Ko out of...July 8, 20121min522
လူတွေဟာ… စီးပွါးရေးဘဲလုပ်လုပ်၊ စိုက်ပျိုးရေးဘဲလုပ်လုပ်၊ ကျန်းမာရေး၊ပညာရေး သွားရေလာရေး နေရေးထိုင်ရေးကအစ လူတွေဟာ လေ့လာစရာတွေသိစရာတွေ ကအင်မတန်များပြား လှတာမို့..ကိုယ်တစ်ယောက်တည်း သိဖို့ဆိုတာ မလွယ်လှပါဘူး.. ကိုယ်မလုပ်နိုင်တာ သူလုပ်..သူမလုပ်နိုင်တာ ကိုယ်လုပ် စသည်ဖြင်ပေါ့… စီပွါးရေး လုပ်တဲ့ အခါမှာလည်း စီးပွါးရေအကြောင်း နားလည်တဲ့ စီးပွါးရေးပညာရှင်ကို တိုင်ပင်ရသလို..စိုက်ပျိုးရေးမှာလည်း မြေအကြောင်း လေအကြောင်း၊ ရာသီဥတုအကြောင်း၊ သီးနှံမျိုးစေ့တွေအကြောင်းကို နားလည်တဲ့ သက်ဆိုင်ရာ ပညာရှင်တွေကို မေးမြန်း ပြုလုပ်ရတယ်..ဒါမှ ကိုယ်ရဲ့ လုပ်ငန်းအောင်မြင်ကြီးပွါး တိုးတက်မယ်မဟုတ်လား?… နောက်ဆုံး အရေကြီးဆုံး ဖြစ်တဲ့ ကိုယ့်ရဲ့ ကျန်းမာရေးကိစ္စတောင်မှ ကိုယ်ကရောဂါ အကြောင်းနား မလည်လို့ ဆရာဝန်သမားတော်ကြီးတွေထံ မေးပြီး ကိုယ့်ရဲ့ ကျန်းမာရေး ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းရတယ် ဆရာဝန်တွေ ပြောတဲ့ အတိုင်း လိုက်နာ ပြီးနေထိုင်ကြရတယ်..ဒါမှ […]


Ko out of...July 4, 20121min849
(၁) တခါက ကလေးတစ်ယောက် သူ့ဦးလေးနှင့် ရပ်ကွက်တွင်း လမ်းလျှောက်ထွက်ရာ… အိမ်တစ်အိမ်၏ အိမ်ရှေ့ အရောက်…တံခါးပေါက်ဝတွင် ” ငါသည်သေရတော့မည် အချိန်ပိုင်းသာလိုတော့သည်” ဆိုသည့် စာသားကို တွေ့ရတော့ ကလေးက ရှုးရှုး တိုးတိုးပြောဦးလေး ဟိုဘက်အိမ်မှာ အချိန်ပိုင်း အတွင်းမှာသေတော့မည့် လူရှိနေတယ် လို့ပြောသတဲ့?.. (၂) နောက်တခုကျတော့ …. တက္ကသိုလ်ကျောင်းသူ တစ်ယောက်ရည်းစားနဲ့ ချိန်းတာ ပူးပူးကပ်ကပ်နဲ့ မြူးတူးနေခိုက် လူတွေကြည့်နေကြရာ လူငယ်တွေချောင်းကြည့်နေတုံး အသက်နည်းနည်းကြီး အဖိုးကြီး တစ်ယောက်လည်း သူတို့ဘာများ ကြည့်ပါလိမ့် ဆိုပြီး မသိမသာ ဝင်ကြည့်ရာ… သူမြေးမလေးဖြစ်နေ၏..ဒီလိုနဲ့ အိမ်ပြန်တော. သူ့မိဘကို ပြောပြလိုက်လေသည်.. ညနေ သူ့မြေး ပြန်လာတော့ သူ့မိဘကဆူပူ ကြိမ်းမောင်းပါလေရော..ထိုအခါ သူ့အဖိုးက မနေသာ တော့သဖြင့်ဝင်ရောက်ပြီးဖြန်ဖြေပေးရလေ၏.. ထိုအခါ သူ့မြေးက […]


