Linn LettFebruary 12, 20131min994
ညီအစ်ကိုမောင်နှမများအားလုံးပဲခင်ဗျ၊ ကျွန်တော် ဝက်ဘ်ဆိုက်ဒ်လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်၊ အထူးသဖြင့် ဘောလုံးပွဲတွေကိုရူးရူးမူးမူးအားပေးတဲ့သူတွေအတွက်ပါ။ ၁။ http://www.facebook.com/pages/Easy-Money-1X2/254328191300322 ဒီဆိုက်ဒ်ကတော့ သေချာတဲ့ပွဲတွေကိုရောင်းတဲ့ဆိုက်ဒ်ပါ၊ ဒါပေမဲ့ တစ်ခါတစ်လေမှာအလကားပေးတတ်ပြီး အခုညတောင်အလကားပေးဖို့အစီအစဉ်ရှိနေပါတယ်။ ဒါပေမဲ့ သူတို့သတ်မှတ်ထားတဲ့ Fan 12400 ပြည့်မှဖြစ်မှာဖြစ်ပါတယ်။ အရမ်းသေချာတဲ့ပွဲတွေကိုထုတ်ပေးတဲ့ဝက်ဘ်ဆိုက်ဒ်ပါ။ အမြန်ဆုံးဝင်ရောက်ပြီး စာမျက်နှာကို like လုပ်လိုက်ကြပါတော့ခင်ဗျာ။ 🙂


Linn LettDecember 29, 20111min91759
ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ် စက်ဆန်းရှိ ကူးတို့ဆိပ် ရပ်ကွက်အတွင်းရှိ စိန်မေတ္တာမွန် ဆားဂိုဒေါင်အတွင်း ပြင်းထန်စွာ ပေါက်ကွဲမှု တစ်ခု ယနေ့ နံနက် ၂ နာရီ ၅ မိနစ် အချိန်က ဖြစ်ပွါးခဲ့သည်။ ယခု သတင်းရေးသားနေချိန်အထိ မီးလောင်နေဆဲ ဖြစ်ပြီး သေဆုံးသည့် အလောင်းများကို ကောက်ယူ၍ မပြီးသေးသဖြင့် သေဆုံးသူ အရေအတွက် တိတိကျကျ ခန့်မှန်းနိုင်ခြင်း မရှိသေးသော်လည်းသတင်းသွားရောက်ယူခဲ့စဉ် အချိန်အထိ အလောင်း ၁ဝခန့် သယ်ထုတ်ခဲ့ရပီး ဖြစ်သည်။ အခင်းဖြစ်ပွားရာနှင့် ကိုက် ၅၀ဝ ခန့် ဝေးသော စက်ဆန်းလမ်းမကြီးပေါ်ရှိ ရွက်နုဝေ ကျောက်စရစ်ရောင်းဝယ်ရေးဆိုင် ရှေ့လမ်းဘေးတွင် ခေါင်းမရှိတော့သော အမျိုးသမီးနှစ်ဦး၏ အလောင်းများကို မြင်တွေ့ခဲ့ရသည်။ ကူးတို့ဆိပ်ရပ်ကွက် အတွင်းရှိ ပေါက်ကွဲမှု ဖြစ်ရာ နှင့် […]


Linn LettDecember 29, 20111min1899
ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်း ကူးတို့ဆိပ်တွင် ယခု (၂) နာရီ ခန့်တွင် ဂိုထောင် မီးလောင်သဖြင့် ဂတ်စ်အိုးများ ပေါက်သည်ဟု သတင်းရရှိပါသည်။ မင်္ဂလာတောင်ညွန့် တစ်ဝိုက်တွင် နေအိမ်တိုက်တာများ အင်အားပြင်းထန်သော လှုပ်ခတ်မှု ခံစားကြရပြီး ရပ…်ကွက်နေပြည်သူအားလုံး လမ်းမများပေါ်သို့ ထွက်လာကြပြီး ငလျှင်လှုပ်သည်ဟု ထင်မှတ်ကြကြောင်း သိရသည်။ ပေါက်ကွဲသံကြီးမှာလည်း အလွန်ကြီးမားပြင်းထန်ပြီး တိုက်တာများ တုန်လှုပ်သွားသည်ကို ငလျှင်လှုပ်သကဲ့သို့ ခံစားရသည်။ မင်္ဂလာတောင်ညွန့် ရဲစခန်းမှ ဝေါ်ကီတော်ကီ သတင်းအရ စက်ဆန်း ကူးတို့ဆိပ် ဂိုထောင် မီးလောင်ကျွမ်းသည်ဟု သိရသည်။ ကြီးမားသော မီးခိုးလုံးကြီးများ ကောင်းကင်ယံသို့ ထိုးတက်လာသည်ကို မြင်ရသည်။ ပေါက်ကွဲမှု အရှိန်ကြောင့် မင်္ဂလာတောင်ညွန့် ရဲစခန်းအနီးမှ ရွှေမြယာ အိမ်ယာစီမံကိန်းရှိ အဆောက်အဦး တွင်တပ်ဆင်ထားသော ဆယ်ပေ ပတ်လည်ခန့်ရှိ […]


