koyin sithuOctober 31, 20111min34548
ဝါလကင်းလွတ် သတင်းကျွတ်ကို ကျော်လို့ တန်ဆောင်တိုင်တောင် ရောက်ခဲ့လေပြီ… ချစ်သူ… လက်ထပ်ဖို့ အရေး မင်းက ပြောလေတိုင်း ကိုယ့်ရင်မှာတော့ သင်္ဘောသားဖြစ်ရဲ့ ကိုယ့်ဘဝကို အားမလို အားမရနဲ့ အတွေး ပွားနေမိတာတော့ အမှန်ပါချစ်သူရယ်…။ အခြေမလှတဲ့ သင်္ဘောသားလို့ ကိုယ့်ကိုယ်ကို မပြောချင်ပေမဲ့ လက်ထပ်ဖို့ အရေးဆွေးနွေးမိတိုင်း ကျောထောက်နောက်ခံဆိုလို့ နောက်က ထောက်ပေးမယ့် ဝါးရင်တုတ် တစ်ချောင်းတောင် မရှိတဲ့ ဘဝကို စဉ်းစားမိတိုင်း လက်တွဲပြီး ရင်ဆိုင်ဖို့ သတ္တိမရှိဘူးလို့များ ကိုယ့်ကို ထင်နေမလား ချစ်သူ….။ Officer မဖြစ်သေးတဲ့ ကာလတစ်လျှောက်လုံးတော့ ရသမျှ ဒေါ်လာလေး ၅၀ဝ လောက်ကို ခွဲခြမ်းစိတ်ဖြာနေရသူမို့ ကမ်းပေါ်တက်လာရင် ရေထဲကငါး ကုန်းပေါ်ရောက်ရင် ဖလတ်ဖတ် ဖြစ်နေသလို ရေနည်းငါး ဖြစ်နေလို့ ကိုယ့်အပေါ်မှာ စိတ်ပျက်နေပါလား… […]


koyin sithuOctober 27, 20111min962
ဘဝ၏ ပထမဆုံးဝါကျတစ်ကြောင်းကို ဝါကျဟု မသိမီကပင် ကျွန်တော်ဖတ်နှင့်ပြီးသား ဖြစ်နေလေသည်။ လူတို့သည် အလကားရနေလျှင် (သို့) ပေါများစွာရလျှင် သိပ်တန်ဖိုးမထားတတ်။ တိုတောင်းလှသော တန်ဖိုးယူနစ်များနှင့် တွက်ချက်ထားသော နေ့စွဲများအကြောင်းကို ထိုဉာဏ်တိမ်သော သူတို့နှင့် ဆက်လက်ဆွေးနွေးငြင်းခုန်ရန် ဆန္ဒမရှိတော့သောအခါ ကျွန်တော်သည် ကိုယ့်မွေးရပ်မြေ ရွှေပြည်ကြီးသို့ လှည့်ထွက်လာခဲ့ပါသည်။ ကျွန်တော်လမ်းလျှောက်ပါသည်။ ကျွန်တော်လမ်းလျှောက်လာပါသည်။ နောက်… ကျွန်တော် လမ်းဆက်လျှောက်လာပါသည်။ နောင်အချိန်ကာလရွေ့လျားလာသောအခါ ကျွန်တော့် ဆုံးဖြတ်ချက်တွေကို ကာလတရားကသာ အမှားအမှန်ဝင်ရိုးစွန်းကြား တစ်နေရာတွင် ရပ်တည်ပေးပါလိမ့်မည်။ ရှေ့ဆက်လျှောက်ရန် လမ်းတို့၌ ဘယ်သူဖြစ်ဖြစ် ဖိနပ်တော့ စီးသင့်ပါသည်။ လမ်းလျှောက်နေရာမှ ကျွန်တော်ရပ်လိုက်ပါသည်။ လမ်းလျှောက်ခြင်းဖြင့် လိုသည့်ပန်းတိုင် ရောက်ရန်မသေချာသောကြောင့် ဖြစ်ပါသည်။ ရပ်နေသည့် နေရာကလည်း ပန်းတိုင်မဟုတ်သည်ကတော့ သေချာပါသည်။ ဘဝတွင် ပန်းတိုင်ရှိသည်ဆိုသော အချက်ကို ကျွန်တော်သံသယဖြစ်ခဲ့သည်မှာ ကြာခဲ့လေပြီ။ […]


