Linn LettSeptember 28, 20101min380
(1 ) Fine: ကောင်းပြီလေ။ ။။ ဤစကားလေးက အမျိုးသမီးများ က သူမ မှန်နေသော အချိန် သင်နုတ်ပိတ်ဖို့ အတွက်ပြောခြင်းပဲ။ ( 2 ) Five Minutes: ငါးမိနစ်။ ။။ သူမ အပြင်ထွက်ဖို့ အဝတ်အစားလဲနေချိန်သုံးပါတယ်၊ ဒီလိုဆို သေချာပြီ ခင်ဗျား နာရီဝက်အနဲဆုံး စောင့်ရမယ် ဆိုတာပါပဲ။ သင်ဘောလုံးပွဲကို စိတ်ဝင်တစားထိုင်ကြည့်ပြီး၊ အိမ်အလုပ်ကို လျစ်လျူရှုနေရင်တော့ သင့်အတွက် ငါးမိနစ်ဟာ ငါးမိနစ်ထက်လုံးဝ မပိုတော့ပါဘူး။ ( 3 ) Nothing: ဘာမှမဟုတ်ပါဘူး၊ အရေးမကြီးပါဘူး။ ။။ ဒီစကားလုံးသုံးပြီဆိုရင် သတိထား၊ ပြီးတဲ့နောက် ကြီးမားတဲ့ တိုက်ခိုက်မှု့တစ်ခုရှိနေလို့ပဲ။ သင့်အနေနဲ့ ခြေနဲ့ တင်ပါး တစ်ထပ်တည်းကျအောင် ပြေးနိုင်ဖို့ အဆင်သင့်ပြင်ထားပါ၊ […]


Linn LettSeptember 28, 20101min440
အိမ်ထောင်ပြုမယ် စဉ်းစားမယ်ဆိုရင် မလွဲမသွေ ရှောင်ရမယ့်အချက်က ကွာသုံးကွာ၊ ပါသုံးပါ နှင့် ချာသုံးချာပဲ ဖြစ်ပါတယ်။ ဒီသုံးပါးကို မိန်းကလေးက ပဲဖြစ်ဖြစ် ၊ ယောက်ျားလေးကပဲဖြစ်ဖြစ် မိမိနှင့်လက်တွဲမယ့်သူမှာ ပါလာရင်တော့ ဝေးဝေးမှရှောင်ကြဉ်ရန် ပြဆ ိုထားပါတယ်။ ကွာသုံးကွာ (၁) တိုင်းပြည်နှင့်လူမျိုးကွာလျှင် (၂) အယူဘာသာကွာလျှင် (၃) စိတ်ဓာတ်ချင်း ကွာလျှင် တို့ပဲဖြစ်ပါတယ်။ တိုင်းခြားပြည်ခြား လူမျိုးခြားနှင့် ဘာသာမတူသူ ဘာသာခြားကိုယူမိရင်တော့ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ယဉ်ကျေးမှုကို စွန့်ရပါလိမ့်မယ်။ ထို့အတူ ဘာသာတူ လူမျိုးတူ ဖြစ်လင့်ကစား စိတ်ဓာတ်မတူ ကွာခြားလျှင်လည်း တစ်မိုးအောက်မှာ ၂ယောက်အတူနေဖို့ မစဉ်းစားသင့်ပါ။ ပါသုံးပါ (၁)အနာရောဂါပါလာလျှင်(၂)အကြွေးပါလာလျှင်(၃)အပိုစားမည့်(လူပိုတွေ)ပါလာလျှင် တို့ပဲဖြစ်ပါတယ်။ အနာရောဂါဆိုသည်မှာ ခေတ္တနာဖျားတာမျိုး မဟုတ်ပဲနာတာရှည်မျိုးကိုဆိုလိုပါတယ်။ အကြွေးပါလာလျှင် ဆိုတာကတော့ လက်မထပ်ခင်ကတည်းက အကြွေးတင်နေရင်ဖြင့် […]


