မနေ့ညက Category II ရှိတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီး GIRI ဟာ ညက အရှေ့မြောက်ဖက် ယွန်းယွန်းကို ရွေ့လျားလmရင်းနဲ့ အားလျော့လာခဲ့ကာ ဒီကနေ့ (၂၃-၁၀-၂၀၁၀) နံနက်(၅)နာရီမှာ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းအတွင်းကို ရောက်ရှိနေပါတယ်။ (၂၃-၁၀-၂၀၁၀) ရက်နေ့ နံနက်(၅)နာရီအချိန်မှာ အောက်ပါ အတိုင်းသုံးသပ်ရပါတယ်။ (၁) GIRI ဟာ အာလျော့သွားခဲ့ပါတယ်။ (၂) ကုန်းတွင်းကိုလည်း ဝင်ရောက်ခဲ့ပါတယ်။ (၃) ပျက်ပြယ်သွားခြင်းမရှိဘဲ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ဆက်လက်တည်ရှိနေပါတယ်။ (၄) မနက်(၅)နာရီမှာ 20.5°N 94.5°E မန္တလေးတိုင်း အလယ်လောက်မှာဗဟိုပြုနေပါတယ်။ (၅) လေတိုက်နှုန်း တစ်နာရီ(၃၀-၃၅)မိုင်နှုန်း လောက်တိုက်ခတ်နိုင်ပြီး တစ်ခါတစ်ရန် တစ်နာရီ(၄၀-၄၅)မိုင်နှုန်းလောက်အထိရှိနိုင်ပါတယ်။ (၆) အရှေ့မြောက် ယွန်းယွန်းကို ဆက်ရွေ့ရင်းနဲ့ ဒီကနေ့ညနေလောက်အထိ ဆက်လက်တည်ရှိနိုင်ပါတယ်။ (၇) တဖြည်းဖြည်း အားလျော့သွားနိုင်ပါတယ်။ […]


မန္တလေးကို ည ၁ နာရီ တွင် တစ်နာ မိုင် ၈ဝ နှုန်း ဖြင့် ဖြတ်မည်။ ယခု ကျောက်ဖြူတွ င် ၁၂ဝ မိုင်နှုန်းဖြင့် တိုက်ခက်နေပြီး အင်အားကြီး အညို ရောင် အဆင့် ရှိ


ရွှေ မင်း သားOctober 22, 20101min1007
: မြန်မာနိုင်ငံအလံ : ဟေ့ မြန်မာနိုင်ငံအလံ : ကြယ်၁၄ ခုဆိုတာ ပြည်နယ်နဲ့တိုင်း၁၄ ခုကို ရည်ညွှန်းခဲ့ တာ အဲဒီအလံ မှ မြန်မာ နိုင်ငံ ဗိုလ်ချုပ်က လွတ်လပ်ရေး အရယူပေးခဲ့ တဲ့ နိုင်ငံတော် အလံကွ : ဟား ဟး နောက်ကျရင် မင်းပြောတဲ့ အလံတွေ ကို မမြင်ရတော့ဘူး : သမိုင်းဆိုတာ ဖျောက်လို့ မရပါဘူးကွာ မေ့ပစ်လို့တော့ ဘယ်ရမလဲ : ဟုတ်တော့ဟုတ်တယ် ဒါပေမဲ့ မင်းသိပါတယ် ကြွ သူတို ့လုပ်ချင်ရင် ဘယ်ဟာမှမရတာမရှိဘူးလေ Sent at 11:16 AM on Friday : ဟေ့ ဒါ ချပ်တင် ထဲက […]


ကျနော် မနေ့က ထူးထူးဆန်းဆန်း အိပ်မက်မက်ခဲ့ပါတယ်။ ကျနော့်အိပ်မက် မက်တယ်ဆိုရင် မဖြစ်နိုင်တာတွေက တော်တော်များသား မနေ့ညက အိပ်မက်မက်တာက ကျနော် တခါမှ မရောက်ဘူးတဲ့ နေရာ တစ်ခုကို်ရောက်သွားတယ် ဘေးမှာ ဘယ်သူမှန်းမသိတဲ့ အဖေါ်နှစ်ယောက်ပါတယ် ကျနော်နဲ့ ဆို သုံးယောက်ပေါ့ အားလုံး ယောက်ျားလေးတွေ ကြီးဘဲ ကျနော်တို့  ကျောပိုးအိတ်ကိုစီနဲ့ ပေါ့ တစ်ယောက်ကပြောသေးတယ် ငါတို့ သွားတဲ့ လမ်းခရီးက ပျော်စရာ ကောင်းတယ်တဲ့ အေးကောင်းတာပေါ့ ဒါဆိုသွားကြရအောင်လေ ဆိုပြီး ကျနော်တို့ ခရီး စထွတ်ခဲ့တယ် လမ်းလျှောက်သွားကြရတာ  ကျနော် က အလယ်က ရှေ့ မှာ ကတစ်ယောက် နောက်က လိုက်တဲ့သူက တစ်ယောက်ပေါ့ အိပ်မက်ထဲမှာဆိုတော့ ကျနော်က မင်းသားလေ ဟဲဟဲ ရှေ့ဆုံးကတစ်ယောက်က လှမ်းပြောသည် […]