Linn LettOctober 14, 20101min1324
လွန်ခဲ့သော ၆၉ရက်ခန့်က ချီလီနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သော မြေပြိုကျမှုတွင် ပါဝင်ခဲ့သောချီလီမိုင်းလုပ်သားများမှာ ယခုအခါ ၃၃ယောက်စလုံးပြန်လည်လွတ်မြောက်သွားခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။ ယင်းမိုင်းလုပ်သားများကို ၁၃−၁၀−၂၀၁ဝရက်နေ့ နံနက် ၉း၃ဝခန့်မှ စတင်ကယ်ဆယ်မှုများပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၁၄−၁၀−၂၀၁ဝရက်နေ့ နံနက် ရး၁၅တွင် ပိတ်မိနေခဲ့သော ၃၃ယောက်စလုံးအားကယ်တင်နိုင်ခဲ့ပြီဖြစ်သည်။ မူလက ယင်းမိုင်းလုပ်သားများကို တစ်နာရီတစ်ယောက်နှုန်းဖြင့်ကယ်တင်နေခဲ့ခြင်းဖြစ်ကာ အခြားသတင်းဌာနများက ၃၃ယောက်စလုံးကိုကယ်တင်နိုင်ရန် နာရီပေါင်း ၄၄နာရီခန့်အချိန်ယူရနိုင်ကြောင်းသုံးသပ်ခဲ့ကြသည်။ သို့သော် ခန့်မှန်းထားသောအချိန်ထက် ဆောလျင်စွာကယ်တင်နိုင်ခဲ့သဖြင့် ဝမ်းသာစရာပင်ဖြစ်သည်။ ကယ်ဆယ်ရေးလုပ်သားများသည် အစပိုင်းတွင်ကယ်ဆယ်မှုနှုန်းနှေးခဲ့သော်လည်း နောက်ပိုင်းတွင် မြန်ဆန်စွာကယ်တင်နိုင်ခဲ့သောကြောင့် ယခုကဲ့သို့ ၂၄နာရီမပြည့်မီမှာပင် ပိတ်မိနေခဲ့သောမိုင်းလုပ်သားများအားလုံးအား ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။ နောက်ထပ်သိရသည်မှာ ကယ်ဆယ်ရေးလုပ်သားများသည် တစ်ဦးကယ်လျှင် ပေါင် ၆၀ဝခန့်ရရှိခဲ့သည်ဟုသိရသည်။ ထို့အပြင် မန်ယူ၊ ရီးရဲလ်အစရှိသည့် နာမည်ကြီးဘောလုံးအသင်းများကလည်း ယင်းကယ်ဆယ်ရေးလုပ်သားများအား ဘောလုံးပွဲအခမဲ့လာရောက်ကြည့်ရှုရန်ဖိတ်ကြားခဲ့သေးသည်။ မည်သို့ပင်ဖြစ်စေ ချီလီနိုင်ငံမှမိုင်းလုပ်သားများအတွက်တော့ ဝမ်းသာစရာတစ်ခုဟုဆိုရမည်။


