may flowersMay 22, 20121min16416
ဒီအဖြစ်အပျက်လေးဟာလည်း တစ်ကယ့်အဖြစ်အပျက်လေးတစ်ခုကို ပိုစ့်အဖြစ်ရေးသားတင်ပြလိုက်ခြင်းသာဖြစ်ပါတယ်။  ရွာနံမည်နဲ့ လူနံမည်တွေကို တော့ချန်သင့်တာ ချန်ပြီးလွှဲသင့်တာ  လွှဲရေးထားပါတယ်။ကာယကံရှင် မိသားစုတွေဟာလည်း ယခုထက်တိုင် သက်ရှိထင်ရှား  ရှိနေကြပါ သေးတဲ့ အကြောင်းအရာလေးမို့ပါ။   အဖြစ်အပျက်စတင်ရာ ရွာလေးဟာ ပဲခူးရိုးမရဲ့ တောင်ခြေလောက်မှာတည်ရှိပြီး ရန်ကုန် တိုင်းရဲ့မထင်မရှားရွာသိမ်ရွာမွှားလေး တစ်ခုအဖြစ်ရွာနံမည်ပြောရင်တောင်ဘယ်သူမှ မသိနိုင်လောက်တဲ့ ရွာလေးပါ။ အဲဒီရွာလေးမှာ အိမ်ခြေတစ်ရာသာသာလောက်သာ ရှိပါတယ်။ ရွာလေးဟာရွာတန်းရှည်လေးဖြစ်ပြီး ရွာရဲ့အဝင်ဝမှာ ရွာဦးဘုန်းကြီးကျောင်း နဲ့ မူလတန်းကျောင်းလေးကို မြင်ရမှာပါ။ ရွာရဲ့အရှေ့ဘက်မှာတော့ ရှုမဆုံးနိုင်လောက်တဲ့ လယ်ကွင်းပြင်ကြီးနဲ့  ရွာရဲ့အနောက်ဘက်မှာတော့ရှေးလူကြီးသူမတွေရဲ့  ရွာအတွက် ရည်မှန်းပြီး အမြှော်အမြင်ကြီးစွာဖြင့် တူးဖော်ခဲ့တဲ့ ရေကန်ကြီးရှိပါတယ်။ မိုးရာသီမှာတော့ အဲဒီကန်ကြီးကိုဘယ်သူမှ အသုံးမပြုကြပေမဲ့ နွေရာသီ ရေ ခမ်းချိန်ဆိုရင်တော့ အဲဒီကန်ကြီးဟာ တစ်ရွာလုံးရဲ့အားထားရာပါ။ ရွာထဲမှာလိုအပ်တဲ့ သောက်ရေသုံးရေကအစ လို့ ကျွဲ၊နွားတွေအတွက် သောက်ရေပါမကျန် […]


may flowersMay 21, 20121min16811
မင်းတုန်းမင်းကြီးလက်ထက်က ထင်ရှားတော်မူခဲ့တဲ့ သင်္ဂဇာဆရာတော်နဲ့ အင်္ဂလိပ်သံ အရာရှိတို့ရဲ့ဘာသာရေးအမေးအဖြေလေးက မှတ်သားစရာ မို့ရွာသားတွေအတွက်ဝေမျှှ ပေးလိုက်ပါတယ်။  မသိသေးသူများအတွက်  ဝေမျှုခြင်းမို့ သိပြီးသူများသီးခံကြပါနော်။   ဒီလိုပါ  မင်းတုန်းမင်းကြီးလက်ထက်တော်အခါက အင်္ဂလိပ်သံအရာရှိ (ဖယ်ယာ) သည် မင်းတုန်းမင်းကြီးထံသို့ လာရောက်ပြီး မင်းကြီးကိုလျှောက်ထားပါတယ်တဲ့။ ”ကျွန်တော်မျိုး သည်…အရှင်မင်းကြီးတို့ ဗုဒ္ဓဘာသာတော်ကျမ်းမှာ ရှိတဲ့ဘဝင်မကျတဲ့ အကြောင်းအရာလေးတစ်ခုကို..