kyawmonkhantNovember 17, 20101min914
အိမ်နီးနားချင်းနိုင်ငံတွေကပိုက်ဆံတွေဆိုရင် တော်တော်လေးသပ်သပ်ရပ်ရပ်ရှိပါတယ်။ (တရုပ် ထိုင်း စင်္ကာပူ မလေးတို့ကိုဆိုလိုပါသည်။ တခြားပိုက်ဆံတွေကိုတော့ မတွေ့ဘူးလို့ မသိပါ) နောက်ပီး သူတို့ နိုင်ငံတွေမှာဆို အကြွေစေ့ကအစ သုံးလို့ရနေတာ။ ပတ္တာအိတ် သေးသေးလေးထဲမှာ ဂဏန်းနဲနဲ ပိုက်ဆံရွက်ရေ နဲနဲနဲ့ ထိထိရောက်ရောက် တန်ဖိုးရှိရှိ သုံးလို့ရတာ သယ်ဆောင်ရတာလဲ ပေါ့ပေါ့ပါးပါးနဲ့ အလွန်ကို ကောင်းတဲ့ အချက်တွေပါ။ နောက်ပြီး ပိုက်ဆံ အကြွေစေ့လေးတွေပါ သုံးလို့ရတော့ စက္ကူလိုမဟုတ်ဘဲ အပျက်အစီးလဲ သက်သာတာပေါ့။ အရွက်တွေကျတော့လဲ ပလပ်စတစ်နဲ့လုပ်တဲ့ဟာတွေပါ သုံးနေတော့ တော်တော်သပ်ရပ်ပါတယ်။ ကိုယ့်ဆီမှာ ဖြစ်ပျက်နေတဲ့ အကြွေရှားပါးတာ စုတ်ပြတ်သတ်နေတဲ့ ပိုက်ဆံတွေ ဒါတွေကို ဖြေရှင်းလို့မရတော့ဘူးလား။ စီးပွါးရေးမကောင်းလို့ ငွေဖောင်းပွတာ စသည်ဖြင့် ပြောချင်ပြောကြမယ်။ ဒါပေမဲ့ ဒါတွေကို စီးပွါးရေးကောင်းကောင်း မကောင်းကောင်း ပြင်ချင်တယ်ဆိုရင် ပြင်လို့ရပါတယ်။ […]


kyawmonkhantNovember 17, 20101min18114
ီနေ့ မန္တလေးဂေဇက်မှာ ဆူးရဲ့ ပိုက်ဆံမသစ်ရင် လက်မခံတဲ့ ရိုးမဘဏ်ဆိုတဲ့ ပို့စ်လေးဖတ်ပီး လွန်ခဲ့တဲ့ ၁ဝ လကျော်လောက်က ကျနော်ရေးထားပြီး ဘယ်သူ့ကိုမှ ပေးမဖတ်ရသေးတဲ့ ကျနော့ စိတ်ကူးလေးကို မျှဝေချင်တာနဲ့ ဒီပို့စ်လေးကို တင်ဖြစ်တာပါ။ ကျနော်ကတော့ ငွေကြေးနဲ့ပတ်သက်တဲ့ ပညာရှင်တစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ယနေ့ ကျနော်တိုင်နိုင်ငံမှာ နေ့စဉ်လိုလို ကြုံတွေ့နေရတဲ့ ငွေကြေးနဲ့ပတ်သက်တဲ့ စိတ်အနှောက်အယှက်ဖြစ်စရာလေးတွေကို ဘယ်လို ဖြေရှင်းနိုင်မလဲဆိုတာ စဉ်းစားကြည့် မိတာပါ။ ဘယ်သူမဆို မိမိငွေကြေးကို တန်းဖိုးရှိရှိ ထိထိရောက်ရောက် အလေအလွင့်မရှိအောင် သုံးချင်ကြပါတယ်။ ဈေးဝယ်တဲ့ အခါ ကြုံတွေ့ရတဲ့ အကြွေမရှိလို့ ပြန်အမ်းတဲ့ သကြားလုံး တစ်ရှူး ဘောလ်ပင် စသည့် မိမိတို့ မလိုချင်သော မလိုအပ်သော ပစ္စည်းများကို မလိုချင်ဘဲ လက်ခံရပါတယ်။ ပြန်အမ်းနိုင်ရင်လဲ […]


kyawmonkhantAugust 14, 20101min965
မေးလ်ထဲရောက်လာလို့ တဆင့် မျှဝေခြင်းဖြစ်ပါသည်။ ကင်ဆာရောဂါအတွက် “ထူးတဲ့အာလူး“ > > ယနေ့ဂျပန်နိုင်ငံမှာ ဓါတ်စာဖျော်ရည်တစ်မျိုး ခေတ်စားနေပါသည်။ လူအများ > စိတ်ဝင်စားလာအောင် စတင်ဖော်ထုတ် ဆော် ဩခဲ့သူကတော့ ဂျပန်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး > အရှင် တိုမီဇာဝ ဖြစ်ပါတယ်။ ထင်ပေါ်ကျော်ကြားလာတဲ့ ဓါတ်စာဖျော်ရည် ကတော့ > “အာလူးစိမ်း“ ဖျော်ရည်ပဲဖြစ်ပါတယ် ။ > > ဂျပန်နိုင်ငံမှာ အာလူးစိမ်းဖျော်ရည်ကြောင့် ရောဂါ သက်သာပျောက်ကင်းသွားရတဲ့ > လူနာတွေ ၊ လူနာရှင်တွေဆီက ကျေးဇူး တင်ကြောင်း ပလူပျံသလိုရောက်လာတဲ့စာတွေ > အရှင်တိုမီဇာဝ လက်ခံရရှိခဲ့ပါတယ် ။ > ဆရာတော်က “ ဒီနှစ်ထဲမှာ ကင်ဆာအများအပြားဟာ အာလူးစိမ်းဓါတ်စာ ကို > မှီဝဲခဲ့ကြပြီး […]