Linn LettSeptember 29, 20101min540
ဗြိတိန်သိပ္ပံပညာရှင်တို့က ညအိပ်သည့်အချိန်တွင် အိပ်ကောင်းခြင်း အိပ်ပျော်စေသည့် အဓိကအချက်ကို ရှာဖွေဖော်ထုတ်ခဲ့ကြောင်း သိရသည်။ သိပ္ပံပညာရှင်တို့၏ဖော်ပြချက်အရ လူတို့၏ဦးနှောက်တွင်းရှိ ဦး နှောက်လှိုင်းပေါက်ကွဲမှုက လျှပ်စစ်ဓာတ်ဆိုင်ရာစေ့ဆော်မှုကို ဖြစ်စေခြင်း ကြောင့်ဖြစ်သည်ဟုဆိုသည်။ ဦးနှောက်တွင်းရှိလှုပ်ရှားမှုက အသံဗလံများ ကို စစ်ထုတ်ပေးသည့်အတွက် အချို့သူများကို ကောင်းစွာအိပ်ပျော်စေခြင်း ဖြစ်သည်ဟုဆိုသည်။ ဦးနှောက်လှိုင်းများသည် အသံဗလံများကို စိတ်ထဲ တွင် ပေါ်လာစေရန် စဉ်းစားပေးသည့်လက္ခဏာ ဖြစ်လေရာ ထိုအသံဗလံများက အိပ်မပျော်ခြင်းကို ဖြစ်စေခဲ့ခြင်းဖြစ်သည်။ ဦးနှောက်ကိုချော့ပေးခြင်းသည် လျှပ်စစ်ဓာတ်ဆိုင်ရာလှုပ်ရှားမှုကို ပိုမိုဖြစ်ပေါ်စေပြီး အိပ်ရေးဝအောင်အိပ်ပျော်စေခြင်းဖြစ်ကြောင်း သုတေသီ တို့က ပြောကြားခဲ့ကြသည်။ အချို့သောသူများသည် ဆူညံသံများထွက်ပေါ်နေလျှင်ပင် အဘယ် ကြောင့် ကောင်းစွာအိပ်ပျော်ရသည်။ အချို့လူများက အဘယ်ကြောင့် အခြား သူများထက်ပို၍ အိပ်ရေးဝအောင်အိပ်ပျော်ရသည်ကို အသေးစိတ်စမ်း သပ် စစ်ဆေးရန်ကြံစည်လျက်ရှိသည်ဟု ဟားဗတ်ဆေးပညာကျောင်းမှ ဂျက်ဖရီအယ်လင်ဘိုဂျင်က ပြောကြားခဲ့သည်။ ဒေါက်တာအယ်လီဘိုဂျင်က […]


Linn LettSeptember 29, 20101min860
ကြောက်ကြတယ် ရှုံးနိမ့်ကြမှာကို ကြောက်ကြတယ် သေမှာကို ကြောက်ကြတယ် စွန့်ပစ်ခံရမှာကို ကြောက်ကြတယ် ဝေဖန်ခံရမှာကို ကြောက်ကြတယ် ရင်းနှီးတဲ့သူတွေခွဲခွါသွားမှာကို ဒီလို ကြောက်လန့်မှုမျိုးစုံ ထဲမှာ ရှင်သန်နေရတယ် အသက်ရှိနေတုန်း ပိုင်ဆိုင်ထားသမျှ အားလုံးအားလုံးကို မြတ်နိုးပါ။ သင့်အတွက် အကောင်းဆုံး လက်ဆောင်ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ ကံ တွေက မတူတော့ တခြားသူနဲ့ နှိုင်းယှဉ်ပြီး သင် ရှင်သန်နေဖို့ မလိုပါဘူး။ ဒါကြောင့် တန်ဖိုးထားပါ သင့်ရဲ့ အချိန်၊ သင့်ဘေးနားမှာရှိတဲ့ သူတွေ၊ သင့်ကို ချစ်တဲ့ သူတွေ၊ သင်ပိုင်ဆိုင်ထားတာတွေကို……. အခက်အခဲကတော့ သင်ရင်ဆိုင်ရမယ် ဝမ်းနည်းမှုလည်း သင်ခံစားရမယ် ဝန်ထုပ်ဝန်ပိုးလည်း သင်ထမ်းရမယ် ဝေဖန်မှုတွေကို သင်ခံရမယ် သည်းခံရမယ် အခက်အခဲတွေကို ဖြတ်ကျော်မှ သာ သင်ရရှိပိုင်ဆိုင်ထားတာတွေက ပိုပြီး […]