Ko out of...July 3, 20121min652
(၁) လူသည် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်သော သတ္တဝါဖြစ်သည်။ ထို့ကြောင့် လွတ်လပ်ဖို့အတွက် လှုပ်ရှားရန်မှာ လူ့တာဝန်ဖြစ်သည်။ (ယန်းပေါဆက်) (၂) အရှိန်အဟုန်နဲ့ ပြောင်းလဲနေတဲ့ ကာလမျိုးမှာ လေ့လာဆည်းပူးနေသူတွေသာ အနာဂတ်ကို အမွေဆက်ခံ နိုင်လိမ့်မယ်။ (ဟားရစ် ဟောဖာ) (၃) တချို့စာအုပ်တွေဟာ မြည်းကြည့်ဖို့ဘဲ လိုပါတယ်။ တချို့ကတော့ မျိုချရတယ်။ ကျေညက်အောင် ဝါးဖို့က နည်းနည်း ဘဲရှိပါတယ်။ ( ဘေကွန်) (၄) ခင်ဗျား အနေနဲ့ အတိတ်ကို ခွဲခြမ်းစိတ်ဖြာဖို့ လိုပါတယ်။ ဒါပေမဲ့ အနာဂတ်ကို ပုံဖေါ် ကြည့်ဖို့တော့ လိုလိမ့်မယ်။ ဒီလိုမှ မလုပ်ရင် အနာဂတ်ဟာ အတိတ်ထက် ပိုကောင်းချင်မှ ကောင်းပါ လိမ့်မယ်။ ( အက်ဒီဝပ်ဒီဘိုးနိုး) (၅) ကူးပြောင်းရေး အဆင့်မှာ […]


Ko out of...June 29, 20121min34839
ဘာသာရေးဆိုတဲ့… ကိုယ်းကွယ်ယုံကြည်မှုနဲ့ ပတ်သက်ပြီး ငယ်ငယ်တုံးက သိပ်စိတ်မဝင်စား ခဲ့ပေမဲ့ အသက် နည်းနည်းကြီးလာတော့ ဘာသာရေးဆိုတာ ဘာဖြစ်လို့ပေါ်ပေါက်လာရသလဲ ဆိုတဲ့ အဖြေကိုရှာလာတယ်..မေးမြန်းမှုတွေပြုလာတယ်.. ကိုယ်ထက်ကြီးတဲ့ မိဘဆရာသမား ကိုမေးတော့ ဘာသာရေးဆိုတဲ့ ကိုယ်းကွယ်ယုံကြည်မှု ဟာ အကြောက်တရားကနေစတာ..စသည်ဖြင့် မှတ်သားခဲ့ရဘူးတယ်… နောက်ဘာသာရေး စာအုပ်တွေဖတ်ပြန်တော့လည်း အမေတို့ပြောသလို အကြောက်တရား ကစခဲ့တာ မှန်နေတာကိုလည်းတော်တော်များများတွေ့ရတော့.. ဟုတ်ပေမှာဘဲလေဆိုပြီး ဒီလိုဘဲ အီးယောင်ဝါးနေလာခဲ့တာ..အချိန်တွေလည်းတော်တော် ကုန်လွန်ခဲ့ရတယ်.. ဒီလို အချိန်ကုန်ရာကနေ… တနေ့မှာတော့ မိတ်ဆွေတစ်ယောက်က အမေရိကန်စာရေးဆရာဝီဒူးရတ်( အရှေ့တိုင်းယဉ်ကျေးမှုကို အနှစ် လေးဆယ်ခန့်လေ့လာသူ)ရေသားတဲ့စာအုပ်ကို ..ဗိုလ်မှုးချုပ်ဝင်းမြင့် ဘာသာပြန်ထားတဲ့ လူ့ယဉ်ကျေးမှုသမိုင်းအရှေ့တိုင်းကရသောအမွေ စာအုပ်ကိုပေးဖတ်တော့ အဲဒီစာအုပ်ဖတ်ပြီး အသိတရားတွေ တော်တော်ရသွားတယ်.. အဲဒီစာအုပ်ကို ဖတ်ပြီးတော့ ဘယ်လို သုံးသပ်မိလည်း ဆိုတော့ အော်..ဘာသာရေးဆိုတာ အကြောက်တရား ကနေဘဲစတယ်လို့ထင်နေတာ.. အခုတော့ ဘာသာရေးဆိုတာ […]


Ko out of...June 21, 20121min1084
ဆရာသမားတွေ ပြောပြလို့ ပြန်လည်မျှဝေ ပေးကြည့်တာပါ .. သိပ်တော့ ကောင်းကောင်း မမှတ်မိတော့ဘူး..ဒါပေမဲ့ ဆိုလိုရင်း ကို ရောက်အောင်တော့ ကြိုးစားပြီးရေးပါ့မယ်… (၁) တခါက အလွန်ဆင်းရဲ့ တဲ့ သားအဖ နှစ်ဦးသည် ငါသားရေ ငါတို့က အရင်ဘဝတုံးက ဘာများလုပ်ခဲ့ မိလဲ မသိဘူး..အခုဘဝမှာ ငါတို့ရဲ့ ဘဝကိုကြည့်ပါလား သူများလိုကောင်းကောင်းလည်းမစားရ၊ မဝတ်ရ၊ ကောင်းကောင်းလည်း မနေရ စသည်ဖြင့် နေ့စဉ် ငြီးတွားလေ၏… – နောက်ကြည့်ပါလားသား သူများတွေက သွားလေရာ ကားတွေနဲ့ ဆိုင်ကယ်တွေနဲ့ ငါတို့ကတော့ သူတို့လို မစီးနိုင်ပါလား ဆိုပြီး ထပ်ပြီး ငြီးတွားပြန်လေ၏.. – ထိုအခါ မကြာခင် တိုက်တိုက် ဆိုင်ဆိုင် ထိုးထားတဲ့ ထီလေးပေါက်လို့ သူတို့လိုချင်သောဆိုင်ကယ်လေး လည်း ဝယ်စီးနိုင်သွားတယ်.. […]


Ko out of...June 19, 20121min1012
(၁) တိုးတက်မှုဟူသမျှသည် မေးမြန်းစုံးစမ်းခြင်းမှ ပေါက်ဖွားလာ သည်။ သံသယရှိခြင်းသည် ယုံကြည်မှု လွန်ကဲခြင်းထက် ပိုကောင်းသည်။ အဘယ့်ကြောင်းဆိုသော် သံသယကြောင့် မေးမြန်းစုံစမ်းခြင်း ပေါ်လာ၏။ မေးမြန်းစုံစမ်းခြင်း ကြောင့် ဆန်းသစ်တီထွင်မှု ပေါ်လာ၏။ ဟဇ်ဆန်မက်ဆင် ဓါတုဗေဒပညာရှင် (၂) သူများတွေ ဘာတွေးတယ်ဆိုတာ မေ့ထားလိုက်၊ အရေးကြီးတာ ခင်ဗျာဘာကိုတွေးတယ် ဆိုတဲ့ အချက်ဘဲ၊ခင်ဗျာ ကိုယ့်ကိုယ်ကို ခင်ဗျား ယုံကြည်ဖို့ဘဲ။ နီကိုလတ် ဘက်ဖယ် (၃) လူ့ဘဝသည် စိုင်ကော်လို့ ချုံပေါ်ရောက် လာရသည့် ဖြစ်စဉ်မျိုးမဟုတ်။ကိုယ့်ကိုယ်ကို အားကိုးပြီး ကိုယ့်ဘဝကောင်းမွန်အောင် ကိုယ့်အားကိုယ်ကိုး လုပ်ယူရသော ဖြစ်စဉ် ကြီးသာ ဖြစ်၏၊ ” အတ္တာဟိ အတ္တနော နာထော ” ( မိမိကိုယ်သာ အားကိုးရာ) – Buddha […]


