koyin sithuDecember 27, 20121min13910
တစ်နေ့သ၌ ကျွန်ုပ်သည် ကိုယ်ရေးကိုယ်တာ အကြောင်းအရာတစ်ခုကို အကြောင်းပြု၍  လွန်စွာ စိတ်ပျက်ခြင်း စိတ်ဓာတ်ကျခြင်း အားငယ်ခြင်း သိမ်ငယ်ခြင်းစသော စိတ်ခံစားချက်တို့ကို အကြောင်းပြု၍ လောကကြီးတွင် ဆက်လက် အသက်ရှင်သန်ချင်စိတ်တို့ ကုန်ခမ်းလျှက် ရှိလေတော့၏။ မည်သည့်အလုပ်ကိုမျှ လုပ်ကိုင်ချင်စိတ်လည်း မရှိဖြစ်နေ၏။ ထိုကြောင့် ဘာဆက်လုပ်ရမယ်မှန်း မသိသဖြင့် ကျွန်ုပ်စိတ်နေကျ အဓိဌာန်ပုတီး၊ တားရော့အိတ်၊ Red Ruby ဆေးလိပ်တစ်ဘူး အိပ်ကပ်ထဲထည့်၍ ကျွန်ုပ်နေထိုင်ရာ အိမ်ခန်းကလေးမှ ထွက်လာခဲ့လေ၏ ခြေဦးတည့်ရာ လမ်းလျှောက်ထွက်လာရင်းဖြင့် ကျွန်ုပ်သည် မျက်စိထဲတွင် ရှိသမျှ အရာဝတ္ထုအားလုံးတို့ကို မြင်သလိုလို မမြင်သလိုလို ဖြစ်နေ၏ တွေ့သမျှ လူတိုင်းကိုလည်း မမြင်သကဲ့သို့ ဖြစ်နေလေတော့၏ ကျွန်ုပ်သည် လမ်းရှိသမျှကို ဆက်လျှောက်၍သာနေမိတော့၏ ထိုကဲ့သို နာရီဝက်လောက် လမ်းဆက်လျှောက်နေရာမှာ ခဏရပ်ပြီး ဘယ်ရောက်နေလဲ ကြည့်မိလိုက်ရာ ကျွန်ုပ်ငယ်စဉ်က […]


koyin sithuDecember 20, 20121min20320
ရွှေငါးမလေးရေ.. ပင်လယ်ထဲမှာနေတာကြာတဲ့ ကို့ဘဝဟာ ငါးပူတင်းလို့ တပူတပြင်းနဲ့ အပူအပြင်း ဖြစ်နေရလို့ ငါးကွန်းရှပ်လို အစွန်းမထွက်အောင် နေနေရပါတယ် ရွှေငါးမလေးရယ်။ ပုလဲငါးလို အသဲစားမယ်ဆိုလည်း ဒေါင်းငါးလို မြောင်းကြားထဲတော့ မပို့လိုက်ပါနဲ့။ ဒီက မိကျောင်းလို အပီချောင်းနေရတာဆိုတော့ Lucky fish လို ထပ်ပြီး ချစ်ချင်နေသူပါ။ ငါးစင်ရိုင်းလို အမြင်မရိုင်းချင်လို့ ငါးရှဉ့်လို အသက်ပြင်းတဲ့ ချစ်ခြင်းကို ငါးကြင်းလို ထပ်မငြင်းပါနဲ့တော့။ ငါးမန်းလို ထပ်မငမ်းချင်တော့လို နှလုံးသားကို ငါးသေတ္တာလို တအားပစ်မာ ထားရပါတယ်။ ငါးသလောက်စားပြီး ထပ်အဟောက်ခံရမှာစိုးလို့  ငါးပတ်လို အပြီးပတ်နေရပါတယ်။ ဇလာဗီးယားငါးလို အသားစားပြီး မမာနိုင်တော့ မင်းမုန်းသွားမှာ ငါးလိပ်ကျောက်လို့ သိပ်သိပ်ကြောက်နေရသူပါ။ ရေချိုပုစွန်တွေ ဘေးကချွန်တဲ့စကားကို မယုံပဲ ငါးဥလို တအားဥကြရအောင်လားကွယ်။ ငါးသလဲထိုးလို အပြတ်အလဲမထိုးပဲ ငါးမြစ်ချင်းလို […]


