Ko out of...August 22, 20161min2037
– လူ့ဘဝမှာ နေ့စဉ်နဲ့အမျ မိမိ၏ပရိယေသနဝမ်းရေးကိစ္စအတွက်ဘဲဖြစ်ဖြစ်၊ အရေးအရာကိစ္စအတွက်တွေမှာဘဲဖြစ်ဖြစ် ကာယ၊ဝစီ၊မနော ဆိုသည့် ကိုယ်နှုတ်နှလုံးတွေနဲ့လူအများကိုဆက်ဆံကြရပါတယ်… ထိုသို့ဆက်ဆံသည်အခါ သူ့ကိုအမှန်တကယ်သိစေချင်တာလား? ငါသူ့ထက်သိတယ်ဆိုပြီး အပေါ်ဆီးရဖို့ဆက်ဆံတာလား? သူသိမြင်တာနဲ့ ငါသိမြင်တာ တူလား မတူလား နှိုင်းယှဉ်ချင်လို့ဆက်ဆံတာလား? သူ့ကိုသွေးထိုးစမ်းသပ်ဖို့ ဆက်ဆံတာလား? ငါသိတဲ့အရာတွေမျှဝေဖို့ ငါပြောတာကိုသူချည်းချည်းနားထောင်ဖို့လား? သူပြောတာကိုငါ ခေါင်းငြိမ့်ပြီး နားထောင်ဖို့လား? စသည့်စသည့် ဆက်ဆံရေးတွေ အဆင်ပြေချောမွေ့ဖို့ဆိုတာ အပိုအလိုမရှိ ဟန်ဆောင်မှုကင်းကင်း အမျော်အကြောက်ကင်းကင်းနဲ့ ဆက်ဆံကြမယ်ဆိုရင် ပဋိပက္ခတွေ၊ ပြသနာတွေ အတော်သက်သာမယ်လို့မြင်မိပါတယ်…. ကျွန်တော်ဟာ ဒသနတခုကြောင့် တချိန်တုံးက သူများကိုသိစေချင်သည့် စိတ်တခုတည်းကြောင့် ဆက်ဆံရေးမှာ ခလုတ်ခတင်းဖြစ်ခဲ့ဖူးတယ်… ဒီခလုတ်ခတင်းဆူးညောင့်ခလုတ်ဟာ ကျွန်တော်ဖန်တီးလို့ဖြစ်လာတာလား? သို့မဟုတ် သူ့နဂိုမူလက ရှိနေသည့်အရာလား? ကျွန်တော့်ကိုကျွန်တော့် ပြန်မေးကြည့်သောအခါ… ဆူးညောင့်ခလုတ်ဆိုတာ ကျွန်တော်တို့မမွေးခင်ကတည်းကရှိနေပြီးသားအရာတွေပါ… ဒီဆူးညောင့်ခလုတ်တွေကျော်လွှားနိုင်ဖို့ဆိုတာ သူ့ကိုခလုတ်တိုက် သူနှစ်နာအောင် လုပ်ရာမှာ မဟုတ်ဘဲ […]


Ko out of...October 13, 20151min810