Ko out of...June 18, 20121min31029
– မှတ်မှတ်ရရ ကျွန်တော် အသက် (၂၅)နှစ် ပတ်ဝန်းကျင်လောက်တုံးက … ခဏခဏဖျားနာတော့ … ကိုယ်နေတာကလည်းရွှာ ဆိုခါကျတော့ ဆေးဝါးလည်းကောင်းကောင်း မရှိ၊ ဆရာလည်း ကောင်းကောင်းမရှိဆိုတော့ ကိုယ့်ထက် အသက်ကြီးတဲ့လူ၊ အတွေ့ အကြုံရှိတဲ့လူတွေရဲ့ စကားတော့ ပိုမှန်မယ် ပိုနှီးစပ်မယ် ထင်လို့ သူတို့ဆီက အကြံအဉာဏ် ကိုတောင်းခံခဲ့ပါတယ်… ကျွန်တော့်ကို သူတို့က ဘာဆေး ညွှန်းလည်းဆိုတော့.. အနာဂျက်ဆင် ဆေးသောက်လိုက် ပျောက်သွားမယ်ဆိုပြီး ပြောတော့ ကျွန်တော်လည်း သောက်ရော ရောဂါက သိပ်မကြာခင် ပျောက်သွား တယ်ဗျာ.. ကိုယ်လည်းဒီဆေး နာမည်ကို မှတ်ထားပြီး နောက်ဖျားနာ ကိုက်ခဲ တာနဲ့ ဒီဆေးကို ဘဲစွဲသောက်တယ်.. ကိုယ့်လိုဘဲ … ဖျားနာတဲ့ လူတွေ တွေ့ရင်လည်း ဒီဆေးကို သောက်ဖို့ […]


Ko out of...June 16, 20121min791
ဘုရားမပွင့်ခင်က အယူအဆအမျိုးမျိူးဆိုတာရှိခဲ့တယ်…သူတို့တတွေဟာ ဘုရားမပွင့်ခင် ဆရာကြီးတွေပေါ့…သူတို့တတွေမှာ နောက်လိုက် ဒကာ/ဒကာမ ပရိတ်သတ်ကိုယ်စီ အသီးသီးလည်းရှိကြပါတယ်…. ဘုရားလည်းပွင့်ထွန်းပေါ်ပေါက်လာရော သူတို့တတွေရဲ့ အမှားကို အချက်အလက်ကျကျ သဘာဝကျ လက်တွေကျကျ ချပြပေးနိုင်တော့ သူတို့နဂိုကမူလ လက်ခံ ယူဆထားတဲ့ သဘောတရား အအိုအဟောင်းကြီးက မခိုင်မြဲတော့ အဲဒီတတိ္တဆရာ(၆)ဦးကြီးတွေက တော်တော် တုန်လှုပ်သွားကြတယ်.. ဒါကြောင့် သူတို့တတွေရဲ့ အယူမှားတွေကို ထောက်ပြပေးတဲ့ ဘုရားနဲ့လည်းတွေ့တော ဘုရားကို တော်တော် စိတ်နာပုံလည်းရတယ်…ဘုရားကို အမျိုးမျိုးဖျက်စီးတိုက်ခိုက်ကြတယ်… ဒါပေမဲ့ဘုရားဟာ သူ့ကို ဘယ်လောက်တိုက်ခိုက် တိုက်ခိုက် သူတို့ကိုပြန်လည်ပြီး ဖျက်စီး အနိုင်ပြန်ယူခြင်းမျိုး မလုပ်ခဲ့ပါဘူး… လူကို အပြစ်ပေး ဒုက္ခပေးခြင်းမျိုးလည်း မလုပ်ခဲ့ပါဘူး… မှန်ကန်ပြီး လက်တွေကျတဲ့ သဘောတရား၊ မှန်ကန်တဲ့ သစ္စာသဘောတရား နဲ့သာ လူတွေကိုချပြသွားပါတယ်၊ လမ်းညွှန်သွားပါတယ်…လူတွေကို ထောင်ထဲ အချုပ်ထဲ […]