Linn LettSeptember 29, 20106min701
>> အေသွေးပိုင်ရှင်များ ၏ထူးခြားချက် >> အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားကတော့ အောက်ပါအတို်င်းပါ.. >> ငယ်စဉ်ဘဝမှာတော့ သူတပါးကို စဉ်းစားပေးတယ်ဆိုတာ သိပ်မရှိခဲ့ဘဲ ကိုယ်အတွက်ကိုသာ >> စဉ်းစားတတ်ကြပါသတဲ့… သူတပါးကို နောက်ပြောင်ရတာကိုလဲ ကြိုက်နှစ်သက်ပါသတဲ့… >> ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ငယ်စဉ်က စရိုက်သဘာဝများက တဖြည်းဖြည်း >> ပြောက်ကွယ်သွားပြီး သူများတကာတွေ အံ့အားသင့်လောက်အောင် အေးဆေးတည်ငြိမ်တဲ့သူ >> ဖြစ်လာပါတယ်တဲ့… အရွယ်ရောက်လာတဲ့ အခါမှာတော့ ကိုယ်လုပ်ရမည့် အရာအားလုံးကို >> တာဝန်သိစွာ လုပ်ကိုင်တတ်သူများ ဖြစ်လာပါတယ်တဲ့… တခါတလေ ပတ်ဝန်းကျင် အခြေအနေ >> မကောင်းတဲ့ အခါမှာ စိတ်လေလွင့်တတ်ပါတယ်တဲ့… အသစ်အဆန်းတွေကို >> စမ်းသပ်လုပ်ကိုင်တာထက် ကျင့်သားရနေတဲ့ ပတ်ဝန်းကျင်မှာ အေးအေးချမ်းချမ်း >> ကျင်လည်ရတာကို […]


Linn LettSeptember 29, 20101min440
(၁) ချစ်ပြီဆိုရင် နက်နက်နဲနဲချစ်ပါ၊ လက်လွတ်ပြီဆိုရင်လည်း လုံးလုံးလျားလျားလွတ်ပါ စောင့်မျှော်ခြင်းဆိုတာ နဂိုတည်းက မှားနေတဲ့အမှားတစ်ခုဖြစ်တယ်။ လက်မလွတ်သင့်တဲ့အရာကို လွယ်လွယ်ကူကူ လက်မလွတ်သလို ခေါင်းမမာသင့်တဲ့နေရာမှာလည်း ခေါင်းမာနေဖို့ မလိုပါဘူး။ (၂) ဖြေတွေးတတ်လေ နာကျင်မှုလျော့လေ ကိုယ့်ကိုယ်နာကျင်စေရက်တဲ့လူက ကိုယ့်မျက်ရည်ကိုလည်း ဂရုစိုက်မှာမဟုတ်ဘူး။ ဒါကြောင့် အသုံးမကျတဲ့ မျက်ရည်တွေကို အမြန်သိမ်းပြီး မျက်နှာသစ်ပါ၊ သွားတိုက်ပါ… လုပ်ချင်တာတွေ ထလုပ်လိုက်ပါ။ (၃) ဘာကိစ္စမဆို တွေ့ကြုံခံစားပြီးမှ ပိုသိတတ်နားလည်လာတယ်.. ဥပမာ- အချစ် မှားယွင်းခဲ့ဖူး၊ ဝမ်းနည်းခဲ့ဖူးမှ တချို့ကိစ္စတွေ ဒီလောက်ဇွဲကောင်းနေဖို့ မသင့်ကြောင်းသိတော့တယ်။ (၄) ဆောင်းဦးရာသီက ရက်စက်တယ်။ ရင့်မှည့်သည်ဖြစ်စေ၊ မရင့်မှည့်သည်ဖြစ်စေ ရိတ်သိမ်းရတော့မယ် အရာအားလုံးက ဆောင်းဦးနဲ့ဆောင်းရာသီကြားမှာ လေနဲ့အတူလွင့်ပြယ်ခဲ့တယ်။ ကိုယ့်ဘဝမှာ တစ်ခုတည်း ကျန်ရှိခဲ့တဲ့အရာက စိမ့်စမ်းရေလို ကြည်လင်တဲ့ အမှတ်တရတွေပဲဖြစ်တယ်။ အတိတ်က […]


