သူငယ်ချင်းရေ မမြဲတည်ရာ မင်းခန္ဓာမှာ အနာရောဂါ နှိပ်စက်နေလည်း အနိစ္စတရား မသိငြား အသက်ရှင်နေလည်း အလကားတည်း။ သူငယ်ချင်းရေ မင်းရဲ့ ချစ်လှ ခင်မင်သမျှတို့ လိုက်ပါပို့လေ မင်းခရီးမှာလေ မင်းကိုချစ်ခင် ငါအပါအဝင် လှည့်ကာပြန်ကျ သုသာန်က မင်းနဲ့ပါလာ ကံနှစ်ဖြာသာ။ သူငယ်ချင်းရေ မင်းစရောက်စ မင်းဘဝက သည်းထန်ငိုနေ မင်းကိုလေ ကြည်ကာ ပျော်မူး သူတိုကြည်နူး မင်းရဲ့ နောက်ဆုံး ခန္ဓာတုန်းတော့ သူတို့ငိုနေ မင်းပြုံးလေ………                                                                        လင်းဇော်ထက်                                                                                                      (ကွယ်လွန်သွားရှာသောသူငယ်ချင်းတစ်ယောက်သို့)


ကဗျာဆရာ ကဗျာရေးတယ် တစ်ခါတစ်ရံ သံစဉ်ညည်းတယ် အရင်က အဆိုတော်  ဖြစ်ချင်ခဲ့ပေမဲ့ ပရိတ်သတ်ဆီက လက်ခုပ်သံ တောင်းရတဲ့ “လက်ခုပ်တောင်းစားအဆိုတော်” ဘဝကိုတော့ မလိုချင်ခဲ့။ ကဗျာဆရာ မင်္ဂလာဆောင်သွားခဲတယ် အသုဘအိမ်မှာ တစ်ခါတစ်ခါ ရီစရာ ပြောချင်ပြောတတ်တယ် သဗ္ဗေသတ္တာ ကံမ္မသကာ ဆိုတဲ့ စကားကို ဥပေက္ခာ ဆန်တဲ့ သဘောနဲ့ ဘယ်တော့မှမပြောခဲ့။ ကဗျာဆရာ တစ်ခါတစ်ခါ မျက်စိမှိတ်ထားတတ်တယ်  မထူးဆန်းတဲ့ မြင်ကွင်းတွေ ရိုးမအီသွားစေဖို့အတွက်။ ကဗျာဆရာ  ခရိုနီဆန်တယ် ဦးနှောက်နဲ့ လက်ပေါင်းပြီး ခံစားချက်နဲ့ကလောင်ကို နစ်နာစေခဲ့တယ်။ ကဗျာဆရာ တော်တော်သိတယ် မသိတာဆိုလို့ အလိုက်မသိတာပဲ ။ ကဗျာဆရာ အမျိူးသိတယ် အနောက်တခါးပွင့်ချင်နေတာကို မြို့လယ်က တစိမ်းနဲ့ ပေါင်းမတိုက်ဘူး။ ကဗျာဆရာ မကြိုက်တာက ဘယ်သူမှပြင်ပေးလို့မရတဲ့ စောက်ချိူးတွေကို။ ကဗျာဆရာ […]


မင်္ဂလာပါ ……… ကျွန်တော် လင်းဇော်ထက်ပါ။ဇော်ထိုက်လို့လဲ ခေါ်ပါတယ်။ကျနော်ရန်ကုန်ကုန်သား တစ်ယောက်ပါ။ငယ်ငယ်တည်းက ဟိုစပ်စပ် ဒီစပ်စပ်  ပညာရပ်ကို ဝါသနာပါ ပါတယ် ။ ဗုဒ္ဓဟူး သား လူချောလူလှ တစ်ဦးလဲဖြစ်ပါသည်(မိန်းတရေး များသိစေချင်ရို့)။ခင်တတ်မင်တတ်ပျော်ရွှင်တတ်ပါတယ်။ အားလုံးကို တွေရတာဝမ်းသာပါတယ်ခင်ဗျာ။ အရင်ကတည်းက ရွာထဲကို ခဏခဏရောက် ပီး စာလာလာမ အဲအဲ စာလာလာဖက်ပါတယ် ။ အခုရွာသားတစ်ယောက်ဖြစ်လာတဲ့ အနော့ က ရွာထဲက ဦးဦးဒေါ်ဒေါ် ကိုကိုမမ ညီ ညီမလေးအပေါင်းတို့အားခင်ချင် မင်ချင် လို့ အသိအမှတ်ပြုပေးပါလို့ ကိုယ့်ကို ကိုယ် မိတ်ဆက်လိုက်ပါသည် ခင်ဗျားးးးးးးးး :hee: