Ko out of...September 2, 20121min662
ဒီနှစ်မြန်မာပြည်ရော..ကမ္ဘာမှာပါ… ရေကြီးတဲ့သတင်းကို ခဏခဏကြားနေရတော့.. – ရန်သူမျိုးငါပါးထဲက…ရေ၊ မီး၊ မင်း၊ သူခိုး၊ သားဆိုးသမီးဆိုး(မချစ်မနှစ်သက်သောသူ) ဆိုပြီးပြောတာ ကြားဖူးကြမှာပါ…သူတို့ကို.ရန်သူလို့ ပြောရပေမဲ့…သူတို့နဲ့ အတူနေ နေကြရတယ်..သူတို့ကိုဘဲ …ပြန်ပြီး…အသုံးပြုနေရတယ်ဆိုတော့..ဒါကိုကြည့်ပြီး အောက်ပါ အတွေးလေးဖြစ်မိပါတယ်…. – လူသားတွေဟာ..ဒီရန်သူမျိုး ငါပါးကလွတ်အောင်… နေ့စဉ်နဲ့ အမျှ အမျိုးမျိုးခုခံ ကာကွယ်ကြရပါတယ်…ဒီလိုခုခံ ကာကွယ်တဲ့ နေရာမှာ..အဲဒီရန်သူတွေကို..ဒီကမ္ဘာကနေ…ပျောက်ကွယ်သွားအောင် လုပ်လို့မရပါဘူး… ဒါဆိုသူတို့လည်း မပျောက်..ကိုယ်လည်းရှိရမယ်ဆိုရင်…အတူနေလို့ရအောင် ဘယ်လိုလုပ်ကြမလဲ?… – တချို့လူတွေဟာ..ဒီလောကဓံကို ကြံ့ကြံ့ခံနိုင်အောင် စဉ်းစားဉာဏ်ကိုသုံး ပြီး ဆောင်စရာ အဖြစ်..တီထွင်မှုတွေ အမျိုးမျိုးလုပ်ကြတယ်… ရှောင်လို့ရအောင်လည်း…မိုးလေဝသဂြိုလ်တုစခန်း ၊မြေငလျှင်တိုင်းထွားရေ စခန်း၊ ဆူနာမီ အချက်ပေးစနှစ်တွေ…စသည် စသည်ဖြင့် အမျိုးမျိုးတီထွင်မှု လုပ်နေကြပါတယ်… – တချိုကြတော့…ဒီလိုရန်သူတွေကနေ လွတ်အောင်…လက်ရှိပကတိအခြေအနေရဲ့ အကြောင်းတရားအမှန်ကို မတွေ့ကြသေးလို့..မသုံးသပ်.. မစဉ်းစားတတ် နိုင်ကြသေးလို့…ဥပမာ..ကျောက်ခေတ်ကလူတွေဆိုရင်…ဒီဘေးဒဏ်ကလွတ်အောင် သမုဒ္ဒရာပင်လယ်တောတောင် တွေကို […]


Ko out of...August 29, 20121min964
– လွတ်လပ်ပြီး ၁ဝနှစ်လောက်က မြန်မာပြည်ဟာ ဆန်တစ်ပြည် တစ်ကျပ်ရဲ့ လေးပုံတစ်ပုံ အောက်မှာရှိတယ်..အဲဒီအချိန်က အောက်ဆုံးလစာက ၂၈ကျပ် ဖြစ်ပေမဲ့..ဒါနဲ့ဆန်ဝယ်ရင်…ဒီနေ့လစာ တစ်သိန်းကျော်ရတဲ့ လူထက် ဆန်တွေ ဆီတွေ အများကြီးပိုရတယ်..ဒါကြောင့် ဒီနေ့ လူတစ်ယောက်ရဲ့ တန်ဖိုးဟာ အနှိမ့်ကျဆုံး ဖြစ်နေပြီ…လူ့တန်ဖိုးဟာ စားဝတ်နေလို့ ကုန်ကျတာထက်…လူလုပ်လို့ရတာကနေ ဘယ်လောက်ပို သလဲနဲ့ တိုင်းတာရမယ်… စားဖို့သောက်ဖို့ လုံလောက်အောင် လူ့လုပ်အားဟာမရှိတော့လို့ ချို့ချို့တဲ့တဲ့ စားသောက်နေရပြီဆိုရင်..