စုံစမ်းမေးမြန်ချင်ပါတယ်လို့” လျှောက်ပါတယ်။ မင်းကြီးကလည်း  ဒီလိုဆိုရင်တော့စကားအရာမှာ ကြွယ်ဝပြီး ဉာဏ်ပညာနဲ့ပြည့်စုံတဲ့ သင်္ဂဇာဆရာတော်ဘုရားကသာ ဒီလိုအဖြေမျိုးကိုဖြေဆိုဖို့သင့်တော်မယ်လို့ကြံပြီး ”ကောင်းပါပြီ..သံအမတ်ကြီး၊ မနက်ညီလာခံအချိန်မှာ နန်းတော်ကိုလာခဲ့ပါလို့” ဖိတ်လိုက်ပါတယ်။   ထို့နောက်မင်းကြီးလည်း သင်္ဂဇာဆရာကိုကိုပင့်လျှောက်စေဟု မင်းချင်းတွေကိုစေ လွှတ်တော်မူပါတယ်။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။   မနက်ညီလာခံကို ဝင်ချိန်မှာတော့ အင်္ဂလိပ်သံတမန်တွေဟာ မင်းကြီးကိုဆက်သဖို့ မှန် ပြောင်းတစ်ခုကို ယူလာခဲ့ပါတယ်။  သင်္ဂဇာဆရာတော်လည်း   နန်းတော်ကိုကြွလာပါ တယ်။ ပြီးတော့မှာ အင်္ဂလိပ်သံတမန်ဘက်ကို […]


may flowersMay 19, 20121min22526
ဒီအကြောင်းကလည်း ကျွှန်မအသိဦးလေးတစ်ယောက်ပြောပြခဲ့တဲ့ဖြစ်ရပ်မှန်လေးပါပဲ။ ကဲကြောက်တတ်သူများမဖတ်ပါနဲ့နော်။   အဲဒီဦးလေးငယ်ငယ်က စစ်တပ်တစ်တပ်မှာ တပ်ကြပ်တစ်ဦးအဖြစ်တာဝန်ထမ်းဆောင် ရင်းကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်လေးပါတဲ့။  သူတို့တပ်က ရန်ကုန်တိုင်းအတွင်းမှာပဲ တည်ရှိတဲ့တပ်ပါတဲ့။ အဲဒီအချိန်က သူကအိမ်ထောင်မကျသေးတဲ့ လူပျိုတစ်ယောက် ပါ ။  သူ့အလုပ်က တပ်သက်သာချောင်ချိရေးအတွက်မွေးထားတဲ့ ကြက်ခြံမှာတာဝန် ကျပါတယ်။ အဲဒီ ကြက်ခြံမှ ညအိပ်ညနေ အခြောက်အလှန့်ကြမ်းတာမို့ဘယ်သူမှမ နေဝံ့ကြပါဘူးတဲ့။ အဲဒီဦးလေးကတော့ ဘာသာလည်းဘာသာခြားဖြစ်ပြီး အကြောက် အရွံ့လည်း မရှိ၊ လူပျိုလူလွတ်တစ်ယောက်လည်းဖြစ်တာကြောင့် ကြက်ခြံမှာပဲနေပြီး ကြက်ခြံမှာပဲအိပ်ပါသတဲ့။ ကြက်ခြံထဲမှာ ဒီဦးလေးမရောက်ခင်က အိမ်ထောင်သည်တပ် ကြပ်တစ်ယောက်နေထိုင်သွားခဲ့ပါတယ်။  အဲဒီတပ်ကြပ်ရဲ့ မိန်းမလေးဟာ မီးမဖွားနိုင် လို့ကြက်ခြံတွင်းမှာပဲ သေဆုံးသွားခဲ့ပြီးမကျွတ်မလွတ်ပဲ ရှိနေတယ်ဆိုပြီး နံမည်ကြီးပါ တယ်တဲ့။ အဲဒီသေဆုံးသွားတဲ့ အမျိုးသမီးလေးနံမည်က မချိုလို့ခေါ်ကြပါတယ်။   ဦးလေးက ပြောပါတယ်။သူဒီကိုစရောက်တဲ့ည ကစပြီး  ညတိုင်းညတိုင်း  ညလယ် လောက်ဆို […]