koyin sithuOctober 27, 20111min13812
တားရော့ခ်ဗေဒင် ဆိုတာ ဘာလဲ??? ကျွန်တော့်ကို အဲ့ဒီလို လာမေးခဲ့ရင် အလွယ်ဆုံးနဲ့ အတိကျဆုံး ဖြေရမှာကတော့ “တားရော့ခ်ကတ်ပြားတွေထဲမှာ ကျရာ ကတ်ပြားတစ်ခုကို နိမိတ်ဖတ်၍ သင့်ရဲ့ကံကြမ္မာကို အဖြေရှာတဲ့ ဗေဒင်တွက်နည်း” ပါပဲ။ ဒါဆိုရင် ဒီလို ကတ်ပြားလေးတွေနဲ့ ကိုယ့်ရဲ့ ကံကြမ္မာ အကောင်းအဆိုးကို သိနိုင်ပါ့မလားလို့ သံသယပွားကောင်း ပွားမိပါလိမ့်မယ်။ တကယ်တော့ သင်တို့မှတင် မဟုတ်ပါဘူး။ ကျွန်တော် ကိုယ်တိုင်လည်း တစ်ချိန်က အဲ့ဒီအတွေးမျိုးကို သေသေချာချာကို တွေးမိခဲ့ဖူးပါတယ်။ ဒီလိုဖြစ်ခဲ့ရက်နဲ့ ဘာလို့ တားရော့ခ်ကတ်ပြားတွေအပေါ် ယုံကြည်နေတဲ့အထိ ဖြစ်လာခဲ့ရသလဲဆိုရင်တော့ အရှေ့တိုင်း ဗေဒင်နဲ့ အနောက်တိုင်း ဗေဒင်တွေရဲ့ သဘာဝတရားတွေ နည်းစနစ်တွေရဲ့ ကွဲပြားခြားနားပုံကို ပြောပြချင်ပါတယ်။ အတိုချုပ်ပြောရရင် အရှေ့တိုင်းဗေဒင်နဲ့ အနောက်တိုင်းဗေဒင်ဟာ အခြေခံ အယူအဆခြင်း လုံးဝ မတူညီဘူးဆိုတာ […]


koyin sithuOctober 26, 20111min1015
သတ်မှတ်ချက် တစ်ခုပေါ်မှာ ဒွိဟဖြစ်နေတာမျိုးကို သင်တို့ သဘောတူမည်ဆိုပါက ကျွန်တော် မကန့်ကွက်လိုပါ။ ကျွန်တော်က ဘဝဆိုတာကို အမြင့်ခုန်ပြိုင်ပွဲတစ်ခုမှ စံချိန်တစ်ခုလို တိုင်းတာပြောဆိုပြချင်ပေမယ့် မည်သူကမှ လိုလိုလားလား လက်မခံကြ။ ဒီလိုနဲ့ ဝိရောဓိ ညနေခွက်တွေလည်း တစ်ခွက်ပြီး တစ်ခွက် မှောက်ကုန်ကြရတာ။ ဘာမှ မယုံတော့လို့ ဘာမှ မလုပ်ဖြစ်တာလို့ ပြောလိုက်တော့ ဝိုင်းစက်ပြူးကျယ်နေတဲ့ မျက်နှာပေးလေးများကို ကျွန်တော် အလွတ်ကျက်နေမိသည်။ ဈေးဝယ်ထွက်သွားကြတဲ့ အိပ်မက်တို့၏ ပျော်ရွှင်မှုသည် တကယ့်ကို စစ်မှန်သော ပျော်ရွှင်မှုမှ ဟုတ်ရဲ့လား။ စဉ်းစားကြစေလိုသည်။ ဘဝမှာ ရိုက်ချက်ပျော့ပျောင်းမှုများကြောင့် ကျွန်တော် ညံ့ဖျင်းခဲ့ပါကြောင်း အမြဲလိုလို ဝန်ခံခဲ့ဖူးပါသည်။ ဒါဟာ ရိုးသားမှုလား… ဒါမှမဟုတ် ညံ့ဖျင်းမှုကို သိပ်မပေါ်လွင်စေတဲ့ ကာကွယ်မှုတစ်ခုလား…   တိုက်ပုံကောင်းကောင်းတစ်ထည်ဖြင့် ထမင်းဝနေကြသော အနုပညာရှင် ဆိုသူများ […]


