တစ်နေ့…ဟုတ်တယ်…ဇန္နဝါရီလရဲ့ တစ်နေ့မှာပေါ့..စနေနေ့ပါ ကျုပ်စက်ရုံမှာအလုပ်တွေရှုပ်နေတုန်း….ကျုပ်ရဲ့ ဟမ်းဖုန်းကထမြည်ပါတယ်… နံပါတ်ကြည့်လိုက်တော့ အစိမ်းသက်သက်..ဒါနဲ့ပဲ ဖုန်းဖြေလိုက်ပါတယ်… “ဟဲလို…အမိန့်ရှိပါခင်ဗျာ” “အကိုလားဟင်……” “………………………………” ကျုပ်အကြီးအကျယ်အံ့ဩသွားပြီး…ဘာပြန်ဖြေရမှန်းမသိဖြစ်သွားတယ်… ၂ရ နှစ်လောက်ကြာခဲ့ပေမဲ့ ကျုပ်ဒီ “အကို” ဆိုတဲ့အသံကို မှတ်ကျက်မိနေတာကိုလည်း ကိုယ့်ကိုကိုယ် အံ့ဩသွားတယ်…. “မေ…မေ…မေ ……..     ဟုတ်လားဟင်” “ဟုတ်ပါတယ်အကို…မေ ရန်ကုန်လာဖြစ်တုန်း မင်္ဂလာဒုံမှာ ကိုမောင်စိန်နဲ့တွေ့တယ် သူ့ဆီက အကို့ဖုန်းရလို့ လှမ်းဆက်ကြည့်တာပါ..” `ဝမ်းသာလိုက်တာ..မေရယ်…မေ နေကောင်းတယ်မဟုတ်လားဟင်´ `ကောင်းပါတယ်အကို…မေတို့တွေ အသက်တွေလည်း ကြီးနေကြပြီ… ဘယ်နေ့သေမယ်မသိ….မသေခင် အကို့ကိုတော့ တစ်ခါလောက် တွေ့သွားချင်တယ် လေ…ဆိုပြီး ဖုန်းဆက်လိုက်တာပါ..´ `အော်..မေရယ်…ကိုယ်ကလည်းတွေ့ချင်နေတာပါ…ခု မေ ဘယ်မှာတည်းလဲဟင်´ `မေ ရွှေတိဂုံ အရှေ့ဖက်မုခ် နားမှာနေတဲ့ အမလေးအိမ်မှာတည်းတယ် အကို´ `ဘယ်နေ့ ပြန်မှာလည်း  ဟင်..´ `တနင်္ဂနွေနေ့ ပြန်ရမယ်အကို´ `ဒါဆို […]


အားလုံးမင်္ဂလာပါဗျာ…စာမရေးဖြစ်တာတောင်တော်တော်ကြာပေါ့… အခုလည်း စာရေးမလို့မဟုတ်ပါဘူး…မျှဝေချင်တာလေးရှိလို့ပါ… ကျုပ်က အင်္ဂလိပ်စာ သိပ်မကျွမ်းပါဘူး…rice eat, water drink လောက်တတ်တာပါ ဒါပေမဲ့ တလောက ကျုပ်ဆရာတစ်ယောက်က အင်မတန်စိတ်ဝင်စားစရာကောင်းတဲ့ အင်္ဂလိပ်စာအကြောင်းလေးရှယ်ပေးလာပါတယ်…လေ့လာနိုင်အောင်ပေါ့…. ကျုပ်ရဲ့ဆရာသမားကတော့  ဒီလိုညွှန်းထားပါတယ်…. “Below is a very interesting article that has described the peculiar side of English language and the words that are used to emphasize the meaning and the relationship between two words when put together. Also see the different […]


