Ko out of...May 1, 20121min1182
လူတွေဟာ… တခြားတခြားသော အကောင်ပလောင်တိရိစာ္ဆန်တွေနဲ့ နှိုင်းယှဉ်ရင် အသိဉာဏ်ပညာ အရာမှာရော၊ တွေးခေါ်မျှော်မြင်တဲ့နေရာမှာရော တခြားအကောင်နဲ့ မတူတာ လူတွေရဲ့ထူး ခြားချက်တခုဘဲ.. ရယ်ခြင်း၊ ငိုခြင်း၊ လွမ်းခြင်း၊ ဆွေးခြင်း၊ သတိရခြင်း၊ တမ်းတခြင်း၊ ချစ်ခြင်း၊ မုန်ခြင်းတွေမှာလည်း တခြားတခြားသော အကောင်ပလောင် တိရိစာ္ဆန်တွေနဲ့ နှိုင်းယှဉ်ရင် ပိုမယ်လို့ထင်ပါတယ်…တချို့တိရိစာ္ဆန်တွေလည်း ရှိကောင်းရှိမှာပါ…ဒါပေမဲ့ လူတွေလို သဲသဲကွဲကွဲ ကြီးမတွေ့ရဘူး… လူတွေဟာ လွမ်းဆွေး လိုက်ရင်ဘဲဖြစ်ဖြစ်၊ ငိုလိုက်ရင်ဘဲဖြစ်ဖြစ်၊ ရယ်လိုက်ရင်ဘဲ ဖြစ်ဖြစ် ထင်ထင်ရှားရှား မြင်သာထင်သာတဲ့ အနေအထားမှာ တွေ့ရတယ်… ဒီနေရာမှာ လွမ်းဆွေးခြင်း၊ ပူဆွေးသောက ရောက်ခြင်းနဲ့ ပတ်သက်ပြီး လူတွေ ရင်ဆိုင်ရပြီဆိုရင် တခြားသော အကောင်တွေနဲ့ မတူဘဲ သတိရတာထက် လွန်ကဲ လာတော့ လူကိုကျော်ပြီး၊ လွန်ပြီးတော့ စတွေးလာတော့တယ်.. ဒီနေရာမှာ […]


Ko out of...April 29, 20121min1245
ကလေးငယ်တွေကို တံခါးပိတ်ပြီး ထိန်းတာနဲ့ တခါးဖွင့်ပြီး ကလေးထိန်းတာ ဘယ်က ပိုခက်မယ်ထင်သလဲ?.. တံခါးဖွင့်ပြီးတော့ ကလေးထိန်းရင် ပိုခက်လိမ့်မယ်ဆိုတာ လူတိုင်း သိပါတယ်.. အေးအေးဆေးနေချင်သမားကတော့ တံခါးပိတ်ပြီးထိန်းကျောင်းတာပိုကောင်းတယ် လွယ်တယ် လို့ပြောမှာဘဲ…ဒါကလေး ထိန်းနည်း အမှန်လို့မဆိုနိုင်ဘူး… ကလေးတွေရဲ့ ကာယအား…ဉာဏအားဖွံ့ဖြိုးအောင် လွတ်လွတ်လပ်လပ် အပြင်မှာ လှုပ်ရှားပြေးလွားစော့ကစား ခွင့်ပေးမှရတယ်..ဒါမှပတ်ဝန်ကျင် လေကောင်း လေသန့်တွေ ရှုရှိုက်ရမယ်… နောက်ကျယ်ဝန်းတဲ့ပတ်ဝန်းကျင် တွေကို တွေ့ရတော့ အမြင်ကျယ်လာမယ်..သီးခံတတ်၊ခွင့်လွတ်တတ်၊နားလည်တတ်လာမယ်၊ချစ်တတ်လာမယ် သူမသိသေးတာရှိရင်လည်း မေးခွန်းတွေမေးမြန်းတတ်လာမယ်?… စသည်စသည်ဖြစ်ပေါ့..ဒါသူတို့ကို အရောင်သွေးပေးတာနဲ့ အတူတူဘဲ မဟုတ်လား?.. ဟာ… ကလေးတွေကများတယ်? လူမျိုး ဘာသာတွေကလည်းစုံတယ်?…ခက်တယ် ခက်တယ်လို့ပြောပြီး..ကျွန်တော်တို့ရဲ့ ကလေးကို အိမ်မှာဘဲ တံခါးပိတ်ပြီး ထိန်းနေဦးမှာလား?.. ခက်တယ်လို့ပြောပြီး အိမ်မှာဘဲ ထိန်းနေဦးမယ် ဆိုရင်..အပြင်လောကမှာ ဘာဖြစ်တယ်ဆို တာ မသိဘဲ အူတူတူ အတတတွေဖြစ်သွားမယ်…တနေ့ကျ […]