koyin sithuOctober 25, 20111min833
ကြယ်တွေက ဖွေးခနဲကြွေကြသွားသည်။ ကောင်းကင်က ခဲရောင်တောက်နေ၏။ ရုတ်တရက် မာနကြီးဟန် ပေါက်နေတဲ့ ညခင်းတစ်ခုဟာ ဆော်ဒါနံ့တွေ သင်းပျံ့လာတော့၏။ တော်ရိရောရိ ကိုယ်ဖော့တတ်ရုံလောက်ဖြင့် လူတွေကြားထဲ ရေကူးရတာ ပျင်းဖို့ကောင်းလှပါတယ်။ ကျွန်တော့်ဘဝတွင် ရည်ရွယ်ပြီး မလုပ်ဖြစ်ခဲ့သော ကိစ္စများ တော်တော်များနေပါသည်။ လူများစွာနှင့် လိုက်လျောညီထွေအောင် ပေါင်းသင်းတတ်ဖို့ဆိုတာ ပါရမီလိုအပ်ကြောင်း ကျွန်တော် သဘောပေါက်ခဲ့သည်မှာ ကြာခဲ့ပါပြီ။   ရွာထဲကို စတင်ဝင်လာခဲ့စဉ်တုန်းကလည်း ကျွန်တော်မှာ အများသူငါ ရွာသားတွေလို အွန်လိုင်းမိတ်ဆွေတွေလည်း မရှိ။ အဖွဲ့လည်းမရှိ။ ဝမ်းမန်း ကိုယ်ပိုင်ရှိုးပွဲတွေလို ကျင်းပပြီး ကိုယ်ပိုင်သံစဉ်တွေကို ဟစ်ဟော့ပ်လုပ်ဆိုမည် ဟဲမည်၊ ဆိုသော်လည်း ပံပိုးမည့် ပရိုဂျူဆာများလည်းမရှိ…။ မီးခိုးမှိုင်း ထုတ်ပေးမည့်သူ၊ စပေါ့လိုက် မီးထိုးပေးမည့့်သူ၊ ပန်းကုံး စွပ်ပေးမည့့်သူမရှိ၊ စင်မြင့့်အောက်ကနေ လက်ခုပ်တီး အားပေးမယ့့်သူလည်း မရှိ။ […]


koyin sithuOctober 24, 20111min13111
ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ ဝမ်းရေးနှင့် အခြား အကြောင်းမျိုးစုံကြောင့် အိမ်နီးချင်းနိုင်ငံတွေမှာ အပေါ်လမ်း၊ အောက်လမ်းကပါ သွားရောက်အလုပ်လုပ်ကိုင်ကြရပါတယ်။ အထူးသဖြင့်တော့ ထိုင်းနိုင်ငံမှာဖြစ်ပါတယ်။ ထိုင်းမှာ ရေကြီးနေတဲ့ သတင်းတွေတော့ ကြားရတယ်… ထိုင်းနိုင်ငံမှာ နေရာစုံ အလုပ်လုပ်ကိုင်နေကြတဲ့ ကိုယ်တွေ မြန်မာအလုပ်သမားတွေ အဆင်ပြေပါ့မလား နားစွင့်နေမိတယ်။ ရေကြီးမှုကြောင့် စက်ရုံ၊ အလုပ်ရုံကြီးတွေ ပိတ်လိုက်ပြီး အလုပ်သမား မြောက်မြားစွာ အလုပ်ကအနားပေးလိုက်တယ်။ ဒီတော့ ကျွန်တော့်တို့ မြန်မာအလုပ်သမားတွေလည်း နေရပ်ကို တပ်ခေါက် ကြရတာပေါ့။ သူတစ်ပါးနိုင်ငံမှာ ရေကြီးလို့ ဒုက္ခတွေနဲ့ ကိုယ့်နေရပ်ကို ပြန်လာသူတွေကို နယ်ခြားစောင့်တပ် အမည်ခံ အေးဓါးပြတို့ ဆက်ဆံပုံက ဧရာဝတီသတင်းထဲမှာ ဖတ်လိုက်ရတာရင်နာစရာပါပဲ။ အရင်တုန်းကလည်း ထိုင်းရဲတွေက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို တရားမဝင်နေထိုင်တာ ဖမ်းမိတာနဲ့ ကတုံးတုံးပြီး ဖင်နှိုက် ထောင်ထဲ (၁၀)ရက်ထည့်ပြီး […]


koyin sithuOctober 9, 20111min814
နောက်ဆုံးတစ်ဖွာကို ရှူရိုက်လိုက်ပြီး ဖင်စီခံနားကို မီးရောက်လာသည့်အတွက် ကျွန်တော်က စီးကရက်ကို လက်ခလယ်ဖြင့် ကော်ထုတ်ပစ်လိုက်သည်။ သဘာဝတရားသည် တစ်ခါတစ်ရံတွင် အချက်အလက် မခိုင်လုံ မပြည့်စုံပဲနှင့် သွေဖည်တတ်သည်ကို ကျွန်တော် တွေးနေမိသည်။ တစ်ခါတစ်လေတော့လည်း မသိသေး မတတ်သေးသော ကိစ္စများကို ဘာအားထုတ်မှုမှ မရှိဘဲ သိချင် တတ်ချင်လာပြန်သည်။ စိတ်ကူးတည့်သလို အကြောင်းအရာတွေ၊ အဖြစ်သနစ်တွေကို လွမ်းနေတတ်တဲ့ ကျွန်တော့် အနာဂတ်ကို ကျွန်တော်ရေးပြီး အားလုံးဟာ လိုအပ်ချက်တွေ၊ အားနည်မှုတွေ အပြည့်နှင့်။ ရက်ရက်ရောရောနှင့် ပျော်ရွှင်ခြင်းတွေ  ဘဝမှာ ရှားပါးလွန်ခဲ့သည်။ တစ်ခါတစ်ရံတော့ ပါရာဒိုကားကောင်းတစ်းစီးလောက်စီးပြီး ဟန်းဖုန်းကို ခါးမှာချိတ်လို့ စတိုင်ခပ်ထွားထွားဖြင့် မောက်မာခွင့် ရမယ်ဆိုရင် မကောင်းဘူးလား။ ဟုတ်တိပတ်တိနဲ့ ဟန်ရေးပြပြီး ပယ်နယ်တီလွဲချော်ခဲ့တဲ့ ဘောလုံးသမားပုံစံကို စိတ်ထဲမှ ကျိတ်ပြီး သဘောကျနေမိသည်။   […]


koyin sithuOctober 8, 20111min18516
ဒီနေ့မနက် မေးလ်ဖွင့်လိုက်တော့ ဝင်လာတဲ့ အကြောင်းအရာတစ်ခုပါ။ ကျွန်တော် ကိုယ်တိုင်ကလည်း ရေးဖို့ တပြင်ပြင်ဖြစ်နေတာ ရေးစရာအကြောင်းကလဲအများကြီး ဟိုလူ့ထိခိုက် ဒီလူထိခိုက်မှာလဲ စိုးရတယ်။ ဒီတော့ ယခုရေးထားတဲ့သူကလည်း တော်တော့်ကို ရေးထားတာကောင်းတယ်။ ကျွန်တော် ချပြချင်တဲ့ အကြောင်းအရာနဲ့ ကလည်း အားလုံးကွက်တိဖြစ်နေတော့ စာရေးပျင်းတဲ့ ကျွန်တော်ကပဲ တစ်ဆင့် ဖောက်သည်ချပြ လိုက်ပါတယ်။ 😀 နားလည်ပေးမယ်လည်း