koyin sithuDecember 6, 20121min27220
ကျွန်တော်သည် ကြွက်တစ်ကောင်ကို မည်သည့်နည်းနဲ့မျှ သတ်မရသော လူတစ်ယောက်၏ ဒုက္ခကို မခံစားတတ်ပဲ သရော်ခဲ့ဖူးသည်။ အချစ်စိတ်သည် ကြွက်တစ်ကောင်က ပေးသော ဒုက္ခထက်ပို၏ ထို့အပြင် ကြွက်တစ်ကောင်ထက် ကျွန်တော့်နှလုံးသားကို ပိုမိုလှုပ်ခါနိုင်၏ အခုတော့ ထိုစိတ်ကို သတ်မရသည့်အတူတူ ဒီအတိုင်းပဲ ငြိမ်ငြိမ်လေး ထိုင်ကြည့်နေလိုက်တော့မည်။ နေဝင်ချိန်တို့သည် လှပပါသည်။ ဖြစ်ချင်တာတွေ ဖြစ်ပါစေတော့ အချစ်ရေ…။ ကျွန်တော်သည် သူမ၏ အလှတရားအကြောင်းကို စဉ်းစားပါက ကျွန်တော်သည် ယုတ္တိဗေဒကို ညံ့ဖျင်းသော တွေးခေါ်ပညာရှင်တစ်ယောက်ဖြစ်နိုင်၏ ဘာကိုမဆိုရဲဝံ့သော ၁၈နှစ်သား လူငယ်လေးတစ်ယောက်လို တက်ကြွနေ၏ အဲ့ဒီတုန်းကတော့ သူမမျက်နှာပြင်ပေါ်က ပန်းရောင်ကြွေနေသော အရှက်တရားကို ကျွန်တော် ငေးကြည့်၍ မဝနိုင်ဘဲရှိခဲ့ဖူးသည်။ ရေကြောင်းလက်မှတ်ရစ အလုပ်မရှိသေးသော ကျွန်တော်သည် သူငယ်ချင်းများနဲ့ ကွန်ပျူတာတက္ကသိုလ် အလည်သွားရင်းက ဘီအမ်ကျောင်းဖယ်ရီကား၏ ရှေ့ဆုံးနေရာတွင် ထိုင်တတ်သော […]


koyin sithuNovember 26, 20121min17413
ညစ်ပေဟောင်းနွမ်းပြီး ဝတ်ဖို့လုံးဝမသင့်လျော်တော့သော တီရှပ်အကျီအညံ့စားတစ်ထည်နှင့် ကွာတားဘောင်းဘီးတစ်ထည်ကိုဝတ်ရင်း အရှက်နဲ့အသက်ကို ကာကွယ်ခဲ့တဲ့ ကျွန်တော်ဟာ “အဆင်ပြေခြင်း” ဆိုတဲ့ ဝေါဟာရကိုတောင် မေ့လျောစပြုနေပါပြီ။ ကျွန်တော်တစ်ယောက်တည်း ဒီလိုဖြစ်နေတာတော့ မဟုတ်ပါဘူး။ နောက်တစ်ယောက်လည်းရှိပါတယ်သေးတယ်။ ကျွန်တော် ပြောတဲ့ နောက်တစ်ယောက်ဆိုတာ လူမဟုတ်ပဲ ခွေးတစ်ကောင်ဖြစ်နေလို့ပါပဲ။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ ချစ်ခင်ဖို့ကောင်းတဲ့ ရဲဘော်ရဲဘက်ကောင်း တစ်ယောက်ပါ။ သူ့နာမည်ကို ဂျက်ကီ၊ စနိုဘီတို့လို ဘိုဆန်ဆန် မပေးပဲ ကျွန်တော်ကတော့ အဲ့ဒီအကောင်ကို ဖိုးသားလို့ လွယ်လွယ်ကူကူခေါ်ပါတယ်။ လမ်းဘေးတစ်နေရာကနေ ကျွန်တော် ကောက်ယူမွေးစား ထားတဲ့ ဖိုးသားဆိုတဲ့ ခွေးဟာ ကိုယ်ပေါ်မှာ အမွှေးအလွန်ထူပါတယ်။ (အမွှေးထူတယ်ဆိုတာ လူတစ်ယောက်အတွက် မကောင်းပေမယ့် ခွေးတစ်ကောင်အနေနဲ့တော့ အလွန်ကောင်းပါတယ်) အမွှေးထူတဲ့ ကျွန်တော့် ဖိုးသားရဲ့ အရေးပြားပေါ်မှာ သန်းတွေဟာ စပေါ်မပေး၊ လခမပေးပဲ နေထိုင်ကြပါတယ်။ […]


koyin sithuNovember 11, 20121min26727
၁။ ကျနော် တစ်ယောက်ထဲ ရပ်နေတဲ့ သင်္ဘောဦးခန်း ထဲ ကို ….သူကြီးက စိတ်မကောင်းတဲ့မျက်နှာနဲ့ ဝင်လာပါသည်။ သူက ခပ်တိုတိုဘဲပြောသည် …. ကုမဏီ က ဖုန်း လာတယ် …..မင်းအိမ်ကို အမြန်ဆက် သွယ်ပါ…တဲ့…. ဖုန်းခ အတွက် မပူပါနဲ့ လို့လဲ ပြောလေသည်…….အဲဒီထဲက ကျနော် က သိနေပါတယ်… ရေဒီယိုခန်း ထဲ ဝင် …ပြီး SAT…A ကဖုန်း နံပါတ်တွေ ကို ကတုန် ကရီ နဲ့ နှိပ် လိုက်သည်.. ဖုန်း ဝင် သည်..ကျနော့် အသံ ကြားသည် နှင့် အမက ငိုသည်….အမေက ညင်သာစွာဆို သည် အဖေဆုံးပြီ….. ဒီလိုနဲ့ နောက် ဆိပ်ကမ်း […]


koyin sithuOctober 28, 20121min21018
ခြေတလုံးအိမ်တိုင်ဘဝနှင့် ကမ္ဘာအရှေ့မှအနောက် တောင်မှမြောက်သို့ ကျွန်တော်လေလွင့်နေခဲ့သည်မှာ နှစ်ပေါင်း မနည်းတော့ပါ။ တစ်နှစ်ပြီး တစ်နှစ် အသက်ကြီးလာသလို အကြားအမြင် ဗဟုသုတလည်း တိုးခဲ့သည်။ ကမ္ဘာ့ရွာ တစ်ဖြည်းဖြည်း က ျဉ်းလာသည်။ မွေးရပ် မြေကအမေ တစ်နေ့ထက်တစ်နေ့ အိုစာသွားခဲ့သည်။ လွန်ခဲ့သောနှစ် (၂၀) က မွေးရပ်မြေ ရထားဘူတာမှ အစပြုလို့ ကမ္ဘာကြီးကို စူးစမ်းဖို့ ကျွန်တော် ခြေလှမ်းစခဲ့သည်။ နှစ်ပေါင်း (၂၀) အတွင်း ပီကင်းမှ ရှန်ဟိုင်း၊ ကွမ်တုန်မှ ဟောင်ကောင်၊ နယူးယောက်ခ်မှ ဝါရှင်တန်၊ တောင်အမေရိကားမှ တောင်အာဖရိကထိ၊ ထိုမှတဆင့် လန်ဒန်မှ ဆစ်ဒ်နီသို့ အလုပ်လုပ်ရင်း လှည့်လည်ရင်း ကျွန်တော်ရောက်ခဲ့ဖူးသော နိုင်ငံများ (၂၀) ကျော် ခဲ့သည်။ နေရာသစ် တခုရောက်တိုင်း စိတ်သစ်လူသစ် ပတ်ဝန်းကျင်အသစ်ဖြင့် […]