– မြန်မာက ” ရေ ” ကို အင်္ဂလိပ်က ” water” ကုလားက ” ပါနီ ” လို့ခေါ်တယ်… မြန်မာက ရေလို့ခေါ်မှ မှန်တယ်?…အင်္ဂလိပ်ကလည်း water လို့ခေါ်မှ မှန်တယ်?… ကုလားကလည်း ပါနီ ကအမှန်ဆုံး စသည်ဖြင့် ငြင်းခုံနေဖို့မဟုတ်ဘူး… ရေဆိုတာ ညစ်ပေနေသည့်အရာကို သန့်ရှင်းစေတယ်၊ လောကကိုအေးမြစေတယ်…ဆာလောင်မှုမှ သတ္တဝါတွေကို အငတ်ပြေစေပါတယ်…. ဒါကို “ပညတ်သမား” ကလည်း ရေ၊ water၊ ပါနီ လို့မခေါ်ဘဲ ဘာလုပ်လို့ရမှာလဲ လို့စောဒကတက် “ပရမတ်သမား ” ကလည်း ရေထဲမှာ H2O ပါတယ်… H2O မသိဘဲ ရေသောက်လို့မရဘူးလို့ပြောရင် လောက အတွက်ဘာများအကျိုးရှိမှာလည်း… တကယ်တော့ရေ၏ ပကတိသဘာဝဟာ ဖြူစင်သန့်ရှင်းပါတယ်…ကာလ၊ဒေသ၊ ပုဂ္ဂလ […]


Ko out of...October 7, 20151min28615
– ငါအခုလို လူဖြစ်လာတာ ရှေးရှေးဘဝက ငါ့ကုသိုလ်ကံကြောင့်ဆိုရင် လက်ရှိဘဝ ငါ့မိဘ၏ မေတ္တာစေတနာ အနစ်နာ စသည့် စသည့်ဖေါ်ပြလို့မကုန်နိုင်သည့် ငါ့မိဘ၏ကျေးဇူးတရားများကို သစ္စာဖေါက်ကျေးဇူးကန်းရာရောက်ပါမည်… – ငါအခုလို ဖြောင်းသန်းသည့် ခရီးလမ်း လျှောက်လမ်းနိုင်တာ ရှေးရှေးဘဝက ငါ့ကုသိုလ်ကံကြောင့်ဆိုရင် လက်ရှိဘဝ ငါ့ကို သွန်သင်ဆုံးမ လမ်းညွှန်ပြသည့် ဆရာသမားကို သစ္စာဖေါက်ကျေးဇူးကန်းရာရောက်ပါမည်…. – ငါအခုလို လောကအလည်မှာ အဆင်ပြေနေတာ ရှေးရှေးဘဝက ကုသိုလ်ကံကြောင့်ဆိုရင် လက်ရှိဘဝ ငါ့ကိုကူညီဖေးမ စောင့်ရှောက်ကြသည့် အပေါင်းအသင်းမိတ်ဆွေများနှင့် လူသားအများကို သစ္စာဖေါက်ကျေးဇူးကန်းရာရောက်ပါမည်… ဘဝ၏အကောင်းအဆိုး အကြောင်းအကျိုးမှန်သမျှ ရှေးဘဝ ကုသိုလ်ကံက ပြဌာန်းတာမှန်ရင် လက်ရှိ ဘဝ ဇွဲလုံးလဝိရိယ ပြော၊ပြု၊၊နေကြ ပစ္စပန်ကံမှန်သမျှတွေကို အသိအမှတ်မပြုရာရောက်သလို မိမိကိုယ်မိမိမပိုင် သူများချုပ်ကိုင်ရာနောက် တကောက်ကောက်လျှောက်လမ်းကြပေရဦးမည်….ဒါကြောင့် စဉ်းစားမျှော်မြင် ဆင်ခြင်ကြလော???….