မျှော်လင့်မိပါတယ်။ ဖတ်ကြည့်ပေါ့လေ.. ကျွန်တော်ခံစားနေရတာနဲ့ ထပ်တူထပ်မျှဆိုလဲ မှားမယ်လို့ မထင်ပါဘူး။ ဆားချက်ခြင်း လုံးဝမဟုတ်ပါ။ ဖောက်သည်ချပြတဲ့သဘောပါ။ ရေးသားသူက ချောကလက် မြို့တော် က မြင့်မိုရ်တဲ့။ ဖတ်ကြည့်ကြည့် လိုက်ပါဦးနော်…. စင်ကာပူမှာ့မဟုတ်ပါဘူး။ ကိုယ်နိုင်ငံမဟုတ်တဲ့ဘယ်နိုင်ငံမဆို ကိုယ့်ဗမာနိုင်ငံလောက်တော့ ဘယ်အသက်ရှူချောင်မှာလဲ။ အစားအသောက် အနေအထိုင် ယဉ်ကျေးမူ့ အစစ အရာရာ တူမှာ့မတူတာ။ လွတ်လွတ်လပ်လပ် […]


koyin sithuOctober 5, 20111min843
ငါ့ညတွေမှာ… ငါ့စာပိုဒ်တွေကို ငါအထပ်ထပ်ဖတ်လို့ ငါ့ရက်စွဲတွေက ကြမ်းတမ်းလွန်းတဲ့ သိက္ခာ တိတ်ဆိတ်စွာ ဝင်လာခဲ့ပေမယ့် ငါ့အတွက်တော့ အဆိပ်အတောက်ဖြစ်နိုင်ရဲ့…   သုညကနေစတင် သုညမှာပဲ ပြီးဆုံးခဲ့ ဘယ်မှာလဲ ချစ်ခြင်းမေတ္တာ ဘယ်မှာလဲ ရိုးသားမှု ဘယ်မှာလဲ ကိုယ်ချင်းစာတရား ဘယ်မှာလဲ တစ်ကိုယ်တော်ထွက်ပြေးချင်းဝါဒ ကြာလာတော့ ကိုယ့်ကိုယ်ကို တွေ့ရှိမှုအဖြစ်က ဝေဝါးခြင်းတွေ ခါးလာတယ်။ သက္ကရာဇ်အဟောင်းတွေမှ ဆန္ဒသစ်တွေ ငါမစဉ်းစားရသေးတဲ့ နောက်ထပ်နေ့ရက်တွေ အားလုံးကို မကြာခင်ကပဲ ဟားတိုက် မောင်းထုတ်ပစ်ခဲ့ပြီ။ ချွေးထွက်များနေတဲ့ ငါ့အသိဉာဏ် ငါ့ခေါင်းထဲမှာရော အမှိုက်တွေဘယ်လောက်များနေပြီလဲ ငါ့မှာရှိနေတဲ့ မေတ္တာတရားနှင့် စာနာမှုကိုတော့ မိုးမခေါင်စေချင်…။ ငါ့နှလုံးသားထဲက တိတ်ဆိတ်တဲ့ ခေါင်းလောင်းထိုးသံ ဘယ်သူကြားမိသလဲ…။ ငါ့တစ်ယောက်ထဲ အဖော်မဲ့ညတွေ မိန်းမတစ်ယောက်ဆီ ငွေကြေးနဲ့ ကမ်းလှမ်းလိုက်ရင်ကောင်းမလား။ င့ါအသက်တွေလည်း တစ်ရက်ထက်တစ်ရက်ကြီးလာပြီ မနေ့ကကို […]


koyin sithuOctober 4, 20111min15115
လွန်ခဲ့သော ကာလများစွာက ကျွန်တော်သည် အမှန် နှင့် အမှား ဝင်ရိုးတန်းတစ်ခုပေါ်မှနေပြီး လူတို့ရဲ့ ရိုးသားမှုကို တိတ်တိတ်လေး ထိုင်ကြည့်နေခဲ့ဖူးပါတယ်။ သေးငယ်သော အစိတ်အပိုင်းတို့၏ ခါးသီးသော အဖြစ်အပျက်အချို့ကြောင့် ကျွန်တော်ဟာ တစ်ခါတစ်ရံ တရားမရှိတဲ့သူတစ်ယောက်လို ပရမ်းပတာဖြစ်ခဲ့ရတယ်။   