Ko out of...April 29, 20121min884
(၁) လောကတွင် ဘာသာရေးကလွဲရင် အားလုံးသောကိစ္စဟူသမျှသည် အမြဲပြုပြင်ပြောင်းလဲ လျှက်ရှိသည်..အဝတ်အစား၊ အနေအထိုင်၊ အပြောအဆို၊ အယူအဆ စသည်တို့မှာ အမြဲပြောင်းလဲလျှက်ရှိသည်… (၂) ကျွန်ုပ်တို့၏ ယခုရှိရင်းစွဲ အနေအထိုင်၊အဝတ်အစား စသည်တို့ကို ပြုုပြင်ရန်များစွာ လိုပေသည်..ဥပမာ..မြန်မာစစ်တပ်ဖွဲ့လျှင် မြန်မာ့လုံချည်သည် မသင့်သော် မြန်မြန်ပြေး လို့ မဖြစ်ပေ စစ်သားအတွက်ဘောင်းဘီသည် အကောင်းဆုံးဖြစ်၏။ လေးနှင့် မြှားသည် ရှေးအခါက ကောင်းသော်လည်း ယခုခေတ်မှာ သေနတ်သည် ပိုကောင်း၏… (၃) အများသဘောသည် အမှားပေါ၏။ လောကတွင် ပညာရှိသောသူနှင့် မရှိသောသူ အရေအတွက်ကို နှိုင်းယှဉ်လျှင် ပညာရှိသောသူသည် မနှိုင်းယှဉ် နိုင်လောက်အောင် နည်း၏… (၄) မည်သည့် ကိစ္စမဆို ” ဟာ အများသဘောပေါ့” ဟုပြောသောသူသည် အသုံးမကျသောသူ လို့မှတ်အပ်၏။ အများသဘောသည် မှားလျှင်မှားကြောင်း […]


Ko out of...April 23, 20121min653
ယနေ့ဘာသာရေးလောကမှာ သုံးနှုန်းနေကြတဲ့ … ပရိယတိ္တဟာ ကန်ဘောင်နဲ့တူတယ်… ပဋိပတိ္တဟာ ရေနဲ့တူတယ်… ပဋိဝေဓဟာ ကြာနဲ့တူတယ်…စသည်ဖြင့် အများတွေက ဥပမာပေးကောင်းလို့… ကျွန်တော်လည်း တချိန်တုံးက သဘောကျခဲ့တယ် .. တရားအကြောင်းဆွေးနွေးရင်ဘဲ ဒီအကြောင်း တော်တော်ထည့်ပြော ဖြစ်ပါတယ်… အခုတော့ အများပြောနေတဲ့ အစဉ်အလာကနေ လွတ်လွတ်လပ်လပ်တွေးခေါ် ထားတာလေး ကိုဒီကနေတဆင့် ရင်ဖွင့်လိုက်ပါရစေ… ကန်ဘောင်မရှိရင် ရေမရှိနိုင်ဘူး.. ရေမရှိရင်..ကြာပွင့် မရှိ နိုင်ဘူးဆိုတာ အများနဲ့ အတူမျှောပြီး စီးဆင်း နေတဲ့လူတွေအတွက်ကတော့ လက်ခံနိုင်ပါတယ်.. ဒါကရေ အဆုန်ခရီးအတွက်ပေါ့.. ရေအဆန်ခရီး အတွက်ကျတော့ ရေအရင်းအမြစ်က ဘယ်ကနေစထွက်လည်း ဆိုတာ လိုက်ရတော့မယ်?…ရေတကယ်ရှိမရှိဆိုတာတွေပေါ့?.. ဒါကို အတွေးနည်းနည်း ဖြန့်ကျက်ကြည့်မယ်ဆိုရင်တော့.. ကန်ဘောင်မလုပ်ခင်..ရေအရင်းအမြစ်ရှိတဲ့နေရာကို အရင်ရှာမလား?… ဒါမှမဟုတ် ရေမရှိတဲ့ သဲကန္တာရ နေရာမှာ ကန်ဘောင်တည်ကြမလား?… အခု […]