Linn LettSeptember 29, 20101min580
စက္ကူကြယ်လေးတွေ သူမခေါက်သင်ပြီး နေ့တိုင်း စက္ကူလေးတွေပေါ်မှာ သူ့ကိုပြောချင်တဲ့စကားလုံးတွေ ချရေးပြီး စက္ကူကြယ်လေးတွေ သူမခေါက်ခဲ့တယ်။ ကြယ်လေးတွေကို ပုလင်းတစ်လုံးထဲထည့်ပြီး သူမသိမ်းခဲ့တယ်။ သူနှစ်သက်မယ့် မိန်းကလေးမျိုးက နူးညံ့သိမ်မွေ့ပြီး ဖြောင့်စင်းမည်းနက်တဲ့ဆံပင်နဲ့ အရည်လဲ့ဝိုင်းစက်နေတဲ့ မျက်လုံးပိုင်ရှင်ဖြစ်လိမ့်မယ်လို့ သူမ မကြာခဏတွေးထင်မိတယ်။ အဲဒီမိန်းကလေး ပြုံးရယ်တဲ့အချိန် ပါးစပ်က မဟတဟလေးဖြစ်မယ်လို့လည်း သူမမြင်ယောင်မိတယ်။ သူမမှာ မည်းနက်တဲ့ဆံပင်ရှိပေမယ့် နားရွက်ထိအောင်တိုတယ်။ သူမမှာ ဝိုင်းစက်တဲ့မျက်လုံးရှိပေမယ့် ရယ်လိုက်တဲ့အချိန် မျဉ်းတစ်ကြောင်းပုံစံ မှေးသွားတတ်တယ်။ တကယ်လို့ တစ်နေ့နေ့မှာ သူမသာ အဲဒီမိန်းကလေးပုံစံလို ဖြစ်သွားခဲ့ရင် သူစိတ်ဝင်စားလာမလားလို့ မှန်ကြည့်တိုင်း သူမစိတ်ကူးယဉ်တတ်တယ်။ အဲဒီလိုအမြဲတမ်း စိတ်ကူးယဉ်တွေးထင်ပေမယ့် လစဉ်လတိုင်း ဆံပင်ညှပ်ဆိုင်ပြေးပြီး အတန်ငယ်ရှည်လာတဲ့ ဆံပင်ကို သူမသွားသွားညှပ်တတ်တယ်။ ရယ်မောစရာတွေ့ရင်လည်း တဟားဟားနဲ့ မျက်လုံးတွေ မှေးကျသွားတဲ့အထိ သူမအော်ရယ်တတ်တယ်။ သူမ(၁၉)နှစ်မှာ နာမည်သိပ်မကြီးပေမယ့် အရမ်းလည်းအဆင့်မနိမ့်တဲ့ […]


Linn LettSeptember 28, 20101min520
တစ်ခါက အမေရိကန်လူမျိုး၊ အင်္ဂလိပ်လူမျိုး၊ တရုတ်လူမျိုးနဲ့ ဂျပန်လူမျိုးတို့ဟာ သူနိုင်ငံ ကိုယ်နိုင်ငံရဲ့ စစ်ရေးစစ်ရာကို ဆွေးနွေးကြတယ်။ ဂျပန်လူမျိုးက “ကျွန်တော်တို့ လူမျိုးက မတွန့်မကြောက် သတ္တိခဲတွေ နိုင်ငံအတွက်ဆိုရင် အသက်ကိုတောင် စွန့်ဝံ့တယ်။ အခု ကျွန်တော်ခေါင်းပေါ်မှာ ပန်းသီးတစ်လုံးတင်ပြီး ခင်ဗျားတို့ရဲ့ အပစ်ကို ခံရဲတယ်” လို့ ပြောပြီး သူ့ခေါင်းပေါ် ပန်းသီးတစ်လုံးတင်ပြီး ကျန်လူတွေကို သေနတ်အပစ် ပြိုင်ခိုင်းလိုက်တယ်။ signs-and-flags Smiley ပထမဦးဆုံး အမေရိကန်လူမျိုးက နောက်ကို ခြေအလှမ်း၂ဝ လှမ်းပြီး ကိုယ်ကိုလှည့်ပြီး ပစ်ထည့်လိုက်တယ်။ ဂျပန်ခေါင်းပေါ်မှာ တင်ထားတဲ့ ပန်းသီးလေး အစိတ်စိတ် အမွှာမွှာ ကွဲသွားတယ်။ အမေရိကန်က သေနတ်ပြောင်းဝက မီးခိုးကို တစ်ချက်မှုတ်ပြီး ပြောလိုက်တယ်.. “I am Hunter” ငါက မုဆိုးတဲ့။ […]