တန်ဖိုးမရှိတဲ့ လူတွေဖြစ်မှာဘဲ… စားသောက်လောက်ရုံဘဲ လူ့လုပ်အားရှိတယ်ဆိုရင် ဒီလူဟာ အဖိုးမတန်တဲ့ လူဘဲ ဖြစ်လိမ့်မယ်..အသက်မသေအောင် စားသောက်ဖို့လောက် လုပ်နိုင်တဲ့ လူဟာ ဘယ်လိုလုပ်တိုးတက်မှုမှ.. မရှိနိုင်သူဘဲ.. မိဘတွေဟာ သူတို့မိဘတွေထက်တော်အောင် လုပ်လာနိုင်သူတွေ ဖြစ်ကြလို့ ဒီနေ့မှာ ဒီခေတ်ကြီး ဖြစ်လာခဲ့ လိမ့်မယ်..မိဘရဲ့ သားသမီးဖြစ်တဲ့ ကိုယ်ကလည်း..မိဘထက်သာအောင် လုပ်ဆောင်နိုင်မှ..တိုးတက်တဲ့ လူဖြစ်မယ်.. […]


Ko out of...August 22, 20121min1044
– လူတွေဟာ နေ့စဉ်နဲ့ အမျှအလုပ်လုပ်နေကြရပါတယ်…အဲဒီလိုအလုပ်လုပ်တဲ့ အခါ… သူများလုပ်ခိုင်းတဲ့ အတိုင်း သတွေမတိမ်း ပုံသေကားချပ်လိုသတ်မှတ်ပြီး လုပ်ရတာမျိုး ဋ္ဌာနတိုင်းလိုလို မှာရှိပါတယ်…အဲဒီလိုလူမျိုးကို.. မှတ်ဉာဏ်တခုတည်းကိုသာ အသုံးပြု သူများ လို့ပြောရင် ရမယ်ထင်တယ်…. – တချို့ကျတော့…သူများခိုင်းတဲ့ အတိုင်း.လုပ်ကြည့်လိုက်တယ်…လုပ်ကြည့်လိုက်လို့ ပြဿနာတွေ အဆင်မပြေမှုတွေများလာပြီး ဆိုရင်…ပြောင်းလုပ်ချင်တဲ့ စိတ်ရှိတယ်.. အဲဒီလိုလူမျိုးကို…စဉ်းစာဆင်ခြင်ဉာဏ်ရှိတဲ့ လူလို့ခေါ်ရင်ရမယ် ထင်တယ်… ဒို့မြန်မာနိုင်ငံက လူတွေက မိဘဆရာ သမားရဲ့ စကားဆိုရင်..သတွေမတိမ်းလိုက်နာရမယ်.. လိုက်မနာတဲ့ လူတွေဆိုရင်…ငရဲကြီးမယ်…ဒုက္ခရောက်မယ်..ဝဋ်လည်မယ် စသည်ဖြင့် အမျိုးမျိုး ခြိမ်းခြောက်တာကြားရတော့..ဒါက..ကလေးတွေရဲ့ ဆင်ခြင်တွေးခေါ်တတ်ဖို့ ဉာဏ်ကို..အညွှတ်ချိုးလိုက်တာဘဲ လို့မြင်ပါတယ်… ဒါကြောင့် “ဟားဘတ်ကယ်ဆင်” က ဒီလိုဆိုထားတာရှိတယ်…လူတစ်ယောက်သည် လုပ်ရိုးလုပ်စဉ် အလုပ်ကိုသာ လုပ်နေသမျှလည်းကောင်း၊လွယ်ကူသောလုပ်ငန်း ကလေးနှင့်သာ ကျေနပ်နေလျှင်လည်းကောင်း…သူ့အဖို့မှတ်ဉာဏ်ကိုသာ အသုံးပြုရန် လိုအပ်ပေသည်..(Learning)… ်သို့ရာတွင်အရေးကြီးသေားဆုံးဖြတ်ချမည်ဆိုလျှင် သော်လည်းကောင်း.. ပြဿနာသစ် တစ်ရပ်ကို […]