koyin sithuOctober 18, 20121min27322
ကျွန်တော် TANKER သဘောင်္တစ်စီးပေါ်တုန်းကပေါ့…………… ဒီအကြောင်းမပြောခင် Tanker သဘောင်္င်္တွေ ကုန်တင် ကုန်ချလုပ်တာလေး အရင်ပြောမှ အဆင်ပြေလိမ့်မယ်ထင်ပါတယ်။ ကျွန်တော်တို့ တောတွေက လယ်ထဲမှာ ရေငင်တာ မြင်ဘူးကြလိမ့်မယ်ထင်ပါတယ်။ခပ်မြင့်မြင့် ထောင်ထားတဲ့ ဝါးလုံးအရှည်မှာ တစ်ဖက်က ဝိတ်ထားပြီး တဖက်က ရေငင်ဖို့ ရေပုံးကို ဆင်ထားတာတွေ့နိုင်ပါတယ်။ ရေပုံးကို တွင်းထဲနှစ်ပြီး ရေပြည့်သွားလို့ လွှတ်လိုက်ရင် တဖက်က ဝိတ်တုံးက ရေပုံးကို အပေါ်ပြန်ဆွဲတင်ပေးပါတယ်။ Tanker သဘောင်္တွေ အတွက်ကုန်တင်ကုန်ချ လုပ်မယ့် Shore က ပိုက်တွေကိုလည်း အဲဒီနည်းနဲ့ တည်ဆောက်ထားပါတယ်။ Shore ကနေချပေးလိုက်တဲ့ ပိုက်ကို သဘောင်္မှာတပ် ကုန်တင်ကုန်ချလုပ် အားလုံးပြီးလို့ ပိုက်ပြန်ဖြုတ်ပေးလိုက်ရင် Shore က ပြန်ဆွဲယူသွားပါတယ်။ အဲဒီလို လုပ်လာကြတာ မောင်မောင်ကျော် ဆိုတဲ့ သဘောင်္သား […]


koyin sithuOctober 13, 20121min15811
တစ်နေ့သ၌ ကျွန်ုပ်သည် ကျွန်ုပ်၏မိတ်ဆွေ မောင်မြဖေရှိရာ လှည်းကူးမြို့ဆီသို့ အလည်အပတ် သွားရောက်ခဲ့ပေ၏။ ၎င်း မောင်မြဖေသည် အပျိုကြီးညီအစ်မနှစ်ယောက်နှင့် တစ်ပြိုင်တည်း အိမ်ထောင် ကျခဲ့သဖြင့် လွန်စွာမှ အတိဒုက္ခရောက်နေကြောင်း ကျွန်ုပ်အနေနှင့် ကြိုတင်၍ သိထားရလေ၏။ ထို့ကြောင့် ကျွန်ုပ်အနေနှင့် ၎င်းမောင်မြဖေအား ကူညီနိုင်သရွေ့ ကူညီရန်အတွက် သွားရောက်ခဲ့ ခြင်း ဖြစ်ပေသည်။ လှည်းကူးသို့ရောက်သည့်အခါ၌ ကျွန်ုပ်သည် ဘတ်စ်ကားပေါ်မှဆင်းပြီး ဈေးအတွင်းသို့ ဝင်ကာ စားဖွယ်သောက်ဖွယ်များ ဝယ်ယူခဲ့လေ၏။ ထို့နောက်မှ မောင်မြဖေ နေထိုင်ရာ မြို့၏အစွန်ပိုင်း ရပ်ကွက်ဆီသို့ သွားရောက်ခဲ့လေ၏။ မောင်မြဖေ၏ အိမ်ရှေ့တွင် ရေမြောင်းလေးတစ်ခုရှိလေ၏။ ထိုရေမြောင်းကလေးပေါ်၌ ခနော်ခနဲ့ နိုင်လှသည့် ဝါးလုံးတံတားလေးတစ်ခု ထိုး၍ထားလေ၏။ ကျွန်ုပ်သည် ဝါးတံတားလေးပေါ်မှဖြတ်၍ မောင်မြဖေ၏တဲဆီသို့ ဝင်လေ၏။ ကျွန်ုပ်ဝင်လာသည်ကို မောင်မြဖေသာလျှင်မဟုတ်၊ ၎င်း၏ဇနီးနှစ်ယောက်ပင် မတွေ့မြင်ကြပေ။ […]