Linn LettSeptember 28, 20101min520
သုတေသနပြုချက်အရ ညဆိုင်းအလုပ်လုပ်သူများသည် ကျန်းမာရေးအခြေအနေ ကမောက်ကမဖြစ်တတ်သည်။ အမျိုးသမီးများဆိုလျှင်ရာသီမမှန်ခြင်း၊အရိုးပွရောဂါဖြစ်ခြင်း၊ ရင်သားကင်ဆာဖြစ်ခြင်း၊ ကိုယ်ဝန်မရရှိနိုင်ခြင်း စသည့် ရောဂါများပိုမိုဖြစ်တတ်သည်။ ညသန်းခေါင် ည ၁၂-နာရီ ၁၀-မိနစ်အထိ မအိပ်သေးသူများတွင် ခန္ဓာကိုယ်၏ ဇီဝဖြစ်ပျက်ပြောင်းလဲဖြစ်စဉ်များသည် ကိုယ်တွင်းအရည်လောင်ကျွမ်းမှုကိုသာ အားကိုးရသည်။ ကိုယ်တွင်းအရည်လေင်ကျွမ်းမှုသည် အဆိပ်အတောက်ဖြစ်ပေါ်မှုများတတ်သည်။ ခန္ဓကိုယ်၏ ‘သက်စောင့်ရည်’ များကို အက်ဆစ်ဓါတ်ဖြစ်စေနိုင်သည်။ ထို့ကြောင့် ခဏခဏ အိပ်ရေးပျက်ခံသူများသည် ဆေးလိပ်သောက်၊ အရက်သောက်သူများဖြစ်နိုင်သည့်ရောဂါမျိုးများ ငါးဆပိုဖြစ်နိုင်သည်။ ထို့ကြောင့် နေ့စဉ်အတတ်နိုင်ဆုံး ည ၁၁-နာရီ မတိုင်မီ အိပ်ရမည်။ မဖြစ်မနေ ညအလုပ်လုပ်ရန်ရှိသည်ဆိုလျှင်လဲ (အသားမပါသော) ညလယ်စာစားလျှင် ခံသာသေးသည်။ နံနက်အခါ နေထွက်သည်။ ညနေရောက်လျှင် နေဝင်သည်။ ဆောင်းရာသီပြီးလျှင် နွေရာသီရောက်လေသည်။ သဘာဝလောကကြီးသည် အချိန်မှန်မှန်၊စည်းချက်ကျကျဖြစ်ပျက်နေသည်။ လူ့ခန္ဓာကိုယ်လဲ သဘာဝ လောကကြီးတွင် တည်ရှိပြီး အချိန်မှန်မှန်၊စည်းချက်ကျကျ လှုပ်ရှားမှသာ […]


Linn LettSeptember 28, 20101min670
ကောင်လေး – ငါတို ့တွေအတွက်တော့ လောကကြီးကအထီးကျန်စရာကောင်းလိုက်တာနော်။ ကောင်မလေး -ဟုတ်တယ်နော်….တစ်ခြားသူငယ်ချင်းတွေမှာ ချစ်သူတွေကိုယ်စီရနေပြီ….။ တို ့အုပ်စုမှာ တို ့၂ယောက်ဘဲ အထီးကျန်ပြီးကျန်ခဲ့တာ…။ ဒီပြင်လူတွေမှာလည်းချစ်သူကိုယ်စီနဲ ့..။ ငါတို့ဘဝကအထီးကျန်လိုက်တာ..။ ကောင်လေး – ငါတော့ဘာလုပ်ရမယ်မှန်းတောင်မသိတော့ပါဘူးကွာ…။ ကောင်မလေး – ဒီလိုလုပ်ပါလား..ငါတို ့game တစ်ခုကစားရအောင်…။ ကောင်လေး – ဘာ game လဲ..။ ကောင်မလေး -ငါနင့်ကောင်မလေးအနေနဲ ့ရက် ၃ဝ နေမေးမယ်..နင်လဲငါ့ကောင်လေးအနေနဲ ့ပေါ့…ဘယ်လိုလဲ..။ ကောင်လေး – ဒီအကြံမဆိုးဘူး..။နောက်ရက်တွေမှာလဲ ငါ့မှာဘာမှထူးထူးခြားခြားလုပ်စရာမရှိဘူး…။ သဘောတူတယ်ကွာ..။ ပထမနေ ့-သူတို ့၂ယောက် အချစ်ရုပ်ရှင်တူတူ သွားကြည့်ပြီးပျော်ရွင်ခဲ့ကြတယ်..။ ၄ ရက်မြောက်နေ ့- သူတို ့တွေကမ်းခြေကိုပျော်ပွဲစားထွက်ခဲ့ကြတယ်…။ သာယာတဲ့အချိန်လေးတစ်ခုသူတို ့ရခဲ့ကြတယေ်လေ..။ ၁၂ရက်မြောက်နေ ့ -ကောင်လေးကကောင်မလေးကို […]