ကျနော် ဒီနေ့ အသက် ၆ဝကျော်ခန့် ရှိသော အလုပ်ထဲမှ မိတ်ဆွေ တစ်ဦး နဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ အလုပ်အကြောင်းအစ ပြုပြီး ပြောရင်းနဲ့ သူက ကျနော် ကို လွန်ခဲ့ တဲ့ အနှစ် ၅ဝ လောက်က ပေါ့ ဆိုပြီး ပုံပြင် ဆန်ဆန်ပြောသွားတယ်။ ကျနော်က အခု အသက် ၃ဝ တောင်မပြည့်သေးပါဘူး။ သူက လွန်ခဲ့တဲ့ အနှစ်၅ဝ လောက်က ဆိုတော့ ကျနော်တောင် မမွေးသေးဘူး။ သူပြောတဲ့ အကြောင်းအရာကလဲ စဉ်းစားကြည့်လိုက်ပါဦး ။ ၈၄ လမ်းပေါ် ၊ လမ်း၄ဝ နားလောက်က ဘီဒီ  ဆိုတာရှိတယ်။ ရေနွေးခရားကြီးကနေ လောင်းထဲ့ နေတဲ့ပုံကို နီယွန်မီးတွေနဲ့ အလှဆင်ထားတယ်ပြောတယ်။ နဂါး အိမ် […]


ရွှေ မင်း သားSeptember 28, 20101min471
ကျနော်တို့ပါတ်ဝန်းကျင်တွင် စီးပွားရေးတွင် ကျွမ်းကျင်သူများသည် လူမှုရေးတွင်လဲ ထူးချွမ်သူများလဲ တွေ့ရသည်။ တချို့လဲ စီးပွားရေးမှ စီးပွားရေးဘဲ အာရုံစိုက်ကြပြီး လူမှုရေးကို အရေးမထားသူများလဲ တွေ့ဖူးသည်။ ကျနော် ခေါင်းထဲတွင် အတွေးတစ်ခုရောက်လာသည်။ လူမှုရေးနှင့် စီးပွားရေး ဆက်စပ်မှုရှိသလားဟု အတွေးဝင်လာသည်။ သေသေချာချာစဉ်းစားသော်လဲ အဖြေထုတ်မရပါ။ စီးပွားရေးတွင် တော်သူများသည် ဆက်ဆံရေးလဲ  ကောင်းကြသည်။ သို့သော် ဆက်ဆံရေးကောင်းရုံဖြင့် လူမှုရေး ကောင်းမည်မဟုတ်ပါ။ စီးပွားရေးသမားများသည် ဆက်ဆံရေးကိုတော့ အာရုံစိုက်ကြသည်။ အလေးထားကြသည်။ သို့သော် လူမှုရေးကိုတော့ အလေးထားသူရှိသလို၊ အလေးမထားသူလဲ ရှိပါသည်။ ဥပမာဆိုလျှင် စီးပွားရေးကောင်းသူတစ်ဦးသည် ထိုသူ၏ဆွေမျိုး သားချင်း ဒုက္ခ ရောက်နေသည်ကိုကြုံတွေ့လျှင် အားပေးစကားကို ရွှမ်းရွှမ်းဝေနေအောင် ပြောနိုင်ကြသည်။ သို့သော် ကူညီ မည် မကူညီ ဆိုသည်မှာတော့ မသေချာပါ။ တချို့ […]


