ကျော်ဘသစ်November 13, 20121min1092
Be Proactive ကိုယ့်လုပ် ကိုယ်စံ၊ ကိုယ့်တာဝန် လူတွေဟာ ပင်ကိုယ်သဘာဝအရ လွတ်လပ်စွာ ပြုလုပ်ဖန်တီးသူဘဝ ရထားကြပေမယ့် ပတ်ဝန်းကျင်လောကရဲ့ လူမှုရေးအတွေးအမြင်တွေ၊ ပြဌာန်းခံဝါဒတွေ လွှမ်းမိုးခံရတဲ့အခါ သဘာဝကနေ ယိမ့်ယိုင်သွေးဖယ် သွားကြပါတယ်။ အပြဌာန်းခံအမြင်ရှိတဲ့ ပတ်ဝန်းကျင်လောကနဲ့ မှန်တစ်ချပ်လို အပြန်အလှန် ရောင်ပြန်ဟပ်ကြရင်း ကိုယ်တိုင်လည်း မှန်တစ်ချပ်လို ဖြစ်သွားပြီး လွတ်လပ်မှုကနေ ထွက်ပြေးဖို့ ကြိုးစားကြပါတော့တယ်။ အဲဒီက စလို့ လူတစ်ချို့ဟာ ဖန်တီးသူအဖြစ်ကနေ တုန့်ပြန်သူအဖြစ် စုတေ၊ ထိုးစစ်ဆင်ဘဝကနေ ခံစစ်ပြင်ဘဝ ဈာန်လျှောကျ၊ လောကကြီးကို အပြစ်ပုံချ၊ ကိုယ်တာဝန်ကိုယ်ကျတော့ မယူဆိုတဲ့ အကျင့်ဆိုးတွေ နိုးထလာရတော့တာပါပဲ။ အဲဒီလိုအကျင့်ဆိုးတွေ ပူးဝင်ခံရတဲ့လူတွေဟာ အခုလိုမျိုးစကားတွေ ပြောလေ့ရှိပါတယ်။ -ကျွန်တော်မှာက ကျွန်တော့်အဘိုးရဲ့ဗီဇ ပါလာတယ်လေ၊ ကျွန်တော့် အဘိုးကလည်း လူရိုးလူအ၊ ဒါကြောင့် ကျွန်တော်အလှည့်မှာလည်း […]


ကျော်ဘသစ်November 12, 20121min981
အတွေးအမြင်နဲ့ အကျင့် ………………………….. ညနေ ရုံးဆင်း၊ ဘတ်စကားပေါ်မှာ ခရီးသည်တွေ ကြိတ်ကြိတ်တိုးနေတဲ့ချိန်။ ကျွန်တော်က ဘတ်စကားရှ့ပိုင်းဘက် အသာတိုး၊ လက်ကိုင်တန်းလေးကို တင်းတင်းစွဲပြီး ကပ်ကပ်ညပ်ညပ် လိုက်ပါလာတယ်။ ကားကြပ်လို့ မောပြီး ဟနေရတဲ့အထဲ မြင်ရတဲ့ရှုခင်းကပါ ဒေါကို သစေတယ်။ ကျွန်တော်နဲ့ မလှမ်းမကမ်း သံဃာတော်များခုံမှာ မိန့်မိန့်ကြီး ထိုင်လိုက်လာတဲ့ ခပ်ရိုင်းရိုင်းငနဲကြောင့်ပါပဲ။ သူ့ဟာသူ စောစောတက်၊ စောစောထိုင်ခုံရလို့ သူ့ဟာသူ ထိုင်တာကို ဘာမှ မပြောလိုပေမယ့် သူ့အနားကပ်ပြီး ဝါကြီးကြီးသံဃာ လာရပ်လည်း ပြုံးပဲပြပြီး ထမပေး၊ အသက်ခြောက်ဆယ်ကျော် အဘွားကြီးလာရပ်လည်း အထုပ်ကလေး ကူယူပေးတာကလွဲလို့ နေရာဖယ်ပေးဖို့ စိတ်မကူး၊ ဗိုက်ကြီးသည်တစ်ယောက် တက်လာတော့လည်း တစ်ခြားတစ်ယောက်ကသာ နေရာပေးလိုက်ရ၊ သူကတော့ ဖင်ကြွဖို့ နည်းနည်းမှ မစဉ်းစားဘူး။ ကျွန်တော့်မှာ ဘေးကနေ […]