Ko out of...September 27, 20151min1576
ငါဖြစ်ချင်တာကိုမလုပ်ရရင် သူများဖြစ်ချင်သည့် အရာနောက်ကို လိုက်လုပ်ရမလား? သို့မဟုတ် ငါဖြစ်ချင်တာလည်း လုပ်ခွင့်မရ သူများနောက်လိုက်လည်း မဖြစ်ချင် ဒါဆိုရင်ငါ ဘာလုပ်သင့်သလဲ? ဒါဆိုရင် ဘယ်လောက်များများ လုပ်ခွင့်ရမှ ငါလုပ်မယ်ဆိုတာထက် ငါတတ်စွမ်းသလောက် ငါလုပ်နိုင်သလောက် လုပ်မှဘဲ လောကအတွက် အလုပ်လုပ်ရတော့မယ် ဒါကြောင့် How much? ဆိုတာထက် How can? နဲ့ဘဲ ငါသိသလောက် ငါတတ်သလောက် သတင်း Message တော့ထားခဲ့ရမှဘဲ? အမျော် အကြောက်ကင်း စိတ္တဇကင်းမဲ့ပြီး လွတ်မြောက်ငြိမ်းချမ်းမှု အမှန်ရနိုင်ကြပါစေ…


Ko out of...July 20, 20151min1244
နိုင်ငံရေးသမားတွေဟာသူတို့ကို အတိုက်အခံလုပ်ရင် ဖမ်းစီးမယ်….အပြစ်ပေးအရေးယူမယ်…. ထောင်ချမယ်…. ထို့အတူ ဘာသာရေးသမားတွေလည်း သူတို့နဲ့မတူ သူတို့၏ရန်သူလုပ်ပြီး ဖမ်းစီး..ထောင်ချ…အပြစ်ပေး…အရေးယူတာချင်း တူလေတော့… တရားစစ် တရားမှန်ဆိုတာ ဘယ်မှာလဲလို့စဉ်းစာမိတယ်…. ဒါကြောင့် မြန်မာပြည်မှာ အဏာရှင်နိုင်ငံရေးသမားနဲ့…ကောက်က ျစ်ညစ်ပတ်တဲ့နိုင်ငံရေးသမားတွေဘဲရှိတယ်… ထို့အတူဘဲ မြန်မာပြည်မှာ အဏာရှင်ဘုန်းကြီးနဲ့…အမြင်က ျည်းမြောင်းသည့် ဘာသာရေးသမားတွေဘဲ နေရာ ယူနေကြမယ်ဆိုရင်တော့ မြန်မာပြည်တိုးတက်ဖို့အလှမ်းဝေးနေဦးမယ်လို့မြင်မိပါကြောင်း………


Ko out of...January 27, 20151min1275
လူတွေ တစ်ယောက်ကို တယောက်ပေါင်းဖေါ်နေကြတာ များသောအားဖြင့် ခံစားချက်တူလို့ အတူတကွနေကြတာ များတယ်… ဒီခံစားချက်ဟာ မခိုင်မြဲဘူး…ခံစားချက်အကောင်းနဲ့တွေ့နေသေးလို့ အတူလက်တွဲနိုင်ပေမဲ့ ခံစားချက်အဆိုးနဲ့ တွေ့ပြီဆိုရင် အတော်များများ လူတွေဟာ လမ်းခွဲကြတော့တယ်…. နိုင်ငံရေးဘဲလုပ်လုပ်၊ စီပွားရေးဘဲလုပ်လုပ် ၊ လူမှုရေးအကျိုးပြုလုပ်ငန်းဘဲလုပ်လုပ် အသိ၊ အမြင်၊ အကျင့် တွေတူပါမှ ယုံကြည်ချက်ပန်းတိုင်တူမယ်….ယုံကြည်ချက်ပန်းတိုင်တူမှ စည်းလုံးမှု အင်အားဖြစ်မယ်…အဲဒီအင်အားရှိပါမှ…ရောက်ချင်သည့်ပန်းတိုင် ရောက်မည်ဖြစ်ပါသည်… ဒါကြောင့် မတူညီတာတွေဘေးဖယ် တူညီတာတွေ အတူတကွပူးပေါင်း လုပ်ဆောင်ကြလို့ ဘယ်လိုပင် ပြောပြော…. လောကကို သိမြင်နားလည်သည့် အသိ၊ အမြင်၊ အကျင့် မတူသေးသရွှေ့ ရေရှည် အတူလက်တွဲပြီး လိုရာပန်းတိုင်သို့ရောက် ရန်ခက်ခဲ နေကြဦးမည် ဖြစ်ပါသည်…. အမြင်တူရန်…မရှိရင် မသိဘူး….မသိရင်လည်း မရှိနိုင်ဘူး…ဒါကြောင့် ရိုးရိုးသားသားဘဲ မသိရင် မသိဘူး…မမြင်ရင် မမြင်ဘူးလို့ သိ၊ မြင်ပေးကြရင်….. […]