Normal 0 false false false MicrosoftInternetExplorer4 /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin:0in; mso-para-margin-bottom:.0001pt; mso-pagination:widow-orphan; font-size:10.0pt; font-family:”Times New Roman”; mso-ansi-language:#0400; mso-fareast-language:#0400; mso-bidi-language:#0400;} ဒီနေ့နေ့ခင်း စိတ်ထဲ ပေါ့ပါးလတ်ဆတ် ပြီး မြူးနေမိတယ်… ဘာရယ်တော့မဟုတ်…နေ့ရွှေ့ ညရွှေ့ နဲ့ ထားခဲ့တဲ့ အလုပ်ကြွေးတစ်ခုရှောရှောရှု ရှု ပီးသွားလို့ပါ…ဒီအတွက်လည်းကျေးဇူးတင်ထိုက်သူ ဂဇက်ရွာသား တစ်ယောက်နဲ့ ဂဇက်ရွာသူတစ်ယောက်တို့ကို ကျေးဇူးဥပကာရတင်ရှိပါကြောင်းလေးလေးနက်နက်ပြောချင်လို့ ဒီစာကိုရေးလိုက်တာပါ… ပြီးသွားတယ်..ဆိုတဲ့အလုပ်က ပါတ်စ်ပို့ သက်တမ်းတိုးတဲ့ အလုပ်ပါ… တိုးမယ်..တိုးမယ်နဲ့ ရက်ရွှေ့လာတာ..ဒီနေ့မှတိုးဖြစ်သွားပါတယ်… သက်တမ်းက […]


  ဂဇက် ရွာသူား…အဲ..အဲ…မြို့သူမြို့သားအပေါင်းသူတော်ကောင်းတို့….မင်္ဂလာပါဗျာ ကျုပ် က ဂဇက် မြို့သူသားအပေါင်း ဖတ်ရှုခံစားပြီး တွေးတော သင်ခန်းစာ (မိမိရှုမြင်တဲ့ ဒေါင့်ကနေ)ယူချင်သလိုယူနိုင်ရန်အတွက်နဲ့…အခုတလော မိသားစု ပြသနာလေးတွေချည်းဆုံကြုံနေရသမို့ ဒီစာစုလေးတွေရေးဖြစ်တာပါ….     ဒီတစ်ခေါက် ပြောပြချင်တဲ့ အကြောင်းလေ်းကတော့ ကျုပ်ရဲ့ ညီ `အတူး´အကြောင်းလေးပါ… သူကတော့ ကျုပ်တို့ ညီကိုမောင်နှမတွေထဲမှာ…နံပါတ် ၆ ညီတော်မောင်ပါပဲ…ကျုပ်က နံပါတ် ၄ ပါ ။ သူငယ်ငယ်က အရမ်းချစ်ဖို့ကောင်းပါတယ်…ကျုပ် အရင်နေ့ကတင်တဲ့ ပို့စ်က မောင်နှမတွေပုံမှာ ဒီကောင်က ညာအစွန်က မှုံကုတ်ကုတ်၊ ပါးဖေါင်းဖေါင်း နဲ့ ချာတိတ်ပေါ့… အခုနေအခါ သူ့သတင်းကြားလို့  ဒေါသထွက်စရာပေါ်လာရင်. .အဲဒီဓါတ်ပုံဟောင်းလေးထုတ်ကြည့်လိုက်ရင်..ကျုပ်ဒေါသတွေ စိုးရိမ်မှုတွေပြေသွားတတ်တယ်ဗျ….. သူ့ကို မွေးတော့ တုတ်တုတ်ခဲခဲနဲ့ တကဲ့ချစ်စရာကြီးဗျာ…ကျုပ်ဆိုသူ့ကို အရမ်းချစ်တာ… သူ့ကျောင်းနာမည်က တခြားပါ…ဒါပေမဲ့ […]