ကျော်ဘသစ်November 10, 20121min1215
အကျင့်သံသရာ …………………………… “ကျုပ်တို့ဆိုတာ ကျုပ်တို့ အထပ်ထပ်လုပ်နေတဲ့အရာ၊ ကျုပ်တို့ အထပ်ထပ်လုပ်နေတဲ့အကျင့်”လို့ ဆိုကရေးတီးက ဆိုပါတယ်။ ဆိုကရေးတီးအဆိုနဲ့ ခင်ဆင်ဆင် အင်္ဂလိပ်ကဗျာတစ်ပုဒ်ကလည်း “ပထမ ငါတို့က အကျင့်တွေကို စလုပ်၊ နောက်ပိုင်းတော့ အကျင့်တွေက ငါတိုတို့ကို ပြန်လုပ်”လို့ ဆိုထားရဲ့။ ဗုဒ္ဓဝါဒ အယူအဆတစ်ခုမှာတော့ “မသိနိုးနားနဲ့ လွန်ကျူးမူတွေ လုပ်တယ်၊ အဲဒီ့လွန်ကျူးမူတွေက ကိုယ်နှုတ်စိတ်အင်္ဂါတွေထဲ စိမ့်ဝင်၊ အကျင့်တွေပါသွားတယ်၊ ရလာတဲ့ အရသာကို ခန္ဓာကိုယ်က ဆာလောင်တယ်၊ နောက်တစ်ခါ ထပ်လုပ်ဖို့ ကြိုးစားတယ်၊ အကျင့်တွေ ထပ်ပါ၊ ဒီလိုနဲ့ လူပေါ်မှာ အမူအကျင့်တွေ သံသရာလည်နေတယ်”လို့ ရှင်းပြပါတယ်။ အကျင့်ဟူသမျှ ကြီးကြီး ငယ်ငယ်၊ ဝင်ပူးသွားမိရင် လူနဲ့အကျင့်၊ အကျင့်နဲ့လူ ခွဲခြားမရ၊ တစ်သားတည်း ဖြစ်သွားကြတယ်လို့ ဆိုလိုချင်ပုံပါပဲ။ ဒါဆိုရင် […]


ကျော်ဘသစ်November 6, 20121min1609
အကျင့်  = အဆင့် …………………… “အကျင့်” လူတိုင်းရင်းနှီးတဲ့ စကားလုံးပါပဲ။ လူတိုင်းနဲ့ သိပ်မရင်းနှီးတာက အဲဒီ့အကျင့်ရဲ့ တစ်ဘဝတာ သက်ရောက်မှုပါ။ တိတ်တိတ်ပုန်း ခိုကပ်လိုက်ပါနေတဲ့ အဲဒီ့အကျင့်ရဲ့ မောင်းနှင်မှုအားကိုပါ။ တကယ်တော့ လူတစ်ယောက် ဘာဆိုတာကို အဆုံးဖြတ်ပေးတာ တစ်ခြားလူတွေမဟုတ်၊ သူ့မှာရှိတဲ့ အဲဒီ့အကျင့်တွေပါပဲ။ လူဖျင်းလူညံ့လား လူကောင်းလူတော်လား၊ ထုံထိုင်းသူလား ထက်မြက်သူလား၊ အလကားလူလား အရည်အချင်းရှိသူလား၊ လူ့ချဉ်ဖတ်လား လေးစားစရာလူလား၊ သုံးမရသူလား ကိုယ်ရည်ကိုယ်သွေးပြည့်သူလား၊ လူယုတ်မာလား အကြင်နာတရား ရှိသူလား။ အဲဒီအကျင့်က လူတစ်ယောက်ကို အောင်မြင်အောင်လုပ်တယ်၊ ကျရှုံးအောင်လုပ်တယ်။ ဂုဏ်သရေရှိအောင်လုပ်တယ်၊ ကျက်သရေမဲ့အောင်လုပ်တယ်၊ ဘဝခရီး ဖြောင့်ဖြူးအောင် ကူညီတယ်၊ ဘဝလမ်း ကြမ်းတမ်းအောင် ကျိန်စာတိုက်တယ်။ စီးပွားရေးမှာ၊ လူမှုရေးမှာ၊ အိမ်ထောင်ရေးမှာ၊ နေ့စဉ်ဖြတ်သန်းနေရတဲ့ လောကပတ်ဝန်းကျင်မှာ လူတစ်ယောက်မှာရှိထားတဲ့ အကျင့်တွေက […]