Ko out of...January 24, 20151min1334
အများနဲကမတူ တစ်ကောင်ထီးတည်း နားနေသည့် ဇင်ယော်ဌက်လေးတွေကိုကြည့်ပြီး အောက်ပါ အတွေးလေးများဖြစ်မိပါသည်…. – ရေပြင်ပေါ်တွင် ပေါလောပေါ်နေသည့် တူညီသောအရာဝတ္ထုတခုအပေါ်တွင် ဌက်လေးတွေ အတူတကွ နားခိုနေထိုင်နိုင်ကြသေးတာဘဲ… တိရိစာ္ဆန်တွေထက်အသိတရား ရှိသည့် ကျွန်တော်တို့ လူးသားတွေဟာ တခုတည်းသော ဒီကမ္ဘာမြေပေါ်မှာ အတူတကွ မနေနိုင်ဘူးလား?…. – အများစုသောဌက်လေးတွေဟာ အနည်းစုတကောင်းတည်းသောဌက်ကလေးအပေါ်မှာ အနိုင်မကျင့်သလို တူညီသော အရာဝတ္တုတခုပေါ်ကနေ ငါတို့နဲ့ မတူ ငါ့ရန်သူဆိုပြီး ရန်မမူသလို တူညီသော အရာဝတ္တုပေါ် မတွန်းချပါဘူး….ကျွန်တော်တို့လူသားတွေလည်း ဒီမတူညီသောအမြင်တွေ အပေါ် အတူတကွမနေနိုင်ဘူးလား?… – အများစုသောဌက်လေးတွေဟာ အနောက်ဘက်ကို ခေါင်းမူတော့ အနောက်ဘက်ကမြင်ကွင်း အလှကိုသူတို့တွေမြင်သလို တကောင်းတည်း မြောက်ဘက် ကိုလှည့်နေသည့် ဌက်လေးဟာလည်း မြောက်ဘက်က မြင်ကွင်းအလှကို သူမြင်မှာဘဲ မဟုတ်လား? ကျွန်တော်တို့လူသားတွေလည်း အမြင်မတူသည့် အနည်းစုလူသားတွေအပေါ်ကို လက်တွဲခေါ်ပြီး […]


Ko out of...October 16, 20141min1128
– ရိုးရာBuddha အမည်ခံတွေဟာ သူတို့၏ စာပေကျမ်းကန်တွေကို မှန်တယ်ဆိုပြီး ဘယ်သူ့ကိုမှ မူပိုင်မပေးဘူးဗျာ…. သူတို့ဘဲလုပ်ပိုင်ခွင့်ရှိတယ်…ဘာနဲ့တူလည်းဆိုတော…အာဏာရှင်တွေဟာ သူနဲ့ရင်းနှီးတဲ့ လူတွေကို စီးပွားရေး လုပ်ပိုင်ခွင့်ပေးသလို နဲ့တူတယ်တယ်လို့ပြောရမလားဘဲ…အာဏာရှင်တွေဟာ စီးပွားရေးတင် မဟုတ်ဘူး ဘာသာရေးမှာလည်း ရိုးရာBuddha တွေကို လုပ်ပိုင်ခွင့် မူပိုင် အပြည့်အဝပေးထားတယ် ကြည့်လေ သူတို့နဲ့အမြင်မတူရင်ကိုဘဲ ရန်သူလိုသဘောထားပြီး နှိပ်ကွပ်တာ ဖိနှိပ်တာ စသည့်ဖြင့် အမျိုးမျိုး လုပ်နေကြတယ်…. တကယ်တော့ Buhhha တရားမှာ လွတ်မြောက်ငြိမ်းချမ်းမှု လို့ဆိုတဲ့ ဝိမုတိ္တရသ အပြည့်ဝရှိတယ်ဆိုတာ သူတို့မသိကြရှာဘူး… တိမ်မြုပ်ပျောက်ကွယ် ငုပ်လျိူးနေသည့် Buddha၏ အရိယာသစ္စာတရား အစစ်အမှန်ကို အရကောက်အနက်မှန် အဓိပါယ်မှန်မှန်နဲ့ ရိုးရိုးသားသား သူများမဖေါ်ထုတ်နိုင်တာကို ဓမ္မဝိဟာရီဆရာတော်ဟာ အရိယာသစ္စာ မျက်လုံးနဲ့ဖေါ်ထုတ်ရှာဖွေနိုင်ခဲ့တယ်… ဒါဟာ ” မသိသူကျော်သွား သိသူဖေါ်စားဘဲမဟုတ်လား?”