ဒီပုံလေး ရိုက်ဖြစ်တုန်းက ပုံလေး ကို ကြည့်ပြီးတော်တော်ကို ကျေနပ်မိတယ်။ နောက်ပြီး ဒီပုံလေးက သဘာဝတစ်ခုကိုပြနေသလိုဘဲ။ ပန်းလေး နားမှာ အကောင်လေးတွေက တဝဲလည်လည်နဲ့ ဖြစ်နေအောင် ပန်းလေးက သူရဲ့ ရနံ့မာယာတွေနဲ့ ဖန်းစားတားတယ်။ နောက်ပြီးတစ်ကောင်တည်းကို ဘဲ သူနားမှာ အကပ်ခံပြီး နောက်တစ်ကောင်က မလှမ်းမကမ်းက စောင့် ကြည့်နေရတယ်။ နောက်ပြီး အနောက်က ပန်းလေး တစ်ပွင့်က အသည်းပုံလေးနဲ့ အချစ် သင်္ကေတ ပြနေသလို ဘဲ။ အဲလိုဘဲ ကိုယ့် အတွေးနဲ့ကိုယ်  စိတ်ကူး ပုံဖေါ်ကြည့်ရတာပေါ့။   ဒီပုံလေးရိုက်တုန်းက သူတို့တွေနဲ့ နေ့တစ်ပိုင်းလောက်နေခဲ့ရတယ်။ သူတို့လေးတွေကို ကြည့်ပြီး အတွေးတွေအများကြီးရခဲ့တယ်။ သူတို့ရဲ့ နေရေးထိုင်ရေး နဲ့ ဝမ်းရေးအတွက် စိတ်ပူမိခဲ့ သလို လက်ရှိဘဝအခြေနေမှာ […]


ကျနော်မှာ ငယ်စဉ်တည်းက ခုချိန်ထိ မျက်လုံးထဲတွင်စွဲမြဲစွာ ထင်ကျန်နေသော ပုံရိပ်တစ်ခု ရှိ၏။ လူတိုင်းတွင် လဲ မျက်လုံးထဲတွင် ထပ်ခါထပ်ခါ မြင်နေရသော ပုံရိပ်များ ရှိကြပေလိမ့်မည်။ ကျနော် ထိုပုံရိပ်ကို စွဲစွဲမြဲမြဲ မြင်ယောင်နေခြင်းမှာ စွဲလမ်း ခဲ့လို့ လဲ မဟုုတ်၊ ထိုသို့ ဖြစ်ချင်လို့ လဲ မဟုတ်၊ တစ်စုံတစ်ခု ကို အားကျနေလို့ လဲ မဟုတ်၊ ဘာကြောင့် ထိုပုံရိပ်က မျက်လုံးထဲမှာ စွဲနေလဲ မသိ၊ အားလပ်သော အချိန်များမှာ၊ တစ်ယောက်တည်းနေသော အချိန်များမှာ ထိုပုံရိပ်က နေရာယူ နေတတ်သည်။ ထိုပုံရိပ်မှာ မိမိကို ခြောက်လှန့် နေသည် မဟုတ်သော်လဲ ၊ မိမိ စိတ်ကို လွှမ်းမိုးလွန်းလှသည်။ ထိုပုံရိပ်ကိုမြင်မိတိုင်း အင်းအား တစ်စုံတစ်ရာ […]


ဒီပုံလေးတွေက တော့ ငါးမရ ရေချိုးပြန်ခဲ့ ရတဲ့ ပုံလေးတွေ ပါ။ ဒီပုံလေးတွေ ရိုက်ခဲ့တုန်းက ရေတံခွန် waterfall ပုံရိုက်ဖို့သွားခဲ့တာပါ။။။ ဒါပေမယ့် ကျနော်သွားတဲ့ နေ့က မိုးရွာပြီး နောက်တစ်ရက် အချိန်ဖြစ်နေလို့ ရေတွေက နီညို ရောင်တွေ ရွံရောင်တွေ ဖြစ်နေပြီး ၊ မောခဲ့ရတာဘဲ အဖတ်တင်တယ်။ စိတ်တိုင်းကျ ရေတံခွန်ပုံ ထွတ်မလာခဲ့ဘူး