Ko out of...August 11, 20121min692
၁။ လူတွေဟာ လူ့ရဲ့ပြဿနာကို လက်ခံရမှာပါ…အဲဒီမှာရှေးကလို ရှင်မောဂ္ဂလန် ဘယ်လိုဝဋ်လိုက်တယ်ဆိုတာမျိုးနဲ့ မရှင်းရပါဘူး…လူမှာ ဘယ်ဝဋ်လိုက်တယ်သာ မြင်အောင်ကြည့်ပြီး ပြင်ဖို့ လုပ်ရမှာပါ… ၂။ ဆေးပညာရဲ့ မှားယွင်းမှုများကို လူသိရှင်ကြား မဖေါ်ထုတ်ရဲ့ခြင်းဟာ ဆေးပညာဖွံ့ဖြိုးမှုကို နောက်ကျစေတယ်.. ထို့အတူ သဘောတ တရားမှား တခုကို လူသိရှင်ကြား မဖေါ်ထုတ်ရဲ့ခြင်းဟာလည်း… မှန်ကန်တဲ့ သစ္စာတရား…ကွယ်ပျောက်ဖို့.. အကြောင်းတရားတွေဘဲ… ၃။ အရိယာဟာ ကံအမြင်မှန်မမှန်နဲ့ ဖြစ်မဖြစ်ပိုင်းခြားရမှာဘဲ…ကံအမြင်မမှန်ရင် အရိယာလို့ ထင်စရာတွေ ဘာတွေရှိရှိ အနရိယာ ပုထုဇဉ်ဘဲ…ကံ အမြင် သိသိ ထင်ထင် အမြင်မှန်ရင် အရိယာဘဲ… ၄။ ပရမတ္တသံဃာ ဖြစ်ချင်ရင် ပရမတ်ကို ဝိပဿနာရှု့ဖို့ဘဲ… အရိယာ သံဃာဖြစ်ချင်တော့ သံသရာကို ဘာဝနာရှု့ရလိမ့်မယ်… ၅။ ပရမတ်မှာ ဖြစ်ပျက်ရှိသလို… သံသရာမှာလည်း ဖြစ်ပျက်ရှိတာဘဲ…ဒါပေမဲ့ […]


Ko out of...August 9, 20121min24425
-ဝိပဿနာဆိုတာ.. ဗုဒ(Buddha)ဘာသာ တရားလို့မှတ်ကြသူများပါတယ်… ဝိဝိဇေန ပဿတီတိ ဝိပဿနာဆိုပြီး အနိစ္စာ ဒိ အာဟာရေန အနိစ္စ အစရှိတဲ့ အခြင်းအရာတွေနဲ့…ဝိဝိဇေန အထူးထူး အပြားပြားအားဖြင့် ပဿတိရှု့တတ်၏…ဂရုတိ ဝိပဿနာ ဒါကြောင့် ဝိပဿနာ ခေါ်တယ်လို့ လုပ်ကြပြီး ဗုဒဘာသာတရားမှတ်ကြတာဘဲ… တကယ်တော့ ဝိပဿနာဆိုတာ သာသနာပ တရားဘဲ…သာသနာတော်မှာ..ရုပ်နာမ်၊ ပရမတ်ကို အနိစ္စ စတာတွေကို ရှု့တာမရှိဘဲ သာသနာပမှာသာ ရှိတာဖြစ်လို့ဘဲ…မြတ်စွာဘုရားဟာ ဘုရားဖြစ်အောင် ကျင့်တုံးက အာဠာကတို့၊ ဥဒကတို့ ဆီမှာ ရုပ်နာမ် တွေစတာတွေရှု့ခဲ့ရတာဘဲ…ဘာအသိထူးမှ မရခဲ့ဘူး.. လွတ်မြောက်တဲ့ အသိ ဉာဏ်လည်း မရခဲ့ဘူး…သာသနာတော် မပေါ်ခင်ကတည်းက ဒီရူပါ ရူပဖြစ်တဲ့ ရုပ်နာမ်ပရမတ်ကို အနိစ္စ အစရှိတာ တွေနဲ့ ရှု့တဲ့ ဝိပဿနာတရားဟာ သာသနာတွင်း တရားမဟုတ်ဘဲ..သာသနာပ တရားသာဖြစ်တယ်.. […]