Normal 0 false false false MicrosoftInternetExplorer4 /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin:0in; mso-para-margin-bottom:.0001pt; mso-pagination:widow-orphan; font-size:10.0pt; font-family:”Times New Roman”; mso-fareast-font-family:”Times New Roman”; mso-ansi-language:#0400; mso-fareast-language:#0400; mso-bidi-language:#0400;} ပီးခဲ့တဲ့အပါတ် ပိတ်ရက်က မရောက်တာကြာတဲ့ မင်္ဂလာဒုံက အမေတို့အိမ်အလည်သွားဖြစ်ခဲ့ပါတယ်…အိမ်မှာ အမေနဲ့ ထိုင်စကားကောင်းနေတုန်း ဘိုသီဘတ်သီနဲ့ အမျိုးသမီးတစ်ယောက် ကလေးငယ်ပေစုတ်စုတ်လေးတစ်ယောက်ကိုလက်ဆွဲလို့ ဝင်လာပါတယ်..ကလေးကပိန်ညှော်ညှော်..နှပ်တွဲလောင်းနဲ့ သေချာကြည့်လိုက်တော့မှ မတွေ့တာကြာပြီဖြစ်တဲ့ ကျုပ်ညီမငယ်ဖြစ်နေပါတယ်…အိုစာတဲ့ ရုပ်ရည်နဲ့ အဝတ်အစား နွမ်းဖတ်ဖတ်နဲ့…မြင်ရတာစိတ်မကောင်းစရာ.. ကျုပ်လည်းအမေတို့အိမ်သာရောက်ဖြစ်တာ…အိမ်ခွဲနေတဲ့ ညီ၊ ညီမတွေအိမ်တော့ မရောက်ဖြစ်ပါဘူး…အခုလိုအမေ့အိမ်လာရင်းတိုက်ဆိုင်မှသာတွေ့ဖြစ်ပါတယ်… […]


  မင်္ဂလာပါမြို့သူားအပေါင်းသူတော်ကောင်းတို့… ယနေ့ (၂၀၁၄ခုနှစ် ဇန္နဝါရီလ ၁၂ ရက်နေ့) သည်ကား တတိယအကြိမ်မြောက် မန်းဂဇက်ချစ်သူများစာပေဆု၊ ဂဇက်ကဗျာချစ်သူများကဗျာဆု ပေးပွဲနှင့် မြန်မာ့ဂဇက်မြို့သူားများတွေ့ဆုံပွဲကြီး ပျော်ပျော်ရွှင်ရွှင်နဲ့အောင်မြင်စွာကျင်းပပြီးခဲ့လေပြီ…. ကျုပ်ရဲ့ လေးလံနေသောရင်လည်းပေါ့ပါးသွားရလေပြီတကား… လူကလည်းထင်ထားသည်ထက်စုံညီခဲ့ကြပါ၏… နာမည်ကြီးကဗျာဆရာ ကိုစောဝေ (နန်းတော်ရာသူ၏ဦးလေး) က တူမတော်၏ဆုကို ကိုယ်စားတက်ယူပေးရင်း..“ရန်ကုန်” ဆိုသောကဗျာကို အသံနေအသံထားမှန်မှန်ဖြင့် ရွတ်ဆိုပြခဲ့ရာ…နားထောင်ရင်း..ကြက်သီးမွှေးညှင်းများပင်ထခဲ့ရေပေ၏တကား… အမှတ်တရဗွီနိုင်းတွင်လည်း“စာပေကို ကျယ်ပြောပြန့်ကားတယ်ဆိုတာသတ္တိပါ”..ဟု မှတ်ချက်ပေးခဲ့သည်…မြန်မာ့ဂဇက်ကိုလည်း စာပေကို ကျယ်ပြောပြန့်ကားစေသဖြင့် လေးစားဂုဏ်ယူကြောင်းပြောကြားခဲ့သေး၏…ထိုဆရာကြောင့်ပင်  တွေ့ဆုံပွဲနှင့်ဆုပေးပွဲမှာ ပို၍ခန်းနားသိုက်မြိုက်ခဲ့ရလေသည်မဟုတ်ပါလား… ဤရွေ့ ဤမျှဆိုလျှင်ပင် ပွဲ၏ရုပ်လုံးပေါ်လောက်ပေပြီ… ရှေ့ဆက်မည့်အနာဂါတ်ခရီးအတွက်လည်း…ဆက်လက်ဦးဆောင်ချီတက်မည့် မျိုးဆက်သစ်များကိုအားကိုးပြီး နောက်ပိုင်းမှတတ်အားသ၍ ကူညီဝိုုင်းဝန်းသွားလိုလှပါသည်။   ဓါတ်ပုံအချို့(မမပို့စ်တွင်မပါသေးသည်များ) တင်ပေးလိုက်ပါ၏…ကင်မရာ၏ နာရီတိုက်မထားမိခဲ့၍ အချိန်လွဲနေသည်ကိုတော့ ခွေးလွှတ်ကြပါကုန်… အားလုံးကိုလေးစားခင်မင်လျှက် ကြီးမိုက်။             […]