ရွှေ မင်း သားSeptember 26, 20101min683
ဇွဲဆိုသည်မှာ စိတ်ရဲ့ အခြေအနေတစ်ခုဖြစ်တဲ့ အတွက် ဒါကိုလေ့ကျင့်ယူလို့ ရပါတယ်။ သင ်  ဇွဲလုံ့လရှိလာဖို့ အောက်ပါအချက်တွေနဲ့ လေ့ကျင့်လို့ ရပါတယ်။ ရှင်းလင်းတိကျတဲ့ ရည်ရွယ်ချက်။ သင်ဘာလိုချင်တယ် ဆိုတာ ပြတ်ပြတ်သားသား သိနေခြင်းဟာ ဇွဲရှိဖို့ အတွတ် အရေးအကြီးဆုံး အချက်ဖြစ်တယ်။ ပြင်းထန်တဲ့ ရည်ရွယ်ချက်နဲ့ လှုပ်ရှားနေတဲ့ အရာတိုင်းဟာ အခက်အခဲ တွေကို ကျော်ဖြတ်လွတ်မြောက်စေပါတယ်။ ဆန္ဒ။ ခိုင်မာတဲ့ ဆန္ဒတွေ ပြင်းပြလာတဲ့ အခါမှာ လူတစ်ယောက်ဟာ အရာရာကိုလုပ်ယူနိုုင်တယ်။ အဲဒီထဲမှာ ဇွဲဆိုတာ လဲပါ ပါတယ်။ ကို်ယ့်အားကိုယ် ကိုးတတ်ခြင်း။ သူများအပေါ်မှီခိုတတ်တဲ့သူ၊ သူများရဲ့အတွေးအခေါ်တွေ ဝင်ရောက်နှောက်ယှက်ခံနေရတဲ့သူ ဟာ ဇွဲရှိသူ မဖြစ်နိုင်ပါ။ ထိရောက်သော အစီစဉ်များ။ ထိရောက် ကောင်းမွန်သော အစီစဉ်များဟာလည်း ဇွဲသတ္တိကို ပြုလုပ်ဖန်တီးပေးနိုင်ပါတယ်။ […]


ရွှေ မင်း သားSeptember 26, 20101min1014
လူတိုင်းတွင်သဘောထား အကြိုက်ချင်းမတူညီနိုင်ပါ။ သူ့ အကြိုက်နှင့် ကိုယ့်အကြိုက် မတူညီသည့် အပေါ်တွင်သဘောထား ကွဲလွဲမှုတွေ ဖြစ်ပေါ်လာမည်။ တချို့သောသူများက စိတ်ချောက်ချားဖွယ် ရုပ်ရှင် များကို ကြိုက်မည်။ တချို့ က ပစ်ခိုက်တိုက်ခိုက်ကြသည့် အက်ရှင်ကားကို ကြိုက်မည်။ ခရီးတစ်ခုကို သွားမည်ဆိုပါစို့ ။ တစ်ဦး က အေ လမ်းမှသွားချင်သည်။ နောက်တစ်ဦး က  ဘီ လမ်းမှသွားချင်သည်။ သူတို့ သည် အကောင်းဆုံးဆိုသော လမ်းများကို ကိုယ်စီ ရွေးချယ်ထားကြသည်။ တစ်ဦးက ရွာလမ်းဘေးအတိုင်း သွားတာ အကောင်းဆုံးဟုပြောမည်။ နောက်တစ်ဦး က အမြန်လမ်းက သွားရင် အကောင်းဆုံးဟုပြောမည်။ အကောင်းဆုံးလမ်းကို အဓိပါယ်ဖွင့် ဆိုမှုပေါ်တွင် မူတည်မည်။ အကောင်းဆုံးလမ်းသည် အမြန်ဆုံး ရောက်သောလမ်းဖြစ်သည်။ အကောင်းဆုံးလမ်းသည် ရှုခင်းအလှပဆုံးလမ်းဖြစ်သည်။ အကောင်းဆုံးလမ်းသည် […]


ရွှေ မင်း သားSeptember 25, 20101min671
ကျနော်ဒီ နေရာ လေးကို နှစ်သက်နေပါပြီ။ ကျနော်က အရင်ကတည်းက စာဖတ်နည်းသူ တစ်ယောက်ပါ။ ဒီနေရာ လေးရောက်မှဘဲ post တွေ comments တွေ အသဲ အသန် လိုက်ဖတ်ဖြစ်ပါတယ်။ စာ လဲ မရေးတတ်ရေးတတ်နဲ့ ရေးပါသေးတယ်။ ဒီနေရာ လေးက ကျနော်ကို ပျော်ရွှင်စေပါတယ်။ ကျနော်ကတော့  စာဖတ် အားသန်တဲ့သူမဟုတ်ပါဘူး။ စာဖတ်လိုက် comments လေးပေးလိုက်နဲ့ ကျနော် ကျေနပ်နေပါတယ်။ ဒီနေရာလေးက ကျနော်အတွတ် ပေါ့ပေါ့ပါးပါး ရှိတယ်။ ကျနော် ဒီနေရာလေးကို စရောက်လာတာက ကျနော်မှ ရည်ရွယ်ချက်ရှိတယ်။ ကျနော်က စကားနည်းသူတစ်ယောက် မြန်မာစကားကို  မြန်မာတွေနားမလည်အောင် မြန်မာလိုပြောတတ်တဲ့သူပါ။ ဒါကြောင့် ကျနော် ကိုယ့်ကိုကိုပြင်ဖို့ ကျနော် စဉ်းစားတယ်။ စာဖတ်မယ်ပေါ့။ ဒါလဲ သိပ်အဆင်မပြေဘူးဗျ […]