Ko out of...August 7, 20121min1446
ဦးသော်ကောင်းနှင့် မောင်ဇေယျာ စီစဉ်တဲ့..ဦးသန့်ရဲ့လက်ရွှေးစင် စာစုထဲက ဝတ္ထုတိုလေးပါ… – တပေါင်းလ ကောလိပ်ကျောင်း စာမေးပွဲများ ပြီးစီးပြီဖြစ်တဲ့ အတွက် သူငယ်ချင်း ၄-၅ ယောက်တို့သည် ကျွန်တော်၏ အခန်းသို့ လာပြီး ထွေရာလေးပါးပြောကြပါသည်… တယောက်ပြီးတယောက် မိမိတို့ တသက်တွင် မှတ်သားစရာ အကောင်းဆုံးအကြောင်းအရာ များကို ပြန်ပြောကြရာ..ကဲဗျာ..ကိုစိုးသိမ်း..ခင်ဗျာတစ်ယောက်ဘဲ ကျန်တော့တယ်..ကဲကဲ လုပ်ပါဦး.. ” ကဲ..နားထောင်ကြ..ကျွန်တော်ပြောပါ့မယ်…. ကျွန်တော်ဆယ်တန်းအောင်တုံး ဆယ်တန်း ပထမနှစ်တုံးက လမ်းမတော် ဝိုင်အမ်စီအေမှာ တစ်နှစ်နေခဲ့ရတယ်…ဆန်းတာ တခုက ကျွန်တော်အိပ်တဲ့ ခုတင်ခေါင်းရင်းမှာ…အုတ်ချပ်တွေ နည်းနည်း ကွာပြီးတော့ လူရဲ့ မျက်နှာတခုလို ထင်နေတယ်…အုတ်ချပ်ကွာတာတော့ အများကြီးပေါ့..ဒါပေမဲ့ ဒီကွာကျတဲ့ အုတ်ကွက် တကွက် တည်းက ဆန်းနေတာ..သိပ်အံ့ဩစရာ ကောင်းတာဘဲ… မနက်အိပ်ရာထထချင်း ပြုတင်းပေါက်က နေရောင်ထိုးပြီဆိုရင် ဒီမျက်နှာဟာ တကယ့် […]


Ko out of...August 5, 20121min1907
– လူတွေဟာ အတိတ်ကိုတွေး မဆွေးနဲ့.. မလွမ်းနဲ့..အတိတ်ဆိုတာ..ပြန်မလာနိုင်ဘူး… ဒါကြောင့် အတိတ်ဆိုတာ မတွေးနဲ့တဲ့… – အနာဂတ်ကိုလည်း မကြံနဲ့ ဘာဖြစ်လာမယ်ဆိုတာ မသေချာဘူးတဲ့ ..ဒါကြောင့် အနာဂတ် ကိုလည်း မကြံနဲ့တဲ့… – ဒါကြောင့် ပစ္စုပန် မှာ..လုပ်သင့်တာ..လုပ်စရာရှိတာလုပ်ပါ..ဆိုတာ ပြောကြပါတယ်… ပြောတော့သာ လွယ်ပါတယ်..သို့သော် ဘုရားဟောတဲ့ အတိတ်၊ပစ္စုပ္ဖန်၊ အနာဂတ် မဟုတ်ဘဲ အရကောက်လွှဲနေတဲ့… အတိတ်၊ပစ္စုပ္ဖန်၊ အနာဂတ်ဖြစ်နေရင်..မငြိမ်းချမ်းနိုင်ဘူးလို့ မြင်ပါတယ်… တကယ်တော့… မွေးသေအတွင်းက အတိတ်၊ ပစ္စုပန်၊ အနာဂတ်ဆိုတာ ကတော့ တွေးရမယ်…ကြံရမယ်ဗျာ.. အတိတ်ဆိုတဲ့..