Ko out of...June 13, 20121min14113
တခါက စားသောက်ဆိုင်တဆိုင်တွင် စားသောက်ဆိုင် မန်နေဂျာ တစ်ဦးက … အရည်အချင်းပြည့်ဝပြီး တာဝန်နှင့် အခွင့်အရေးကို မျှမျှတတ ခွဲဝေတတ်၊ အရာရာတွင် ချင့်ချိန်တတ်ပြီး အဂတိတရားကင်းကင်း လုပ်ကိုင်နိုင်သည့် လက်ထောက်စားပွဲထိုး ဝန်ထမ်းတစ်ဦးကို မနာလိုဝန်တိုစိတ်များပြီး ထိုစားပွဲထိုးဝန်ထမ်းကို ပျက်စီးစေလိုသည့် စိတ်ဖြင့် နေ့စဉ်နဲ့ အမျှ ထိုမန်နေဂျာသည် အကြံထုတ်ကာ စဉ်စားလေ၏… တနေ့တွင် စားသောက်ဆိုင် ပိုင်ရှင်သူဋ္ဌေးBoss ရောက်လာသဖြင့် နေလည်စာဖြင့် ဧည့်ခံရန် မန်နေဂျာက စီစဉ်ပေးရသည်.. ထိုအခါ သူမနာလိုသည့် လက်ထောက် စားပွဲထိုးအား သူဋ္ဌေးပိုင်ရှင် Bossကို ဧည့်ခံရန် တာဝန်ပေးလေ၏.. ထိုတာဝန်ကို ယူရသောလူငယ်အား ပျက်းစီးစေ လိုသည့် စိတ်ဖြင့် ပြဿနာ တခုဖြစ်အောင် ဖန်တီးရာ… သူဋ္ဌေးမလာခင် သူဋ္ဌေးစားမည့် ပန်းကန်အောက်တွင် မသိမသာ ပင့်ကူအသေတစ်ကောင်ထည့်ရန်အခြားလူငယ်လေး […]


Ko out of...June 2, 20121min846
ALjazeera ရုပ်မြင်သံကြားမှ တူရကီပြည်သူတွေ ဘာသာရေးနဲ့ နိုင်ငံရေးစနှစ်ကို ထောက်ခံဆန္ဒပြတဲ့ သတင်းကိုကြည့်လိုက်ရတယ်.. တူရကီနိုင်ငံမှာ သမ္မတရွှေးကောက်ပွဲ လုပ်တော့မှာမို့ အစ္စလာမ်ဘာသာကို နိုင်ငံတော်ဘာသာ လုပ်မှာကို သဘောမတူကြလို့ ဆန္ဒပြကြတာပါ… အဲဒီလို သမ္မတမျိုးကို မလိုချင်ကြဘူး..နိုင်ငံရေးနဲ့ ဘာသာရေးကို သီးခြားစီ ခွဲထားချင်ကြတယ်… အဲဒီလို ဘာသာရေးနဲ့ နိုင်ငံရေးခွဲခြားအုပ်ချုပ်တဲ့ အုပ်ချုပ်ရေးစနှစ်ကို အင်္ဂလိပ်လို ဆက်ကျူလာရိုင်စေးရှင်း (Secularization) လို့ခေါ် ပြီး အဲဒီလိုအုပ်ချုပ်တဲ့ နိုင်ငံကို Secular Stateလို့ ခေါ်တယ်. မြန်မာနိုင်ငံဟာ အဲဒီလို နိုင်ငံမျိုးဖြစ်တယ်… တချို့နိုင်ငံတွေမှာတော့ လူအများစု ကိုးကွယ်တဲ့ ဘာသာရေးကို နိုင်ငံ တော်ဘာသာရယ်လို့ အခြေခံ ဥပဒေမှာ သတ်မှတ်ထားတယ်.. တချို့နိုင်ငံတွေမှာတော့ ဘာသာရေး အကြီးအကဲတွေက နိုင်ငံကို ကြိုးကိုင်ထားကြတယ်.. အဲဒီလိုနိုင်ငံမျိုးကို Theocratic State […]