၂၀၁၄ နှစ်သစ်မှာ ရွာသူရွာသားအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်ဝပြီး စိတ်သွားတိုင်းကိုယ်ပါ လိုရာဆန္ဒများနဲ့ ပြည့်ဝကြပါစေကြောင်း ဆုမွန်တောင်းလိုက်ပါတယ်ဗျာ…. အင်း..ဘာလိုလိုနဲ့ အသက်က တစ်နေ့ထက်တစ်နေ့ ကြီးလာတော့…မှတ်ဉာဏ်တွေလည်းသိပ်မကောင်း အရေးထဲ..ပင်စင်ကမယူနိုင်သေးတော့ နေ့စဉ်အလုပ်ကလည်း မိုးလင်း၊မိုးချုပ်သွားနေရသေး….အသက်ကြီးမှအိမ်ထောင်ကျတော့ လူကအိုလှပြီ..သားသမီးတွေက ငယ်ငယ်လေးတွေ…(အူးကျောက်စ် တွေ့ရမဲ့ဒုက္ခတွေပေါ့) အတူတွဲသွားရင် မသိသူတချို့က မြေးအဖိုးတွေ လမ်းလျှောက်ကြတယ်ထင်တာ.. တစ်ခါကပေါ့..ကျုပ်ကားစုတ်လေး ဓါတ်ဆီသွားဖြည့်တော့…ကျုပ်ကကားပေါ်က.. သားက ဆီဆိုင်ရောက်တော့ ပိုက်ဆံလေးကိုင်၊ ကောင်တာပြေးပြီး ဆီဘောက်ချာသွားဖြတ်၊ ပီးတော့ပြန်ပြေးလာပြီး..ဘောက်ချာကို ပန့်ကိုင်ကိုပေး..ပေးရင်းနဲ့ သူကပြောလိုက်သေး.. `ဦး..ဆီပြည့်ပြည့် ထည့်နော်´ တဲ့…သားက ၃နှစ်ပဲရှိသေးတာ…အဲဒီတော့ ပန့်ကိုင်တဲ့ ဘိုးတော်(ကျုပ်လောက်ရှိပါတယ်ဗျာ)က..`ဟာ..အဘမြေးလေးကလိမ္မာလိုက်တာ´တဲ့… တောက်စ်..သေရော ကားဆီဖြည့်ပြီးလို့ သားကားပေါ်ပြန်တက်လာတော့…ရယ်ပြီးကျုပ်ကိုပြောတယ်… `ဖေကြီးကို ဒါကြောင့်ပြောတာ…ဆံပင်ဆေးဆိုးပါလို့´… ဟီး..ဟုတ်သားပဲ ကျုပ်ဆံပင်တွေကလည်း ၈၀%လောက်ဖြူနေပြီကိုး…`အေးပါသားရယ်´လို့ပဲ ကျုပ်ပြန်ပြောရင်း..ရယ်နေလိုက်တယ်….. အဲဒီလို အိုကြီးအိုမ မိသားစုအရေးနဲ့ အလုပ်ရှုပ်နေသူ ကျုပ်ဆိုတဲ့ `ကြီးမိုက်´ ကို […]


`ဟဲလို …ဟယ်လို…တက်စတင်…ဝမ်း..တူး..သရီး´ `ဟဲလို …ဟယ်လို…တက်စတင်…ဝမ်း..တူး..သရီး´ `ဟဲလို …ဟယ်လို…တက်စတင်…ဝမ်း..တူး..သရီး´   `ဟေ့ကောင်..ရွှေတိုက်…မင်းမိုက်က ဘယ်လိုလဲကွ ဘာအသံမှမထွက်ဘူး…တောက်စ်..´ `အော်…ဦးမိ်ုက်..ခနလေး..ခနလေး..