အကောင်းအဆိုး ဆိုတာ သင်ခန်းစာယူဖို့ ..သမိုင်းဆိုတဲ့ ပညာရပ်ဆိုတာ ရှိတာဘဲ…အတိတ်ဆိုတာမကြံနဲ့ ဘာမှ ဖြစ်မလာနိုင်တော့ဘူး..ဘယ်ဟုတ်မလဲ.. ဘာမှ မဖြစ်တော့ ပေမဲ့..နောက်ထပ် ဒီလိုမဖြစ်အောင် သင်ခန်းစာယူတတ်ရင်တော့… အကျိုးရှိတာပေါ့… ဒီလို မဖြစ်အောင်…အတိတ်က […]


Ko out of...August 4, 20121min27617
သင်္ခါရ လေးမျိုးရဲ့..ကိလေသာ၊ ကံ၊ ဝိပါက်၊ သံသရာ၊ သတ္တဝါ၊ လက္ခဏာ ဆိုတာ ဒီလိုပါ… ၁။ ကံ လေးမျိုး အနက်တစ်မျိုးမျိုး လုပ်ရင်ကောင်းမယ်လို့ အမြင်နဲ့ အတွေးတွေဟာ ကိလေသာတွေဘဲ… ၂။ ကိုယ်လုပ်တာ သူများနှစ်နာတာဖြစ်တော့ ကာမအကုသိုလ်ကံ၊ ကိုယ်အနှစ်နာခံတာကျ တော့ ကာမကုသိုလ်ကံ၊ အသိမဲ့ နေတာကို လုပ်တော့ ရူပကုသိုလ်ကံ၊ အရှိမဲ့တာ လုပ်တော့ အရူပ ကုသိုလ်ကံ ဘဲ… ၃။ အဲဒီလိုလုပ်တာတွေက အားပါတော့ အဲဒီအားအရှိန်ကြောင့် ကံနဲ့ အတူဖြစ်တဲ့ တရားတွေ နာနာဘဝ = ထူးထူး ခြားခြားဖြစ်တာက ဝိပါက် ဇာတိဘဲ။ ထူးခြားတဲ့ အဖြစ်အပျက်ပျက်စီးမှု ဝိနာဘာဝ = ပျက်တဲ့ အဖြစ်က ဝိပါက် ဇရာ မရဏ […]


Ko out of...August 2, 20121min903
၁။ ဘုရားသည် လူ့သံသရာကိုဟောသူမဟုတ်…ကံသံသရာကို ဟောသူဖြစ်သည်… ၂။ လူကိုပိုင်းခြားပြီး အားထုတ်ရမှာမဟုတ်ဘူး…ဒုက္ခကို ပိုင်းခြားပြီး အားထုတ်ရမှာ… ၃။ ဘုရားသည် ဖြစ်လိုက်ပျက်လိုက် အဆက်မပြတ်ဖြစ်ပျက်နေသည့် ရုပ်နာမ် ဒုက္ခကို ဟောသူမဟုတ်… ကိလေသာ၊ ကံ၊ ဝိပါက် တခုနှင့်တခု အဆက်မပြတ်လှည်ပတ်နေသည့် ဒုက္ခကိုဟော သူဖြစ်တယ်… ၄။ ခံစားချက်အရ အကောင်းပြပေမဲ့…လက္ခဏာအရ မကောင်းတာကို မမြင်ကြလို့ လူတွေ ဒုက္ခရောက်နေကြရတာပါ…ဘိန်း၊ အရက်၊သူခိုး(ကာမအကုသိုလ်)၊ ပေးကမ်းမှုပေါ်သာယာတဲ့ (ကာမကုသိုလ်) ၊ ရူပါရူပစသည့်အပေါ်မှာ ရစ်မူးတဲ့ လူတွေဟာခံစားချက်အရ သိပ်ကောင်းတာပေါ့…ဒါပေမဲ့ လက္ခဏာကို မမြင်ကြလို့ ဒီဒုက္ခသံသရာက မထွက်နိုင်ဘူး ဖြစ်နေကြရတယ်မဟုတ်လား… ၅။ လက္ခဏူပနိဇ္ဖျာနဈာန် ဆိုတာ ပျက်စီးဆိုးဝါး အစစ လက္ခဏာတွေ ကံပြုသူတွေမှာ ဖြစ်နေတာကို ချည်းကပ်ရှု့ကြည့်မှုရဲ့ နာမည်ပေါ့… ၆။ သတ္တဝါမြင်၊ […]