may flowersMay 18, 20121min16112
သရဲအကြောင်းပိုစ့်လေးတွေဖတ်ရတော့ ကိုယ်လည်းပြောချင်လာတယ်။ ကိုယ်ကိုတိုင် ကြုံခဲ့ရတဲ့ အကြောင်းတော့မဟုတ်ပါဘူး။ ကျွှန်မရဲ့ဘကြီးတစ်ယောက်ရဲ့အကြောင်းပါ။ သူကသရဲလုံးဝမကြောက်တတ်တာ ဒါပေမဲ့သရဲကလည်းသူ့ကိုဆိုတော်တော်ခြောက်ပါ တယ်။ ခဏခဏခြောက်ခံထိပေမဲ့ တစ်ခါမှကြောက်တယ်ဆိုတာမရှိပါဘူး။ သူက သရဲ ဆိုတာ လူတွေထက်အဆင့်နိမ့်တဲ့ ဘုံဘဝတစ်ခုအဖြစ်ခံယူထားသူပါ။ တောရွာတွေမှာက အင်းလေလံဆိုတာရှိပါတယ်။ ရွာမှာရှိတဲ့အင်းတွေ အိုင်တွေကို ရွာလူကြီးတွေက  အင်းသူကြီးတွေဆီမှာ လေလံအဖြစ်ရောင်းကြပါတယ်။ လေလံ အောင်ပြီးသားအင်းဆိုရင် ဘယ်သူမှငါးဖမ်းလို့မရတော့ပါဘူး။ ဖမ်းရင်ထောင်ဒဏ်အပြင် ငွေဒဏ်ပါပေးရဆိုပဲ။ဒါပေမဲ့ အဲဒီဘကြီးက အင်းလေလံဆွဲတယ်ဆိုတဲ့ဟာကိုမကျေနပ် ပါဘူး။ ဘိုးဘွားမိဘတွေလက်ထက်ထဲက လွတ်လွတ်လပ်လပ်လုပ်ကိုင်ဖမ်းစားလာတဲ့ အင်းကို လေလံဆွဲပြီးရောင်းစားတာကိုမတရားဘူးလို့ထင်ပေမဲ့ ဘာမှမတတ်နိုင်ပဲလက် ပိုက်ကြည့်နေရတာပါ။ လူတွေအမြင်မှာတော့အေးဆေးကြည့်နေပေမဲ့ ညဘက်တွေမှာ တော့ဘယ်သူမှမသိအောင်ငါးသွားသွားမျှားပါတယ်။  သူကပြောသေးတယ် ငါ  ငါးမျှား တာ ခိုးတာမဟုတ်ဘူးတဲ့ တစ်ရွာလုံးနဲ့ဆိုင်တဲ့ အင်းမို့မျှားတာ တဲ့။ ဒီလိုနဲ့ တစ်နေ့ငါးမျှားနေတုံး  မနက်နှစ်နာရီလောက်ကျတော့ ဘကြီးခံတွင်းချဉ်လာပါ တယ်။ ဒါနဲ့ဆေးလိပ်သောက်မယ်ဆိုပြီး ဆေးပေါ့လိပ်ကိုထုပ်ပြီး  […]


may flowersMay 8, 20121min824
မိနှင်းလေးရဲ့ အော်ခေါ်သံကြားတာနဲ့ မနွဲ့လည်း ကြောက်အားလန့်အားနဲ့တွင်းပေါ်ကိုပြေးတက် လာပါတယ်။ မိနှင်းလေးက လက်ထဲမှာဖမ်းကိုင်ထားတဲ့ နွားလားဥသဘလေး နှစ်ကောင်ရဲ့ချိုတွေကို လွှတ်လိုက်တယ်ဆိုရင်ပဲ ကျောက်နွားလေးနှစ်ကောင်ဟာတွင်းထဲကိုခုန်ဝင်သွားပါတယ်။ တစ်ပြိုင်နက်ထဲ မှာပဲ ကျယ်လောင်တဲ့တော်လည်းသံကြီးများ ကြောက်ခမန်းလိလိကြားလာပြီးတော့ မနွဲ့တူးယူစုတင်ထား တဲ့မြေစိုင်မြေခဲတွေဟာလဲ တွင်းထဲကိုအလိုလိုလှိမ့်ဆင်းကျလာပြီး မြေတွင်းကြီးဟာလည်း ပကတိအတိုင်း ပြန်ဖြစ်သွားပါသတဲ့။ ကောင်းကင်ပြင်ကြီးဟာလည်း မဲမှောင်လာတာကြောင့် မနွဲ့လည်းကြောက်အားလန့် အားနဲ့မိနှင်းလေးလက်ကိုဆွဲပြီး သူမြေတွင်းကိုစတူးစဉ်က  ရရှိထားတဲ့အိုးလေး သုံးလုံးကို အယောင်ယောင်အမှားမှားနဲ့ ပိုက်ပြီး ပြေးထွက်လာခဲ့ရတာပေါ့။ လမ်းမှာသူတို့ရှိရာကို တကြော်ကြော်အော် ခေါ်ရင်းလိုက်လာကြတဲ့ သားနဲ့သမီးကိုလည်းတွေ့တာကြောင့် တစ်ပါထဲခေါ်ပြီး သားအမိလေးယောက် သားရွာကို  အပြေးလေးပြန်လာခဲ့ကြပါတော့တယ်။   အိမ်ကိုရောက်ချိန်မှာတော့ အကြွေးသွားတောင်းခိုင်းတာမသွားပဲ လိုက်လာကြတဲ့သားနဲ့သမီးကို မနွဲ့ ဆူတာပေါ့လေ။ ဒီတော့သားကြီးငကောင်းကလည်း လူတစ်ယောက်နဲ့တွေ့တဲ့ အကြောင်းနဲ့ အဲဒီလူရဲ့ပြော စကားနဲ့ အမေတို့ဆီလိုက်လာဖြစ်တဲ့အကြောင်းကို ပြန်ရှင်းပြပါတယ်တဲ့။ မနွဲ့လည်းသူမလွှတ်လိုက်တဲ့ သူကဘာလို့ ကလေးတွေကိုပြန်လာဖို့သွားပြောရတာလဲ […]


may flowersMay 6, 20123min1489
ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး ကျန်းမာရေးကြောင့် ရာထူးမှ နှုတ်ထွက်သွားပြီပာုု Reuters သတင်းဌာန၏ သတင်းအရ သိရှိရသည်။စင်္ကာပူ နိုင်ငံမှ ဆေးကုသခံယူပြီးအပြန် ကျန်းမာရေးအကြောင်းပြချက်ဖြင့် ရာထူးမှ အနားယူလို ကြောင်း မေလ ( ၃ ) ရက်နေ့ကထဲက..သက်ဆိုင်ရာသို့တင်ထားကြောင်းလည်း သိရပါသည်။ Myanmar’s Vice President Tin Aung Myint Oo sprinkles fragrant water at a plaque during the opening ceremony of a children’s hospital in Yangon March 13, 2011.Credit: Reuters/Soe Zeya Tun YANGON (Reuters) – A […]


may flowersMay 3, 20121min905