Linn LettSeptember 28, 20101min641
အမျိုးသား – ကျွန်တော်ကအိမ်ထောင်ရှိပါတယ်။ ဒါပေမဲ့ အခြားမိန်းကလေးတစ်ယောက်ကို ရူးရူးမူးမူး ချစ်မိနေတယ်။ အဲဒါဘယ်လို လုပ်ရမလဲ။ အတိုင်ပင်ခံ – ဒီမိန်းကလေးဟာ သင့်ဘဝအတွက် နောက်ဆုံး ချစ်နိုင်တဲ့ မိန်းကလေးဆိုတာ သင်သေချာလား။ အမျိုးသား – ဟုတ်ပါတယ်။ အတိုင်ပင်ခံ – ကွာရှင်းပြီး ခုမင်းချစ်နေတဲ့ တစ်ယောက်ကို ယူလိုက်။ အမျိုးသား – ဒါပေမဲ့ ခုလက်ရှိမိန်းမက နားလည်ပေးတယ် သည်းခံတယ် တော်တယ်။ ကျွန်တော်ဒီလို လုပ်ရင် သူ့အတွက် ရက်စက်ရာ ကျမလား။ အတိုင်ပင်ခံ – အိမ်ထောင်ရေးဆိုတာ တရားတယ် ရက်စက်တယ်လို့ ဆိုတာတွေ မရှိပါဘူး။ ခု မင်းချစ်နေတာက တခြားမိန်းကလေးဖြစ်နေပြီ။ အမျိုးသား – ဒါပေမဲ့ ကျွန်တော့် မိန်းမက ကျွန်တော့်ကို အရမ်းချစ်တာ။ […]


Linn LettSeptember 28, 20101min460
ပထမအိမ်ထောင်ရေး —– ကိုယ်ချစ်တဲ့လူနဲ့ လက်ထပ်တာဖြစ်တယ်။ ဒုတိယအိမ်ထောင်ရေး —– ကိုယ်ချစ်တဲ့လူရဲ့အကျင့်နဲ့ လက်ထပ်တာဖြစ်တယ်။ တတိယအိမ်ထောင်ရေး—- ကိုယ်ချစ်တဲ့လူရဲ့အကျင့်၊ သူ့ရဲ့ဘက်ဂရောင်း (ဆွေမျိုးသားခြင်း)နဲ့ လက်ထပ်တာဖြစ်တယ်။ ပထမအမျိုးအစားနဲ့ လက်ထပ်တဲ့ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးက တည်မြဲတဲ့အဆင့်မှာရှိတယ်။ ဒုတိယအမျိုးအစားနဲ့ လက်ထပ်တဲ့ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးက ပိုတည်မြဲတဲ့အဆင့်မှာရှိတယ်။ တတိယအမျိုးအစားနဲ့ လက်ထပ်တဲ့ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးက ကွာရှင်းတဲ့လမ်းမမြင်ခဲ့ဘူး။ ဒီလောကကြီးမှာ ဆံဖြူသွားကျိုးတဲ့အထိ ချစ်နိုင်ကြတဲ့လူတွေဟာ အခြေခံအားဖြင့် ဘဝမှာ(၃)ကြိမ် လက်ထပ်ကြရတယ်။ ပထမတစ်ကြိမ်က စားသောက်ဆိုင်မှာ၊ ဆိုင်ကြီးကနားမှာ မိသားစု၊ သူငယ်ချင်းအပေါင်းအသင်းတွေရဲ့ ဆုမွန်ကောင်းတွေကြားမှာ ကိုယ်ချစ်တဲ့သူနဲ့ လက်ထပ်တာဖြစ်တယ်။ ဒုတိယအကြိမ်က အိမ်မှာလက်ထပ်တာဖြစ်တယ်။ တစ်ဦးနဲ့တစ်ဦး သဟဇတဖြစ်အောင် တစ်ဘက်သားရဲ့အကျင့်နဲ့ လက်ထပ်တာဖြစ်တယ်။ တတိယအကြိမ်က အမျိုးတွေကြားမှာ လက်ထပ်တာဖြစ်တယ်။ တစ်ဘက်သားရဲ့ ဆွေမျိုးသားချင်းတွေနဲ့ သင့်မြတ်အောင် လက်ထပ်တာဖြစ်တယ်။ ဒုတိယအကြိမ်နဲ့ တတိယအကြိမ်လက်ထပ်တာက ပထမအကြိမ်နဲ့ […]


