အခုတလော ကျန်းမာရေးသိပ်မကောင်းလို့ ဆေးခန်းကို သွားပြရတယ်။…. ဒီရက်ပိုင်းတွေ ခေါင်းကလဲ သိပ်မကြည်၊ အစာစားပြီးရင်လဲ ခေါင်းကမူး၊ နှလုံးခုန်နှုန်းတွေက လဲ မြန်နေလို့ နေထိုင်မကောင်းတာနဲ့ ဆေးခန်းကို သွားလိုက်ရတာပါ။ စိတ်ပျက်ဖို့ ကောင်းတယ်ဗျာ…… အသက်က လူ့သက်တန်း တစ်ဝတ်တောင် မရောက်သေးဘူး။ ဆေး ကူ နေရပြီ။ ဆေးသောက်နေရတာ တော့ ၉ လလောက်ရှိပါပြီ။ ဒီနေ့ နောက်တစ်ဆင့် တက်သွားတယ်၊ ဆေးနောက်တစ်မျိုး တိုးပေးတယ်လေ။ ဆေးတွေ အမြဲ သောက်နေရတယ်။ ဆေးသောက်မပျင်းပေမယ့် ၉ လ ကို ဆေးတစ်မျိုးထပ်တိုးမယ်ဆိုရင် အသက်ဘယ်လောက်ဆက်နေရမလဲ…….. ကျန်းမာနေသေးသူများ အမြဲ ကျန်းမာ နေအောင် အားကစား လိုက်စားကြပါ။ ကျန်းမာရေး ကို အမြဲဂရုစိုက်ကြပါလို့ အကြံပေးလိုက်ပါတယ်။ တကယ် မကျန်းမာတဲ့ အချိန်ရောက်မှ […]


ကျနော်လဲ တောင်တမန် နဲ့အနားတဝိုက်ကပုံတွေ တင်တာ လဲ တော်တော်များပါပြီ။ အခုလဲ လာပြန်ပြီ တောင်တမန်ပါဘဲ….. ဒီလို ထပ်ခါထပ်ခါ တင်လို့ ရိုးအီ သွားရင်လဲ ခွင့်လွှတ်နော် ပုံတွေ ထဲမှာ ရိုးအီချင် ရိုးအီ ပါလိမ့်မယ်။ ဒါပေမယ့် အပြင်မှာတော့ ဆွဲဆောင်မှုရှိတုန်းဗျ။ နိုင်ငံခြားသားတွေ ၊ တမြို့တရွာက ဧည့်သည်တွေ ၊ ကျောင်းသားကျောင်းသူတွေ ၊ စုံတွဲတွေ ၊ မိသားစု တွေ နဲ့ မအားလပ်အောင်ဘဲ တောင်တမန်ကြီးက အမြဲအလုပ် ရှုပ်နေ တတ်ပါတယ်။ ကြုံတုန်းဖိတ်လိုက်ဦးမယ်….. မန်းလေးကို လာလည်ရင် အဲဒီ ရိုးအီနေတဲ့ တောင်တမန်ကြီးကို မရိုးနိုင်လောက်တဲ့ရှုခင်းတွေ မြင်တွေ့သွားရအောင် တခါလောက်တော့ လိုက်ပို့ပေးချင်ပါတယ်။


ပုံက အလှကြီး မဟုတ်ပေမယ့် သဘောကျလို့ တင်လိုက်တာပါ။ ဓါတ်ပုံစ ရိုက်ခါစ ဆက်တင်တောင် ကောင်းကောင်းမချိန်တတ်တဲ့ အချိန်တုန်းက ရိုက်ထားတဲ့ပုံလေးပါ။ မြို့ကလူတွေ အိပ်ကောင်းနေတဲ့အချိန်မှာ သူတို့ အလုပ်လုပ်ဖို့ အသင့်အနေအထားရောက်နေကြပါပြီ။ တနေကုန် ငါးဖမ်းပိုက်တွေနဲ့ ပင်ပင်ပန်းပန်း ပိုက်ခွန်ပစ်ကြရပါတယ်။ တခါတခါ ငါးဖမ်းလှေတွေ စုလိုက်အပြုံလိုက် ဝိုင်းဖွဲ့ပြီး ပိုက်ခွန်ပစ်တတ်ကြပါတယ်။ လှေဆယ်စီးလောက် ဝိုင်းထားပြီး တစ်နေရာထဲကို ပိုက်ခွန်တွေ တပြိုင်နက်တည်းပစ်တဲ့အခါလဲရှိပါတယ်။ ငါးဖမ်းနည်းအကြောင်းသေချာ မသိပင်မယ့် အတော်ကို ကြည့်လို့ကောင်းတဲ့မြင်ကွင်းတစ်ခုပါ။ ဘာသာရေးဘက်ကကြည့်ရင် ငါးလေးတွေ သနားပါတယ်။ ငါးဖမ်းသူတွေ အကုသိုလ်တွေ လုပ်နေကြတယ်ဘဲ ပြောကြမှာပါ။ သို့ပေမယ့် ကျနော် ဓါတ်ပုံရိုက်ချိန် မို့လို့ ရိုက်ကွင်းတခုအနေနဲ့ ကြည့်မယ်ဆိုရင်တော့ သူတွေ ငါးဖမ်းနေကြတာ အလွန်ကြည့်လို့ ကောင်းပါတယ်။ ငါးဖမ်းလှေပေါ်က ပိုက်ခွန်ပစ်တဲ့ပုံ ကိုတော့တင်ပြီးသားဖြစ်တဲ့အတွတ် ထပ်မတင်တော့ပါဘူး။ […]