Linn LettSeptember 28, 20101min1185
Guinness စာအုပ်တွေရဲ့ မှတ်တမ်းတွေအရ Cassowaries တွေဟာ ကမ္ဘာ့အန္တရာယ်အများဆုံး ငှက်မျိုး နွယ် တွေဖြစ်ကြပါတယ် ။ ဒီငှက်တွေဟာ လူကို သေစေနိုင်တဲ့ အလွန်ပြင်းထန်တဲ့ တိုက်ခိုက် မှုစွမ်းရည် တွေ ရှိကြ ပါတယ် ။ ဒီငှက်တွေဟာ မခန့်မှန်းနိုင်လောက်အောင် ရန်လိုတဲ့အသွင်သဏ္ဍာန်ရှိကြပြီး အထူးသဖြင့် ဒါဏ်ရာ ရတဲ့အခါ (သို့မဟုတ်) ရန်စခြင်းခံရတဲ့အခါမှာ အလွန်ကို ကြောက်မက်ဖွယ်ကောင်းလှပါတယ် ။ Australia နဲ့ New Guinea နိုင်ငံရဲ့ မိုးသစ်တောတွေထဲမှာ Cassowary ဟာ နေထိုင်ကျက်စားပြီး အမှတ်တမဲ့ သတိမ မှုပဲ ကြည့်မယ်ဆိုရင်တော့ အလွန်ကို လှပပြီး ချစ်စဖွယ်ကောင်းလှပါတယ် ။ ဒါပေမယ့် သင်ဟာ သူတို့ရဲ့ အနီးကို နီးနီးကပ်ကပ်သွားရောက်တဲ့အခါမှာတော့ သင့်ကိုရန်သူမှတ်ပြီး အရိုးကျိုးစေတဲ့တိုက်ခိုက်မှု […]


Linn LettSeptember 28, 20101min960
၁) Aries (မိဿရာသီဖွား — မတ်လ ၂၁ မှ ဧပြီ ၁၉ အတွင်းမွေးဖွားသူ) မေမေ “Aries သမီးလေး.. စကပ်ဝတ်ထားတဲ့အချိန် ဒါန်းမစီးရဘူးနော်။ ကောင်လေးတွေ သမီးရဲ့အတွင်းခံကို တွေ့သွားနိုင်တယ်” Aries “ဟုတ်ကဲ့ပါ မေမေ” ဒါပေမယ့် တစ်နေ့မှာ Ariesက မေမေဆီပြေးလာပြီး “မေမေ… မေမေ ဒီနေ့ အောင်အောင်နဲ့ဒါန်းစီးပြိုင်တာ သမီးနိုင်တယ်” မေမေက စိတ်တိုပြီး “စကပ်ဝတ်ထားရင် ဒါန်းမစီးရဘူးလို့ မေမေမှာထားတယ်မဟုတ်လား?” Aries “သမီး ဒီလောက်မအပါဘူး မေမေရဲ့၊ အတွင်းခံကို သူမမြင်အောင် ချွတ်ထားပြီးမှ ဒါန်းစီးတာပါ” (Ariesဖွားက ရဲရင့်၊ ပွင့်လင်းပြီး လုပ်ရဲရင် ခံရဲသူဖြစ်တယ်) (၂) Taurus (ပြိဿရာသီဖွား–ဧပြီ ၂ဝ မှ မေ ၂ဝ […]


Linn LettSeptember 28, 20101min460
ကိုယ်လျှောက်မဲ့ အလုပ်ဟာ ကိုယ်လုပ်နိုင်တဲ့ အလုပ်ဟုတ်၊ မဟုတ်ကို စုံစမ်းမှုလုပ်ပါ။ လျှောက်မဲ့အလုပ်နဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက်တွေကိုလည်း ကြိုပြီးသိအောင် စုံစမ်းထားနိုင်လေ ကိုယ့်အတွက် အကျိုးရှိလေ ဖြစ်ပါလိမ့်မယ်။ တချို့အလုပ်တွေက လခတော့ ကောင်းချင် ကောင်းပါလိမ့်မယ်။ ကိုယ့်အတွက် အန္တရာယ်ရှိတဲ့ အလုပ်တွေ ဖြစ်နေရင် ဒီအလုပ်မျိုး သွားလုပ်လို့က ကိုယ်ဒုက္ခ ရောက်ပါလိမ့်မယ်။ မြန်မာလူမျိုး သင်္ဘော ဒုအရာရှိတယောက်က မလေးရှား သင်္ဘောတခုမှာ အလုပ်ရလို့ သွားလုပ်ပါတယ်။ ဒီသင်္ဘောက မှောင်ခိုပစ္စည်းတွေကို ပစိဖိတ်ထဲက ကျွန်းနိုင်ငံလေးတခုကို ခိုးသွင်းတာကို တရားဝင် သွင်းကုန်တွေ သွင်းတာနဲ့ အတူလုပ်ပါတယ်။ မကြာသေးခင်က စစ်ဆေးရာမှာ တွေ့သွားတော့ ဒီအရာရှိကော၊ နောက် သူ့အထက်က တယောက်ကော သင်္ဘောနဲ့ အတူတူ အဖမ်းခံရပါတယ်။ သင်္ဘောကုမ္ပဏီက သင်္ဘောအတွက် […]