ကျနော်စစ်ကြည့်လိုက်အုံးမယ်´ မန်းဂဇက် ချစ်သူများစာပေဆု ပေးပွဲနဲ့ ရွာသူ ရွာသားများ တွေ့ဆုံပွဲ ကျင်းပနေတာပါ `အုတ်ကထ´ လို့ အတင်းရော အဓမ္မရော တင်မျှောက်ခံထားရတဲ့ သနားစရာ ကြီးမိုက်ခမြာ စင်ပေါ်တက်ပြီး ကိုးရိုး ကားရား တွေဖြစ်လို့ ချွေးတလုံးလုံးနဲ့ လူရုပ်မပေါက် ဒေါသတွေထွက်လျှက်ရှိပါတယ်…   `ဟေ့ကောင် ရွှေတိုက်…တော်တော့ကွာ…မင်းရဲ့ မိုက်တွေ အသံချဲ့စက်တွေ ထားလိုက်တော့…ငါ့အသံက ရိုးရိုးပြောရင်တောင် တစ်ကမ္ဘာလုံးကြားပါတယ်ကွ..´ `မင်း အခမ်းးအနားဖွင့်လှစ်ကြောင်းဖင်ပိတ်ပီးသာ ဒီအတိုင်းအော်ပီး ကြေငြာလိုက်တော့´ တကယ်တော့..ဒီနေ့က ၂၀၁၃ခုနှစ် စက်တင်ဘာလအတွင်း တင်ခဲ့သမျှ ပို့စ်တွေထဲက မန်းဂဇက်ချစ်သူများစာပေဆု ရွေးချယ်မဲ့ `ဖတ်ရွေး´အဖွဲ့ ရဲ့ အကြိုက်ဆုံး ပို့စ်ကို […]


ဖတ်ရွေး…တဲ့ ဖတ်ပြီး…ကြိုက်တာရွေးတာပေါ့ ဇကာတင်ထဲအရွေးခံရတော့လည်း စာရေးသူတွေအနေနဲ့ ဝမ်းသာစိတ်လှုပ်ရှားပြီး… ရင်ခုန်ရတာပေါ့…နော ဘယ်သူများရမလဲပေါ့… တစ်လတာအတွက်အကြိုက်ဆုံးဆုအဖြစ် အရွေးခံရပြန်တော့လည်းပီတိတွေဖြစ်ရ….ဝမ်းသာဂုဏ်ယူကြပေါ့… ဒီလိုနဲ့ပဲ..၆လ ကြာပြန်တော့ ဆုရထားသူတွေကို ဆုပေးဖို့ရယ် ဂဇက်ရွာသူားတွေတွေ့ဆုံဖို့ရယ် ..လုံးပမ်းကြပြီး အခုဆိုနှစ်ကြိမ်တိုင်တိုင်..တွေ့ဆုံပွဲနဲ့ မန်းဂဇက်ချစ်သူများစာပေဆုပေးပွဲကိုလည်း အောင်မြင်စွာကျင်းပနိုင်ခဲ့ကြပြီးပါပြီ… ပထမအကြိမ် တွေ့ဆုံပွဲ မလုပ်ခင် တိုင်ပင်ကြကတည်းက ဆုရစာမူတွေကို ပုံနှိပ်ထုတ်ဝေဖို့ စတင်ကြံစီခဲ့ပါသေးဗျာ… ဒါကြောင့်ပါပဲ..ဆုရစာမူတွေအကုန် ဟတ်ဒ် ကော်ပီနဲ့ပရင့်ထုတ်လို့ ရဲဘော်ဘလက်ချောကြီးက လူအားငွေအားစိုက်ထုတ်ပြီး ဆရာဦးအောင်သင်းထံ မှတ်ချက်ကွန်မင့်ယူရန်ပို့ခဲ့ပါသေးသကောဗျာ… ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့်မလုပ်ဖြစ်ခဲ့ပါဘူး…. ဒုတိယအကြိမ် တွေ့ဆုံပွဲအတွက်စီစဉ်ကြတော့…ဘယ်လိုမှထင်မထားသူ ရွာသူ `Green Rose´ က ရုပ်တရက် လူအားရောငွေအားပါအိပ်စိုက်ပြီး စီစဉ်လိုက်တော့ မန်းဂဇက်သမိုင်းဝင် စာတစ်အုပ်…အဟုတ်ထွက်ပေါ်လာခဲ့ပါလေရောဗျာ… ` Green Rose ´ကိုတစ်ရွာလုံးကိုယ်စား ကျေးဇူးအကြီးကြီးတင်ပါကြောင်း ဒီနေရာက မှတ်တမ်းပြုပါရစေ။ အဲ…နဲနဲကြာလာပြန်တော့……. ရွာသူရွာသားလူငယ် ပညာတတ်(ဖတ်ရွေးအဖွဲ့ဝင်) […]