Ko out of...July 22, 20121min27521
– တလောတုံးက သူငယ်ချင်းနဲ့ လည်ပတ်ရင်း ငါးသားဖေါက်ကန်ကို ရောက်သွားတယ်.. အဲဒီမှာ ဘာတွေတွေ့သွားခဲ့ရသလဲ ဆိုတော့… – ငါသားဥဖေါက်ဖို့ ငါးမတစ်ကောင်ကို.. ငါးအထီးရဲ့ ဟော်မုန်းဆေး ထိုးပြီးတဲ့ အချိန်နဲ့သွားတိုးတယ် … ငါးသားဖေါက်ဆရာက ..ငါးမကိုကြည့်ထား.. နာရီပိုင်းအတွင်း ဥတွေအများကြီး ဥလာလိ်မ့်မယ် ဆိုပြီးပြောတယ်.. ကျွန်တော်လည်း အဲဒီမှာဘဲ ထိုင်ကြည့်လိုက်တော့တယ်.. သိပ်မကြာခင် ဥတွေဗျာ အများကြီးဥလာတာ တွေ့ရတယ်… ကျွန်တော်လည်း ငါးကန်ဘေးမှာ.. ထိုင်ရင်း မကြာခင် ငါးဥတွေ ဥလာတာကို ထိုင်ကြည့်ကာ ..အောက်ပါ အတွေးလေးများဝင်လာပါတယ်?… – လူတွေ၊ အကောင်ပလောင်တိရိစာ္ဆန်တွေ ဖြစ်လာဖို့ တဖက်က သတ္တဝါတွေ တစ်ဦးဦးက သေတာရှိမှ…ဒီဘက်က ဘဝမှာ သူနဲ့ထိုက်သန်တဲ့ သတ္တဝါတကောင်ကောင်ဖြစ်ရတယ်လို့ ဖတ်ဖူးကြားဖူးထားတာ ရှိခဲ့တယ်… ဒါဆိုရင် ဒီငါးဥ၊ငါးသားပေါက် အကောင်တွေ […]


Ko out of...July 20, 20121min1427
(၁) အတ္တဟိတ ပရဟိတလို့ လူတွေပြောပြောနေကြပါတယ်… တနည်းဒါကို ကိုယ်ကျိုးကြည့်နဲ့ ကိုယ်ကျိုးစွန့်ဝါဒ လို့ပြောရမှာပေါ့… ဗုဒ(Buddha)ဘာသာကတော့ အလယ်အလတ်ဝါဒ ဆိုတော့ နှစ်ခုမျှရမှာဖြစ်လို့ တစ်ခုတည်းသော အကျိုးဆိုတာ မရှိရပါဘူး… (၂) “မိတ်ဆွေကောင်းရှိရင် ကိစ္စခပ်သိမ်းရဲ့ တစ်ဝက်ပြီးတယ်” လို့ရှင်အာနန္ဒာက ဘုရားကိုလျှောက်ဖူးတယ်။ ဒါကိုဘုရားက ” ငံဦး အာနန္ဒာ ” လို့ပြောပြီး မိတ်ဆွေကောင်း ရှိရင် ကိစ္စအားလုံးကိုပြီးစေတယ် လို့မိန့်ခဲ့ဖူးတယ်…ဒါဆို ကိုယ့်ကို သူများက ပြောခွင့်ပေးတာမျိုး ဘယ်သူ့ဆီမှာ အပြည့်အဝရခဲ့ပြီလဲ?… (၃) ဘုရားတပည့်မှန်ရင် ငုံ့မခံဘူး။ မတရားနဲ့လည်း မတုံ့ပြန်ဘူး..တတိယလမ်းက တရားနဲ့ တုံ့ပြန်ဖို့တော့ လိုတာပေါ့။ ကိုယ့်ကို မတရားသူကို တရားနဲ့ ဘယ်လိုတုံ့ပြန် ရမလဲပေါ့။ ဒါက အရိယာမှ သိရမည့်အရာဘဲ`…. (၄) အရိယာတရားဟာ “အသာဓုံ […]