… ဒါကိုဆရာတော်က…မသိတဲ့လူတွေ […]


Ko out of...August 27, 20141min1277
၁။ လူ့အခန်းကဏ္ဍပျောက်တာဟာ လူ့လောကကို အမိုက်ဆုံး အမှောင်ချလိုက်တာပဲ… ၂။ လိုလားတပ်မက်မှုဟာ လူတွေကိုမငြိမ်းချမ်းစေဘူးဆိုပြီး အရာဝတ္တု အထွေထွေရဲ့ အဖြစ်တွေကို ကြည့်တဲ့ အလုပ်ကိုလုပ်နေကြတယ်…. ၃။ မသိတာတွေထဲမှာ မသိတာတိုရဲ့ မသိဆုံးက ဇာတ်ဝင်ပြီး မိမိကျဆုံးပျက်သုဉ်းတာ မသိတာဖြစ်တယ်…. ၄။ တရားမျတ မမျတတာကို ဘယ်သူကမှ သတ်မှတ်ထားမဟုတ်ဘူး သဘာဝအတိုင်းဖြစ်နေတာဖြစ်တယ်… ၅။ လောကုတ္တရာ တရားမျတမှုကတော့ ကိုယ်လွန်ကျူးရင်ကိုယ်ခံ…ကိုယ်မလွန်ကျူးရင်ကိုယ်မခံရဘူး…သူများအရေးယူတာမယူတာနဲ့ မဆိုင်ဘူး…ကိုယ်က တရားမျတမှုပျက်ကွက်တာကို ဘယ်သူသိသိ မသိသိ အရေး မကြီးဘူး အပြစ်ဟာ အပြစ်ပါဘဲ…


Ko out of...January 13, 20141min782
– တရားသည် လူ့အရည်အချင်း၏ မှန်ကန်ချက်ဖြစ်သည်။ လူ့အရည်အချင်းသည် လူ့ဘဝဖြစ်သည်။ ထို့ကြောင့်တရားသည်ဘဝသစ္စာဖြစ်သည်…ဘဝဖြူစင်ရိုးသောကြောင့် တရားသည်အရိယာသစ္စာဖြစ်သည်။ တရားသည်သူ့ကို ကျင့်သောအခါ မှားယွင်းမှုများ၏ လက္ခဏာများကို သင်ခန်းစာယူသည်။ မှားယွင်းမှုများသည် ပျက်စီးခြင်း၊ ဆင်းရဲခြင်း၊ ကိုယ့်ကိုယ်ကို အချုပ်အခြာ မပိုင်ခြင်း လက္ခဏာရှိသည်… – ဦးနှောက်ထဲ ရောက်လာသည့်ပတ်ဝန်းကျင်အာရုံတွေဟာ လူကိုထောက်ပံ့တာတွေလည်းပါတယ်၊ ဖျက်စီးတာတွေလည်ပါတယ်….ထောက်ပံကတာတွေဆိုရင် ဆောင်ဖို့ (စာရိတ္တသီလ)ပေါ့…ဖျက်ဆီးတာတွေဆိုရင် ရှောင်ဖို့ (ဝါရိတ္တသီလ) ကိုဦးနှောက်က တွက်ချက်ရတယ်… – ကိလေသာမဖြစ်တိုင်း ငြိမ်းတာ မဟုတ်ဘူး….ဥပမာ …ပက်လက်အိပ်တတ်သည့်ကလေးတွေဟာ ခိုးတတ်၊လိမ်တတ်ပြီလား? သူတို့မှာ ခိုးချင်လိမ်ချင် တဲ့ကိလေသာတွေ ဖြစ်နေကြလား? မဖြစ်ရင်ငြိမ်း မြိငိမ်းရင်ဖြစ်ပေါ့..အဲဒါဘာဖြစ်တာလည်း? အသိနဲ့ ကိလေသာ မပယ်ရသေးလို့ပေါ့.. – ဝိပါက်ထဲက အာရုံကိုပြန်ဆာလှောင်တာ ကိလေသာဘဲ…သူဟာခံစားခဲ့ဖူးတဲ့ အာရုံကို ပြန်လွမ်းတာဘဲ…တနည်း…သာယာခဲ့တာက ကံ..သာယာခဲ့တာကို ပြန်သတိရတာက ဝိပါက်ပေါ့… […]