အဲ့ဒီအခါ ကျွန်တော်ဟာ မာကျောရိုင်းစိုင်းမိတယ်။ ယဉ်းကျေးသိမ်မွေ့မိမယ်။ အရာရာကို ဥပေက္ခာပြုထားမယ်။  အကြောက်အလန့်ကင်းချင်ယောင် ဟန်ဆောင်ထားမယ်…။   ကျွန်တော့်ကို လက်ညိုးထိုး ဟားတိုက်ရယ်မောတဲ့အခါ ဂုဏ်ယူလိုက်ပါရဲ့။… နောက်တော့ ကျွန်တော်ဟာ ရိုးသားမှုကလွဲပြီး အားလုံးကို ရယ်သွေးသွမ်းပစ်လိုက်တယ်…။   ထို့ကြောင့် ကျွန်တော်သည် ကြောင်တစ်ကောင်ဖြစ်ပါသည်။ သေချာတိကျစွာ ပြောရလျှင် ကိုယ့်အမြီးကိုယ် ကိုက်ဖြတ်ထားသော ကြောင်တစ်ကောင်ဖြစ်ပါသည်။ လက်ရှိခေတ် ကမာ္ဘပေါ်တွင် လူ့အခွင့်အရေးဟု တကြော်ကြော်ဖြင့် အော်ဟစ်တောင်းဆိုနေကြသောအခါ ကျွန်တော်သည်လည်း ကျွန်တော်ကဲ့သို့ ကြောင်လောကကြီး […]


koyin sithuOctober 3, 20111min17216
ဧရာဝတီမြစ်ဆုံစီမံကိန်းလုပ်ငန်းများ ဆိုင်းငံ့ထားမည်ဟု သမ္မတ ဦးသိန်းစိန်က ပြောဆိုခဲ့ပြီး နောက်တနေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက စီမံကိန်းတွင် ပါဝင်သည့် ကုမ္ပဏီတို့၏ အကျိုးစီးပွားရေးကို ထိန်းသိမ်းပေးရန် မြန်မာအစိုးရကို တုံ့ပြန် ပြောဆိုလိုက်သည်။ စီမံကိန်းအတွက် နှစ်နိုင်ငံ အပြန်အလှန် ဆွေးနွေး ညှိနှိုင်းပြီးမှ လုပ်ဆောင်ခဲ့ကြောင်း၊ လိုအပ်သော သိပ္ပံဆိုင်ရာ လေ့လာမှုများကို သေချာ ကျနစွာ ဆောင်ရွက်ပြီးမှ စီမံကိန်း စတင်ခဲ့ခြင်း ဖြစ်ကြောင်း စနေနေ့က ထွက်ပေါ်လာသည့် တရုတ် နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်က ဆိုသည်။ စီမံကိန်းအား ပြည်တွင်း၊ ပြည်ပရှိ မြန်မာနိုင်ငံသားများ အဆက်မပြတ် ဆန့်ကျင် ကန့်ကွက်နေခြင်းနှင့် ပတ်သက်၍ တစုံတရာ ဖော်ပြထားခြင်းမရှိပေ။ ဦးသိန်းစိန်၏ ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံက ထိုသို့ တုံ့ပြန်သော်လည်း အမေရိကန်အစိုးရကမူ မြန်မာပြည်သူတို့၏ အသံကိုအလေးထားပြီး ထိုသို့ […]


koyin sithuOctober 2, 20111min29043