koyin sithuSeptember 29, 20121min23620
ပင်လယ်နီလှိုင်း ဒီရေလှိုင်းနဲ့ မြူမှုန် ပေါက်ပေါက် ဆီးနှင်းပေါက်လို ရှေ့နောက်ကို မမြင် လှုပ်လှေလှုပ်လှဲ့ ရှေ့ဆက်၍ သာ ရွန်းရဦးမယ်… ဒီလှိုင်း ဒီရေ ဒီလူတွေနဲ့ အမေ ပေးလိုက်တဲ့ ငါးပိချက်တစ်ခွက် အားအင်ဖြစ်လျက် ခရီးဆက်လျက်ပါ .. အမေ…   သမုဒ္ဒရာဝမ်းတစ်ထွာ အရေးမဆိုသာ မိသားစုလှေလေး ဝဲဂယက်မှာ ချာချာလည်မရေး နေရေးစားရေးဆိုတာ ဘဝကပေးတဲ့ မျဉ်းဖြောင့်တစ်ကြောင်းပေလား … ပင်လယ်ရေမှာ လှိုင်းလေမမှန်ဘူး… အမေ….။   ကမာ္ဘမြေတစ်ဖက်စွန်းသို့ ရောင်နီမလာ ဒီပင်လယ်ပြာ မြူမှုန်ဝေလည်း ဘယ်ကို ရွှက်လွှင့်လွှင့် အောင်မြင်ခြင်းကို ဒီရေထင်လို့ ကျွန်တော်တို့ ဘယ်လိုအင်အားနဲ့ရောက်အောင် လျှောက်လှမ်းရပါ့မလဲဆိုတာသာ…။ ။ အထည်မလဲတဲ့ ဒုက္ခ တွေ့တဲ့အခါ အမြဲမြင်ယောင်လွမ်းမိတယ်… အမေ… မွေးရပ်မြေမှာ မိုးကုန် ဆောင်းကူး […]


koyin sithuSeptember 26, 20121min35021
ကျွန်တော်တို့ ကိုရီးယား Costal သဘောင်္လိုက်တုန်းကပေါ့။ သဘောင်္တစ်စီးမှာ မြန်မာ တစ်ယောက်စ နှစ်ယောက်စရှိပါတယ်။ သုံးယောက်ဆိုတာအလွန်ဆုံးဘဲလေ။ ကျွန်တော်ကတော့ထုံးစံအတိုင်း တစ်ယောက်တည်းဘဲလေ။ ဒီတော့လည်း မြန်မာစကားပြောချင်တာတို့ မြန်မာစာလေးစားချင်တာတို့ ဖြစ်မိတာပေါ့။ ဒါကလည်းမြန်မာပါတဲ့ သဘောင်္ချင်းတွေ့မှ အဆင်ပြေတာမဟုတ်လား ဒီတော့လည်း မြန်မာပါတဲ့ သဘောင်္တွေကိုမျှော်ရတာပေါ့။ ကိုရီးယားက ယိုဆူး ဆိုတဲ့မြို ့ က Tanker ဆိပ်ကမ်းတစ်ခုကိုရောက်ရင်တော့ မြန်မာပါတဲ့ သဘောင်္တွေ အမြဲတွေ့ရတတ်တယ်လေ။ တစ်ခါတစ်လေဆိုရင် တစ်ခြားနိုင်ငံကလာတဲ့ သဘောင်္တွေမှာမြန်မာတွေပါလာရင် မုန့်ဟင်းခါးတို့ ဘာတို့ စားရတတ်တယ်။ အဲဒီဆိပ်ကမ်းရောက်ရင်တော့ ကျွန်တော်မှာ နားချိန်မရှိတော့ဘူး သဘောင်္တွေလိုက်လည် ပြီးရင် စာအုပ်တွေလိုက်လဲနဲ့ အလုပ်ကိုဖြစ်နေတာပါဘဲ။ တစ်နေ့ ကျွန်တော်ဆီကို တစ်ခြားသဘောင်္က ကိုအောင်နိုင်ဆိုတဲ့လူရောက်လာတယ်။ ကျွန်တော်နဲ့လည်း တော်တော်ခင်ပါတယ်။ ညကို သူ့ဆီမှာ ထမင်းလာစားဖို့ လာခေါ်တာပါ။ ဒါနဲ့ […]


koyin sithuSeptember 13, 20121min18011
ကျွန်တော်တို.ရေကြောင်းပညာသိပ္ပံ ယခု ရေကြောင်းကောလိပ် (လာသမျှ လူကောလွတ် ရသမျှှလိပ်လိုယက်ပြီးယူ) တက်ခဲရစဉ်ကအရမ်းကိုပျော်ဖို.ကောင်းခဲ့ပါတယ်။ အယင်တုန်းကတစ်နှစ် ယခု နှစ်နှစ်ပြီးယင် Cadet သင်တန်းပြီးလို.ကျောင်းဆင်းပွဲ လုပ်ကြပါတယ်။ဒါက နှစ်စဉ် မတ်လလောက်မှာ ပို.ဆောင်ရေးဝန်ကြီး အဆက်ဆက် တက်ရောက်လာပြီး ကျောင်းဆင်းတပ်ခွဲတွေ စစ်ကျောင်းပုံနဲ. ဝန်ကြီးကို ချီတက်အလေးပြုကြပါတယ်။တကယ်ကို ကြည်နူးကျေနပ်စရာကောင်းတဲ့မြင်ကွင်းတွေပါပဲ။ ကျောင်းသားတွေကလည်းမိမိတို.ရဲ့ ဝန်ကြီးကို ဒီလိုစစ်ကျောင်းပုံနဲ.ချီတက်အလေးပြု နိုင်ဖို.အတွက် လနဲ.ချီပြီး စစ်ရေးပြသင်ခန်းစာတွေကို အပင်ပမ်း အဆင်းရဲခံပြီးလေ့ကျင့်ခဲ့ကြတာပါ။ ဒီလိုအရာရှိလောင်းပေါင်းများစွာတို.က လေးစားမှူ.အပြည့်နဲ. အလေးပြုခံရတဲ့ အတွက် လေးစားဂုဏ်ယူမိပါတယ် ဘကြီးအောင်။ အရာရှိလောင်းတွေရဲ့ ဘဝဟာ အခုဆိုပိုပြီး ပြင်းထန် ခက်ခဲလာပါပြီ ဘကြီးအောင်။ ကျောင်းဆိုယင်လည်း အယင်လို တစ်နှစ်ထဲမဟုတ်ပဲ ၂ နှစ်တက်ရတော့ အချိန်ကုန်တယ် ငွေကုန်တယ် လူတွေပိုပြီး ပင်ပမ်းတယ်။ ပြီးတော့သင်္ဘောမှာလည်း လခလေးတွေက နည်းလာတော့ […]


koyin sithuSeptember 6, 20121min20514