Linn LettSeptember 28, 20101min460
ဂုဏ်ဝင့်မာန်တက်နေတဲ့ သူဌေးမကြီးတစ်ဦးက အဆင့်မြင့် စားသောက်ဆိုင်ကြီးတစ်ဆိုင်မှာ စားသောက်ရင်း ဟိုဟာမကောင်းဘူး၊ ဒီလိုမရဘူးနဲ့ မကျေမနပ် ရေရွတ်နေခဲ့တယ်။ စားပွဲထိုးတွေက ခွင့်လွတ်သည်းခံပြီး ဘေးမှာခစားနေသည့်တိုင် သူဌေးမက မာန်မလျော့တဲ့အပြင် ပိုမောက်မာပြတော့တယ်။ ပြီးတော့ ဟင်းတစ်ပွဲကို လက်ညှိုးထိုးပြီး “ပြောစမ်း! ဒါက ဘာဟင်းလဲ? ဒီလိုဟင်းကို ဝက်ကတောင် စားမှာမဟုတ်ဘူး” လို့ အော်တယ်။ အဲဒီမှာ သည်းမခံနိုင်တော့တဲ့ စားပွဲထိုးတစ်ဦးက “သူဌေးကတော်.. တကယ်ပဲ ဝက်ကတောင် စားမှာမဟုတ်ဘူးလား! ဒီလိုဆိုရင် သူဌေးကတော်အတွက် ဝက်စားတဲ့အစာ သွားယူခဲ့မယ်”လို့ ပြောလိုက်တယ်။ ဒီနှစ်ယောက်ထဲမှာ တစ်ဦးက “စိတ်ကောင်း လုံးဝမရှိသူ”ဖြစ်ပြီး ကျန်တစ်ဦးက “ခွင့်လွတ်သည်းခံစိတ် လုံးဝမရှိသူ”ဖြစ်တယ်။ ဒါဟာ အခုခေတ်လူတွေရဲ့ ဆက်ဆံရေး အမျိုးအစားပုံစံပဲဖြစ်တယ်။ အောက်က သာဓကတွေကို ဆက်ကြည့်ရအောင်… ခင်ပွန်း “မင်းစကားကို နားထောင်ရတာ […]


Linn LettSeptember 28, 20101min520
အခု ခေတ်ကြီးမှာ လိမ်နည်းတွေက ပိုပြီးများလာပါတယ်။ လိမ်တဲ့နည်း တွေကလည်းအရင့်၊ အရင်တုံးက နည်းအတိုင်းတွေပါဘဲ ၊ ဖဲသုံးချပ်လိမ်တာ ၊ ရွှေအတု ချ ကောက်ရသလိုလုပ်ပြီးလိမ်တာ ၊ လိမ်ပြီး အလှူခံတာ ၊ ကုန်သည် က ကုန်ဝယ်ချင်ယောင်ဆောင်ပြီးလိမ်တာအခုမှ တော က တက်လာပြီး ၊ ရန်ကုန်ထဲ မှာ မျက်စိသူငယ် ဖြစ်နေချင်ယောင်ဆောင်ပြီးလိမ်တာ စုံလို့ပါဗျာ ၊ အရင်တုံး က လူလိမ် နေအေး ရဲ့ လိမ်နည်းများ ဆိုပြီး စာအုပ်ထုတ်ထား တာ ကြားဘူးပါတယ်။ ရှိ တဲ့ သူများ ဗဟုသုတ အတွက် တင်ပေးကြပါဦး ။ လိမ်သမျှ နည်းတွေ က လဲ ၊ ကျွန်တော် တို့ […]


Linn LettSeptember 28, 20101min650
စစ်မှန်တဲ့ လူမှုဆက်ဆံရေးတွေကို ရှောင်လွှဲချင်ကြတဲ့အတွက် လူတွေအွန်လိုင်းတွေပေါ်မှာ အချိန်သုံးနေကြတယ်။ အဲလိုအချိန်တွေသုံးနေတာဟာ သူရဲဘောဆန်လွန်းစွာ နဲ့ ခါးသက်လွန်းစွာ ပျော်စရာကောင်းတယ်လို့ New York Times ရဲ့ Op-Ed writer ဖြစ်တဲ့ Alice Mathias ကဆိုပါတယ်။ အဲဒါက အရင်ကတော့ ဖြစ်ကောင်းဖြစ်မယ်။ အခုချိန်မှာတော့ ဖြစ်နိုင်ချေက အလွန်နည်းလာပါပြီ။ လူတွေက facebook၊ my space၊ twitter၊ tagged တွေကို အသုံးပြုပြီး အချင်းချင်းဆက်သွယ်လာကြတဲ့ အခါမှာ ကိုယ့်ဘဝရဲ့ တစ်စိတ်တစ်ပိုင်းပဲဖြစ်ဖြစ်၊ အကုန်လုံးကိုပဲ ဖြစ်ဖြစ် ချပြလာကြတယ်။ အဲသလိုချပြလာတဲ့အခါမှာ real interaction တွေဖြစ်လာတယ်၊ အကောင်းတွေကော အဆိုးတွေကော ဖြစ်စေတယ်၊ အဆိုးတွေဖြစ်လာတဲ့အခါမှာ တစ်ကယ်ပဲ ပျော်စရာကောင်းသေးလားဆိုတာလည်း စဉ်းစားစရာဖြစ်လာပါပြီ။ အွန်လိုင်းစာမျက်နှာတွေထဲက တစ်ခုဖြစ်တဲ့ facebook […]