Ko out of...April 9, 20121min1076
၁။ မှားရင်ပြုပြင်ဖို့ ဝန်မလေးတဲ့လူဟာ ဘာဘဲလုပ်လုပ် လုပ်ရဲတဲ့ စိတ်ရှိတယ်။ ဘာဖြစ်လို့ လုပ်ရဲလည်း ဆိုတော့ မှားရင် ပြုပြင်မယ်ဆိုတဲ့ စိတ်ရှိလို့ဘဲ..မပြင်နိုင်တဲ့ လူဟာ ဘာမှ မလုပ်ရဲတဲ့လူဘဲ… ၂။ လှုပ်ရှားရှင်သန်နေတဲ့လူဟာ တခုမရလည်းတခုခုကိုလုပ်နေတော့ အဖြေဆိုတာ တနေ့တွေ့နိုင်သေးတယ်။ အငြိမ်နေတဲ့လူဟာ ဘာမှ မလုပ်တဲ့ အတွက်ဘာမှမသိဘဲ သေသွားမယ်… ၃။ ခံစားချက်ဟာ အမှန်မပြဘူး…ဘိန်းစားဟာ ‘ကောင်းတယ် ကောင်းတယ်’ ဆိုပြီး ဘိန်းကို ဆက်ရှုတော့ ဘယ်လို ဘဝမျိုးရောက်သွားလဲ?..လက္ခဏာရှင်ဟာ လူမဟုတ်မဟုတ်ဘူး အဲဒီဖြစ်တဲ့ အကောင်ဘဲ.. ၄။ လူဟာ အကောင်းဘဲလုပ်လုပ် အဆိုးဘဲလုပ်လုပ် အဖြစ်တခု တင် ကျန်ခဲ့တယ်.. ဒါကို ဘဝပြောင်းတယ်လို့ခေါ်တယ်… ၅။ ဘာသာရေးရဲ့ လမ်းညွှန်မှုကို ရယူတာ ကိုယ်းကွယ်ဖို့လား? ကျင့်သုံးဖို့လား? ကိုယ်းကွယ်ဖို့ဆိုရင် ကျေးကျွန် […]


Ko out of...April 7, 20121min832
ဒုက္ခနဲ့ ပတ်သက်ပြီး ရိုးရာပုံပြင်ထဲက မှတ်သားခဲ့ရဖူးတာလေးပါ.. သိပ်တော့ ကောင်းကောင်းမမှတ်မိတော့ဘူး… မှတ်မိသလောက်လေးပေ့ါ… တခါက.. လူကြီးမိဘတွေ ပြောပြောနေတဲ့ ဒုက္ခကို သိပ်သိချင်တဲ့ လူငယ်လေး တစ်ယောက်ဟာ ဒုက္ခနဲ့ပတ်သက်ပြီး စူးစမ်းလေ့လာရာ …. သူသိချင်တဲ့ ဒုက္ခရဲ့ အဖြေမှန်ကို မရဘဲ နောက်ဆုံး ရသေ့ တစ်ပါး ထံရောက်လေ၏… ရသေ့ထံရောက်တော့…သူသိချင်သော ဒုက္ခအကြောင်းကို မေးမြန်း ရာ…ရသေ့က ချက်ချင်း အဖြေမပေးဘဲ သိပ်သိချင်တယ်ဆိုရင် နောက်သုံးရက်လောက်နေပြီးမှ ပြန်လာလို့ ပြောသတဲ့… ဒီလိုနဲ့ ရသေ့လည်း လူငယ်လေးပြန်ပြီးနောက်ပိုင်း သူသိချင်တဲ့ ဒုက္ခ အတွက် လုပ်စရာရှိတာတွေကို ပြင်ဆင်လိုက်သတဲ့… နောက်သုံးရက်ကြာပြီး ဒုက္ခကို အလွန်သိချင်သော လူငယ်လေး ပြန်ရောက်လာ၏… ရသေ့က လူငယ်လေးကို..ကဲ့ ဒုက္ခကို သိချင်ရင်..ကွင်းပြင်ကျယ်တဲ့ ဘောလုံးကွင်းလို နေရာမျိုးမှာ ဒီအထုတ်ကို […]


