင်ဘက် တစ်ယောက်ကသိနေလို့ဖြစ်လာတဲ့ STRESS ဆိုရင် သူတောင် သိသေးတတ်သေးတာပဲ […]


koyegyiOctober 14, 20101min38621
မြန်မာရုပ်သံလိုင်းတွေမှာ မြန်မာစာတမ်းထိုးနဲ့ လွှင့်နေကြတဲ့ ကိုးရီးယားရာဇဝင်ဇာတ်လမ်းတွဲတွေကိုကြည့်မိရာက ဒီအတွေးလေးကိုရခဲ့တာပါ။ သူတို့ ရာဇဝင်ဇာတ်လမ်းတွေဟာ သမိုင်းမှာ တစ်ကယ်ရှိခဲ့တဲ့ အဖြစ်အပျက်တွေလားဆိုတာ သေသေချာချာ မသိပေမယ့် ကြည့်မိတဲ့ ဇာတ်လမ်းတွဲတွေမှာ ပါတဲ့ သူရဲကောင်းတွေ ဘုရင်တွေဟာ လေးစားလောက်စရာ အားကျလောက်စရာ အရည်အချင်းတွေနဲ့ ပြည့်နှက်နေတာကိုသတိပြုမိပါတယ်။ ကိုးရီးယားဇာတ်လမ်းတွဲထဲက ဂျူမုံ ဆိုလည်းဂျူမုံမို့လို့၊ ဒယ်ဂျိုယောင်းဆိုလည်း ဒယ်ဂျိုယောင်းမို့လို့ ယုတ်စွအဆုံး မိန်းမဘုရင်မ ဒုံမန်း တောင်မှ ကြည့်မိသူကိုလေးစားအားကျ စေနိုင်တဲ့ ရိုက်ချက်တွေ၊ ဇာတ်ကွက်တွေနဲ့ ကိုးရီးယားသမိုင်းဆိုတာ ပါချီပါချဲ့မဟုတ်ဘူး ဒီလိုကြီးကျယ်ခမ်းနားပြီး ဒီလိုဘုရင်မျိုးတွေအုပ်ချုပ်စိုးစံခဲ့တာလို့ ပြောနေသလိုပါပဲ။ တရုတ်ရုပ်ရှင်ကား curse of the golden flowers ထဲက ချောင်ယွမ်ဖတ် ကြီး ဘုရင်လုပ်သရုပ်ဆောင်သွားတာဘယ်လောက် ခန့်ညားသလဲဆိုတာ ကြည့်ဘူးသူတွေသိကြမှာပါ။ ကျွန်တော်တို့ မြန်မာရာဇဝင်ကားတွေထဲက ဘုရင်တွေကတော့ ဒီလိုမဟုတ်ပါဘူး။ […]


koyegyiOctober 13, 20101min1033
လွန်ခဲ့တဲ့ ၆၉ ရက်က ချီလီ မိုင်းတွင်းတစ်ခုမှာ ပိတ်မိနေခဲ့တဲ့ အလုပ်သမားတွေကို တစ်ကမ္ဘာလုံးကစိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ်။ ဒီနေ့ ၁၃-၁၀-၂၀၁ဝ မှာ ကယ်ဆယ်မှုစတင်နေပြီဖြစ်ရာ မြန်မာစံတော်ချိန် ည ၈း၃ဝ လောက်အထိ မိုင်းအလုပ်သမား ၁၃ ယောက်ခန့်ကို ကယ်တင်ရရှိခဲ့ပြီဖြစ်ပါတယ်။ ဒီသတင်းကို သတင်းဌာနတွေဖြစ်တဲ့ CNN နဲ့ BBC ရုပ်သံတွေက LIVE ထုတ်လွှင့်ပေးနေပါတယ်။ စိတ်ဝင်စားရင် ကြည့်လိုက်ကြပါဦးလို့ လက်တို့လိုက်ပါရစေ။


koyegyiOctober 9, 20101min430
တစ်ခါက မောင်ပုဟာ ကြက်တူရွေးတစ်ကောင်နဲ့ သာလိကာတစ်ကောင် မွေးထားပြီးလူစကားလည်းသင်ပေးထားသတဲ့။ တစ်နေ့တော့ သူတို့အိမ်ကို ဧည့်သည်တစ်ယောက်ရောက်လာတယ်။ ဧည့်သည်ရောက်လာတဲ့အချိန်မှာ မောင်ပုဟာ အိမ်နောက်ဖေးဘက်ကိုရောက်နေသတဲ့။ ဧည့်သည်အိမ်ရှေ့ရောက်တယ်ဆိုရင်ပဲ ကြက်တူရွေးလေးက ဝင်ပါခင်ဗျာ ဝင်ပါ၊ ရေအိုးစင်ကရေကိုအမောပြေသောက်ပါခင်ဗျာ၊ ပြီးရင်ထိုင်ခုံမှာထိုင်ပါခင်ဗျာ လို့ ဧည့်ဝတ်ပြုလိုက်သတဲ့။ သာလိကာလေးကတော့ သူနဲ့မဆိုင်သလိုပဲ တိတ်တိတ်ကလေးနေသတဲ့။ အိမ်ရှေ့ကိုမောင်ပုထွက်လာတဲ့အခါ ဧည့်သည်က ပြောသတဲ့။ ခင်ဗျားမွေးထားတဲ့ကြက်တူရွေးလေးကလိမ်မာလိုက်တာဗျာ။ ကျွန်တော့်ကိုနှုတ်ဆက်နေတာများလူတစ်ယောက်ပြောနေသလားမှတ်ရတယ်၊ ဒီဘက်ကသာလိကာကြီးကတော့ ဘာမှမတတ်ဘူးထင်တယ်၊ အအကြီးလိုပဲ လို့ဆိုတော့ သာလိကာကြီးကစကားတစ်ခွန်းပဲပြန်ပြောလိုက်သတဲ့။ မင်းအဘက မင်းထက်တောင်တတ်သေး……။