Ko out of...December 5, 20131min1527
– လူနည်းစုတိုင်ရင်းသားနှင့် အတိုက်အခံတွေကို ခွဲခြားဖိနှိပ်ခွဲခြားဆက်ဆံတာကို အဏာရှင်အုပ်ချုပ်ရေးအဖွဲ့က တာဝန်ယူတယ်… – လူနည်းစုအရင်းနှီးနည်းနည်းစီပွါးရေးသမားတွေကို ခရိုနီဓနရှင်တွေက ခွဲခြားဖိနှိပ်ဆက်ဆံဖို့ တာဝန်ယူတယ်…. – လူနည်းစုဘာသာဝင်များနှင့်လူနည်းစုလွတ်လပ်စွာယုံကြည်ချက်ရှိသူများကို ခွဲခြားဖိနှိပ်ဆက်ဆံတာကိုကြတော့… ရိုးရာဗုဒ(Buddha) ဘာသာရေးခေါင်းဆောင်များက တာဝန်ယူတယ်…. ဒါကြောင့်နိုင်ငံကို …..အထက်ပါ… (၁) အဏာရှင် (၂) ဓနရှင် (၃) ဘာသာရှေး အရှင် စသည့်လူတန်းစား သုံးရပ်တွေက တာဝန်ခွဲဝေပြီး အုပ်ချုပ်နေကြတယ်…. အထက်ပါလူတန်းစားတွေဟာ မရိုသားသောသူ…ကောက်ကျင့်သောသူ…လူလိမ်….လူကောက်များ ဖြစ်ကြပါသည်….ဪဒါကြောင့် ဒီလူတန်းစား(၃)ရပ်ကြီးစိုးနေသရွှေ့ နိုင်ငံလွတ်မြောက်အေးချမ်းမည်မဟုတ်သေးပါ….. ” ပညာမဲ့သူ ကြီးစိုးမူကား လက်အောက်ငယ်သား ဆင်းရဲရ၏” ” ပညာမဲ့သူ အုပ်စိုးမူကား လက်အောက်ငယ်သား နှင်းပြားဖြစ်၏”…..


Ko out of...November 21, 20131min1163
– အာရုံတခုက စိတ်တည်ငြိမ်အောင်လုပ်တာရယ်…နောက်အာရုံတခုက… အာရုံတွေမရှိတဲ့နေရာကို မြင်အောင်လုပ်တာရယ် ဒီအရာနှစ်ခုကိုဘဲ တရားလုပ်နေကြတယ်…ဒီနှစ်ခုအပြင်ဘက်က ဘယ်သူမှ မထွက်နိုင်ကြသေးဘူး….(ဓမ္မဝိဟာရီ ဆရာတော်) – ဘယ် အယူဝါဒဘဲဖြစ်ဖြစ် ဒါကိုငါနှစ်သက်တန်ဖိုးထားတယ်လို့ဆိုတာကိုသိဖို့ အထောက်အထားကဘာလဲ ဆိုတော့ အဲဒါနဲ့ ပတ်သက်ပြီး သူဘာလုပ်နေလဲဆိုတာကို ကြည့်ရမယ်…(ဆရာတော် ဦးဇောတိက) – ကြိုးစားရုံနှင့် မပြီး၊ အရင်အနှီးရှိရုံနှင့် မပြီး၊ အလုပ်လုပ်တတ်ရုံနှင့် မပြီး မိတ်ဆွေများနှင့် အလုပ်လုပ်မှပြီးမယ်… – လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းဆိုတာ တစ်ကနေစပြီးရေတွက်ရမယ်မဟုတ်လား? အဲဒီတစ်မတိုင်ခင် ဘုရားဘယ်မှာလဲ? ဘယ်ဘဝမှာလဲ?… – ထပ်ခါထပ်ခါ လေ့ကျင့်ပြီး အဲဒီပုံသေအတိုင်းပြန်လုပ်ခိုင်းတာ ပညာသင်တာမဟုတ်ဘူး… We train dogs we educate man. ကျွန်တော်တို့က လူတွေကို ပညာပေးပြီး တိရိစ္ဆာန်တွေကိုတော့ လေ့ကျင့်ပေးတယ်.