Linn LettSeptember 28, 20101min680
သင်ဟာ တစ်စုံတစ်ယောက်အတွက် အရာရာတိုင်းဖြစ်နေနိုင်တယ် အခု ဒီစာကို ဖတ်နေတဲ့ အချိန်အတွင်းမှာပဲ———– တစ်စုံတစ်ယောက်ဟာ သင့်ကြောင့် ဂုဏ်ယူရတယ် တစ်စုံတစ်ယောက်ဟာ သင့်အကြောင်းကို တွေးတောနေတယ် တစ်စုံတစ်ယောက်ဟာ သင့်ကို အရမ်းဂရုစိုက်တယ် တစ်စုံတစ်ယောက်က သင့်ကို သိပ်လွမ်းနေတယ် တစ်စုံတစ်ယောက်က သင်နဲ့ စကားတွေ ပြောချင်နေတယ် တစ်စုံတစ်ယောက်က သင်နဲ့အတူ ရှိနေချင်တယ် တစ်စုံတစ်ယောက်က သင့်ကို ဘေးမတွေ့ဖို့ မျှော်လင့်နေတယ် တစ်စုံတစ်ယောက်က သင်ရဲ့ အထောက်အပံ့တွေကို ကျေးဇူးတင်နေတယ် တစ်စုံတစ်ယောက်ဟာ သင့်ရဲ့လက်ကို ဆုပ်ကိုင် ထားချင်နေတယ် တစ်စုံတစ်ယောက်က သင့်အတွက် အရာရာကို အဆင်ပြေစေချင်တယ် တစ်စုံတစ်ယောက်က သင့်ကို ပျော်ရွှင်စေချင်တယ် တစ်စုံတစ်ယောက်က သင်ဟာ သူတို့ကို ရှာဖွေတွေ့ရှိစေချင်တယ် တစ်စုံတစ်ယောက်က သင့်ရဲ့ အောင်မြင်မှုတွေကို ကျင်းပပေးနေတယ် တစ်စုံတစ်ယေက်က သင့်ကို […]


Linn LettSeptember 28, 20101min450
တစ်ခါတစ်ခါလောကကြီးက ဆန်းကြယ်တယ်…. လူတွေမကြာခဏ အချစ်နဲ့ ပတ်သက်ပြီး ဘာလုပ်ရမလဲ….ဘာလုပ်သင့်လဲ စဉ်းစားပြီး စိတ်ညစ်ရတတ်တယ်….နာကျင်ရတတ်တယ်…. တကယ်တမ်းတွေးရင်….အမြဲ တမ်းပျော်ရွှင်နေရတဲ့ သမီးရည်းစားအတွဲ ဆိုတာကော ရှိလို့လား…. တစ်ခုမဟုတ်တစ်ခု….စိတ်ညစ်စရာလေးတွေ ဖြစ်နေတာပဲလေ….. အဲဒီတော့….. အချစ်ဆိုတာ…ဘာလဲ….ပျော်ရွှင်မှုဆိုတာ ဘာလဲ….နာကျင်မှုဆိုတာဘာလဲ….. ကြားဖူးနေကြ စကားလေးတစ်ခွန်းရှိတယ်…. လောကမှာ အသေချာဆုံးက မသေချာခြင်းပဲတဲ့….. ဘယ်အရာကိုမှ အသေအချာတွက်လို့ မရဘူး… အဲဒါကြောင့်…..ဘယ်လောက်ချစ်ချစ်……သူငါ့ကိုပဲ တစ်သက်လုံးချစ်သွားမှာလို့ တွေးလို့ မရသလို…. သူနဲ့ တစ်သက်လုံးနေရမှာလို့ တွေးလို့ မရဘူးလိုပဲ….. အပြောင်းအလဲ အရမ်းမြန်တဲ့အထဲမှာ…..လူ့ စိတ်လဲပါတယ်…. ကိုယ့်ကိုကိုယ်လဲ ငါ ဘယ်တော့မှ စိတ်မပြောင်းဘူးလို့ တွက်လို့ မရပါဘူး…. အချိန်အတိုင်းအတာ တစ်ခုကြာရင်…..လူဆိုတာ စိတ်ပြောင်းပါတယ်….. အဲဒီတော့….မနက်ဖြန် ဘာဖြစ်မလဲ မသိတဲ့အချိန်မှာ….လက်ရှိဆိုတဲ့ အချိန်လေးကို တန်ဖိုးထားသင့်တယ်…. ဘယ်လောက်ပဲ မယုံကြည်ရဘူးပြောပြော….ဘယ်လောက်ပဲ မချစ်သင့်ဘူးပြောပြော…. လူတစ်ယောက် […]