ရွာသချင်္ိုင်းကို  ကျော်လာပြီး တောထဲအနည်းငယ်ဝင်ရောက်လာချိန်   တစ်နေရာအရောက်မှာတော့ မိနှင်းလေးက  လှည့်ပတ်ကြည့်နေပြီး  “အမေ..အမေ ဒီနေရာကိုတူး…မြန်မြန်တူးနော်….မြန်မြန် ” လို့ပြောလိုက်ပါတယ်။  ပြီးတော့မိနှင်းလေးက  တုတ်တစ် ချောင်းကို ကောက်ကိုင်လိုက်ပြီးစည်းတစ်ခုကို အမြန်ဝိုင်းလိုက်ပါတယ်။  အဲဒီတော့မနွဲ့လည်း မိနှင်း စကားအတိုင်း အမြန်တူးတော့တာပေါ့လေ။ တောသူတောင်သားလဲဖြစ်ပြန် ပြီးတော့ဒီအလုပ်တွေက ကိုယ်တိုင်လဲလုပ်နေကျအလုပ်တွေဖြစ်နေပြန်တဲ့အပြင်  လောဘဆိုတဲ့စိတ်ကလဲရှိနေပြန်တော့ ပင် ပန်းတယ် မောတယ်တောင်  မရှိပါဘူးတဲ့။  တူးလိုက်တာမြန်သလားမမေးနဲ့  ခဏလေးနဲ့ဒူးသာသာ လောက်အနက်ကို ရောက်လာတာပေါ့လေ။ အဲ ဒူးသာသာလောက် အနက်ရောက်လာချိန်မှာတော့ သုံးပေသာသာလောက်သာရှိတဲ့  ကျောက်နွားလေး ၂ ကောင် ရုတ်တရက်မြေကြီးထဲက ခုန်ထွက် လာပါတယ်။ အဲဒီနွားလားဥသဘလေး ၂ ကောင်က မနွဲ့ကိုဝှေ့မလို့ပြင်ပြီး ပြေးလာပါတယ်။  ဘာ ပြောကောင်းမလဲ  မနွဲ့ခမျာကြောက်လွန်းလို့ဒူးတွေတောင်တုန်လို့ပါပဲ။  ဟုတ်တယ်လေ ရိုးရိုးနွားဆို ကြောက်စရာ  ပြောစရာမရှိပေမဲ့  ခုထွက်လာတာက ကျောက်သားနဲ့လုပ်ထားတဲ့ […]


may flowersMay 2, 20121min764
မကြာသေးခင်က သီရိလင်္ကာနိုင်ငံတွင် ကြက်မတစ်ကောင်သည် ဥ,ဥခြင်းမဟုတ်ဘဲ ကြက်ငယ်တစ်ကောင်ကို အကောင်လိုက်မွေးဖွားခဲ့ကြောင်း သိရသည်။ ပုံမှန်အားဖြင့် ဥများကို ဥချပြီးမှ အပြင်ဘက်၌ အနွေးဓာတ်ပေးခြင်း သို့မဟုတ်ကြက်မက ဝပ်ခြင်းအားဖြင့် အကောင်ပေါက်လာသော်လည်း ယခု ကြက်ကလေးကိုမူ အကောင်လိုက်မွေးဖွားခဲ့ခြင်းဖြစ်သည်။ အပြင်ဘက်တွင် ၂၁ ရက်ကြာဝပ်ပြီးမှ အကောင်ပေါက်သော်လည်း ယခုကြက်ကလေးသည် ထူးဆန်းစွာ အကောင်လိုက်မွေးလာခြင်းဖြစ်သည်။ မွေးလာသည့်ကြက်ကလေးမှာ ကျန်းမာ သန်စွမ်းပြီး ကိုယ်လက်အင်္ဂါစုံလင်ကာအသက်ရှင်ခဲ့သော်လည်း သူ့အား မွေးဖွားခဲ့သည့် ကြက်မကြီးမှာမူ အတွင်းပိုင်းဒဏ်ရာရရှိပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။ ကြက်ပိုင်ရှင် လယ်သမားသည် အဆိုပါ ဖြစ်ရပ်ဆန်းကို သက်ဆိုင်ရာအာဏာပိုင်များထံသို့ အကြောင်းကြားခဲ့ပြီး တိရစ္ဆာန်ဆေးကုသရေးနှင့် မွေးမြူရေးဆိုင်ရာ အာဏာပိုင်များက ကြက်မကြီးအား ရင်ခွဲကာ စစ်ဆေးမှုများပြုလုပ်ခဲ့သည်။ ပါကစ္စတန်နိုင်ငံ ဝေလီပါဒါမြို့မှ တိရစ္ဆာန်ဆေးကု ဆရာဝန်ပီအာယာပါက ယင်းကဲ့သို့သော အဖြစ်မိုျးကို သူ့အနေဖြင့် တစ်ကြိမ်သာ […]