ရွှေ မင်း သားSeptember 22, 20101min562
ကျနော် ဒီနေ့ လုပ်ငန်းသုံးပစ္စည်းများဝယ်ရန် ဈေးချိုသို့ သွားခဲ့သည်။ ဘယ်ဆိုင်တွင် ဝယ်ရမည်မသိ ။ ဟိုဆိုင်ကောင်းနိုးနိုး ဒီဆိုင်ကောင်းနိုးနိုး ဖြင့် အကဲ ခက်နေမိသည်။ ဒါလိုနဲ့ ကျနော်လဲ လူစီတဲ့ ဆိုင်တစ်ဆိုင်ကို ဝင်ရန် ဆုံးဖြတ်လိုက်သည်။ ဆိုင်တွင်းသို့ ရောက်သော် ကျနော်လဲ လိုချင်သော ပစ္စည်းကို လှမ်းမေးလိုက်သည်။ ဆိုင်ထဲ မှလူတစ်ယောက်ထွတ်လာပြီး ကျနော်ကို ခဏစောင့် ပေးရန်ပြောသည်။ ဟိုဘက်ဂိုဒေါင်တွင် သွားယူရမည်ဖြစ်သော ကြောင့် ကျနော်ကို ထိုင်စရာ နေရာ ချပေးသည်။ ကျနော်လဲ စိတ်မြန်သူဖြစ်သဖြင့် အောင့်အီးပြီ မသက်မသာဖြင့် ထိုင်စောင့် နေရသည်။ ဆိုင်တွင်လူကျနေသောကြောင့် ကျနော်ကို သက်သက် ထိုင်စောင့် ခိုင်းသလားဟု တောင်ထင်မိသည်။ ဆိုင်တွင်ထိုင်နေတုန်း ကျနော်ရှေ့မှ ဝယ်နေသော ဈေးဝယ် တစ်ယောက်ကို ကျနော်သတိထားမိလိုက်သည်။ […]


ရွှေ မင်း သားSeptember 16, 20101min875
တီဗီလာသော မျက်လှည့်ပြခွက်လေးကို စိတ်ဝင်တစားကြည့်နေမိပါသည်။ ကျနော်နှင့် အတူ အိမ်ရှိလူကုန်အားလုံး ထိုင်ကြည့် နေကြသည်။ တီဗီကြည့် နေသော အိမ်ရှိလူကုန်အားလုံးမှာ မျက်လှည့်ဆရာ၏ ပြခွက်တွင် မျှောပါသွားအောင်ပင် အသံများတိတ်လို့ ပေါ့။ စိတ်ဝင်စားနေကြသည်မှာ အားလုံးက ငါတို့ကို ဒီမျက်လှည့်ဆရာ ဘာများညာတော့မလဲပေါ့။ ဘယ်လိုများငါတို့ကို လိမ်တော့မလဲပေါ့။ စိတ်ဝင်တစားကြည့် နေကြသည်။ မိမိ ကို လိမ်တော့မည့် မျက်လှည့်ဆရာကို စိတ်ဝင်တစား အားပေးနေကြသည်။ ကျနော်အပါအဝင်ပေါ့။ အတွေးတခု ဖြတ်ခနဲ ပေါ်လာခဲ့သည်။ အဲဒါကတော့ ကိုယ့် ကိုလိမ်မည့် ဟာကို အသည်းအသံ စိတ်ဝင်တစားအားပေးခဲ့ သော ကိုယ့်ကိုကိုယ် ပင်ပြန်၍စဉ်းစားမိသည်။ လူတိုင်းပဲ ကိုယ်ကိုလိမ်မည်ကိုသိသိကြီးနှင့် စိတ်ဝင်စားနေကြသလားပေါ့။ မျက်လှည့်ဆရာ ကတော့ တမျိုးပြီးတမျိုး လုပ်ပြလို့ပေါ့ ။ တနည်းပြောရရင် တမျိုးပြီး တမျိုးလိမ်နေလို့ပေါ့။ […]