Ko out of...April 6, 20121min540
မကြာခင်အတာတန်ခူး နှစ်သစ်ကူးမှာ… ပျော်မြူးကြတော့မယ့် မြန်မာလူ မျိုးတွေကို နှစ်သစ်နဲ့ အတူ လူသစ်၊ စိတ်သစ်၊ အမြင်သစ်၊ အတွေးခေါ်သစ်၊ အယူဝါဒသစ်တွေနဲ့…. ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့…ဆက်လှမ်းနိုင်ဖို့… အတွေးလက်ဆောင် လေးပေးလိုက် ပါရစေ… တခြားအတွေးသစ်တွေ မဟုတ်ပါဘူး…ရှိပြီးသား မြန်မာပြက္ခဒိန်မှာ…သင်္ကြန်အကြိုနေ့၊ အကျနေ့၊ အကြတ်နေ့၊ အတက်နေ့ နဲ့ ပတ်သက်ပြီး ထပ်ဆင့် တွေးခေါ်မိတာလေးပါ… ဒီထဲမှာ လေးရက်စလုံး မယူသေးနဲ့ဦး (၁) ရက်ဘဲ လူ့ပြည်ဆင်း လာတယ် လို့ အရင်စဉ်းစားကြည့်မယ်?… အဘိဓမ္မာ ဘုံပိုင်းမှာ ဘာဆိုထားလည်းဆိုတော့… စတုမဟာရာဇ်နတ်သက် (၁)ရက်ဟာ လူ့ပြည် အနှစ် (၅၀)နှင့်ညီမျတယ်. တာဝတိံသာ နတ်သက် (၁)ရက်ဟာ လူ့ပြည် အနှစ် (၁၀၀) ။ သင်္ချာနည်းနဲ့ တွက်ချက်ပြီး ဟုတ် မဟုတ်၊ […]


Ko out of...April 4, 20121min17811
မြတ်စွာဘုရားဟောကြားတော်မူသော အောင်မြင်ချမ်းသာ ကြီးပွားကြောင်းတရား လေးပါးမှာ… ၁။ ဥဋ္ဌာန သပ္မဒါ -မိမိ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွင် ကျွမ်းကျင်မှု ရှိရပါမည်။အလုပ်ကို စိတ်ပါလက်ပါ လုပ်ကိုင်ရမည်။ ၂။ သမဇီဝိတ သမ္မဒါ -မိမိဝင်ငွေနှင့် လိုက်လျှောညီစွာ ချင့်ချိန်နှိုင်းဆပြီး အတိုင်းအတာ ပမာဏအမှန်ကို ချိန်ဆတတ်ရမည်။ စည်းနဲ့ကမ်းနဲ့ သုံးစွဲတတ်ရမည်။ ၃။ အာရိက္ခာ သပ္မဒါ – ရရှိသည့် ပစ္စည်းဥစ္စာကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ရမည်။ ၄။ ကလျှာဏမိတ္တ သပ္မဒါ – မိမိအပေါ်သစ္စာရှိပြီး အကျင့်သိက္ခာ၊ဉာဏ်ပညာ၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတဲ့ မိတ်ကောင်းဆွေကောင်းရှိရမည်။ မကောင်းမှုကိုရှောင် ကောင်းမှုကို သက်ဝင်စေသည့် မိတ်ဆွေကောင်းနဲ့ ပေါင်းသင်းရမည်။ ပြောချင်တာ ဒီကြီးပွါးကြောင်းတရား လေးပါးမှာ.. ဗေဒင် ကိန်းဂဏန်းအရ စီးပွါးဖြစ်တယ်လို့လည်း ဘုရားမဟောခဲ့ပါဘူး? ဲဂြိုလ်နက္ခတ်နဲ့ နတ်ကတော်တွေကြောင့် […]


Ko out of...March 27, 20121min541
မိန်းကလေးတစ်ဦးထံမှ တုံ့ပြန်အချစ်ရရေး အဖြေတောင်းနေသော လူငယ်တစ်ဦးက ယခုကဲ့သို့ ယုံကြည်အောင် ပြောလေ၏။ လူငယ် ။ ကိုယ်မင်းကို တကယ်ချစ်တာပါ။ မိန်းကလေး ။ ဟုတ်ပါ့မလား။ လူငယ် ။ ကိုယ့်အချစ်က နှိုင်းဆလို့မရဘူး။ မိန်းကလေး ။ ပြောကြတာပါဘဲ။ လူငယ် ။ မင်းအတွက်ဆို ဘာမဆိုစွန့်လွတ်ရဲတယ်။ မိန်းကလေး ။ ဟုတ်ပါ့မလား။ လူငယ် ။ ပင်လယ်ရေကို ကုန်အောင်သောက်မယ်ဆိုရင်လဲ သောက်ပြလိုက်မယ်။ မိန်းကလေး ။ အဲဒီလောက်မလိုပါဘူး။ ဒါဘဲကုန်အောင်သောက်ပါဦး။ လူငယ် ။ ဘာကိုသောက်ရမလဲ …. ပေးပါ။ မိန်းကလေး ။ အဆိပ်ခွက်။ လူငယ် ။ ဟိုက် . . . – ယနေ့လူအများစုဟာလည်း ဒီလူငယ်လိုဘဲ လွယ်လွယ်နဲ့ […]


