kyaw swarJuly 4, 20121min801
ကျွန်တော်တို့ အဲ့ဒိနေ့ မနက်၉နာရီလောက် ဘိုကလေးမှစထွက်လာရာ လမ်းမှာ တလမ်းလုံး အလောင်းတွေမြင်လို့မကောင်းဘူး မနက်၁ဝ နာရီခွဲ လောက်မှာ စက်စုရွာကိုရောက်တယ် စက်စုတရွာလုံး လဲ ပျက်စီးနြေပြီး ကျွန်တော်မိတ်ဆွေ ကိုခင်သိန်းတို့အိမ်ရောက်တော့ သူမရှိဘူး သူ့သား အကြီးကောင်နဲ့ မကျင်မြိုင်ကျွန်း သွားတာ အခုအချိန်ထိ ပြန်မလာသေး ဘူး ဆိုပြီး သူ့ဇနီးက ငိုကာပြောရှာတယ် ကျွန်တော်လဲ ပါလာတဲ့ခေါက်ဆွဲ ခြောက် ၁ဝထုပ်ပေးပြီးဆက် ထွက်လာတယ် ၁၁နာရီလောက် ငါးပြေမ ကံဆိပ် ရောက်တော့ရွာထဲ ကဖွားအေ ဆီကိုအပြေး သွားပြီး ကြည့်တော့ အိမ်ကတော့ တရွာလုံးလိုလို ပျက်ကြတာပဲ အသေအပြောက်တော့မရှ် ကြဘူးတဲ့ အဖွားကြီးတခါထဲခေါ် ပြီး ရေကျော်တိုးကိုဆက်သွားတယ် လမ်းမှာအလောင်းတွေမြင်မကောင်းဘူး တလမ်းလုံး ဝါးလုံးနဲ့ထိုး သွားရတယ် တချို့တွေဆို မိသားစုလိုက် လက်တွေကိုကြိုးလေးတွေနဲ့ချီလို့ […]


kyaw swarJuly 4, 20121min1439
ဒီအကြောင်း ကိုဆက်ရေးပါဦးမယ် ကျွန်တော်ဆီမှာ ကော်ကော် မကောင်းတာ လေးငါးရက်လောက်ရှိပြီ ဒါ့ကြောင့် ရွာ ထဲတောင် မရောက်တာ ကြာပြီ တရက်နှစ်ရက်လောက်စောင့်ပါဦးလို့


kyaw swarJune 25, 20121min1164
၂၀၀၈ခုနှစ် မေလ ၂ရက် နေ့ ထိုနေ့သည် ကျွန်တော် တို့၏ဘဝများစွာ ကို ရက်စက် စွာနင်းချေဖျက် စီးခဲ့သော သမိုင်းဝင် နေ့ တနေ့ ဖြစ်ခဲ့ သည် ထိုနေ့က နံနက် ပိုင်းနေသာ ပြီး လောကတခုလုံးသည် သူ၏ပုံမှန်ဖြတ်သန်းနေကျ နေ့တနေ့ဖြစ်ခဲ့သည် နံနက်ပိုင်း  လဘက်ရေလေးသောက်ပြီး အလုပ်သို့သွားသည် အဲ့သည့်အချိန်ထိ အေးအေးဆေးဆေးပင် နေ့ခင်း တစ်နာရီလောက်တွင် သတင်းစရသည် အောက်ဖင်မှာ မုန်တိုင်ဝင်နေပြီ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင် ပါတယ်ဆိုတာတောင် အေးဆေး ပဲဆိုပြီး နေကြသေးတယ် အိမ်က အမေက တောမှာ ရစရာရှိတာလေးတွေသွားတောင်းမယ်ဆိုပြီး ဆင်းသွားတယ် အဖေကအလုပ် ရှိလို့မြို မှာနေခဲ့တယ် ဒါပေမယ့် သတင်းကြားလို့လိုက်ခေါ်တယ် မရဘူး ဘာမှမဖြစ်ပါဘူး ဆို ပြီးဆင်းသွားတာ အဲ့လိုနဲ့ ညနေဆောင်းတော့ကျွန်တော်လဲ […]


kyaw swarJune 24, 20121min865
ကျွန်တော်တို့မြန်မာနိုင်ငံမှာ စိုက်ပျိုုရေးအဓိကနိုင်ငံဖြစ်ပါတယ် ဆန်စပါး-ပြောင်း မြေပဲ ကြံ စသည်ဖြင့် မျိုးစုံစိုက်ပျိုးပြီး ဆန်စပါးမှာအဓိကဖြစ်ပါသည် ငှင်းဆန် စပါးကို ကျွန်တော်တို့ဧရာဝတီတိုင်းမှအဓိက ထွက်ရှိပါတယ် ထွက်ရှိသောဆန်စပါးစိုက်ပျိုသူဦးကြီးများမှာယခုအခါ ကြွေးသံသရာတွင်နစ်မြောနေပါသည် အဓိကကြွေးတင်ရခြင်းမှာ နာဂစ်မုန်တိုင်း ဖြစ်သောနှစ်မှစသည်ဟုပြောရပါမည် ၂၀၀၈ခုနှစ် မေလ ၂ ရက်နေ့ည ဧရာဝတီသားတို့ ဘဝပေါင်းများစွာ အသက်ပေါင်းများစွာ ကို တညတည်းနှင့် ရက်စက်စွာ နင်းခြေသွားခဲ့ပါ သည် အဲ့ဒိ အချိန် မှ စပြီး တနှစ်လယ်ယာမြေများ ဆားငံရေထောက်ပြီးလုံးဝ စိုက်ပျိုးလို့မရ နောက် ၂၀၀၉ခုနှစ် ဂဏန်းများ ဖျက်စီးသဖြင့် တခါ ထက်မရ နောက် ၂၀၁ဝ ခုနှစ် တွင်ကြွက်များ အုပ်စုလိုက် ဖျက်စီးပြီး နောက်နှစ်များတွင်လဲအဆင်မပြေကြပေ စိုက်ဘဏ်မှ စိုက်ပျိုးငွေ ထုတ်ပေးသော်လည်း ပိုလို့သာကြွေူတင် ဒီကြာ ထဲ […]


kyaw swarJune 22, 20121min24930
ဘ မင်္ဂလာပါခင်ဗျာ ကျွန်တော် ကတော့ ဧရာဝတီတိုင်း သား ဖြစ်ပါတယ် ဒီဆိုက်ကိုတော်တော် သဘောကျ ပါတယ် အားလုံး ကချစ်ချစ်ခင်ခင်နဲ့ညီ ကြပါတယ် ဟို ကုလားမပါဘူးနော် ကျွန်တော်စာတွေကိုလဲ ဝေဖန် လေကန်ပေးကြပါလို့ ဖိတ်ခေါ်ပါတယ်  အားလုံးကိုကျေးဇူးတင်ပါတယ်