may flowersMay 2, 20121min1158
ဒီအဖြစ်အပျက်လေးကတော့  တော်တော်ကြာခဲ့ပါပြီ။ တိတိကျကျလေး ပြောရရင်တော့လွန်ခဲ့တဲ့ နှစ် ၇ဝ လောက်ကအဖြစ်အပျက်လေးပါ။ ဒီအဖြစ်လေးကို စတင်ခဲ့တဲ့ ရွာလေးကတော့ ပဲခူးရိုးမနဲ့အနီးမှာတည်ရှိပြီး  ရန်ကုန်တိုင်းတွင်းမှာရှိပေမဲ့ ပဲခူးမြို့နယ်နဲ့ ပိုမိုနီးစပ်တဲ့  အိမ်ခြေတစ်ရာသာသာ  လောက်သာရှိတဲ့ရွာလေးမှာပါ။  အဲဒီရွာလေးမှာ ကိုပြားနဲ့ မနွဲ့ တို့မှာ သားကြီးငကောင်း သမီးလတ်မနီ နဲ့ တတိယသမီးလေး မနှင်းဖွေး ဆိုပြီးကလေး ၃ ယောက်နဲ့ ရွာအစွန်ပိုင်းလောက်မှာ တဲသာသာအိမ်လေးနဲ့နေထိုင်ကြပါတယ်။ သမီးငယ်လေးကို မမွေးခင်က မနွဲ့အိမ်မက် မက်ပါတယ်။ အိမ်မက်ထဲမှာ ကလေးမလေးကအထုပ်ကလေးကိုင်ပြီး.. “အမေ..သမီး..အမေတို့နဲ့နေပါရစေ “ လို့သနားစဖွယ်လေးပြောပါတယ်တဲ့။  အဲဒါနဲ့ မနွဲ့ကလည်း “ငါတို့ကဆင်းရဲတယ်…ညည်းနေနိုင်မှာမဟုတ်ပါဘူး “  လို့ပြန်ပြောလိုက်ပါတယ်။ အဲဒီတော့ကလေးမ လေးက  “ ရပါတယ်အမေရယ်…သမီးအမေတို့နဲ့…နေရရင်ပြီးရော..ဆင်းရဲပါစေ”    လို့ပြန်ပြောပါ တယ်။  မနွဲ့ကလည်း  “ အေးလေ…ညည်းနေနိုင်ရင်တော့..လာခဲ့ပေါ့အေလို့”..ပြန်ပြောပါတယ်  တဲ့။ ဒီလိုနဲ့သမီးလေးမနှင်းဖွေးကို  […]


may flowersMay 1, 20121min857
လူတစ်ယောက်ရဲ့အကြောင်းကို ထိုသူမသိပဲနောက်ကွယ်မှာ ပြောတာက  အတင်းလို့ဆိုရင်  ကျွှန်မအခု အတင်းပြောနေပါတယ်။ ကျွှန်မအဘိုး(အဖိုး)ရဲ့အကြောင်းကိုပေါ့… ဘာလို့ကျွှန်မအဖိုးရဲ့အကြောင်းကိုမှ  အတင်းပြောချင်ရတာလဲလို့မေးလာရင် ပြောစရာတွေများ စွာ  အလွဲများစွာဖြစ်တတ်တဲ့ အဖိုးရဲ့ စံချိန်တင်လောက်အောင်မေ့တတ်တဲ့  အကြောင်းလေးတွေ ကြောင့်ပါပဲ။   ခုကျွှန်မပြောနေတဲ့ အဖိုးကတော့ကွယ်လွန်ခဲ့တာ ကျွှန်မမမွေးခင်အချိန်ကတည်းကပါပဲ။ သူကွယ် လွန်သွားခဲ့ပေမဲ့ သူ့ရဲ့စံချိန်တင်လောက်အောင်မေ့တတ်တဲ့ အကြောင်းလေးတွေကတော့ခုချိန်ထိ တိုင်အောင် ပြောနေကြဆဲ သတိရနေကြဆဲပါပဲ။   အလွဲ-၁ ကဲဘယ်လောက်တောင်မေ့တတ်လဲဆိုတာပြောပြမယ်နော်။ အဖိုးနဲ့ အမေကြီးဟာတစ်ရွာတည်းသား ငယ်သူငယ်ချင်းဘဝကနေ ဖူးစာဆုံလို့ အဲဒီရွာမှာပဲအခြေခြနေထိုင်ကြပါတယ်တဲ့။ ရွာလေးဟာ ပဲခူရိုးမရဲ့အနားသတ်မှာ တည်ထားတဲ့ရွာလေးပါ။ ရွာထုံးစံအရ  နွေဆိုရင်လယ်လုပ်ငန်းတွေလည်း   အားနေတာမို့ တစ်နှစ်စာအတွက် ထင်းတွေကို ပဲခူးရိုးမတောတွေထဲ သွားခုတ်ကြရပါတယ်။ ထင်း ခုတ်တယ်ဆိုတာက တစ်နေကုန်အောင်ခုတ်ကြရတာပါ။ မနက်စောစောထမင်းထုပ်ယူ ရေဘူးယူပြီး မိသားစုလိုက် တောထဲကိုလှည်းနဲ့ တက်ကြရပါတယ်။ ပြီးတော့ မိုးတွင်းစာ […]


may flowersApril 30, 20121min17614
ဒါနဲ့ကျွှန်မလဲ  ဝမ်းသာအားရပြေးသွားလိုက်တဲ့  အချိန်မှာတော့..လား..လား။ ကျွှန်မအရုပ်ကလေး နားကိုရောက်ခါနီး  လက်တစ်ကမ်းစာလောက်အလိုမှာတော့ အရုပ် လေးဟာ  စတင်လှုတ်ရှားလာပါတော့တယ်။  ပထမဖြည်းဖြည်းလေးနဲ့  တောင်ဘက် ကိုစလှဲ့ပါတယ်။ နောက်ပြီးအရှေ့ဘက်  ကျွှန်မနဲ့မျက်နှာချင်းဆိုင်ပြန်လှည့်လာပါတယ်။ နောက်တော့ မြောက်ဘက်ကိုပါ။  အရုပ်ကလေးလည်နေတာတွေ့တော့  ကျွှန်မလဲ ဆက်မသွားနိုင်ပဲ  အဲဒီအရုပ်လေးကို  ကြောင်ပြီးကြည့်နေမိတာပါ။  နောက်ပြီး လွန်ခဲ့ တဲ့ နှစ်၂ဝ ကျော် ၃ဝ နီးပါးလောက် အချိန်တွေတုံးက  မြို့ကလူတွေ(ကလေးတွေ) တော့မသိပေမဲ့  ကျွှန်မတို့လို  နယ်မှာမွေး နယ်မှာကြီးတဲ့  ကလေးတွေအတွက်ကတော့ ခုခေတ်လို  လှုတ်ရှားမှုမျိုးစုံလုပ်နိုင်တဲ့  အရုပ်တွေကို  မြင်ဖူးဖို့မပြောနဲ့  ကြားတောင်မ ကြားဖူးကြပါဘူး။  ဒါနဲ့  ပထမကျွှန်မလဲ  ကြောင်ပြီးခဏလောက်ရပ်ကြည့်နေမိပါတယ်။ နောက်ကျွှန်မကြည့်နေရင်း  အရုပ်လေးဟာဖြည်းညင်းစွာလည်နေရာက  တဖြည်းဖြည်း ပိုပိုမြန်လာပါတယ်။  ဒါပေမဲ့ အရုပ်လေးကိုကြည့်တော့လဲ  ပြုံးနေတဲ့ပုံလေးပါပဲ။ လည်တာကလဲ  တစ်ကိုယ်လုံးပတ်လှည့်ပြီးလည်တာမဟုတ်ပါဘူး။  ကျွှန်မနဲ့မျက်နှာချင်းဆိုင်အရှေ့ ပြီးတော့ဘေးတောင်ဘက် […]