Linn LettSeptember 28, 20101min430
” သေချာမှု ” တဲ့ အဲဒီသေချာမှုကို လူတွေအားလိုချင်ကြတယ် ။ တစ်ခုခု လုပ်မယ်ဆို ကိုယ်လုပ်မယ့် ကိစ္စကို သေချာလား မသေချာလား အရင်စူးစမ်းကြလေ့ ရှိပါတယ်။ ဒီသေချာမှုဆိုတဲ့ စကားလေးကို ချစ်သူများရဲ့ ရှု့ထောင့်လေးက တင်ပြဆွေးနွေးပါရစေ ။ သမီးရည်းစားတွေ ပြတ်ကြ ၊ ကွဲကြတယ် ၊ ဒါဟာသဘာဝတစ်ခုပါပဲ မဆန်းပါဘူးလို့ ပြောလေ့ ရှိပါတယ် ။ မဆန်းပါဘူး ဟုတ်ပါတယ် ။ ဆန်းတာတစ်ခုက လူ့ စိတ်တွေပါ ။ အများအားဖြင့် ယောက်ျားလေးတွေပါ ။ ကို်ယ်ရစရာရှိရင် တော့ သေချာရဲ့ လား ၊ အလိမ်ခံရမှာလား နစ်နာမှာလား သေချာစူးစမ်းလေ့ ရှိပေမယ့် အချစ်ရေးကိစ္စမှာတော့ သုံးသပ်ခြင်းကင်းလေ့ ရှိပါတယ် ။


Linn LettSeptember 28, 20101min540
အို ………… ချစ်သူ မနေ့ညက အိမ်မက်ဆိုးတွေမက်တယ် ကမ္ဘာတစ်ပတ် ပတ်ပြေးရသလို မောဟိုက်ပြီး ချွေးတွေရော မျက်ရည်တွေပါ ရွှဲနစ်လို့ နိုးထလာခဲ့ရတယ် မနက်လင်းတဲ့အထိ အိမ်မက်က ဖျောက်ဖျက်မရခဲ့ဘူး ဘယ်သူ့ကိုသွားပြီးရင်ဖွင့်ပြောပြရမလဲ …..။ အို …………. ချစ်သူ ကိုယ့် ရင်ထဲမှာ လွမ်းဆွတ်နေတဲ့ အကြောင်းပြောပြချင်ပေမယ့် ချစ်သူအားတဲ့အချိန် ကိုယ် ကမရှိ ကိုယ် အားတဲ့အချိန်ကြချစ်သူကမလာ လွမ်းဆွတ်တဲ့အကြောင်းလေးတွေ ဘယ်သူ့ကိုသွားပြီးရင်ဖွင့်ရပါ့မလဲ…..။ အိုချစ်သူ ဒါတွေဟာဝဋ်ကြွေးတွေဖြစ်ခဲ့ရင် ဒီဝဋ်ကြွေးဒီမှာတင်ကျေပါစေတော့ သံသရာအဆက်ဆက်ရှိနေသမျှ ဘယ်သောအခါမှ ချစ်ရသောချစ်သူနှင့် ဝေးကွာနေသောဘဝမျိုး မဖြစ်ပါရစေနဲ့လို့ ဆုတောင်းနေမိခဲ့တာအကြိမ်ကြိမ်ပါ ဒီဝဋ်ကြွေး ဒီဘဝ ဒီညနဲ့သာ ကြေပါစေတော့…..ကြေပါစေတော့ …။