မင်္ဂလာပါ ရွာသူရွာသားအပေါင်း သူတော်ကောင်းတို့… ယနေ့သည်ကား မန္တလေးဂေဇက်ဝက်ဆိုက် ကြီးအတွက် အင်မတန်မှ မင်္ဂလာရှိလှသောနေ့ ကြီးတစ်နေ့ ဖြစ်ပေတော့သည် အဘယ့်ကြောင့်နည်းဟူမူကား… ကျုပ်ဆိုတဲ့ ကြီးမိုက် ကဗျာတစ်ပုဒ် နဲ့ ရွာကိုဝင်ခဲ့သောကြောင့်ပင် ဖြစ်လေတော့သည်တမုံ့ ကိုင်း..ကိုင်း ..ဖတ်ကြည့်တော်မူကြပါအုံးအရပ်ကတို့…. – – – – – တခါတုန်းက ဤ ရွာမ မှာ ရွာ၏လူကောင်း၊ လူဟောင်းများစွာ လူသစ်ပါဝင် ရွာထဲဝင်ကြ ရွာစည်လှ၍ သူကပို့စ်တင် ကိုယ်ကခင်နှင့် ကွန်မန့်တွေပေး ပျော်ကြသေးတော့ ဒီလိုမြင်ကွင်း မြင်ရခြင်းကြောင့် ကျုပ်၏ရင်ဝယ် ပီတိလှိုင်းခတ် ငတ်ခဲ့သည့် အချစ် ပြန်ရဘိသို့ ။   ဒီမှာသဂျီး  ဒီရွာကြီးဟာ သင်၏ရွာပါ  ဒါပေသော်ငြား ရွာဆိုသည်မှာ လူသူမရှိ တိတ်ဆိတ်ဘိငြား တစပြင်အလား ဖြစ်နေငြားက […]


ကြီးမိုက်တစ်ယောက် အကြီးအကျယ်ကို စဉ်းစားတယ်…ရွာအကြောင်းပေါ့ဗျာ… လူဟောင်းတွေဘယ်ရောက်နေလဲပေါ့…ဘာလို့ရွာတိတ်ဆိပ်လာတာလဲပေါ့.. ဂဇက်လူခြေတိတ်လာတဲ့ကိစ္စဟာ…ကျုပ်စဉ်းစားမိသလောက်… ၁။ အရင်ကလူများစုဟာ အင်တာနက်ကိုရုံးမှာအလစ်သုံးရင်သုံး မဟုတ်ရင် ကိုယ်ပိုင်အချိန်မှာ နီးစပ်ရာအင်တာနက်ဆိုင်မှာ ပိုက်ဆံပေးသုံး…ခဲ့ကြရတာပါ ၂။ အခုတော့ လက်ကိုင်ဖုန်းဆိုတာ ဆိုက်ကားသမားလောက်တောင်ကိုင်နေနိုင်တာ၊ အင်တာနက်ကို ပါအလွယ်တကူ လက်ကိုင်ဖုန်းနဲ့သုံးနေနိုင်လာတော့ အင်တာနက်ဆိုင်ဘယ်သူမှ တကူးတကမသွားကြတော့ပါဘူး (ကျုပ်သူငယ်ချင်း အင်တာနက်ဆိုင်ဖွင့်ပီး လုပ်စားနေတဲ့သူတောင် နားကားနေပီ) ဖုန်းအင်တာနက်မှာကလည်း လိုင်းသိပ်မကောင်းပေမဲ့…သစ်ထူးလွင်လိုဝက်ဆိုဒ်မျိုး ဖေ့စ်ဘုတ်လိုမျိုးကတော့ ဖွင့်လို့ပြုလို့လွယ်ပါတယ်…အဲ…အဓိကကတော့ အင်တာနက်လိုင်းတွေ မကောင်းတဲ့ကြားမှာ..ကျန်တာတွေဖွင့်ရပေမဲ့ ကျုပ်တို့ချစ်တဲ့ မန်းဂဇက်ကတော့ဖွင့်မရပါဘူး…အံ့ဘွယ်သုတ ကျုပ်ဖုန်းဆို  ဂဇက်ဖွင့်ရသေးတယ်…ဒါပေမဲ့ လော့အင်ဝင်လို့  မရပါဗျာ.. ဆိုတော့ ဂဇက်ရွာထဲ ဝင်ဖတ်ရင်တော့ဖတ်ကြလိမ့်မယ်..ကွန်မင့်ပေးဖို့တော့ ခက်ခဲသွားပါတယ်။ဒါဟာလည်းလူတွေနည်းစေတာပဲ။     ၃။ တစ်ခါတလေ အင်မတန်ကောင်းနေတဲ့ ရုံးကလိုင်းတောင်..ကျန်ဝက်ဆိုဒ်တွေဖွင့်ရပြီး ဂဇက်ကျတော့ ပရော်ဘလန်လုတ်ဒင်း ဖြစ်နေပြန်ရော(သဂျီးစဉ်းစားဘွယ်) Firefox can’t find the server […]