Ko out of...March 26, 20121min789
ကမာ္ဘပေါ်မှာ လူတွေဟာ… လူမျိုးစွဲ၊ ဒေသစွဲ၊ ဇာတ်နှိမ့် ဇာတ်မြင့်၊ အသား အရောင်၊ သူဋ္ဌေးသား ဆင်းရဲသား၊အုပ်ချုပ်သူလူတန်းစား အုပ်ချုပ်ခံ လူတန်းစား၊ ကိုယ်နဲ့ အသွေးအသားမတော်စပ်တဲ့လူ မပေါင်းသင်းနဲ့ အဖေါ်မလုပ်နဲ့ ..စသည်စသည်ဖြင့် ဘယ်လောက်ပင် အမျိုးမျိုးခွဲခြားသတ်မှတ်သော်လည်းတကယ်လက်တွေ့ ဘဝမှာ ခွဲခြားဆက်ဆံလို့ မရဘဲ သဘာဝအရ တူညီနေတာတွေ အများကြီး ရှိပါတယ်… လူသားတွေအားလုံးဟာ နေ့စဉ်နဲ့အမျှ ပျော်ရွှင်ခြင်း၊ ဆင်းရဲခြင်း၊ ရောဂါအမျိုးမျိုး ခံစားရခြင်း စသည့် လောကဓံ တရားတွေကို တလှည့်စီ ခံနေကြရတယ်ဆိုတာ ဘယ်သူမှငြင်းလို့ မရပါဘူး.. မိမိတွေးခေါ် ယူဆထားတဲ့ အမြင်လေးပါ.. ဥပမာ…ဆေးရုံသို့ ရောက်လာတဲ့ သူဋ္ဌေးသားလူနာ တစ်ဦးဟာ…. အရေးပေါ် သွေးလိုအပ်နေပြီဆိုပါတော့… အဲဒီ အသက်ရှင်ဖို့ အရေးကြီးတဲ့ အချိန်မှာ.. ကိုယ့်ရဲ့အစွဲ၊ကိုယ့်ရဲ့အတ္တ၊ကိုယ့်ရဲ့မာန ကိုရှေ့တန်းတင်ပြီး..ဒါမရှိ ဆင်းရဲသားရဲ့သွေးသားဘဲ […]


Ko out of...March 24, 20121min823
တခါက… တရားရုံးသို့ မကြာခဏရောက်ရှိပြီး ထောင်ဒဏ်အပြစ်ပေးမှု ခဏခဏကျ ခံနေရသည့် တရားခံတစ်ဦး တရားရုံးသို့ ရောက်ရှိလာပြန်ရာ တရားသူကြီးကမေးလေသည်. . . တရားသူကြီး ။ မောင်းမင်းခဏခဏ တရားရုံးရောက်နေပါလား။ တရားခံ ။ ဟုတ်ကဲ့။ တရားသူကြီး ။ ထောင်ဘယ်နှစ်ကြိမ် ကျခံဖူးပြီးပြီလဲ။ တရားခံ ။ (၁၂) ကြိမ်ပါ။ တရားခံ ။ များလိုက်တာ အခုထိ ကောင်းကောင်းမနေသေးဘူးပေါ့။ တရားခံ ။ နောက်ဆိုနေပါ့မယ်။ တရားသူကြီး ။ မဖြစ်ဘူး ဒီတစ်ခါ ထောင်ဒဏ်နှစ် များများ ချလိုက်မယ်။ တရားခံ ။ နည်းနည်းလျှော့ပေးပါဦး..ကျွန်တော်တို့ ဖေါက်သည်တွေ ဖြစ်နေပြီဘဲဗျာ… တရားသူကြီး ။ ဘာကွ . .