Ko out of...October 20, 20131min1273
“ညောင်စေ့လောက်လှူ ညောင်ပင်လောက်ရ”… ဆိုသည့်စကားဟာ လာဘ်လာဘကိုဦးတည်ပြီးဟောပြောနေတာများဖြစ်နေမလားလို့သုံးသပ်မိတယ်…….. ညောင်စေ့လောက်ဘဲလှူပြီး ညောင်ပင်လောက်ရတာဟာ တရားပါ့မလား?…. …ထို့အတူဘဲ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း အချိန်တွေပေးဆပ်ပြီး ဘုရားဖြစ်ခါမှ လေးဆယ့်ငါးဝါဘဲ ဖြစ်ခွင့်ရတယ်…ဒါဟာ တာဝန်များပြီး အခွင့်အရေးနည်းနေတယ် လို့မြင်မိပါတယ်…စဉ်းစားကြည့်?….အလုပ်ကိုနည်းနည်းလုပ်ပြီး လုပ်အားခကိုများများရချင်တဲ့လူလည်း မဖြစ်သင့်သလို……အလုပ်ကိုများများလုပ်ပြီး အခွင့်အရေးနည်းနည်းရတဲ့လူ လည်းမဖြစ်သင့်ပါ…အဲဒီနှစ်ခုဟာ မတရားတွေဘဲဖြစ်တယ်… တနည်းပြောရရင်…အလုပ်ကို နည်းနည်းလုပ်ပြီး ကိုယ့်အတွက်များများရချင်တဲ့လူသည် “ကာမ”ဘုံသားဖြစ်ပြီး…အလုပ်ကိုများများအနှစ်နာခံပေးဆပ်ပြီး အခွင့်အရေးကိုနည်းနည်းနှင့် လုံးဝမယူသောသူသည် “ရူပါရူပ” ဘုံသားများဖြစ်ကြပါသည်…(၂၉)နှစ်ထီးနန်းစည်းစိမ်နဲ့နေခဲ့တာဟာ အခွင့်အရေးသမားဖြစ်ပြီး…(၆)နှစ်မှားကျင့်ခဲ့ သည့်အကျင့်ဟာလည်း တာဝန်ကိုကြီးကြီးယူပြီးအနှစ်နာခံ သမားဖြစ်နေတယ်…ဒီအစွန်း နှစ်ခုကိုနားလည်လို့ တာဝန်နဲ့ အခွင့်အရေးမျှသည့် အလယ်လမ်းကိုသူလျှောက်ခဲ့လို့ ဘုရားအဖြစ်ကိုရောက်ခဲ့တာပါ… အခွင့်အရေးနှင့် တာဝန်မမျှတလျှင်လောကကြီး မငြိမ်းချမ်းနိုင်ပါ….တာဝန်နှင့် အခွင့်အရေး မျှမျှတတသုံးဆောင်တတ်ပြီး.. ကမ္ဘာလောကကြီး ငြိမ်းချမ်းပါစေ….