” ဝုန်း” အား …. အား …. ဆူလိုက်တာနော် ၅ လွှာမှာနေတဲ့ကလေး ခုန်ခုန်ပြီးဆော့နေတာ  ၄ လွှာမှာနေတဲ့ ငုံတို့ နေ့စဉ်ကြားနေကျ မိုးကြိုးသံပေါ့။ ဒီကလေးခုန်လိုက်တဲ့ “ဝုန်း’ဆိုတဲ့အသံကြားတိုင်း ငုံ့ရဲ့ကလေးဘဝတွေကို လွမ်းဆွတ်သတိရမိတယ် …. ငုံတို့မှာက မောင်နှမ ၅ ယောက်ရှိတယ်၊ မမ ငုံ မောင်လေးနှစ်ယောက် ညီမလေးတစ်ယောက်ပေါ့၊ မောင်နှမတွေ ဆော့လိုက်တာမှ ကမ်းကုန်နေတာပဲ၊ အိမ်နီးချင်းတွေက အမေ့ကိုပြောတယ် ” ကလေးတွေက မျောက်နဲ့များ စပ်ကျထားတာလားဟယ်” တဲ့လေ၊ ငုံ ၁ဝ နှစ်သမီးလောက်မှာပေါ့ အဖေကပြောတယ် ကလေးတွေကလည်း ကြီးလာကြတော့မှာဆိုတော့ အိမ်အကြီးကြီးဆောက်မယ်ပြောပြီးဆောက်တာပေါ့ အိမ်အသစ်က အမြင့်ကြီးပဲလေ အခင်းတွေခင်းနေတုန်း အကာတွေမကာရသေးခင် ဝါးထရံကို သံ ၃ ချက်ရိုက်ပြီး ယာယီအနေနဲ့ကာထားတာပေါ့ အိမ်မပြီးခင် […]