Ko out of...July 18, 20121min21019
အာကာဟိန်း ရေးထာတဲ့…ဘဝအမောလေးပါ… စားသောက်ဆိုင် တစ်ဆိုင်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့သည်စားပွဲ တလုံးတွင် ထိုင်ကာ စားသောက်လျှက်ရှိကြစဉ်..ရုတ်တရက် အမျိုးသားက စားပွဲအောက်သို့ ဝင်သွားရာ..စားပွဲထိုးက အောက်ပါအတိုင်းမေးမြန်း လေသည်… စားပွဲထိုး ။ အစ်မ ဘယ်လို ဖြစ်တာလဲ?… အမျိုးသမီး ။ ဘာဖြစ်လို့လဲ?.. စားပွဲထိုး ။ ဒီမှာထိုင်တဲ့ အမျိုးသားက ဘယ်ရောက်သွားလဲ ကြည့်ပါဦး။ အမျိုးသမီး ။ မကြည့်နိုင်ဘူး။ စားပွဲထိုး ။ မဟုတ်သေးဘူး..အမရဲ့ စာပွဲအောက်ကို ငုံ့ကြည့်ပါဦး။ အမျိုးသမီး ။ မကြည့်ပါဘူးဆို…အသာနေစမ်း။ စားပွဲထိုး ။ အစ်မက တော်တော် ကိုယ်ချင်းစာစိတ်နည်းပါးတဲ့ သူဘဲ။ အမျိုးသမီး ။ ကိုယ့်ဘာသာကိုယ်နေစမ်းပါ။ စားပွဲထိုး ။ အစ်မကလည်းဗျာ…ကိုယ့်ယောင်္ကျားကို စားပွဲအောက် ဝင်ခိုင်းရတယ် လို့…လူမြင် […]


Ko out of...July 17, 20121min1658
လောကမှာ မတူညီမှုတွေဆိုတာ အများကြီးပါ… – တခြားသော မတူညီမှုတွေကိုတော့.. များလွန်းလို့ မပြောလိုတော့ပါဘူး… အထူးသဖြင့်ပြောလိုတဲ့ မတူညီမှုက… – တအူတုံဆင်း ညီရင်း အကို မောင်နှမသားမြေးတွေရဲ့ မတူညီမှု ကိုပြောလိုပါတယ်… အဲဒီမောင်နှမတွေမှာ တူတာတွေတော့ရှိပါတယ်.. – မိဘ၊ အဖိုး အဖွါး တူပါတယ်..အမေက ဗမာ၊ အဖေက ရှမ်း စသည့်လူမျိုး အသားအရောင်၊ဘာသာ ၊မွေးဖွါးရာဒေသ ခုနှစ် သက္ကရာဇ် စသည့် မတူညီတာတွေကို မကြည့်ဘဲ မိဘ နှစ်ဦးပေါင်းစပ်လို့ ကိုယ်ကလူ ဖြစ်လာရတယ် ဆိုတဲ့ တူညီမှု တခုကိုယ်သာကြည့်ရန်… အထက်ပါ တူညီမှုတွေကိုတော့ ဒီမောင်နှမတွေ အားလုံး လက်ခံကြပါတယ်..ဒီတူညီမှုတွေကြောင့်လည်း သူတို့ ရန်မဖြစ်ကြပါဘူး..မငြင်းခုံကြပါဘူး… မိဘတွေရဲ့ နာမည်၊ မွေးဖွါးရာဒေသ၊ခုနှစ်သက္ကရာဇ် တူရုံနဲ့ အတူတူနေလို့ရတယ်၊ စည်းလုံးတယ်လို့ […]