Normal 0 false false false MicrosoftInternetExplorer4 /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin:0in; mso-para-margin-bottom:.0001pt; mso-pagination:widow-orphan; font-size:10.0pt; font-family:”Times New Roman”; mso-ansi-language:#0400; mso-fareast-language:#0400; mso-bidi-language:#0400;} ဘဝသစ်မှာအချစ်စစ်နဲ့ ထောင်တွင်းရှိ စိုက်ခင်းတွင် ဖားသက်ပြင်း အလုပ်များလျှက်ရှိသည်။ ထိုအခိုက်တွင်ထောင်အရာရှိတစ်ဦးရောက်လာပြီး ဖားသက်ပြင်းအားရုံးခန်းဆီသို့ခေါ်ဆောင်သွားလေသည်။ ရုံခန်းထဲအရောက်တွင် ထောင်ပိုင်ကြီး ဦးကျောက်ခဲမှ အရေးကြီးသောစာရွက်တစ်ရွက်ပေးသည်။ ဖားသက်ပြင်းအားထောင်မှလွှတ်လိုက်ပြီဟု အသိပေးသောစာ။ ဖားသက်ပြင်းသည် ပျော်ရွှင်ဟန်လည်းမပြ၊ စိတ်ဝင်စားဟန်လည်းမပြပဲ စာရွက်ကိုယူသည်။ အမှန်တော့  သူ လေးနှစ်တိတိထောင်ထဲတွင်နေရမည်ဖြစ်သည်။ အခုသူရောက်ခဲ့သည်မှာ ဆယ်လမျှရှိခဲ့ပြီ။ အမှန်အားဖြင့်သူ ထောင်ကျတိုင်း […]


      ဘဝတစ်ခုအစပြု… When I was born… ကျုပ်ကို မွေးတော့ တိုင်းပြည်ကခပ်ယဲ့ယဲ့ မုန်တိုင်းကထန်ထန် သေနတ်သံတွေညံနေတဲ့အချိန်ပေါ့ အော်..မွေးကတည်းက စစ်နဲ့ရင်းနီးခဲ့ရပေသကိုး   ကျုပ်အထက်ကိုကြည့် တွက်စစ် လိုက်တော့.. အစ်မ အစ်ကိုတွေ တွေ့ လိုက်ရဲ့ ဘုရား..ဘုရား..ဘုရား.. ကျုပ်ကနံပါတ်လေး..ဆိုပါလား တရုတ်အလိုအရ `လေး´ ဆိုတဲ့ `ဖိုး´ သေမျိုးချည်းတဲ့..မသေတောင် ဘဝမှာ မအောင်မြင်နိုင်ဘူးဆိုပဲ.. မဟာဘုတ် ကိုတွက်ကြည့်ပါလား `ပုတိဖွား´ အခုသိသွားပလား       ဟုတ်လည်းဟုတ်နိုင်ရဲ့ ကျုပ်ခမြာ မွေးကတည်းက ထိန်းလို့မရ သွားရည်တွေကျ သိပ်ဝတဲ့ကျုပ် လည်ပင်းနဲ့ရင်ဘတ်စွန်း သွားရည်စား အသားနီလန် ဒုက္ခတွေ ငယ်ငယ်နဲ့ ခံနေရလေရဲ့… ဘယ်လိုမှမဖြစ်စေရ …ကျုပ်အဖေဒီလိုတွေး… နားလည်တဲ့ တရုတ်အဖိုးအို […]