Ko out of...March 22, 20121min863
လောကမှာ သက်ရှိသက်မဲ့တွေဟာ သူ့အရည်အချင်း သူ့တန်ဖိုးနဲ့သူရှိကြပါတယ်။ သက်မဲ့ဆိုတာ ဘာအရည်အချင်းမှ မရှိပါဘူးဆိုပြီးလျှော့မတွက်နဲ့။ ကျောက်ခဲဟာ သက်မဲ့ဘဲ ဘာအရည်အချင်းမှ မရှိဘူးဆိုပြီး ခြေထောက်နဲ့ သွားမကန်လိုက်နဲ့ ခြေထောက်ပဲ့သွားမယ်… ကျောက်ခဲရဲ့ တန်ဖိုးကို သိချင်ရင်… ဥပမာ…ကိုယ့်နောက်ကို ခွေးဆိုးတစ်ကောင်က နောက်ကနေလိုက်မယ်ဆိုပါတော့ ကျောက်ခဲ(သို့)လေးတဲ့ အရာဝတ္ထုတခုတခုနဲ့ မောင်းထုတ်ရမယ် မဟုတ်လား… တကယ်လို့ ကျောက်ခဲဟာဝါကွမ်းလို ပေါ့ပါးနေမယ်ဆိုရင် ဒီနေရာမှာ ဘယ်အသုံးကျမလဲ။ ဒါကြောင့်လေးတာဟာ ကျောက်ခဲရဲ့ အရည်အချင်းဘဲ… သက်မဲ့ဖြစ်တဲ့ကျောက်ခဲတောင်မှ လေးတဲ့ အရည်အချင်းရှိရင် ကျွန်တော်တို့လူသားတွေရော အရည်အချင်းမရှိဘူးလား?.. အရည်အချင်းရှိနေရဲ့သားနဲ့ မလိုအပ်တဲ့နေရာမှာ သုံးရင် အရည်အချင်းတွေ စွမ်းအားတွေကုန်တာပေါ့… ရှိစုမဲ့စု လက်ညိုးလေးကို ရှေ့ထိုးနောက်ထိုး၊ အောက်ထိုးအပေါ်ထိုး ထင်ရာလျှောက်ထိုးနေရင် ကံတွေက သုံးပါးမက လေးပါး၊ငါးပါး တွေဖြစ်ကုန်လိမ့်မယ်…. တကယ်တော့ ကံဆိုတာ… လူအချင်းချင်းပေါင်းသင်းဆက်ဆံရာမှာကာယကံ၊ဝစီကံ၊မနောကံ စသည့်ကံသုံးပါးမှလွဲပြီး […]


Ko out of...March 21, 20121min14910
တခါက… ခရီးသွားဧည့်သည် တစ်ဦးသည်လွယ်အိတ်အို အဟောင်း တစ်လုံးနှင့်ခရီးသွားရာ… လမ်းတွင် တွေ့သမျှပစ္စည်းကို… တခုခု အသုံးချလို့ ရလေမလားဆိုပြီး သူ၏ လွယ်အိတ်တွင် ကောက်ထည့်ကာ လွယ်အိတ်သာ ပြည့်သွားပါသည်.. ဘာတခုမှ မယ်မယ်ရရ အသုံးချလို့ မရဘဲ ခရီးပန်းနေပြီး တနေရာတွင် အနားယူကာ… သူ့၏ လွယ်အိတ်တွင်ပါလာသည့် အသုံးချလို့ မရသည့် ပစ္စည်းများအားလုံးထဲမှ … အရှည် တစ်ပေကျော်ကျော် အချင်း တစ်လက်မ ပတ်ဝန်းကျင်ခန့်ရှိ ကြေးဝါနှင့်ပြုလုပ်ထားသည့် နှစ်ဖက်ဖြောင်ပြီးကြည့်နိုင်သည့် ရှေးဟောင်း ကြေးပိုက်ချောင်းလေး တပိုင်းကို ထိုင်ကြည့်ပြီး သူ့လွယ်အိတ်မှာပါလာတဲ့ ဖန်ကွဲစတွေနဲ့ ဒါမှန်ပြောင်းလုပ်ရင် ရတာဘဲလို့စဉ်းစားပြီး… အဲဒီ ကြေးပိုက်အိုချောင်းနဲ့ သူစိတ်ကူးပေါ်တဲ့ အတိုင်း မှန်ပြောင်းပြုလုပ်ပြီး.. အဲဒီမှန်ပြောင်းနဲ့ ကောင်းကင်ကို မော့ကြည့်လိုက်သတဲ့… ကောင်းကင်မှာရှိတဲ့ တိမ်တိုက်ပုံသဏ္ဍာန် အမျုးိမျိုးကို ပုံဖေါ်ပြီး […]