ကျော်ဘသစ်November 6, 20121min1308
ငါ ဘယ်သူလဲ စကားထာ ……………………………………………. ငါဟာ မင်းရဲ့  ဆိုးတူကောင်းဖက် မင်းဘဝခရီးအတွက် အကူအညီကောင်း ဒါမှမဟုတ် မင်းထမ်းသွားကောင်းသွားရမယ့် ဝန်ထုပ်ဝန်ပိုး မင်းကို မိုးပေါ် မြှင့်တင်ပေးမယ့်သူဟာ ငါ ဒါမှမဟုတ် မင်းကို အောက်ဆုံးထိ ဆွဲချမယ့်သူလည်း ငါ ငါဆိုတာ မင်းရဲ့အမိန့်ပေးမှုအောက်မှာ မင်းတစ်ဝက်လုပ်ပြီးတဲ့အခါ ကျန်တာအားလုံး ငါ့တာဝန်။ မင်းကသာ ငါ့ကို ကပ်ထား ငါဆိုတာကို အလွယ်တကူ စီမံသွားလို့ ရရဲ့ မင်း ဘာဖြစ်ချင်တယ်ဆိုတာ နမူနာ တင်ပြ ငါ့က အလိုလို ဆက်လုပ်သွားရမယ့်သူ ငါဟာ အောင်မြင်သူအားလုံးရဲ့ အလုပ်အကျွေး ပြီး ကျရှုံးသူတွေရဲ့ ကျေးကျွန်လည်း ဖြစ်တယ် အောင်မြင်မှုတွေအတွက် ငါဟာ သော့ချက် ကျရှုံးသူတွေအတွက်တော့ ငါက လက်သည်။ ငါဟာ စက်ယန္တယားတော့မဟုတ် […]


ကျော်ဘသစ်November 5, 20121min45128
မင်္ဂလာပါခင်ဗျာ…. (မြို့ပတ်ရထားပေါ်မှာ  လျှက်ဆားရောင်းတော့မယ့် လေသံမျိုးဖြစ်နေရင် ခွင့်လွှတ်ကြပါ။ ကျွန်တော်က လျှက်စားရောင်းမလို့ မဟုတ်ပါဘူး။ မိတ်ဆက်မလို့ပါ။) ကျွန်တော် မန္တလေးဂေဇက်ရဲ့ ပရိသတ်ဖြစ်နေခဲ့တာ ကြာပါပြီ။ ကိုယ်တိုင် ဝင်မရေးဖြစ်၊ ကွန်မန့်မပေးဖြစ်ပေမယ့် နေ့တိုင်းနီးပါး ထိုင်ဖတ်လာခဲ့တာ တစ်နှစ်ကျော် ရှိပါပြီ။ ဒီအထဲက လူတော်တော်များများရဲ့ စာတွေနဲ့ ရင်းနှီးနေခဲ့၊ သူတို့အမြင်၊ သူတို့အတွေး၊ သူတို့ရပ်တည်ချက်တွေကို တိတ်တိတ်လေး ဝေဖန်ဆန်းစစ်၊ သင်ကြား၊ အတုယူ လုပ်နေခဲ့တာလည်း ကြာခဲ့ပြီ။ အထူးသဖြင့်တော့ ဒီက သူကြီးလို့ အများခေါ်ကြတဲ့ ဦးခိုင်ဆိုတဲ့ပုဂ္ဂိုလ်ကြီးကိုလည်း စိတ်ထဲက လေးလေးစားစား ဖြစ်နေခဲ့မိတာလည်း ဒီဖိုရမ်ကို ပထမဆုံး လာဖတ်ဖြစ်တည်းက ဆိုပါတော့။ (ဒီဖိုရမ်မလာခင်က မိတ္တဗလဋီကာ စာအုပ်ကို ကြေညက်အောင် ဖတ်လာခဲ့ပါတယ်၊ အီကား စကားချပ်)။ ပြောလိုတာက အခု ဒီဖိုရမ်မှာ […]