Ko out of...May 25, 20121min672
– ရှမ်းပြည်နယ် အောင်ပန်းမြို့တွင် မတရားသဖြင့် တဖက်သတ် အစွပ်စွဲခံရသောဆရာတော် ဦးဥတ္တမအား အတင်းလူ ဝတ်လှဲကာ အင်တာနက်မှ တဆင့် သိခွင့် ရလိုက်ပါသည်။ အသေးစိတ် သိရှိနိုင်အောင် မိတ်ဆွေထံမှ တဆင့်ထပ်မံ မေးမြန်းစုံးစမ်းရာ ဟုတ်မှန်ကြောင်း သိရှိရပါသည်။…ပိုသေချာအောင် ရုပ်ပုံနှင့် အသံဖိုင်ကိုလည်း ပို့လာပေးပါသည်.. အသံဖိုင်နှင့် ဓါတ်ပုံကိုတွေ့ရတော့ အမှားအမှန်ကို ဆုံးဖြတ်တာထက် မတရားတာ၊ တဖက်သတ်အစွပ်စွဲခံရတာ၊ အနိုင်ကျင့်တာကိုတွေ့မိတော့ စိတ်မကောင်း ဖြစ်မိပါသည်…ရွံလည်းရွံရှာမိပါသည်… မိမိသည် အမှန်တရားကို လိုလားသူ ဘယ်ဂိုဏ်းဂဏ အဖွဲ့အစည်းမှ မဟုတ်သူ တစ်ဦးဖြစ်ပါသည်.. အမှန်တရားနှင့် ပတ်သက်လာလျှင်လည်း ဘယ်လူမျိုး ဘယ်ဘာသာကို ထိခိုက်ထိခိုက် မဟုတ်မမှန် မတရားပါက အမှန်တရား ဘက်ကို မားမား မတ်မတ်ရပ်တည် သူတစ်ဦး သူဖြစ်ပါသည်…. ယခုအစွပ်စွဲခံရသော ဆရာတော်သည် တဖက်သူကို […]


Ko out of...May 2, 20121min1237
တခါက ခရီးသွားတစ်ဦးသည် ခရီးပန်းနေရာမှ ရေဆာဆာနှင့် ရေတွင်း တခုကိုတွေ့လေ၏…ခရီးလည်းပန်း ရေလည်းဆာ ဆိုတော့ အလောတကြီး ရေခပ်ရာ အိ်ပ်ကပ်ထဲမှ အကြွေစေ့ မတ်စေ့ သည် ရုတ်တရက် ရေတွင်းထဲသို့ ပြုတ်ကျသွားသည်… ထိုအခိုက် လူငယ်လေးတစုကရောက်လာလေ၏… ထိုခရီးသွားက လူငယ်လေးကို ..သားသားတို့ ..ဦးဦးပိုက်ဆံ တမတ်အကြွေစေ့ ရေတွင်းထဲ ပြုတ်ကျသွားလို့ ရေထဲ ငုပ်ပေးလို့ ရမလား?.. ဦးဦးရဲ့ ဒီအကြွေစေ့တမတ်ကို ငုပ်ပေးလို့ရရင် ဦးဦး နှစ်ကျပ်တိတိ ပေးမယ် လို့ပြောသတဲ့… ထိုအခါလူငယ်က ဦးဦးကလည်း အကြွေစေ့က တမတ်ဘဲတန်တယ် ဦးဦး ငုပ်ခိုင်းလို့ရရင် သားသားတို့ကို နှစ်ကျပ်ပေးမယ်ဆိုတော့ ဦးဦး ရှုံးတာပေါ့… နောက်မှ ဦးဦးရှင်းပြမယ် သားတို့ ဒီတမတ်စေ့ ကိုရအောင်အရင် ငုပ်ပေးနော်.. ထို့နောက် လူငယ်လေးတွေလည်း ဝိုင်းငုပ်ပြီးရှာကြရာ […]