ကျွန်တော်တို့ ပုရိသ ယောက်ျားတွေအနေနဲ့ ဒီခေတ်ကြီးထဲမှာ ကိုယ်ကိုယ်တိုင် ချစ်လို့ ယူကြတာပဲ ဖြစ်ဖြစ်၊ မိဘက သဘောတူလို့ လက်ထပ်တာပဲဖြစ်ဖြစ်… ကိုယ်ရဲ့ ဘဝလက်တွဲဖော်မိန်းမရဲ့ သန္တန်ကို များစွာ သိရှိဖို့လိုပါတယ်။ ဒါကြောင့် ယူသင့်သော မိန်းမရဲ့ စရိုက်နဲ့ မယူသင့်သော မိန်းမတွေရဲ့ စရိုက် လက္ခဏာကို ဖော်ပြပေးလိုက်ပါတယ်။ သေချာကတော့ သာယာတဲ့ အိမ်ထောင်ရေးတစ်ခုတည်ဆောက်ချင်ရင် အချစ်တစ်ခုတည်းနဲ့ မဖြစ်နိုင်ဘူးဆိုတာပါပဲ။ ရွာသူရွာသားတွေကို ဘယ်လိုထင်ကြပါသလဲဗျာ…? မယူသင့်သော အကြင်မိန်းမတို့၏ သန္တန် ငြင်းခုံတတ်သည့် အလေ့ရှိသော ငြူစူစောင်းမြောင်းပြောဆိုလေ့ရှိသော မြင်မြင်သမျှ လိုချင်တက်မက်လေ့ရှိသော များစွာချက်ပြုတ် စားတတ်သော လင်ယောက်ျားမစားမီ အဦးအများစားတတ်သော သူတစ်ပါး၏ အိမ်သို့ သွားတတ်နေတတ်သည့် အလေ့ရှိသော မိန်းမမျိုးကို သားတစ်ရာပင် ရငြားသော်လည်း လင်ယောက်ျားသည် စွန့်ပစ်ရာ၏   ယူသင့်သော […]


koyin sithuSeptember 30, 20111min1806
ကျွန်တော်ဟာ ဝံပုလွေတစ်ကောင်ပါ။ ဝံပုလွေဖြစ်ခဲ့တဲ့အတွက်ကျွန်တော့်ကို ကျွန်တော်ဘယ်တုန်းကမှ မရှက်ခဲ့ဖူးပါဘူး။ ဝမ်းလည်းမနည်းခဲ့ပါဘူး။ ဒါပေမဲ့ဒေါသထွက်စရာ တစ်ခုတော့ရှိတယ်။ ဘယ်နှယ့်ဗျာ … လူတွေများ မကောင်းလိုက်ပုံ၊ မတရားလိုက်ပုံများ၊နေရင်းထိုင်ရင်းနဲ့ ကျွန်တော်တို့ ဝံပုလွေတွေက ယုတ်မာသတဲ့။ ကောက်ကျစ်သတဲ့၊ ကျွန်တော်တို့ဘယ်မှာများ ကောက်ကျစ်ယုတ်မာသတုန်း။ အစာဖြစ်တဲ့ သားကောင်တွေကို တတ်စွမ်းသလို နည်းလမ်းနဲ့ရှာဖွေစားသောက်တယ်။ ဒါကို ယုတ်မာတယ်ခေါ်သလား။ ။             တခြားအကောင်တွေကရော၊သူလိုကိုယ်လိုပဲ သားကောင်တွေကို ဖမ်းပြီး စားကြတာပဲ။ သူတို့ကျတော့ ယုတ်မာတယ်လို့မပြောကြဘူးဗျာ။ ဥပမာ – ဇီးကွက်လို အကောင်းမျိုး၊ မျက်လုံးပြူးပြူးနဲ့ ညမှသာ ထွက်ရဲ၊အစာရှာတဲ့ ကောင်ကိုကျတော့ ပညာရှိ ဇီးကွက်တဲ့။ လာဘ်ကောင်တဲ့။ ဧည့်ခန်းတွေ၊စင်မြင့်တွေ ဘာတွေပေါ်မှာ တယုတယ ထားကြတယ်။ ((တွေးကြည့်မိတယ်… တချို့သူတွေများဆိုကိုယ့်ကို မွေးဖွားပေးခဲ့တဲ့၊ ကျွေးမွေးပြုစုခဲ့တဲ့ ကျေးဇူးရှင်မိဘနှစ်ပါးကိုအမှတ်တရ ဓါတ်ပုံ ခံခံညားညားနဲ့ […]