learnerApril 5, 20121min17910
အမေရိကန်နိုင်ငံမှမြန်မာအပေါ်ချမှတ်ထားသော Sanctions တချို့ကိုရုပ်သိမ်းမည်ဖြစ်ကြောင်း Secretary of State Hillary Clinton ကကြေညာခဲ့သည်။ ဒီလိုရုပ်သိမ်းမှုတွေမှာ ငွေကြေးဆိုင်ရာနှင့် ခရီးသွားလာခွင့်တွေ, အမေရိကန်နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှူ့တွေ ပါဝင်မယ်လို့သိရပါတယ်။ မြန်မာနိုင်ငံရဲ့စီးပွါးရေး တိုးတက်မှုကို အထောက်အကူပြုမဲ့ရုပ်သိမ်းမှု တွေဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်သူတွေနဲ့အဖွဲ့အစည်းတွေကိုတော့ Sanctions ဆက်လက်ထားရှိသွားမယ်လိုသိရပါတယ်။ ဦးစားပေးအနေနဲ့ Master, Visa နဲ့ American Experess စတဲ့ Credit Cards အသုံးပြုမှုကိုခွင့်ပြုသွားမှာဖြစ်ကြောင်းလဲပြောပါသေးတယ်။   မြန်မာနိုင်ငံရဲ့အဓိကတင်ပို့ကုန်တွေဖြစ်တဲ့ကျောက်စိမ်း စတာတွေကိုတော့ပိတ်ဆို့ထားဦးမယ်တဲ့။ ကဲရွာသားတွေရော အမေရိကန်နိုင်ငံရဲ့ရုပ်သိမ်းမှုအပေါ် ဘယ်လိုတွေမြင်လဲ ဆိုတာဝင်ရောက်ဆွေးနွေးပေးကြပါဦးခင်ဗျ။     Sources: AFP, BBC.


learnerJuly 1, 20111min22810
ကျွန်တော် အခုအသစ်ပြောင်းတဲ့ အိမ်မှာ အင်တာနက်မရှိလို. အင်တာနက်တပ်မလို. ဟိုနေ့က Starhub branch ကိုသွားခဲ့တယ် ။ အဲဒီမှာ ရောက်ရောက်ချင်းပဲ ဝန်ထမ်းတစ်ယောက်ကို အင်တာနက်လိုင်းတွေဘယ်လိုယူရလဲ ဘယ်လိုမျိုးတွေရှိလဲ မေးကြည့်တာပေါ့ ။ ကျွန်တော် သတိထားမိတာကတော့ သူတို.ဝန်ထမ်းတွေက တော်တော် service ကောင်းပါတယ် ။အားလုံးကို စိတ်ရှည်လက်ရှည်နဲ့ တစ်မျိုးစီ ရှင်းပြပေးတယ် ။သူတို.ဆီမှာ ပုံမှန် broadband နဲ့ optic fibre broadband ဆိုပြီး နှစ်မျိုးရှိလေရဲ့ ။ Optic fibre ကတော့ ပိုမြန်ပြီး တစ်လကို S$100 နီးပါးလောက်ကျတယ်လေ ။ ပြီးတော့ အဲဒါဝယ်တဲ့အတွက် လက်ဆောင်အနေနဲ့ X-box game console လည်းပေးသေးတယ် ။ကျွန်တော်ကတော့ ကျောင်းသားဆိုတော့ တစ်လ […]