တစ်ခါတုန်းက လူတစ်ယောက်ဟာ ကျွန်တော့်ကို အွန်းလိုင်းမှာကော၊ ဖုန်းထဲမှာပါ ပြင်းပြင်းထန်ထန် ဆဲရေး တိုင်းထွာတာခံဖူးပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်ဟာ ဆရာသမားတွေရဲ့ အဆုံးအမအကြားမှ မို့လို့ စိတ်ရှည်သည်းခံနေခဲ့ပေမဲ့ အခုချိန်ဆိုရင်တော့ ကျွန်တော် ဒေါသနဲ့ တစ်ခုခု တုံ့ပြန်မိမှာသေချာပါတယ်။ လွန်ခဲ့တဲ့အချိန်ကာလတစ်ခုက ကျွန်တော်ဟာ တားရော့ဗေဒင်ထုတ်လေးနဲ့ မဟာဘုတ်မှတ်စုစာအုပ်လေးကိုင်ပြီးတော့ အဘမင်းသိင်္ခတပည့်ကြီးတွေနောက် လိုက်ရင်း ဗေဒင်ဟောပြခဲ့ဖူးတယ်။ အစုလိုက်နယ်ထွက်ပြီး အခမဲ့ဗေဒင်ဟော ဒါနပြုကြတဲ့ စီနီယာ တပည့်ကြီးတွေနောက်က ပညာသင်ရင်း လိုအပ်တာ ကူညီရင်း သူတို့မောလို့ နားတဲ့အချိန်မှ ရောက်လာတဲ့ သူတွေကို သိသမျှလေး ပြန်တွက်ပေးတာလောက်ပါ။ မှတ်မှတ်ရရ နယ်မြို့လေးတစ်ခုမှာပေါ့ အဲ့ဒီလူရဲ့ ပြတ်သွားတဲ့ ရည်စား ကောင်မလေးတစ်ယောက်ကို တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်က ဗေဒင်ဟောပေးခဲ့ဖူးတယ်။ ကျွန်တော်ဗေဒင်တွက်ပေးပြီး သိပ်မကြာမှာပဲ အဲ့ဒီကောင်မလေးဟာ ထိုလူနဲ့ ပြတ်သွားကြပါတယ်။ ဒီလူရဲ့ […]


koyin sithuSeptember 2, 20121min27517
ကမာ္ဘပင်လယ်ရေပြင်တွင် သင်္ဘောထမ်းဆောင်မည့် ကုန်းပတ် (Deck) သင်္ဘောသားများအနေဖြင့် Wheel ကျွမ်းကျင်စွာ မောင်းနှင်တတ်ရန် လိုသည်ဟု ကိုရင်မြင်မိသည်။ တချို့လူတွေ ထင်သလို သင်္ဘောသားအလုပ်သည် သံချေးခေါက်၊ဆေးသုတ်အလုပ်များတင် မဟုတ်ပဲ Captain အရာရှိဖြစ်သည်အထိ IMO မှ သတ်မှတ်ထားသော အခြား ရေကြောင်းပညာရပ်များစွာရှိနေသေးသည်။ အောက်ခြေသင်္ဘောသား ဘဝတွင် မိမိတာဝန်ကျရာ အပိုင်းကို ကျွမ်းကျင်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ပါက မိမိသည်လည်း သင်္ဘောပေါ်တွင် အားထားရသော သင်္ဘောသားတစ်ယောက်ဖြစ်သလို တိုင်းတပါးသား အကြားမှာ မိမိတို့ မြန်မာလူမျိုး သင်္ဘောသားများပါ အလုပ်ကြောင့် ဂုဏ်တက်မည်ဟုထင်မိသည်။ တချိန်က ကားတောင် ဖြောင့်အောင်မမောင်းတတ်သော ကိုရင် အစပထမ အတွေ့အကြုံအနေနဲ့ Wheel ကိုင်ကိုင်ခြင်း လက်တုန်၊ ဒူးတုန်၊ ရင်တုန်နေရသည်။ ကြီးမားသော သင်္ဘောကြီးကို အထက်အရာရှိများ၏ Order အတိုင်း […]