IMG_73655-600x400.jpg

တနေ့တာ ကိုယ်ကာယ အားပြုပြီး အလုပ်လုပ်သူတွေ အဖို့အလုပ်သိမ်းချိန်ဟာ သူတို့ အတွတ် ကြည်နူးစရာ အချိန်ဖြစ်မယ်လို့ ထင်ပါတယ်။ နေပျောက်လို့ အမှောင်ရောက် တဲ့ အချိန်မှ အလုပ်သိမ်းရပေမယ့် သူအတွတ် တော့ နောက်ကျလို့စိတ်ညစ်ပြီးညီးညူ မနေပါ။ အလုပ်သိမ်းပြီမို့ သူအတွတ် ပင်ပန်းမှု တွေ အဆုံးသတ်ချိန်ဖြစ်ပါတယ်။ နေပူကျဲကျဲ မှာအားအင်သုံးအလုပ်လုပ်ရတဲ့ သူ့တနေ့တာ ပင်ပန်းဆင်းရဲမှုတွေ ကုန်ဆုံးချိန်ဖြစ်ပါတယ်။ ကိုယ်ကာယသုံးပြီး အလုပ်လုပ်သူတွေအတွတ် အနားယူချိန် ဟာ အလွန်အဖိုးတန်လိမ့်မယ်ဟု တွေးထင်မိပါတယ်။ တနေ့တာ ပင်ပန်းဆင်းရဲမှုတွေ ကို ဖြေဖျောက်ရင်း နောက်တနေ့ ဝမ်းရေးအတွက် ရုန်းကန်ရဦးမည်။


မြစ်ကမ်းဘေး ဓါတ်ပုံရိုက်ထွတ်ရင်း ရိုက်လာတဲ့ ပုံလေးပါ သူတို့ လေးတွေ ဘဝ က ဖြစ်သလိုကစားပြီး ပျော်စရာကောင်းလှပါတယ်။ အရုပ်တွေ တီဗွီဂိမ်းတွေ ကစားကွင်းတွေ မလိုပါဘူး မြစ်ကမ်းဘေး သောင်ပြင်မှာ သစ်ရွတ်လေးတွေ နဲ့ ဖော့တုန်းလေးတွေ နဲ့ ဆော့ကစားပြီး ပျော်ရွှင်နေကြပါတယ်။ ပခတ်လို လှေပေါ်မှာ လှိုင်းစီးရင်း ဇိမ်ကျ နေတဲ့ ကလေးတွေပါ။


မန်းလေးကို ပြန်ရောက်လို့ မန်းလေး နဲ့ ဆိုင်တဲ့ပုံလေး ရွေးပြီးတော့ တင်လိုက်ပါတယ်။ ကိုယ့်မြို့ကို ပြန်လာတာ တခဲနက် ကြိုဆိုကြလို့ ဘယ်လို ရှောင်ရမှန်းမသိအောင်ကို ဖြစ်သွားတယ်။ ကားပေါ်က မဆင်းခင်တည်းက ကားဘေးမှာလာပြီး လက်နှစ်ဖတ် ရှေ့တန်းပြပါတယ်။ အဲဒီ အဓိပါယ်က တော့ ဆိုင်ကယ် ဖြစ်ပါတယ်။ ကားပေါ်က ဆင်းမလို့ ကားတံခါးလဲ ဖွင့် ရော ကားပေါ် ပြေးမတက်လာရုံတမယ်ဘဲ ။ အောက်မှာ လာကြိုတဲ့ ပရိသတ် နဲ့ မူးမေ့လောက်ပါတယ်။ ကိုယ့်ကိုကိုယ် စတိတ်စဉ်ပေါ် ရောက်သွားလားလို့ တောင် ထင်ရလောက်တယ်။ အဲဒီမှာ ကားဂိတ်က ဂိတ်ဝတ်စုံ ဝတ်ထားတဲ့ တစ်ယောက် က ပြေးဝင်လာပြီး လမ်းကြောင်းရှင်းပေးရပါတယ်။ အဲတော့ မှ ဘဲ ကားပေါ်က ဆင်းဖို့ […]


မောင်မောင်တောသားလေး တစ်ယောက ်မနေ့က ညနေက ရန်ကုန်မြို့တော်ကြီးဆိုကို ဆိုက်ရောက်လို့ လာခဲ့ပါတယ်။ မိုးတွေကလဲ အုံးမှိုင်းလို့ မှောင်နေပါတယ်။ ရန်ကုန်မန်းလေးကားကြီးပေါ်မှမဆင်းမှီ ဘေးမှာပါလာတဲ့ အကိုကြီးတစ်ယောက်က ငါ့ညီ ကားငှားရင် ဟိုဘက် အတွတ်ဘက်သွားပြီးစောင့်ငှား ဈေးသက်သာတယ်။ ခရီးသည်တွေ ပို့ပြီးပြန်လာတဲ့ ကားတွေ အများကြီးဘဲ တစ်စီးမကြိုက် နောက်တစီး ထပ်ငှား ဆိုပြီး မအူမလည် ဖြစ်နေတဲ့ မောင်မောင်တောသားလေးကို လမ်းညွန်ပေးပါတယ်။ သို့ပေမယ့် ကားဝင်းထဲအရောက် မိုးကလဲ ပျင်းဖို့ ကောင်းလောက်အောင် ရွာပါလေရော.။ အုံးဒိုင်းဂွမ်း နဲ့ သည်းကြီးမည်းကြီး ရွာတာမဟုတ်ပေမယ့် အပြင်ထွတ်တော့လဲ မိုးကစို။ အမိုးအောက် (မိုးလုံတဲ့ နေရာ) ကရင်လို မဟုတ်ပါ…. မိုးလုံတဲ့ နေရာမှာ ဝင်ခိုနေရင်လဲ ဒီနေ့ မိုးက တိတ်မယ်မထင်။ အဲတော့လဲ ကားဝင်းအပြင်ဘက်ကို […]


အဝါရောင် ပိတ်ကားပေါ်က စစ်ကိုင်းတောင် ဒါက နေဝင်ချိန် တိမ်တောက်နေတဲ့ အချိန်မှာ ရိုက်ထားတာပါ… ရိုက်တဲ့ နေရာက ကမ်ပါတ်လမ်း အတွဲကိုယ်စီ ချိန်းတွေ့ တဲ့ နေရာလေးက ရိုက်ထားတာပါ.. ကင်မရာတွေ ကိုင်လာတော့ အနားထိုင်နေတဲ့ အတွဲတွေတောင် နေရာ ရွှေ့ သွားကြပါတယ်။


ကဲ ပေါက်ကရ အတွေးများစလိုက်ရအောင်။ ကျနော် အရင် ဆုံးစတွေးမှာက တော့ ကျနော်တို့ ဘာလို့ ထမင်းတွေစားနေရတာလဲ ထမင်း၊ ဒါမှမဟုတ် ဗိုက်ပြည့် မယ့် အစားအစာတစ်ခုခု စားကြရတယ်။ နေ့တိုင်း စားနေရတာ မပျင်းဘူးလားဗျာ။ ခင်ဗျားလဲ စားတယ်။ ကျနော်လဲစားတယ်။ အားလုံး လဲ စားနေကြတယ်။ မစားရင် ဘာဖြစ်မလဲ မစားရင် ငတ်သေရုံဘဲ ပေါ့။ ဘာလို့ သဘာဝ ကြီးက စားဖို့ သတ်မှတ်ထားရတာလဲ။ ဒီစားဖို့ သောက်ဖို့ကို အခြေခံ ပြီး လူတွေ အလုပ်လုပ်ကြရတယ်။ တစ်ရက်လဲ မဟုတ် တစ်လ လဲ မဟုတ်။ ဒီ စားဖို့ သောက်ဖို့ အတွက်နဲ့ နေ့တိုင်း ရုန်းကန်လှုပ်ရှားနေရတယ်။ ဒီလိုစားဖို့ သောက်ဖို့ ရုံးကန် […]